← Chapters

နောက်တစ်လှမ်း ဆုတ်ခွာ လိုက်ခြင်း။

Vol. 74 Ch. 1030

နောက်တစ်လှမ်း ဆုတ်ခွာ လိုက်ခြင်း။

Vol. 74 Ch. 1030

ထိုကဲ့ သို့ပင် စစ်မက် နယ်မြေ သုံးရပ်၏ ဗိုလ်ချုပ်များ အားလုံး အသတ် ခံလိုက် ရသည်။ ယဇ်ပလ္လင်တွင် သွေးများ စွန်းထင်း နေပြီး၊ အလောင်း များဖြင့်၊ ပြည့်နှက် နေပေ၏။

အားလုံးက ကြောက်လန့် တကြား မယုံ မကြည်နှင့်၊ ကြည့်နေ မိ၏။ သခင်ငယ် များဟု ဆိုပြီး နောက်တွင်ပင်၊ လင်းယွန်က ဗိုလ်ချုပ် များကို သတ်ပစ်ခဲ့ သေးသည်။

“ လင်း ယွန် ... ။ ”

အဝေးမှ မိုးခြိမ်းသံ တမျှ၊ ကျယ်လောင် နေသော ငေါက်သံ တစ်သံ ထွက်ပေါ် လာသည်။ ထိုအသံတွင် ဒေါသများ ကပ်ညိ ပါဝင် နေချေ၏။

များမကြာခင် ကြယ်တံခွန် များကဲ့သို့၊ မိုးကုပ် စက်ဝိုင်း အစပ် ဆီမှ၊ အလင်း တန်းများ ရွေ့လျား လာသည်။

၎င်းတို့ ထံမှ ကြောက်မက်ဖွယ် ကောင်းသော မုန်းတီးခြင်း ရောင်ဝါများ၊ ထွက်ပေါ် နေပေ သည်။

ရပ်တန့်ရန် အမိန့် ပေးခဲ့ သော်ငြားလည်း၊ လင်းယွန်မှ ဂရု မစိုက် ခဲ့ချေ။ အေးတိ အေးစက် ဖြင့်ပင် ပြန်ကြည့် လာသည်။

ထို့ကြောင့် သတ်ဖြတ် လိုသော ရောင်ဝါ များက၊ လင်းယွန်ထံ ဦးတည်ကာ၊ ကောင်းကင် မှ ကျလာသည်။

လင်းယွန် သည်လည်း၊ ပြန်လည် တုန့်ပြန် လိုက်သဖြင့်၊ တုန်လှုပ်ဖွယ် လှိုင်းများ အဘက် ဘက်သို့ ပျံ့နှံ့ သွားသည်။

ချက်ချင်းပင် သတ်ဖြတ် လိုသော ဆန္ဒများ အချင်းချင်၊ လေထု အလယ် ထိပ်တိုက် တွေ့ဆုံ သွားလေသည်။

“ လင်းယွန် ... ၊ မင်းကို ဘယ်သူမှ မကယ်တင် နိုင်တော့ဘူး၊ ဒီနေ့ မင်း သေရမယ်။ ”

သခင်ငယ် များ၏ အသံမှာ ပို၍ ကျယ်လောင် လာသည်။ သို့သော် လင်းယွန်မှ ဂရု စိုက်ပုံ မပြဘဲ၊

“ ဘယ်လိုတောင် မောက်မာပြ နေတဲ့ လေသံ မျိုးလဲ၊ ကောင်းကင်လမ်း အဆုံးမှာ မင်း တို့ကို ငါစောင့် နေမယ်၊ ... ”

“ ... အဲဒီ အချိန်မှာ၊ စစ်မက် နယ်မြေက သခင်ငယ်တွေ ဆိုတာ ဘာကောင်မှ မဟုတ် ဖူးလို့၊ လူတိုင်း သိအောင် ငါ လုပ်ပြမယ်။ ”

-ဟု တုန့်ပြန် အော်ဟစ် လိုက်၏။

သူ၏ မာန ကြီးသော လေသံကြောင့်၊ လူတိုင်း အံသြ သွားသည်။ သူတို့ အသိဉာဏ် အရ၊ စစ်မက် နယ်မြေမှ သခင်ငယ် များကို မည်သူမျှ၊ ဤလေသံ မျိုးဖြင့် မပြော ဝံ့ချေ။

သို့သော် ကမ္ဘာ မကျေသော အမုန်း တရားများ ဖြစ်တည် လာပြီးနောက်၊ အဆုံး စွန်ထိ စော်ကားခြင်း မျိုးမှာ၊ အဓိပ္ပါယ် ရှိနေ ပြန်သည်။

သူ၏ နဂါး အရိုးကို လုယူချင် နေသော ဤသခင် ငယ်များ အတွက်၊ လင်းယွန် ခမျာ မှာလည်း၊ မယဉ်ကျေး နိုင်ချေ။

ရတနာ အတွက် အသက် ပေးကာ၊ ရယူ ထားခြင်း ဖြစ်သည့် အတွက်၊ စစ်မက် နယ်မြေ များ၏ လုပ်ရပ်မှာ၊ လူသတ်ချင် စိတ်ကို တိုးပွား လာ စေသည်။

ထို့အပြင်၊ သည်လူ များသည်၊ ယွဲ့ဝေဝေကို အမဲလိုက် နေကြောင်း သေချာ နေပြီ ဖြစ်သဖြင့်၊ သူတို့အား လွှတ်ထားရန် ဆန္ဒ မရှိချေ။

“ ဝှစ် ... ။ ”

ဖေးရွယ်ကို လူအုပ် အတွင်းမှ ဖမ်းဆွဲကာ၊ ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း (၉) မျိုးဖြင့်၊ ပြေးထွက် လာခဲ့သည်။

ဗိုလ်ချုပ် များကို သတ်ဖြတ် ရာတွင်၊ မူလ စွမ်းအင်များ ကုန်ဆုံးသွား သောကြောင့်၊ ဆက်၍ တိုက်ပွဲ ဝင်ရမည့် အချိန် မဟုတ် တော့ချေ။

“ ဖ ရူး ... ။ ”

ရုတ်တရက် လင်းယွန် နောက်ကျော၌၊ မူလစွမ်းအင်ဖြင့် ဖန်တီးထားသော ရွှေတောင်ပံ တစ်စုံ ထွက်ပေါ် လာသည်။ ၎င်းတောင်ပံ များကို ခတ်လိုက်ရာ၊ ချက်ချင်း ပျောက်ကွယ် သွားတော့၏။

ဤသို့ အတောင်ပံ တစ်စုံ ဖွဲ့တည်လာ နိုင်သည် အထိ၊ အစွမ်း ထက်သော ရွေ့လျားမှု နည်းစနစ် တစ်ရပ်ကို၊ တက်ကျွမ်း ထားလိမ့် မည်ဟု၊ မည်သူမျှ မထင်ထား မိချေ။

“ သွား ရ အောင်၊ ဒီမှာ နေစရာ မလို တော့ဘူး ... ။ ”

“ ဟုတ်တယ် ... ၊ အစီရင် ပျက်သွားပြီ၊ ဒီလူယုတ်မာ တွေက ငါ တို့ကို ဒီမှာ ဆက်ပြီး မတား နိုင်တာ့ဘူး။ ”

“ အဲ့ဒီ သခင်ငယ် သုံးယောက်ရဲ့၊ မျက်နှာ ကိုတော့ မြင်ချင်သား ... ၊ ဘယ်လောက် တောင် ဒေါသ ထွက်နေ လိုက်မလဲ။ ”

လူတိုင်း သတိဝင် လာပြီး၊ လေးမျက်နှာ မြို့သို့ ထွက်ခွာ လိုက်ကြသည်။ ရုပ်တု ဦးခေါင်း ကျိုးပဲ့ မှုကြောင့်၊ ပိတ်ဆို့ ထားသော အစီရင်မှာ၊ ပျောက်ကွယ် သွားပြီ ဖြစ်သည်။

လူအချို့က သခင်ငယ် များကို ကြည့်ချင် နေသေး သော်လည်း၊ ဒေါသဖြင့် အစားထိုး ဖြေဖျောက် လာမည်ကို စိုးထိတ် မိကြ၏။

ဤနည်းဖြင့် လူတိုင်း ထွက်ခွာသွား ကြပြီး၊ သွေးစွန်း နေသော ယဇ်ပလ္လင် ကြီးသာ ကျန်ရစ် ခဲ့တော့သည်။

တစ်နာရီ ကြာ ပြီးနောက်၊ တိုက်ပွဲ လွင်ပြင် တစ်ခုလုံး တောက်ပသော အလင်းရောင် များ၊ ဖုံးလွှမ်း လာခဲ့သည်။

ယင်းကို လှည့်ကြည့် မိသော လူ အချို့မှာ၊ ကြောက်လန့်လျက်၊ အရှိန်အား မြှင့်တင်လိုက် တော့၏။

အလင်းဖြင့် ဖုံးအုပ် ထားသော ပုံရိပ် သုံးရိပ်၏ စိတ်ခံစားမှု များကြောင့်၊ လေဟာနယ် သက်ရောက်မှု များပင် ရှိလာသည်။

၎င်းတို့၏ ရောင်ဝါမှာ၊ အစွမ်းထက် လွန်းသဖြင့်၊ ကောင်းကင်နှင့် မြေကြီးအား၊ တုန်ယင် သွားစေ၏။

သုံးယောက်သား ကောင်းကင်ပေါ်၊ မျှော်ကြည့် လိုက်စဉ်၊ မိုးကုပ် စက်ဝိုင်း အစပ်၌ လေးမျက်နှာ မြို့ ဆီသို့၊ ပျံသန်း နေသည့်၊ ရွှေတောင်ပံ လူသား တစ်ဦးကို၊ တွေ့လိုက် ရသည်။

ယင်းမှာ နေနတ် ဘုရား ဖမ်းဆီးခြင်း ပညာရပ် ဖြစ်သောကြောင့်၊ အံ့အားသင့် မိသွား ကြသည်။

မြင်ကွင်းမှ လင်းယွန် ပျောက်ကွယ်သွား သည်ကို ကြည့်ပြီး၊ သခင်ငယ် သုံးယောက်မှာ၊ သက်ပြင်းချ လိုက်၏။

“ ငါတို့ လိုက် မမီနိုင် တော့ဘူး … ။ ”

အမှီ လိုက်ရန် နည်းလမ်း မရှိချေ။ ဒေါသကြောင့် မျက်နှာများ မည်းမှောင် နေပေ၏။

လင်းယွန်ကို ထောင်ချောက် ဆင်ပြီး၊ နှိမ်နှင်းရန် ကြံရွယ်ထား သော်လည်း၊ ကျွန်များ အားလုံးကို ဆုံးရှုံး ခဲ့ရသည်။

ဤသည်မှာ သူတို့ မျက်နှာကို ပြင်းပြင်း ထန်ထန် ရိုက်နှက်ခံ ရခြင်း ဖြစ်၏။ ကောင်းကင် လမ်းမှ လွတ်မြောက် ပြီးနောက် တွင်ပင်၊ အရိပ် မည်းကြီး ကဲ့သို့၊ ခြောက်လှန့် နေပေမည်။

“ ထားလိုက်ပါ ... ၊ အနှေးနဲ့ အမြန် သူ့ကို ပြန်တွေ့ ရမှာပဲ။ ”

ငရဲ နတ်ဘုရား နယ်မြေ၏ သခင်ငယ်မှ၊ သူ့အဖော် များအား နှစ်သိမ့် ပေးလိုက် မိလေ သည်။

***

All Chapters