ကောင်းကင်ဓား။
Vol. 74 Ch. 1028
“ သေ လိုက် တော့ ... ။ ”
ငရဲ နတ်ဘုရား နယ်မြေ အကြီး အကဲ ဗိုလ်ချုပ်က၊ ဦးစွာ လှုပ်ရှား လာခဲ့သည်။ သူ့ လက်ထဲရှိ ခရမ်းရောင် ကျောက်စိမ်းပြားအား မူလ စွမ်းအင်ဖြင့်၊ အသက်သွင်း လိုက်၏။
“ ဝှစ် ... ။ ”
ဆန်းကြယ်သော ရူရ်များက ရှေးဟောင်း လှံတစ်စင်း အသွင် ဖွဲ့တည်လျက်၊ လင်းယွန်ထံ ပြေးဝင် သွားသည်။
“ ဒီလောက်နဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေ တာလား၊ ဟား ဟား ဟား ... ။ ”
လင်းယွန်က ရယ်မောပြီး၊ လှံကို လက်သီးဖြင့်၊ ပြန်ထိုးချ လိုက်၏။ ထိုစဉ် မှာပင် ခရမ်းရောင် ကျောက်စိမ်းပြားမှ၊ ရောင်ဝါ တစ်ခု ထပ်၍ ထွက်ပေါ် လာသည်။
ယင်းက ပုံသဏ္ဍာန် မရေ ရာသော ဝိညာဉ် တစ်ကောင် ဖြစ်ပြီး၊ ရှေးဟောင်း လှံ တစ်စင်းကို ကိုင်ဆောင် ထားကာ၊ ဖောက်ထွင်း မြင်နေ ရ၏။
အဆိုပါ ပုံရိပ်ကြောင့်၊ အာကာပြင် ကွဲလွဲ သွားသလို ခံစား လိုက်ရသည်။ ယင်းမှာ ရူရ်များ အလုံးစုံ အသက်ဝင် လာခြင်း ဖြစ်၏။
ထို့နောက် လှံအား လင်းယွန်ထံ ချိန်ရွယ် လာသောကြောင့်၊ ကြောက်ရွံ့ စိတ် အနည်းငယ် ဝင်ရောက် လာသည်။
ရွှေတောင်ပံ လူသားအား ဆင့်ခေါ်ကာ၊ အတား အဆီး တစ်ခုကို အမြန် ဖန်တီး လိုက် ရ၏။
လင်းယွန် တစ်ယောက်၊ ဤမျှ အလေး အနက် ထားမိ သည်မှာ၊ ပထမဆုံး အကြိမ် ဖြစ်သည်။ သည်ခရမ်းရောင် ကျောက်စိမ်း ပြား၏၊ မူလ အစမှာ ရိုးရှင်းပုံ မရချေ။
“ အိုး ... ငါ သိပြီ၊ ဒီဝိညာဉ် တွေက၊ ငရဲ နတ်ဘုရား နယ်မြေရဲ့၊ သခင်ငယ် ကိုတောင် တားမြစ် နယ်မြေထဲ ကနေ၊ ကယ်ထုတ် ပေးခဲ့တာ မဟုတ်လား။ ”
လူအုပ် ကြီးက ခရမ်းရောင် ကျောက်စိမ်း ပြားမှ ထွက်လာသော ဝိညာဉ်ကို မြင်ချိန်၌၊ အော်ဟစ် လိုက်ကြသည်။
ထိုစဉ် ရွှေရောင် အလင်းများ ဖြာထွက် လာပြီး၊ လင်းယွန်ကို ကာကွယ်ရန် ရွှေကျီးကန်း များ ပျံဝဲ လာတော့သည်။
၎င်းတို့က ပတ်ဝန်းကျင် တစ်ခု လုံးကို၊ အလင်း အတား အဆီးကြီး သဖွယ်၊ ဖန်တီးပစ် လိုက်သည်။
ယင်း အခိုက်တွင်၊ နေနတ် ဘုရား လက်သီးမှာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။
တစ်ချိန် တည်းမှာပင်၊ တော်ဝင် နဂါး နယ်မြေ၏ အကြီးအကဲ ဗိုလ်ချုပ် ကလည်း၊ သူ့ လှုပ်ရှား မှုကို ပြုလုပ် လာသည်။
သူ့လက် ထဲရှိ နဖူးစည်း အလံငယ်ကို ဝှေ့ယမ်းကာ၊ ပတ်ဝန်း ကျင်အား မီးပင်လယ် အဖြစ်၊ ပြောင်းလဲ လိုက်၏။
မီးပင်လယ် အတွင်းမှ နဂါး ချပ်ဝတ်နှင့်၊ လူငယ် တစ်ဦး ထွက်ပေါ် လာသည်။ ယင်းမှာ ဝိညာဉ် အပိုင်း အစ ဖြစ်သည်။
ခရမ်းရောင် ကျောက်စိမ်း ပြားမှ ထွက်လာသော၊ လှံကိုင် ထားသည့်၊ အကြွင်း အကျန် ဝိညာဉ်မျိုး မဟုတ်ချေ။
“ ဒါဟာ တော်ဝင် နဂါး သခင်ငယ် အသုံးပြုတဲ့ ရတနာပဲ၊ ဒီဝိညာဉ်က သူတို့ရဲ့ သူရဲကောင်း ဘိုးဘေး ဝိညာဉ်ပါ။ ”
စစ်မက် နယ်မြေ များတွင်၊ အနည်းဆုံး သူရဲကောင်း တစ်ယောက် ရှိသည်။ ထိုသူ များမှ၊ ပြိုင်ဘက် ကင်းသော စွမ်းရည်ကို ပိုင်ဆိုင်ထား ပေ၏။ ထို့ကြောင့် ၎င်းတို့၏ ဝိညာဉ် အပိုင်း အစမှာ၊ စွမ်းအား ကြီးလှ ချေပြီ။
“ ဘယ်လောက် တောင် ... ၊ ကြီးစိုးနိုင် လိုက်လဲ။ ”
လင်းယွန်က သူရဲကောင်း ဘိုးဘေး လူငယ်၏၊ ဝိညာဉ် အပိုင်း အစကို ကြည့်ကာ၊ အံ့အားသင့် သွားသည်။ ဤသည်မှာ သူရဲကောင်း ဘိုးဘေး၏ ငယ်ရွယ်စဉ် ပုံရိပ် ဖြစ်၏။
လင်းယွန် အတွက်၊ အနည်းငယ် ကံကောင်းစေ သည်မှာ၊ သူရဲကောင်း ဘိုးဘေး ၏၊ ငယ်ရွယ်သော ဝိညာဉ် အပိုင်း အစ ဖြစ် နေခြင်း ပေပင်။
ထို့ကြောင့် လက်သီးဖြင့် ထိုးချ လိုက်ရာ၊ ထောင်ပေါင်းများစွာသော ရွှေ ကျီးကန်းများ ပျံထွက် သွား၏။
ယင်းမှာ နေကိုးစင်း လင်း ပြီးနောက်၊ ထာဝရ နေရောင်ခြည် ဖြစ်သည်။ သူရဲကောင်း စိတ်ဝိညာဉ် အပိုင်း အစမှာ၊ ရွှေကျီးကန်း များနှင့်၊ အလုပ်ရှုပ် သွားတော့သည်။
“ နဂါး ဖမ်းဆီးခြင်း လက်သည်း ... ။ ”
ယင်ယန် သုခဘုံ နယ်မြေမှ၊ အကြီး အကဲ ဗိုလ်ချုပ်က တိုက်ပွဲ အတွင်း ဝင်ရောက် လာခဲ့ သည်။
“ ဝှစ် ... ။ ”
အရိုး ထိပ်ရှိ မီးလုံးမှ၊ ကြီးမားသော လက်သည်းကြီး တစ်ဖက် ပြေးထွက် လာပြီး၊ သူရဲကောင်း ဝိညာဉ်အား ပိတ်ဆို့ ထားသော၊ ရွှေကျီးကန်း များကို၊ ဖျက်ဆီး ပေးလေသည်။
ရွှေကျီးကန်း များမှာ တစ်ချက် တည်းနှင့်၊ ပျောက်ကွယ် သွားသည်။ ထို့ကြောင့် လင်းယွန် ခမျာ၊ နောက်ဆုတ် ပေးလိုက် ရ၏။
“ သခင်ငယ် တွေက၊ သူတို့ရဲ့ လက်နက် တွေကို၊ အကြီး အကဲ ဗိုလ်ချုပ် တွေဆီ ပေးခဲ့ တာပဲ၊ မယုံနိုင် စရာ ... ။ ”
“ ကြောက်စရာ ကောင်းလိုက်တာ ... ၊ လင်းယွန်တော့ ဒုက္ခ အကြီး အကျယ် ရောက် ပြီ။ ”
ချက်ချင်းပင် လူတိုင်း လင်းယွန် အပေါ်၊ စိုးရိမ်လာ ကြသည်။ စစ်မက် နယ်မြေ သုံးရပ် လက်၌၊ မရှုံးနိမ့် စေလိုချေ။ မဟုတ် ပါက သူတို့ အတွက်၊ ဖြေဆည် စရာ ရှိမည် မဟုတ်နိုင်။
လင်းယွန် တစ်ယောက်၊ နောက်ဆုတ် သွားသည့် အချိန်ကို၊ အခွင့်ကောင်း ယူကာ၊ ကျန် အကြီး အကဲ ဗိုလ်ချုပ် နှစ်ဦးက၊ ထပ်ချပ် မကွာ လိုက်ပါ သွားသည်။
ထိုအချိန်တွင် ဓား ရောင်ခြည်များ ကောင်းကင် ယံသို့ ပျံတက် လာပြီး၊ မြည်ဟည်း နေတော့၏။
လင်းယွန်မှ ကောင်းကင် ဓားကို၊ အပြည့် အ၀ ထုတ်ဖော် လိုက်ခြင်း ဖြစ်၏။ သည့်နောက် ဒေါသ တကြီးဖြင့် ငရဲ နတ်ဘုရား နယ်မြေ၏၊ အကြီး အကဲထံ လှည့်ကြည့် လိုက်သည်။
အကြည့်ခံ ရသည့် အဖြူဝတ် လူငယ်မှာ၊ မျက်နှာ တစ်ပြင်လုံး ချက်ချင်း သွေးဆုတ် သွား တော့သည်။
တုန်ယင် စွာဖြင့် ကောင်းကင်မှ ပြုတ်ကျ လုနီးနီး ပေပင်။ ယင်းကို သတိထား မိကုန်သော လူအုပ်က၊ ပါးစပ် အဟောင်းသား ဖြစ်သွား ၏။
“ ကောင်းကင်ဓား ရည်ရွယ်ချက်။ ”
အဖြူဝတ် လူငယ် လေးမှာ၊ နားမလည် နိုင်မှုကြောင့်၊ မျက်လုံး များတွင် ငွေ့ရည် တချို့ ရစ်သိုင်း လာသည်။
ထို့နောက် သူ့လက် ထဲရှိ ခရမ်းရောင် ကျောက်စိမ်း ပြားကို နောက်တစ်ကြိမ် ထပ်၍ အသက် သွင်းလိုက် မိပြန်၏။
အကြီး အကဲ ဗိုလ်ချုပ် သုံးဦးနှင့်၊ ရင်ဆိုင် နေရ သဖြင့်၊ လင်းယွန် ခမျာ ခွန်အား အပြည့်ကို ထုတ်ဖော် နေရသည်။
ရန်သူ များ၏ ရတနာ များမှာ၊ တိုက်ပွဲ စည်းချက်ကို၊ နှောက်ယှက် နိုင်လွန်း ချေပြီ။ ယင်းက ဤနေရှိ လူတိုင်းအား နှိမ်နှင်းရန် လုံလောက် ပေ၏။
ဤအခိုက်တွင် လူအုပ် ကြီးက၊ သခင်ငယ် များ၏ ခွန်အားကို မှန်းဆ လာကြသည်။ ၎င်းတို့ လက်၌သာ ဆိုပါက၊ မည်မျှ အစွမ်းထက် နေမည်ကို၊ မတွေးဆ နိုင်တော့ချေ။
သို့သော် ကောင်းကင် ဓားကို ထုတ်ဖော် ပြီးနောက်၊ လင်းယွန်မှာ တိုက်ပွဲ အပေါ် အုပ်စီး မိလာ ခဲ့သည်။
ကျောက်စိမ်း ပြားမှ ဝိညာဉ် အကြွင်း အကျန်နှင့်၊ သူရဲကောင်း ဝိညာဉ် အပိုင်း အစ တို့သည် လင်းယွန်၏ တိုက်ခိုက် မှုအား၊ မတားဆီး နိုင်တော့ချေ။
“ ခ ရစ် ... ။ ”
အသန်မာ ဆုံးသော သားရဲ လက်သည်း ကြီးသည်ပင်၊ ပျက်စီးသွား ခဲ့သည်။ အကြီးအကဲ သုံးယောက်မှာ၊ လွင့်စဉ် သွားပြီး၊ ရုပ်တု ကြီးနှင့်၊ တိုက်မိ သွား၏။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
သုံးယောက်သား ကြောက်လန့် စွာဖြင့်၊ လင်းယွန်ထံ ပြန်မော့ ကြည့် မိသည်။ ရတနာ များ၏ စွမ်းအားကို၊ အပြည့် မထုတ်နိုင် သော်မှ၊ ဤသို့ ဖိနှိပ်ခံ နေရ သည်မှာ၊ အဓိပ္ပါယ် မရှိချေ။
“ မဖြစ် နိုင်တာ ... ။ ”
“ ဒီကောင်က ဘီလူးပဲ ... ။ ”
“ သူက ... ၊ အဲဒီ မိန်းမနဲ့ အတူတူ လာတာ ... ။ ”
အကြီး အကဲ သုံးယောက် ထံမှ၊ ‘အဲဒီ မိန်းမ’ ဟူသော ရည်ညွှန်း ချက်ကြောင့်၊ ယွဲ့ဝေဝေအား ပြေးမြင် လိုက်မိသည်။
“ ဟား ... ဟား ... ဟား ... ၊ မင်းတို့ နှစ်ယောက်ရဲ့ ဆက်ဆံ ရေးက၊ တော်တော်လေး ရင်းနှီးပုံ ရတယ်၊ သူက မင်းရဲ့ ကောင်မလေး မဟုတ်လား။ ”
ငရဲ နတ်ဘုရား နယ်မြေမှ၊ အကြီး အကဲ ဗိုလ်ချုပ်က ပြောင်းလဲ သွားသော၊ လင်းယွန် အမူ အရာကို ဖမ်းမိ သွားကာ၊ ပြုံးရယ် လိုက်သည်။
“ မင်း ... သူနဲ့ ပတ်သတ်ပြီး၊ ဘာတွေ သိထားလဲ၊ မင်းရဲ့ အသက်ကို ငါ ချမ်းသာပေး လိုက်မယ်၊ ငါ့ကို ပြောပါ။ ”
လင်းယွန်မှ အလေး အနက် ပြန်မေး လိုက်သည်။ ငရဲ နတ်ဘုရား နယ်မြေ အကြီး အကဲ ဗိုလ်ချုပ်က ပြုံးပြီး၊
“ ငါ့ အသက်ကို ချမ်းသာ ပေးမယ် ဟုတ်လား၊ မင်း သေနေပြီ ဆိုတာကို မသိ သေးဖူးပဲ၊ မင်းကို ငါတို့ အရှင် မဖမ်း နိုင်ရင်၊ သတ်ပစ်ဖို့ အမိန့် ရထား ပြီးသားပါ။ ”
“ ကောင်လေး ... ၊ စိတ်မပူ ပါနဲ့ မင်းကိုယ်စား ယွဲ့ဝေဝေကို စောင့်ရှောက် ပေး ပါမယ်၊ မင်းသေ ပြီးရင် နဂါး အရိုးက၊ ငါ့ရဲ့ သခင်ငယ် လက်မှာ အစွမ်းထက် လာလိမ့်မယ်။ ”
လင်းယွန် ဒေါသ ထွက်လာ သည်ကို မြင်တွေ့ရ သည်မှာ၊ သူတို့ အတွက် ကျေနပ် အားရဖွယ် ပေပင်။
အဆုံးတွင် ရှုံးနိမ့်မှုကို၊ ဤနည်းဖြင့် ပြန်၍ ဖြေဆည်နိုင် ပေမည်။ သို့သော် သူတို့ စော်ကား နေမိသူ အကြောင်းကို၊ သူတို့ မသိ ခဲ့ချေ။
“ သနား စရာ ကောင်းလိုက်တာ ... ၊ ပန်းသင်္ချိုင်း ... မင်းရဲ့ ရလဒ်ကို ပြောင်းလဲဖို့၊ မင်း ဘာမှ မတက်နိုင် ပါဘူး။ ”
“ သူ့ကို သတ် ... ။ ”
ဗိုလ်ချုပ် ကိုးဦး၏ ဝိညာဉ် ပုလဲ ထံမှ၊ ရှေးဟောင်း သားရဲ ဝိညာဉ်များ ပေါက်ကွဲ ပြေးထွက် လာသည်။
“ ဝူး ... ။ ”
လင်းယွန်ကို ပိတ်ဆို့ လိုက်သော သားရဲ ပမာဏက၊ ကောင်းကင်ကြီး ကိုပင်၊ မှောင်မိုက် သွားစေ၏။
“ ရှေးဟောင်း မိစ္ဆာ အစီရင် ... အသက်ဝင်။ ”
ထို့နောက် သုံးယောက်သား၊ ရုပ်တုကြီး ဦးခေါင်း ပေါ်သို့၊ နောက်ပြန် ပျံတက် သွားပြီး၊ ရယ်မော လိုက်ကြ တော့၏။
“ ဟား ... ၊ ဟား ... ၊ ဟား ... ။ ”
***