ညွှတ်ကွင်း။
Vol. 74 Ch. 1027
လင်းယွန် အသံက၊ မိုးခြိမ်းသံ ကဲ့သို့ ပဲ့တင်ထပ် လာပြီး၊ ကောင်းကင်မှ တိမ်တိုက် များကိုပင် လှုပ်ခါ သွားစေသည်။
ကြက်သွေးရောင် သွေးများ စိမ့်ထွက် နေသည့်၊ အလောင်း ပုံကြီး ပေါ်၌၊ ရူးသွပ်နေ ဟန်ဖြင့်၊ ရပ်နေ၏။
ရုပ်တုကြီး ရှေ့တွင်၊ မြင့်မြတ် မြေများ တဖြည်းဖြည်း စုရုံး လာကြသည်။ အထူး သဖြင့် လင်းယွန် ရောက်နေပြီ ဟူသော သတင်းမှာ၊ သူတို့အား ဤနေရာသို့ ခေါ်ဆောင် လာခြင်း ဖြစ်၏။
ရွှေရောင် အလင်းများ ရစ်သိုင်းလျက်၊ အလောင်းပုံ ပေါ်တွင် ရပ်နေသော လင်းယွန်ကို အဝေးမှ မြင်နိုင်သည်။
ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက် နေစဉ်၊ ရုပ်တုကြီး ထံမှ ကြောက်မက်ဖွယ် ရောင်ဝါကို၊ လင်းယွန်မှ စူးစူး စိုက်စိုက် ကြည့်နေ၏။
ဤနေရာ၌ တစ်စုံ တစ်ဦးထက် မက၊ ရှိချေပြီ။ ထိုသူ များက ကျေးကျွန်များ အသတ် ခံရ သည်ကို၊ ဂရု မစိုက်ချေ။
“ ဝှစ် ... ။ ”
လင်းယွန်က ယဇ်ပလ္လင်ပေါ် ခုန်တက်ပြီး၊ ရုပ်တုထံ မော့ကြည့် လိုက်သည်။ အသက် (၁၉) နှစ် မျှသာ ရှိသေး သော်လည်း၊ သူ့ အသွင်မှာ မယုံ နိုင်ဖွယ် ကြီးစိုး မှုမျိုး၊ ရှိချေ၏။
“ မင်းတို့ အဲဒီ ပေါ်မှာ၊ ဆက်ပြီး ပုန်းနေကြ ဦးမလား၊ တကယ်ပဲ စစ်မက် နယ်မြေ ဆိုတာ သူရဲ ဘောကြောင်တဲ့ လူတွေပဲ။ ”
သူ့ စကားကြောင့်၊ လူတိုင်း၏ သွေးများ ပွက်ပွက်ဆူ လာတော့သည်။ ထို့စဉ် ရုပ်တုမှ သတ်ပစ် လိုသာ ဆန္ဒများ ထွက်ပေါ် လာ၏။
“ မင်းက ... တကယ် သန်မာ တာပဲ၊ ဒါပေမယ့် ဒီနေ့ သေခြင်း ကနေ လွတ်မြောက်ဖို့၊ မင်းမှာ နည်းလမ်း မရှိ ပါဘူး။ ”
စကားသံ ဆုံးသည်နှင့်၊ ရုပ်တု ပေါ်မှ၊ ဆယ် ဂဏန်းခန့် ရှိသော ပုံရိပ်များ ကောင်းကင်ပေါ်၊ ခုန်တက် လာသည်။
“ ဗိုလ်ချုပ် တွေ ... ။ ”
“ အိုး ... ၊ သူတို့ တကယ်ပဲ ဒီမှာ ရှိနေ တာလား။ ”
“ ဒါက ... ။ ”
လူအုပ် ကြီးက ဗိုလ်ချုပ် များကို မော့ကြည့်ကာ၊ အသက်ရှူ ကြပ် လာသည်။ ၎င်းတို့မှာ သခင်ငယ်များ ပြီးနောက်၊ အသန် မာဆုံး ဖြစ်၏။
ကျေးကျွန် ပေါင်း များစွာ အနက်မှ၊ လက်ထောက်များ အဖြစ်၊ အထူး ရွေးချယ် ထားသော ပါရမီ ရှင်များ ဖြစ်သည်။
နယ်မြေ တစ်ခု စီတွင်၊ ဗိုလ်ချုပ် လေးဦး ရှိပြီး၊ ထိုဗိုလ်ချုပ် များ၌ ကျေးကျွန် များစွာ ပိုင်ဆိုင် ထားချေ၏။
ယင်းကို အခြေခံ ရသော်၊ ဗိုလ်ချုပ် များ၏ ဦးဆောင် အကြီးအကဲမှာ၊ သခင်ငယ် တစ်ဦး၏ အဆင့် အတန်းနှင့် ညီမျှကာ၊ သူတော်စင် ရူရ် များပင်၊ ရေးထွင်း ပေးထားသည်။
ဗိုလ်ချုပ် တစ်ဦး စီသည် ကောင်းကင် လမ်းကို၊ အလွယ် တကူ ဖျက်ဆီး နိုင်သည်။ သခင်ငယ် များမှ လွဲ၍၊ ဗိုလ်ချုပ် အကြီး အကဲ အား၊ မည်သူမျှ ရန်စ ဝံ့မည် မဟုတ်ချေ။
၎င်းတို့၏ အရှိန် အဝါ ဖိအား များကြောင့်၊ လူအုပ် ကြီးမှ ထိတ်လန့် တကြား နောက်ဆုတ် သွားကြသည်။
“ ဘယ်လောက် တောင်၊ သနား စရာ ကောင်းလိုက်လဲ၊ မင်းကိုယ်မင်း သေတော့မယ် ဆိုတာ မသိ ပါလား။ ”
ငရဲ နတ်ဘုရား နယ်မြေ၏ အကြီး အကဲက၊ အဖြူရောင် အဝတ် အစားကို၊ ဝတ်ဆင် ထားပြီး ခရမ်းရောင် ကျောက်စိမ်းပြား တစ်ပြားအား၊ ကိုင်ဆောင် ထားသည်။
ထိုကျောက်စိမ်း ပြားသည် ကျောက်သင်ပုန်း သဏ္ဍာန် ရှိပြီး၊ မျက်နှာ ပြင်၌ ရူရ်များ ရေးထွင်း ထား သည်။ သူ့ထံမှ စူးရှသော အလင်းများ ထုတ်လွှတ် နေ၏။
“ သခင်ငယ် သုံးယောက်က ... ၊ မင်း အသက်ကို လိုချင်တဲ့ အတွက်၊ ဘယ်သူမှ မင်းကို ကာကွယ်နိုင် တော့မှာ မဟုတ်ဘူး။ ”
တော်ဝင် နဂါး နယ်မြေ၏ အကြီး အကဲ ဗိုလ်ချုပ်က၊ လက်ကို ဝှေ့ယမ်းကာ၊ အနီရောင် နဖူးစည်း အလံငယ် တစ်ခုကို ထုတ်ယူလျက် ဆိုသည်။ ၎င်းက အနက်ရောင် ဝတ်ရုံကို ချပ်ရပ်စွာ ဆင်မြန်း ထား၏။
“ ငါ ဒီနေ့ သေဖို့ အစီအစဉ် မရှိဘူး။ ”
လင်းယွန်က အေးစက်စွာ တုန့်ပြန် လိုက်သည်။
“ စစ်မက် နယ်မြေ သုံးရပ်က ဘယ်လောက်တောင် အားကောင်းတယ် ဆိုတာ မင်း မသိ ပါဘူး ။ ”
ယင်-ယန် သုခဘုံ၏၊ အကြီး အကဲ ဗိုလ်ချုပ်က၊ အရိုး တစ်ချောင်းကို ကိုင်ဆောင် ထားသည်။ ထိုအရိုး ထိပ်တွင် ပျံဝဲ နေသော မီးလုံး တစ်လုံး ပါရှိသည်။
ဤလက်နက် များမှာ၊ လင်းယွန်အား ဟန့်တားရန်၊ သူတို့ သခင်ငယ် များမှ ပေးအပ် ထားသော၊ လက်နက်များ ဖြစ်ချေပြီ။
သခင်ငယ် များမှ၊ လင်းယွန် အပေါ်၊ အလေးအနက် ထားလာပြီ ဖြစ်မှန်း၊ သိမြင်လာ ရ သဖြင့်၊ လူအုပ် ကြီးမှာ သက်ပြင်းချ မိ တော့သည်။
“ မင်းတို့ရဲ့ သခင်ငယ် တွေက ... ၊ ဘာကောင်မှ မဟုတ်ဖူး ဆိုတာ လူတိုင်းကို၊ ငါ ပြမယ်၊ အခုတော့ မင်း အားလုံး အရင် သေနှင့်ကြ ... ။ ”
“ ရိုင်း လိုက် တာ ... ၊ မင်းလို အောက်တန်းစား တစ်ယောက်က၊ သခင်ငယ် တွေကို၊ ယှဉ်ပြိုင်ဖို့ အဆင့် မီတယ် ထင်နေလား။ ”
သခင်ငယ် ဟူသည် သူတို့ အတွက်၊ နတ် ဘုရားများ ကဲ့သို့၊ မတို့ မထိ ဝံ့သော ဖြစ်တည် မှုများ ဖြစ်လေသည်။ ယင်းကို တစ်စုံ တစ်ဦးမှ စော်ကား နေသည့် အပေါ်၊ လက်မခံ နိုင်ချေ။
“ အစ်ကိုကြီး ဒီတိရိစ္ဆာန် လေးကို ငါ တိုက်ပါ ရစေ၊ အရမ်း မောက်မာ လွန်းတယ်။ ”
နင်းရွှန်က လင်းယွန်အား ငုံ့ကြည့်ကာ၊ တောင်းဆို လိုက်သည်။ သူ့ ကျေးကျွန်များ အားလုံး အသတ်ခံ ရသည့် အတွက်၊ လက်စားချေ လို၏။
“ သူက အရူး တစ်ယောက်ပဲ၊ ငါတို့ အတူတူ တိုက်ရအောင်။ ”
“ သူ့ကို အရှင် ဖမ်းဖို့၊ သခင်ငယ် တွေရဲ့ အမိန့် ရှိတယ်၊ သူ့ အပြစ် အတွက် လေးမျက်နှာ မြို့မှာ၊ သူ ဒူးထောက် ခိုင်းရအောင်။ ”
ငရဲ နတ်ဘုရား နယ်မြေ၏ အကြီး အကဲ ဗိုလ်ချုပ်က၊ သူ့လူ များကို ထိန်းပြော ပြော၏။ စကား အသွား အလာ အရ၊ လင်းယွန်အား အချိန် မရွေး သတ်နိုင်နေ သကဲ့သို့ ပေပင်။
“ မှန်တယ် ... ၊ ငါတို့ မူလ အစီ အစဉ် အတိုင်း၊ သွားကြ ရအောင်။ ”
တော်ဝင် နဂါး နယ်မြေမှ၊ အကြီး အကဲ ဗိုလ်ချုပ်က ဝင်ပြောသည်။ သူ့စကား ကြောင့်၊ ယင်ယန် သုခဘုံမှ အကြီး အကဲက၊
“ နယ်မြေ တစ်ခု လုံးကို ပိတ်လိုက် ... ။ ”
-ဟု အမိန့် ပေးလိုက် တော့သည်။
“ ..... ။ ”
ဗိုလ်ချုပ်ငယ် ကိုးဦးက ခေါင်းညိတ်လျက်၊ ရုပ်တု ပေါ်တွင် ဖြန့်ကျက် နေရာ ယူလိုက်ကာ၊ ပုလဲ တစ်လုံး စီကို ထုတ်ယူ လေသည်။
“ တွမ် ... ။ ”
ထို့နောက် ရှေးဟောင်း ဝိညာဉ် ရေးရာ အစီရင် တစ်ခုက၊ ပိုက်ကွန် ကဲ့သို့၊ ကောင်းကင် မှ ဆင်းသက် လာပြီး၊ နယ်မြေ တစ်ခု လုံးကို ဖုံးအုပ် ပစ်တော့၏။
ကြောက်မက်ဖွယ် ကောင်းသော သားရဲ ဝိညာဉ် များက၊ ပုလဲလုံး များမှ တိုးထွက်ပြီး၊ အစီရင်နှင့် ပေါင်းစပ် သွားသည်။
“ အဲဒါ တွေက ဝိညာဉ် ပုလဲ တွေပဲ၊ ရှေးဟောင်း မိစ္ဆာ အစီရင်ကို သူတို့ ခင်းကျင်း ကြ တော့ မယ် ။ ”
ဤသည်မှာ စစ်မက် နယ်မြေ များမှ၊ လင်းယွန် အတွက် ဖန်တီး ထားသော ပိုက်ကွန် ဖြစ်လေပြီ။
အဆိုပါ အစီရင်အား ရှေးဦးခေတ်၌ သန်မာသော၊ နတ်ဆိုး သားရဲ များကို ဖမ်းယူ ရာတွင်၊ အသုံးပြု ကြပေသည်။
အစီရင် ခင်းကျင်းရန်၊ အစွမ်း ထက်သော ကျွမ်းကျင် သူများ လိုအပ် သော်လည်း၊ ဝိညာဉ် ပုလဲ (၉) လုံးသာ ရှိပါက၊ ၎င်းကို ကျော်လွှား နိုင်၏။
ယင်းက စစ်မက် နယ်မြေ များ၏၊ အခြေခံ အုတ်မြစ်မှာ မည်မျှ ခိုင်မာနေ သည်ကို၊ ထင်ရှား စေသည်။
သခင်ငယ်များ ဤနေ၌ မရှိ သည်မှာ၊ အံ့သြဖွယ် မရှိချေ။ သည် အစီရင်အား နေရာချ ထားခြင်းဖြင့်၊ လုံလောက် နေပြီ ဖြစ်သည်။
ထို့ပြင် အကြီး အကဲ ဗိုလ်ချုပ် များရှိ လက်နက် များမှာ၊ ကြောက်စရာ ကောင်းနေ ပေသည်။
လက်နက် များ၏ ပတ်ဝန်း ကျင်၌ လေဟာနယ် တုန်ခါ အက်ကွဲကာ၊ အကန့် အသတ်မဲ့ အလင်းများ ဖြာကျ နေ၏။
အဆုံးတွင် လေးမျက်နှာ မြို့သို့ သွားရန်၊ ဤတစ်လမ်းသာ ချန်ထား ရသည့် အကြောင်း ရင်းကို၊ လင်းယွန် နားလည် လိုက်ပြီ ဖြစ်သည်။
စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်ကို ဆုပ်ကိုင် နိုင်ခြင်း မရှိပါက၊ လူသေ တစ်ယောက် ဖြစ်သွား မည်မှာ၊ သေချာ၏။
***