← Chapters

သေခြင်း။

Vol. 74 Ch. 1029

သေခြင်း။

Vol. 74 Ch. 1029

ရှေးဟောင်း အစီရင် များကို နတ်ဆိုး သားရဲများ နှိမ်နင်း သတ်ဖြတ် ရာတွင်၊ အသုံးပြု ခဲ့သည်။

သို့သော် ပြီးပြည့် စုံသော အစီရင် ပုံစံမျိုး၊ မရှိ တော့ချေ။ ဗိုလ်ချုပ်ငယ် (၉)ဦး အသုံး ပြုသော ရှေးဟောင်း အစီရင်မှာ၊ ထိုအမျိုး အစားထဲ ပါဝင် ပေသည်။

သို့သော် ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ များနှင့် သားရဲများ နှိမ်နင်း ရန်မူ၊ ကောင်စွာ လုံလောက်သည်။

မျက်ဝန်း (၉)စုံက လင်းယွန်ကို သတ်လို စိတ်ဖြင့် ကြည့်လာသည်။ လက်ရှိ အနေအထား အရ၊ လင်းယွန် အတွက်၊ အခွင့် အရေး မရှိ တော့ကြောင်း၊ လူတိုင်း သိသည်။

“ လင်းယွန် ... ၊ မင်း အခု သေနိုင်ပြီ။ ”

ဗိုလ်ချုပ် တစ်ယောက်က ရုပ်ထု ဦးခေါင်း ပေါ်မှ နေ၍ အော်ငေါက် လိုက်၏။ အစီရင်အား အသက်သွင်း လိုက် သည်နှင့်၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ပျံ့နှံ့ လာကာ၊ မြေပြင် တစ်ခုလုံး တုန်ခါ ကုန်တော့သည်။

အစီရင် ထံမှ လှိုင်းများ ရိုက်ခတ် လာပြီး၊ ပတ်ဝန်းကျင်ရှိ လူအုပ်ကို ထိမှန်ကာ၊ သွေးများ စီးကျ လာစေ၏။

ဒေသ တစ်ခုလုံး အမှောင် ထုမှ ဝါးမြို သွားကာ၊ လူတိုင်း၏ အမြင် အာရုံကို ပိတ်ဆို့ ခံ လိုက်ရ သည်။

ထိုအမှောင်ထု ထဲမှ နေ၍၊ သားရဲ သားများ၏ ဟောက်သံကို၊ ရုတ်တရက် လူတိုင်း ကြားလာသည်။

ထိုအသံမှာ စိတ်ဝိညာဉ် များကို တုန်လှုပ် သွားစေ၏။ တောင်ကြီး တစ်လုံးဖြင့်၊ ဖိခံထား ရ သကဲ့သို့၊ အသက်ရှူ ကြပ် လာသည်။

“ အို ဘုရားရေ ... ၊ ရှေးဟောင်း သားရဲ ကြီးတွေ၊ အသက် ပြန်ရှင် လာတဲ့ အတိုင်းပဲ။ ”

“ ကြောက်စရာ ကောင်းလိုက်တာ… ၊ ငါ မလှုပ်နိုင် တော့ဘူး။ ”

အစီရင် ထံမှ စွမ်းအားမှာ၊ ထင်ထား သည်ထက်၊ ပို၍ ကြောက်စရာ ကောင်းသော ကြောင့်၊ လူတိုင်း ထိတ်လန့်စ ပြုလာသည်။

ထို့စဉ် အမှောင် ထဲရှိ မျက်ဝန်း (၉) စုံ၌ မီးလျှံများ ပြင်းစွာ တောက်လောင် လာတော့ ၏။

“ ဒီအစီရင်က ရန်သူကို ပိတ်ဆို့ပြီး၊ နတ်ဆိုး သားရဲ ဝိညာဉ် တွေနဲ့ တိုက်သတ် ရတာပဲ၊ လွတ်မြောက်ဖို့ လမ်း မရှိဘူး။ ”

“ လင်းယွန် ... ၊ စိတ်မကောင်း ပါဘူး။ ”

အမှောင်ထု ထဲရှိ လင်းယွန်ကို ကြည့်ပြီး၊ အကြီး အကဲ ဗိုလ်ချုပ် သုံးယောက်က လှောင်ပြောင် လိုက်သည်။

ကောင်းကင် လမ်း၌၊ မည်မျှ သန်မာသော ပါရမီရှင် ဖြစ်စေ ကာမူ၊ ဤ အစီရင်ဖြင့် သတ်နိုင် ပေမည်။

“ ဖြေပါ ... ၊ ယွဲ့ဝေဝေ ဘာဖြစ် သွားလဲ။ ”

လင်းယွန်၏ အေးစက်သော အသံက ထပ်မံ ထွက်ပေါ် လာသဖြင့်၊ ဗိုလ်ချုပ်များ အနည်းငယ် တုန်ယင် သွားသည်။

ယင်းကို သတိထားမိ သွားပြီး၊ ရှက်ရွံ့ လာ၏။ ထိုအခြေ အနေမှ သက်သာရာ ရစေရန် ငရဲ နတ်ဘုရား နယ်မြေ၊ အကြီး အကဲ ဗိုလ်ချုပ်က၊

“ သေခြင်း တရားနဲ့၊ ရင်ဆိုင် နေရ တာတောင်၊ မင်းက မောက်မာ နေတုန်း ပါလား၊ သူ့ အစား မင်းကိုယ်မင်း စိတ်ပူ သင့်တယ်။ ”

“ ဟား ... ၊ ဟား ... ၊ ဟား ... ၊ အမှန်ပဲ ငါတို့က မင်းအစား၊ ယွဲ့ဝေဝေကို စောင့်ရှောက် ပေးပါ့မယ်။ ”

“ မင်း သေရ တော့မယ်၊ မပူနဲ့ မင်း မရှိ တော့ရင်၊ ငါတို့ သူ့ကို ပျော်အောင် ထားပေး ပါ့မယ်၊ ဟား ... ၊ ဟား ... ၊ ဟား ... ။ ”

ရှေးမိစ္ဆာ အစီရင်ကို ရင်ဆိုင် ရသော အခါတွင်၊ နဂါး တစ်ကောင် သည်ပင်၊ လည်စင်း ခံရမည် ဖြစ်သောကြောင့်၊ လင်းယွန်၏ အခြေ အနေမှာ၊ ကောင်းနိုင်မည် မဟုတ်ချေ။

“ မင်း ... ၊ ငါမေးတာ မဖြေသေး ဖူးနော်၊ ကောင်းပြီ မင်းတို့ အားလုံး သေရမယ်။ ”

လင်းယွန်၏ အသံက၊ နောက် တစ်ကြိမ် ထွက်ပေါ် လာစဉ်၊ ဗိုလ်ချုပ်များ ထိတ်လန့် ကုန် တော့သည်။

“ မကောင်း တော့ ဘူး ... ၊ မြန် မြန် ။ ”

“ မြန်မြန် ... ၊ သူ့ကို ဖိနှိပ်ထား ... ၊ မဟုတ်ရင် နတ်ဆိုး သားရဲ ဝိညာဉ်တွေ၊ အသတ် ခံရ လိမ့်မယ်။ ”

နဖူးတွင် ချွေးသီးများ စီးကျ လာပြီး၊ အစီရင် အတွင်း တစ်စုံ တစ်ရာ မူမမှန် တော့ကြောင်း၊ ဗိုလ်ချုပ် (၉) ဦးမှ၊ ချက်ခြင်း ခံစား မိသည်။

ထို့နောက်တွင် ကြက်သွေးရောင် မျက်ဝန်း များမှ၊ အဆုံးမဲ့ ရောင်ဝါများ လင်းယွန် အပေါ် ပြိုကျ ကုန်သည်။

“ ရှေးမိစ္ဆာ တံဆိပ် — ပျက်စီးခြင်း။ ”

“ ချိုး ဖြတ် စမ်း ... ။ ”

အော်သံ နှစ်ခု တပြိုင် နက်တည်း၊ ထွက်ပေါ် လာကာ၊၊ အမှောင် ထဲ၌ ရွှေကျီးကန်းနှင့် ငွေဖီးနစ်များ ပျံထွက် လာသည်။

ထို့နောက်တွင် ရွှေကျီးကန်းနှင့်၊ ငွေဖီးနစ် တို့၏ ရောင်ဝါ များက အမှောင်ထု အားလုံးကို ဖယ်ရှား ပစ်လိုက် တော့သည်။

လင်းယွန် အရေပြား ပေါ်တွင်၊ ရွှေငွေ အဆင်း သဏ္ဍာန်များ တဖျပ်ဖျပ် ခတ်လာပြီး၊ သားရဲ ဝိညာဉ် များကို လောင်မြိုက် သွား လေသည်။

အော်ဟစ် သံများ ညံလာကာ၊ ရှေးမိစ္ဆာ အစီရင် ကြီးက၊ မယုံနိုင်ဖွယ် လုံးဝ ပြိုပျက်သွား တော့၏။

“ ဝေါ့ ... ။ ”

ဗိုလ်ချုပ် (၉)ဦး မှာမူ၊ မျက်နှာများ ဖြူဖျော့လျက်၊ သွေးအန် လိုက်ရသည်။ အစီရင် နှင့် ချိတ်ဆက် ထားသော ရုပ်တု ဦးခေါင်းမှာ၊ ရုတ်တရက် အက်ကွဲ လာ၏။

ယင်းမှာ မယုံနိုင် စရာ ပေပင်။ ထို့ထက် ပို၍ မယုံ နိုင်စရာ ကောင်း သည်မှာ၊ လင်းယွန် ထံမှ ထွက်ပေါ် လာသော ရောင်ဝါ ဖြစ်သည်။

ထိုရောင်ဝါကို ရုပ်တု ဦးခေါင်း၌ ရပ်နေသော၊ အကြီး အကဲ ဗိုလ်ချုပ် များက၊ ကောင်းစွာ ခံစား နိုင်၏။ ခြိမ်းခြောက် နိုင်စွမ်း အပြည့် ရှိလေ သည်။

“ သူ ... ၊ ဒါကို ဘယ်လိုလုပ် နားလည် နေတာလဲ။ ”

၎င်းမှာ စင်ကြယ်သော ဝိညာဉ်တော် အဆင့်တွင် မရှိသေး သော်လည်း၊ ကောင်းကင် ဝိညာဉ် နယ်ပယ်ရှိ၊ ကျွမ်းကျင်သူ တစ်ယောက် အနေဖြင့်၊ ဆုပ်ကိုင် နိုင်စရာ နည်းလမ်း မရှိချေ။

“ မြန်မြန် ... ၊ ငါတို့ သူ့ကို ထိန်းနိုင်မှာ မဟုတ်ဘူး၊ လူ ခွဲ ... ။ ”

အကြီးအကဲ သုံးယောက်က၊ ထွက်ပြေး ကြရန် အမိန့်ပေး လိုက်သည်။ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်သာ ဆိုပါက၊ သူတို့ ဖြေရှင်း နိုင်သော အရာ မဟုတ်ချေ။

စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် ဟူသည်၊ ကံကြမ္မာ ကိုယ်ခံ ပညာ နယ်နိမိတ်ကို ကျော်လွန်သော၊ တန်ခိုးရှင် ပညာ ရပ်မျိုး ဖြစ်သည်။

“ မင်းတို့ ... ထွက်သွား နိုင်မယ် ထင်လား။ ”

လင်းယွန် ထံမှ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ၊ ထွက်ပေါ် လာခဲ့သည်။

“ သွား သေ လိုက် ကြ စမ်း ...။ ”

လေဟာနယ် တစ်ခုလုံး၊ နောက်ပြန် ရွေ့လျား လာပြီး၊ ငွေတောင်ပံနှင့် ရွှေတောင်ပံ လူသား နှစ်ဦး၊ ကောင်းကင်၌ ဖြစ်တည် လာ၏။

သူတို့၏ အတောင်ပံ များကို ဖြန့်ကာ၊ ဗိုလ်ချုပ် များထံ စုပ်ယူမှု စွမ်းအားများ ပစ်လွှတ် လိုက် ကြသည်။

ဗိုလ်ချုပ် (၁၂) ဦးက၊ ထိတ်လန့် တုန်လှုပ် စွာဖြင့်၊ အားကုန်ထုတ် ရုန်းကန် မိသော်လည်း၊ မလွတ်မြောက် နိုင်တော့ချေ။

“ မထူး တော့ဘူး၊ ပြန်တိုက် ရအောင်။ ”

“ ဟုတ်တယ် အတူတူ သွားမယ်၊ စင်ကြယ်သော ဝိညာဉ် တော်ကို၊ သူ လုံးလုံး လျားလျား ဆုပ်ကိုင် မထားနိုင် သေးပါဘူး။ ”

အဆုံးတွင် ပြန်၍ တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချလိုက် ကြသည်။ သို့သော် ၎င်းတို့၏ တွေးခေါ် နိုင်စွမ်းမှာ၊ နိမ့်ကျလွန်း ခဲ့သည်။

နောက်ဆုံးတွင် လင်းယွန်မှ၊ သူတို့အား သတ်ချင် နေခဲ့ သည်ကို၊ မေ့လျော့ မိကြသည်။ သူတို့ အားလုံး ပြန်လှည့် ကြည့်မိ ချိန်၌၊ နေမင်း တစ်စင်း ကဲ့သို့၊ ရွှေရောင် အလင်းများ လင်းယွန် ထံမှ ဖြာထွက် နေခဲ့သည်။

ထို့နောက် သူတို့၏၊ ပြန်၍ တိုက်ခိုက်မှု များကို၊ လက်တစ်ဖက် မြောက်လျက် ဖြိုခွဲပစ် တော့၏။

“ ဗြစ် ... ။ ”

ကျန်လက် တစ်ဖက်က၊ လက်လှမ်း သင့်ရာ၊ ဗိုလ်ချုပ်ငယ် တစ်ဦး၏ ဦးခေါင်းကို ဖြုတ်ယူ သွားသည်။

ထို့စဉ် မှာပင် လင်းယွန် နောက်၌ တောက်ပသော လမင်းကြီး တစ်စင်း မြင့်တက် လာပြီး၊ အလင်း တန်းများ ဖြာကျ သွား၏။

“ ရွှပ် ... ။ ”

ယင်းမှာ နာမည်ကြီး ပန်းသင်္ချိုင်း ဓား ဖြစ်ပြီး၊ ဗိုလ်ချုပ်ငယ် များ၏ ဦးခေါင်းကို၊ တိခနဲ ဖြတ်ချ သွားတော့သည်။

အလောင်းများ လွင့်စဉ် ကုန်လျက်၊ ပတ်ဝန်းကျင် အနှံ့ သွေးများဖြင့် ဖုံးလွှမ်း လာ၏။

လင်းယွန်က အလောင်း များကို တစ်ချက်ပင်၊ ပြန် မကြည့်ဘဲ၊ အကန့် အသတ်မဲ့ သတ်ဖြတ် လိုသော ဆန္ဒ များဖြင့်၊ ရှေ့လှမ်း တက်လိုက်သည်။

ဤအခိုက်တွင် နေနှင့် လကို ပေါင်းစပ် ခြင်းဖြင့်၊ စင်ကြယ်သော ဝိညာဉ်တော်ဟု ထင်ရ စေသော ရောင်ဝါကို ထုတ်လွှတ် ထားလေ သည်။

ကျန်ရှိ နေသော အကြီးအကဲ ဗိုလ်ချုပ် သုံးဦးက၊ ဝှက်ဖဲများ အကုန် အစင် ထုတ်ကာ၊ လင်းယွန်၏ ရောင်ဝါကို တွန်းလှန်ရန် အစွမ်းကုန် ကြိုးစား နေသည်။

သို့သော် အချည်းနှီး ပေပင်။ ထိုစဉ် အာဏာသံ ဆန်သော အသံ တစ်သံ၊ အဝေးမှ ပျံ့လွင့် လာတော့၏။

“ ရပ် ... ၊ အပြစ်သား လင်းယွန်၊ မင်း အခု ရပ်လိုက်ရင်၊ မင်းရဲ့ အသက်ကို ချမ်းသာ ပေးဖို့၊ ငါတို့ စဉ်းစား ပေးနိုင်တယ်။ ”

“ သခင်ငယ် ... ။ ”

ကျန်ရှိ နေသော အကြီးအကဲ ဗိုလ်ချုပ် များမှာ၊ မျက်နှာများ နီမြန်း လာပြီး၊ ဝမ်းသာ အားရ အော်ဟစ် လိုက်သည်။

“ ဟား ... ဟား ... ဟား ... ၊ လင်းယွန် မင်းတော့ သေပြီ။ ”

ရွှင်မြူး နေသော မျက်လုံး များဖြင့်၊ လင်းယွန်ကို ကြည့်ကာ၊ အော်ဟစ် ရယ်မော လိုက်ကြသည်။

“ အောက်တန်း ကျတဲ့ နယ်မြေက ပုရွက်ဆိတ်၊ သခင် ငယ်တွေ လာနေပြီ၊ မင်း ဘာလို့ မတောင်းပန် သေးတာလဲ။ ”

ထိုသူ့ စကားကြောင့်၊ ကျန်အကြီး အကဲ ဗိုလ်ချုပ်ကြီး နှစ်ယောက်မှ၊ ရယ်မော လိုက်မိ သည်။

လင်းယွန် အတွက် အသက်ရှင် နိုင်စရာ၊ နည်းလမ်း မရှိ တော့ဟု ထင်မြင် နေမိ ကြစဉ်၊ ကောင်းကင်မှ ဆင်းသက် လာသော ဓားအလင်း တစ်လက်အား မြင်လိုက် ရသည်။

“ ဝှစ် ... ။ ”

ထိုဓား အလင်းမှာ၊ ရတနာ သုံးပါးဖြင့် ဖန်တီး ထားသော၊ ကာကွယ်ရေး အလွှာကို ကွဲကြေ သွားစေ၏။

“ စိတ်မကောင်း ပါဘူး ... ၊ မင်းတို့ရဲ့ သခင်ငယ် တွေက၊ ငါ့ အတွက်တော့ ဘာမှ မဟုတ်ဖူး ဆိုတာ ... သိစေ ချင်တယ်။ ”

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို၊ ဖြည်းညှင်းစွာ ပြန်သိမ်း လိုက်စဉ်၊ ဦးခေါင်းများ ကောင်းကင်ပေါ် ပျံတက် လာတော့သည်။ သေသင့် သူများကို၊ သတ်ပြီး ဖြစ်သည်။

စစ်မက် နယ်မြေ များ၏၊ သခင်ငယ်များ ဖြစ်နေ လျှင်ပင်၊ သူ သတ်ချင်သည့် လူများကို သတ်ရာ၌၊ တားဆီး နိုင်မည် မဟုတ်ကြောင်း၊ သိကြရ ပေမည်။

***

All Chapters