ဒဏ်ရာများ။
Vol. 74 Ch. 1031
“ ငါတို့ ဒီလို လုပ်သင့်တာ သေချာလား ... ၊ အဲဒီ မိန်းကလေး အတွက်၊ ကောင်းကင် မိစ္ဆာ မြေခွေး မိသား စုက လာနိုင်ချေ ရှိတယ်။ ”
ယင်ယန် သုခဘုံ သခင်ငယ်မှ၊ နောက်ဆံတင်း စေသော အချက်အား ထုတ်ဖော် ပြောကြား ခဲ့သည်။
“ ဒါနဲ့ ပတ်သက်ပြီး ... ၊ လောလော ဆယ်တော့ ဘာမှ မလုပ် နိုင်သေးဘူး၊ သူ့အပေါ် သင်ခန်းစာ တစ်ခု သင်ပေး သင့်တယ် လို့တော့ ထင်တယ်၊ ပြီးတော့ အဲဒီ ကောင်မလေးနဲ့ ဒီကောင်က ... ”
“ ... ပတ်သတ်မှု ရှိနေတယ်၊ ဒီကောင် ဘယ်လောက် ကြာကြာ ပြေးနိုင် မလဲ ကြည့် ရအောင်၊ ကောင်းကင် လမ်းမှာ၊ ငါတို့ လက်က လွတ်မယ်များ၊ ထင်နေလား မသိဘူး။ ”
ငရဲ နတ်ဘုရား နယ်မြေမှ သခင်ငယ်က၊ အံကြိတ်လျက် ပြန်ဖြေ၏။ နှုတ်ဆိတ် နေခဲ့သော တော်ဝင် နဂါး သခင်ငယ်မှ၊
“ သူ့ကို ထားလိုက် ရအောင်၊ လေးမျက်နှာ မြို့မှာ ဘာမှ လုပ်လို့ မရဘူး၊ အဲဒီ ကောင်မလေး ရဲ့ နောက်ခံနဲ့ ပတ်သက် ရင်တော့ … ၊
“ ... သူမ ကိုယ်တိုင် ဘာမှ မပြောတဲ့ အတွက်၊ ငါတို့ မသိ သလို ဆက်နေ ရမယ်၊ နတ်ဘုရား အသွေးတော် သစ်သီးက၊ တန်ဖိုး ရှိတယ်။ ”
လေးမျက်နှာ မြို့အား၊ အင်အားကြီး ဂိုဏ်းများက ကြီးကြပ် ထားသည်။ မြို့တွင်း၌ ရန်ပွဲ များကို ခွင့်ပြုထား သော်လည်း၊ သတ်ခြင်း မပြုရန် တားမြစ် ထား၏။
စစ်မက် နယ်မြေ၏ သခင်ငယ်များ ဖြစ်လျှင်ပင်၊ ထို စည်းကမ်းအား လိုက်နာ ရပေမည်။ မချိုးဖောက် ဝံ့ချေ။
လေးမျက်နှာ မြို့ဟူသည်၊ ကောင်းကင် လမ်းကို ဆက်လျှောက် လိုသူ များနှင့်၊ ရပ်တန့် လိုသူ များအတွက်၊ နောက်ဆုံး စုဝေးရာ အရပ် ဖြစ်၏။
ရုတ်တရက် ငရဲ နတ်ဘုရား သခင်ငယ်က တိုက်ပွဲ မြေပြင်ထံ ပြန်ကြည့်ကာ၊
“ ငါတို့ ရတနာတွေ ဘယ်မှာလဲ။ ”
-ဟု အော်ဟစ် လိုက်သည်။
သူ ဆိုလို သည်မှာ၊ ငရဲ ကျောက်စိမ်းပြား၊ နဂါးနက် နဖူးစည်း အလံငယ်နှင့်၊ အရိုး မိစ္ဆာ တောင်ဝှေး တို့ကို ရည်ညွှန်း ပေ၏။
၎င်းရတနာ များမှာ၊ မျိုးနွယ်စု များမှ ပုဂ္ဂိုလ်ရေး အရ၊ အပ်နှင်း ထားသော ရတနာ များ ဖြစ်သည်။ အစွမ်း ထက်လှ သဖြင့်၊ စွမ်းအား အပြည့် မထုတ်နိုင် ကြ သေးချေ။
လင်းယွန် သည်ပင် လူတိုင်းကို၊ သတ်ပြီး နောက်၊ ရတနာ များကို မထိဝံ့ ခဲ့ချေ။ ၎င်းတို့၌ အဝေးမှ၊ ထိန်းချုပ် နိုင်သော တံဆိပ်များ ရှိနေ မည်ကို၊ သူ စိုးရိမ် ခဲ့ခြင်း ဖြစ်ပေမည်။
“ ဒါဆို ဘယ်ရောက် သွားလဲ။ ”
သခင်ငယ် များ၏ မျက်နှာများ ပြောင်းလဲ သွားသည်။ တစ်ဖက် လူမှာ ထိုရတနာ များကို ယူဆောင် သွားခြင်း မရှိကြောင်း၊ ပြောနိုင် သည်။
မောက်မာ လွန်းသော အဆိုပါ လင်းယွန် သည်ပင်၊ မလုပ် ဝံ့သော အမှုကို၊ မည်သူမှ ပြုမူရဲ သည်နည်း။
“ တစ်ခု ခုတော့ မှားနေပြီ။ ”
သခင်ငယ် တစ်ဦးက တိုက်ပွဲ မြေပြင်ကို ဝေ့ကြည့်ကာ၊ မျက်မှောင်ကြုတ် လိုက်မိသည်၊။ စစ်မြေပြင် တစ်ခုလုံး အလောင်း များသာ ကျန်ရှိ နေ၏။
“ ကြည့်စမ်း ... ၊ ဗိုလ်ချုပ် တွေရဲ့ သိုလှောင်အိတ် တွေပါ မရှိ တော့ဘူး။ ”
“ သေစမ်း ... ဘယ် တိရိစ္ဆာန် မသား လက်ချက်လဲ၊ ငါ့ ယင်ယန် သုခဘုံ နယ်မြေရဲ့၊ အလင်းနက် တိုက်ပွဲဝင် ချပ်ဝတ်ကို ယူရဲတာ။ ”
“ ဝိညာဉ် ပုလဲ တွေေလည်း မတွေ့ဘူး။ ”
“ ငါ ငါ့ ... ၊ ကြာပွတ် ... တောက် ... ဒီမှာ ဘယ်သူက လုပ်ရဲ တာလဲ။ ”
သုံးယောက်သား နှမျော စိတ်ကြောင့်၊ ရုတ်တရက် တုန်ယင် လာသည်။ ရတနာ များ၏ အရေ အတွက်မှာ၊ အမွေခံ နယ်မြေ တစ်ခု ကိုပင်၊ ဖန်တီး ပေးနိုင်သည်။
သူတို့ ရောက်ရှိ လာချိန်တွင်၊ သိုလှောင် အိတ်နှင့် ရတနာ များကို၊ ဟိုတစ်စ သည်တစ်စ၊ မြင်ခဲ့ ရသည်။
ထွက်ပြေး သွားသော လင်းယွန်ထံ၊ အာရုံရောက် နေချိန်တွင်၊ တစ်စုံ တစ်ဦးမှ၊ ထို အရာများ အားလုံးကို ခိုးယူ သွားခြင်း ဖြစ်သည်။
ဤတိုက်ပွဲမှာ ရန်သူ ထံမှ၊ သိမ်းယူရန် ပြင်ဆင် ထားခြင်း ဖြစ်သော်လည်း၊ သူတို့၏ ရတနာ များကို၊ ပြန်လည် သိမ်းယူခံ လိုက်ရ သည်။ အထိနာ လှ ပေ၏။
ထိုအချိန်တွင် လင်းယွန်မှာ၊ ဖေးရွယ် နှင့်အတူ၊ ဆိတ်ညံသော တောင်ကုန်း တစ်ခု ပေါ်သို့၊ ဆင်းသက် လိုက်သည်။
တောင်ထိပ် ပေါ်မှ နေ၍၊ လေးမျက်နှာ မြို့ကို၊ အကြမ်းဖျင်း မြင်နိုင်သည်။ မြို့ထဲ မဝင် သေးဘဲ၊ အချိန် အနည်းငယ် အနားယူ လိုသည်။
ဖေးရွယ်အား အောက်သို့ ချပြီး၊ အဝေး တစ်နေရာသို့ သွားကာ၊ အပေါ်ပိုင်း ဝတ်ရုံ စကို ချွတ်လျက်၊ စစ်ဆေး ကြည့်မိသည်။
ခန္ဓာကိုယ် အနှံ့၊ ဒဏ်ရာ အများ အပြား ရှိနေပြီး၊ ၎င်းတို့ ထံမှ အဆိပ် ငွေ့များ တိုးထွက် လာနေ၏။
ရှေးဟောင်း မိစ္ဆာ အစီရင်ကို ရင်ဆိုင်စဉ်၊ ရရှိခဲ့သော ဒဏ်ရာများ ဖြစ်သည်။ ဝိညာဉ် ပုလဲ များရှိ၊ အနက်ရောင် အခိုး အငွေ့ များမှာ၊ အဆိပ် ပါရှိပြီး၊ တိုက်စား နိုင်စွမ်း ရှိချေ၏။
သူတော်စင် နဂါး နည်းစနစ်ကို လေ့ကျင့် ထားခြင်း မရှိိ ပါက၊ ယခု အချိန်၌ သေဆုံးပြီး၊ ဖြစ်ပေမည်။
ထို့ကြောင့် အကြီး အကဲ ဗိုလ်ချုပ် များက၊ သူသေ မည်ဟု ယုံကြည် နေကြခြင်း ဖြစ်သည်။ ထို့အပြင် သခင်ငယ် များ၏ လက်နက် များကို၊ ကိုင်ဆွဲခွင့် ရသဖြင့်၊ ထိုထင်မြင် ချက်ကို၊ ပို၍ ခိုင်မာ လာစေသည်။
ကောင်းကင်ဓား ဖြင့်ပင်၊ မဖယ်ရှား နိုင်လောက်အောင်၊ အစွမ်းထက် နေပေသည်။
“ ဘယ်လောက် တောင် ဒုက္ခပေး လိုက်လဲ။ ”
လင်းယွန်က မျက်မှောင်ကြုတ် လိုက်၏။ သေစေ လောက်သော ဒဏ်ရာများ မဟုတ်လှ သော်လည်း၊ ကုသရန် မလွယ်ကူ ခဲ့ချေ။
အပြေး မြန်၍ သာပင်။ မဟုတ်သော် ဤအခြေ အနေဖြင့် ဆက်၍ တိုက်ပွဲ ဝင်နိုင်မည် မဟုတ်ချေ။ ပင်ပန်း နွမ်းနယ် မှုကြောင့်၊ အချိန် မရွေး ပြိုလဲ သွားနိုင်သည်။
“ ဝက်ပေါက် ... ၊ နင် အဆင်ပြေ ရဲ့လား။ ”
ချက်ချင်း ဖြူဖျော့ သွားသော လင်းယွန်၏ အသား အရေကြောင့်၊ ဖေးရွယ် ခမျာ စိတ်ပူ သွားသည်။
ရှေးမိစ္ဆာ အစီရင်ထဲ ပိတ်မိ ခဲ့သည့် အချိန်အား ပြန်၍ သတိရ လာမိ၏။ ထိုအမှောင် အတွင်း တစ်ခုခု ရှိရ ပေမည်။ နောက်ဆုံးတွင် လူတိုင်း ထိုအစီရင် မျိုးမှ၊ ရုန်းထွက် နိုင်မည် မဟုတ်ချေ။
“ အဆင်ပြေ ပါတယ် ... ၊ ခဏ အနားယူ ပြီးရင်၊ ကောင်းသွား လိမ့်မယ်။ ”
စကားဆုံး သည်နှင့်၊ လင်းယွန်မှာ မြေပြင်ပေါ် လဲကျ သွားသည်။ ထိုမြင်ကွင်း ကြောင့် ဖေးရွယ် ခမျာ စိုးရိမ် တကြီး၊ အနားကပ် လာ၏။
ဒဏ်ရာ များအား၊ အနီးကပ် မြင်လိုက်ရ ချိန်တွင်၊ မျက်နှာ ပျက်ယွင်း သွားသည်။ ၎င်းက ထင်ထား သည်ထက်၊ ကြောက်စရာ ကောင်းနေ သဖြင့်၊ ပါးစပ်အား လက်ဝါးနှင့် အမြန် အုပ်လိုက် ရသည်။
လင်းယွန်မှာ နတ်ဘုရား မဟုတ်ချေ။ အစွမ်းထက် လက်နက် များကို ကိုင်ဆောင် ထားသည့်၊ ဗိုလ်ချုပ် များအား သတ်ရန်၊ တန်ရာ တန်ကြေး ပေးဆပ်ခဲ့ ရပုံ ရသည်။
“ ဝက် ... ဝက် ပေါက် ... ။ ”
ဖေးရွယ် မျက်လုံးများ နီရဲ လာ၏။ ဒဏ်ရာများ ပြင်းထန်စွာ ရရှိထား သော်လည်း၊ တိုက်ပွဲ အပြီးတွင်၊ သူမအား မမေ့ မလျော့ ဖမ်းဆွဲ လိုက်သော မြင်ကွင်းအား၊ ပြန်မြင် လာသည်။
လင်းယွန်မှ၊ သူမအား များစွာ ကူညီပေး ခဲ့သည်။ ယခု ချိန်၌ သူမကို ထားသွား လျှင်ပင်၊ စိတ်မဆိုး နိုင်တော့ချေ။
သူမ ဟူသော ‘ဝန်’တစ်ခု ကြောင့်သာ မဟုတ် ပါက၊ ဤမျှ အထိ ဒဏ်ရာများ ရရှိမည် မဟုတ်ကြောင်း၊ ပြောနိုင်သည်။
“ ခစ် ... ခစ် ... ခစ် .... ။ ”
ထိုချိန်တွင် နဂါးလေးမှာ ရယ်မောလျက်၊ ရောက်ရှိ လာသည်။ နောက်ဆုံးတွင် သခင်ငယ် ဟူသော သူကောင်းသား များ၏၊ မျက်စိအောက် ၌ပင်၊ တိုက်ပွဲ မြေပြင်ကို ရှင်းလင်း ခဲ့သည်။
“ ညောင် ... ။ ”
သို့သော် လင်းယွန်အား မြင်ချိန်တွင်၊ အပြုံးများ ပျောက်ကွယ် သွားပြီး၊ ချက်ချင်း ပြေးလွှား လာတော့သည်။
ရူးသွပ်သော အသွင်ဖြင့်၊ သိုလှောင်အိတ် များစွာကို အန်ထုတ်ကာ၊ ရတနာများ ထုတ်ယူ လိုက်လေသည်။
ပုံမှန် အချိန် များတွင်၊ ရတနာ များအား တွန့်တိုမိ သော်လည်း၊ လင်းယွန် တစ်ယောက် သေဘေးနှင့် ကြုံရ ချိန်၌၊ အရာ အားလုံး ပေးအပ်ရန် ဆန္ဒ ရှိချေပြီ။
မဟုတ် ပါက ဟင်းချက် နည်းပေါင်း တစ်သောင်းနှင့်၊ သူ့ခန္ဓာမှာ လောက်ငှ သွားမည် မဟုတ်ချေ။
လင်းယွန်၏ သားရဲမှာ၊ ရတနာ များစွာ ပေးအပ်ရန် ဆန္ဒရှိနေ လိမ့်မည်ဟု၊ မမျှော်လင့် ထားသော ဖေးရွယ် တစ်ယောက်၊ အံ့အားသင့် သွားမိသည်။
ထို့အပြင် ရတနာ အချို့၏ တန်ဖိုးမှာ၊ သူမအား မနာလို ဖြစ်စေသည် အထိပင်၊ ရှားပါး လှချေ၏။ ဤကြောင် သူခိုး လက်၌ လူပေါင်း မည်မျှ သွေးအန် ခဲ့ရ မည်ကို၊ မှန်းဆ မရ တော့ချေ။
ရတနာ များကို ထုတ်ယူပြီး၊ လင်းယွန်ထံ ကျွေးမွေးရန် သူမအား တောင်းဆို လာ၏။ များ မကြာခင် လင်းယွန် မျက်နှာ၌၊ သွေးရောင် လွှမ်းလာပြီး၊ ဝိညာဉ် စွမ်းအင်များ ယိုစိမ့် လာတော့သည်။
“ လုံ လောက် ပြီ ... ။ ”
ရတနာများ ထုတ်ယူ နေဆဲ ဖြစ်သော နဂါးသွေး ကြောင်ကို၊ ဖေးရွယ်မှ အသိပေး လိုက်ရ သည်။
လင်းယွန် အခြေ အနေမှာ၊ စိုးရိမ် ရသည့် အဆင့်၌ မရှိချေ။ မူလ စွမ်းအင် ကုန်ခန်း သွား ခြင်းသာ ဖြစ်လေသည်။
ထို့ကြောင့် နဂါးသွေး ကြောင်သာ ရတနာများ ဆက်ထုတ် နေပါက၊ စိတ်ထိန်း နိုင်ရန် အာမ မခံ နိုင်တော့ချေ။
***