← Chapters

နေနှင့်လ ပေါင်းစည်းခြင်း။

Vol. 74 Ch. 1033

နေနှင့်လ ပေါင်းစည်းခြင်း။

Vol. 74 Ch. 1033

နတ်ဘုရား အသွေးတော် သစ်သီးသည် အလွန် အဖိုးတန် ချေ၏။ ထို့ကြောင့် ဖေးရွယ်မှ၊ ပြန်လည် မျှဝေ လာသည့်နောက်၊ အချင်း အရာ များကို နားလည် သွားသည်။

ယွဲ့ဝေဝေ လုံခြုံ နိုင်မည်ဟု၊ ဖေးရွယ်မှ ဆိုသည်။ သို့သော် သူ မထင်ချေ။ ထို့ကြောင့် ကောင်းကင် ဓားကို ပို၍ ကျွမ်းကျင်အောင် ကြိုးစား ရပေမည်။

နေလ လက်သီးအား အပြီးသတ် ပေါင်းစည်းရန်၊ အချိန် တန်ပြီ ဖြစ်သည်။ သဲဝါ လွင်ပြင်ရှိ တိုက်ပွဲ များ၌၊ ပြိုင်ဘက် များ၏ အခြေခံ အုတ်မြစ်ကို မြင်တွေ့ ခဲ့ရသည်။

သခင်ငယ် များသာ ထွက်ပေါ် လာပါက၊ တိုက်ပွဲ များမှာ၊ ပို၍ ကြောက်မက်ဖွယ် ကောင်း လာနိုင် ပေ၏။

ရုတ်တရက် လင်းယွန်က တစ်စုံ တစ်ရာကို သတိထား မိလိုက်ပြီး၊ ဖေးရွယ်အား ပြန်ကြည့် သည်။

“ မင်းလည်း ... ၊ ယွဲ့ဝေဝေလို ခွန်လွန်ဘုံက လာတာ ပဲလား ... ။ ”

ဤသို့ ဆိုပါက ဖေးရွယ်၏ နောက်ခံမှာ၊ ယွဲ့ဝေဝေ ကဲ့သို့ပင်၊ မရိုးရှင်း လှချေ။ အဆုံးတွင် ဖေးရွယ်မှ ခေါင်းညိတ်ပြ လာပြီး၊

“ ငါ တင် မကဘူး၊ ခွန်လုံ ဘုံက လူ တော်တော် များများ ကောင်းကင် လမ်းပေါ်၊ ဆင်းလာ ကြတယ်၊ ... ”

“ ... နတ်ဘုရား အသွေးတော် သစ်သီး အတွက်၊ ပြိုင်ဆိုင် မှုက နင်ထင်ထား တာထက် ပိုတယ်။ ”

“ ... ဒါဆို ကောင်းကင် လမ်းမှာ၊ ခွန်လွန်ဘုံက လူငယ်တွေ အများကြီး ရှိနေ တယ်လို့ ပြောနေ တာလား။ ”

“ အမှန်ပဲ ... ။ ”

“ နောက်ဆုံး တိုက်ပွဲမှာ၊ သူတို့ရော ပါနိုင်လား။ ”

“ အင်း ... ပါနိုင်တယ်၊ ဒါပေမယ့် သူတို့က နင့် လောက်တော့၊ အားကောင်းမှာ မဟုတ်ဘူး၊ သာမာန် ပါရမီရှင်တွေ လောက်ပါပဲ၊ ... ”

“ ... အမှန် အတိုင်း ပြောရရင် ... ခွန်လွန်ဘုံမှာ၊ နင့်လို အရည် အချင်း ရှိတဲ့ လူ တစ်ယောက် မွေးဖွား လာရင်၊ လူတိုင်း အာရုံစိုက် လာလိမ့်မယ်၊ ... ”

“ ... ဒါကြောင့် သူတို့က ကောင်းကင် လမ်းကို ဆင်းပြီး၊ နင့်လို စွန့်စားရဲ မှာတော့ မဟုတ်ဘူး ။ ”

ဖေးရွယ်က အလေး အနက် ပြန်ဖြေသည်။

“ ယွဲ့ဝေဝေ ကရော ... ၊ ဘယ် အဆင့်မှာ ရှိလဲ၊ သူ ဘာလို့ ဆင်း လာတာ ဖြစ်နိုင်လဲ။ ”

“ သူက မတူဘူး၊ သူ့ရဲ့ အစစ် အမှန် ခွန်အားက၊ ကြောက်စရာ ကောင်းလွန်းတယ်၊ ဒါကို ကန့်သတ်ပြီး ကောင်းကင် လမ်းကို တိုက်ရိုက် မဆင်းဘဲ၊ ... ”

“ ... အောက်တန်း နယ်မြေကို၊ ဘာလို့ ဆင်းသွား ခဲ့လဲ ဆိုတာ ငါလည်း မသိဘူး၊ ဒါက အန္တရာယ် များပြီး၊ ရှုပ်ထွေးတဲ့ နည်းလမ်းပဲ၊ နတ်ဘုရား အသွေးတော် သစ်သီး အပေါ်၊ ... ”

“ ... အလေးထား ပုံက မယုံနိုင် စရာပဲ၊ ကြည့်ရတာ အခြားသူ တစ်ဦး တစ်ယောက် အတွက်၊ ... ”

“ ... ရည်ရွယ် နေပုံ မရဘူး၊ အရမ်းကို လေးနက် လွန်းတယ်၊ သူ သုံးဖို့ အတွက် ရယူ နေ သလို ... ။ ”

ဖေးရွယ် စကားကြောင့် လင်းယွန် တစ်ယောက် ငြိမ်သက် သွားသည်။ သူ့တွင် ထင်ကြေး များစွာ ရှိသော်လည်း၊ အတည် မပြု နိုင်သေးချေ။ ထို့ကြောင့် ခွန်အားကို မြှင့်တင် ရန်သာ၊ အာရုံစိုက် ချင်ခဲ့သည်။

“ နင် အခု နေကောင်း သွားပြီ ဆိုတော့ ... ၊ လေးမျက်နှာ မြို့ကို လည်ပတ် ကြည့်ချင်လား၊ မြို့ထဲမှာ ... ”

“ ... ပါရမီရှင်တွေ ရောက်နေပြီ၊ သူတို့ တွေက ကောင်းကင် လမ်းရဲ့၊ အဆင့် သတ်မှတ် ချက်ထဲ ပါတဲ့၊ လူတွေ ချည်ပဲ။ ”

ထိုစကားကို ကြားသော အခါတွင်၊ လင်းယွန် နှလုံးသားများ လှုပ်ယမ်း သွားသည်။

“ ငါရဲ့ အဆင့်က ဘယ်လောက်လဲ။ ”

နောက်ဆုံး တိုက်ပွဲ စတင်ရန်၊ အချိန် နှစ်လ မျှသာ လိုတော့ သဖြင့်၊ သူ့အမည်မှာ အဆင့် သတ်မှတ် ချက်ထဲ၊ ဝင်ရောက် သင့်ပြီ ဖြစ်သည်။

ထို့ကြောင့် ချိန်ထိုး တွက်ဆရန်၊ မေးလိုက်ခြင်း ဖြစ်သော်လည်း၊ ကြင်နာသော အပြုံးဖြင့်၊ ဖေးရွယ်မှ ပြန်ကြည့် လာသည်။

“ တောင်းပန် ပါတယ် ... ၊ နင့် အမည်က၊ အဆင့် သတ်မှတ် ချက်ထဲ၊ မပါ သေးဘူး။ ”

“ အမ် ... ။ ”

ဖေးရွယ် အဖြေကြောင့်၊ မှင်တက် သွားမိသည်။ လောချန်ပင် ကောင်းကင် ကြေးမှုံ ၌ ပါရှိ နေပြီ ဖြစ်ရာ၊ ယင်းကို နားမလည် နိုင်ချေ။

“ စတုတ္ထ ကောင်းကင် ဝိညာဉ်မှာ ရှိတဲ့၊ လူတွေ ပေါ်သာ ကောင်းကင် ကြေးမုံက၊ အဆင့် သတ်မှတ် ပေးတော့တယ်၊ ဒါကြောင့် ... ”

“ ... စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်ပယ်ကို၊ နင် ရောက်ဖို့ လိုနေပြီ၊ မဟုတ်ရင် ... နောက်ဆုံး တိုက်ပွဲကို၊ လက်လွှတ် လိုက်ရ လိမ့်မယ်။ ”

အစောပိုင်း ကာလ၌၊ ကောင်းကင် ကြေးမုံသည် ဒုတိယ ကောင်းကင် ဝိညာဉ် နယ်ပယ် မျှသာ ဖြစ်သည်။ ယခုမူ စတုတ္ထ ကောင်းကင်သို့ တိုးမြှင့် လာ၏။

“ မလိုက် တော့ဖူး၊ ရက် နည်းနည်းလောက် ကျင့်ကြံ လိုက်ဦးမယ်။ ”

လင်းယွန်မှ ဆုံးဖြတ် လိုက်ဟန်ဖြင့်၊ ပြန်ဖြေ လာသည်။

“ အဆင့် သတ်မှတ် ချက်က ... ၊ ကျွမ်းကျင်သူ တွေကို၊ နင် မကြည့် ချင်တာ သေချာလား။ ”

လင်းယွန်နှင့် လည်ပတ် သွားလာလို သောကြောင့်၊ ဖေးရွယ်မှာ မျက်နှာ ပြောင်းလဲ သွားသည်။ မုန်တိုင်း ပြီးနောက် လေပြေများ ခံစားချင် ပေ၏။

“ အင်း ... ၊ ပြီးမှ ပေါ့ ... ။ ”

ပြိုင်ဘက် များ၏ ခွန်အားကို တွက်ဆရန်၊ တစ်ချက်မျှ ကြည့်လို သေးသည်။ သို့သော် အခု မဟုတ်ချေ။

“ ကောင်းပြီ ... ဆက်လုပ်ပါ၊ အဆင့် သတ်မှတ်ခံ ရသူ တွေသာ၊ သူတော်စင် ဝိညာဉ် ရေကန်မှာ၊ စိမ်ခွင့် ရလိမ့်မယ်၊ ... ”

“ ... အခွင့် အရေး ရှိတုန်း၊ လုံးလ စိုက်ပါ၊ ဝိညာဉ် ရေကန်ထဲ စိမ်ခွင့်ရ သူတွေသာ၊ အသွင် ကူးပြောင်းခွင့် ရကြ လိမ့်မယ်၊ ဒါက နောက်ဆုံး အခွင့် အရေးပဲ။ ”

-ဟု ဖေးရွယ်မှ လင်းယွန်အား သတိပေး လိုက်သည်။

“ သူတော်စင် ဝိညာဉ် ရေကန်လား ... ၊ စိတ်ချ မလွတ် စေရဘူး။ ”

လင်းယွန်မှ ပြုံးကာ၊ ကတိပေး သည်။ လက်ရှိတွင် တတိယ ကောင်းကင် ဝိညာဉ်၏၊ အထွတ် အထိပ်တွင် ရှိနေပြီ ဖြစ်ပြီး၊ အချိန် မရွေး အောင်မြင်မှု တစ်ခုအား ရယူ နိုင်သည်။

အလျင် လိုခြင်း မရှိ သည်မှာ၊ ဓား ရည်ရွယ်ချက်နှင့်၊ စင်ကြယ်သော ဝိညာဉ်တော် ပညာရပ်ကို၊ အကန့် အသတ်ထိ တွန်းထုတ် လိုသောကြောင့် ဖြစ်၏။

မဟုတ် ပါက ကျင့်ကြံ မှုကြောင့်၊ ထိုဝှက်ဖဲ နှစ်ချပ်မှာ၊ အစွမ်းအား တိုးလာနိုင် သော်လည်း၊ ရရှိ ထားသော ဉာဏ်အလင်း များက၊ ပျက်သုဉ်း သွားနိုင်မည် ။

ဖေးရွယ်အား နှုတ်ဆက် ပြီးနောက်၊ သူမ လမ်းညွှန် ခဲ့သော ခြံဝင်း အလယ်ရှိ၊ ဝိညာဉ်ရေး အစီရင် ထံသို့၊ လျှောက်လှမ်း လာခဲ့သည်။

ထိုအစီရင်မှာ ပတ်ဝန်း ကျင်ကို၊ ရုန်းရင်း ဆန်ခတ်မှု များ မဖြစ် စေရန်၊ ဝိညာဉ် စွမ်းအင် များကို၊ ပိတ်ဆို့ ပေးထား နိုင်၏။

ထို့နောက် ဗိုလ်ချုပ် များနှင့်၊ တိုက်ပွဲကို ပြန်လည် သုံးသပ် ခြင်းဖြင့်၊ စတင် လိုက်သည်။ ဓား ရည်ရွယ်ချက်။

ယခုတွင် သူ၏ ကောင်းကင် ဓားမှာ၊ အဆင့်မြင့် ကျွမ်းကျင် မှုနှင့် မဝေး တော့ချေ။ ခဏ အကြာတွင် မျက်လုံးကို ဖွင့်လိုက်ပြီး၊

“ ကောင်းကင် ဓားကို၊ နောက်တစ်ဆင့် တက်ရအောင်။ ”

-ဟုဆိုလျက်၊ လက် ဝှေ့ယမ်းကာ ပန်းသင်္ချိုင်း ဓားကို ထုတ်ယူ လိုက်သည်။

“ ဟိတ် ... ။ ”

သည့်နောက် ပန်းသင်္ချိုင်း ဓားအား၊ လေထုထဲ လွှဲခုတ် လိုက်ရာ၊ ကောင်းကင်သို့ ဓား အလင်းများ ပျံတက် သွား၏။

နဖူး ပြင်၌ တစ်စုံ တစ်ရာ၊ လောင်ကျွမ်း နေသကဲ့ သို့သော ခံစားချက်မျိုး ပေးစွမ်း ချေပြီ။ အံ့ဖွယ် ခံစားရမှု တစ်ရပ် ဖြစ်၏။

ကောင်းကင် ဓား၌၊ အတား အဆီးကို မြင်မိပြီး၊ ဖြတ်ကျော်ရန် ကြိုးစား နေစဉ်၊ ထို အပူမှာ မျက်ခုံး အလယ်၌ စုရုံး လာသည်။

နာရီဝက် အကြာတွင်၊ ရွှင်လန်းမှု အပြည့်ဖြင့် ထရပ် လိုက်ပြီး၊

“ ကောင်းကင်ဓား ရည်ရွယ် ချက်က၊ အဆင့်မြင့် ကျွမ်းကျင်မှုနဲ့ နီးစပ် နေပြီ၊ ငါ့ ဓားနဲ့ ကောင်းကင်ကို ဖြိုခွဲနိုင် တော့မယ်။ ”

-ဟု ရေရွတ် မိတော့သည်။

ကောင်းကင် ဓားမှာ၊ ကြောက်မက်ဖွယ် ဖြစ် သောကြောင့်၊ တတိယ ကောင်းကင် ဝိညာဉ်နှင့်၊ မခံယူ နိုင်ချေ။ အချိန် နှစ်လသာ ကျန်ရှိတော့ သည်မို့၊ မရ- ရအောင် ကြိုးစားရ ပေမည်။

နှစ်ရက် အကြာတွင် ခြံဝင်း အတွင်း၌၊ အမှောင်ထုများ ရုတ်တရက် ဖုံးလွှမ်း လာသဖြင့်၊ ဖေးရွယ်က ပြတင်း တံခါးအား၊ ဖွင့်ကြည့် လိုက်သည်။

ထို့စဉ် စူးရှသော ဓားအလင်းများ ဖြာထွက် လာပြီး၊ အမှောင် ထုမှာ ထွက်ပြေး ကုန်ရသည်။ သူမပင် မျက်ဝန်းများ မှိတ်ချ မိ၏။

အချိန် အတော် အတန် ကြာပြီးနောက် မှသာ၊ “ ဝါး မြို ခြင်း ... ။ ” -ဟု ရေရွွတ် လိုက်မိ လေသည်။

ဤဓားသည် ကမ္ဘာ ပေါ်ရှိ၊ အလင်းများ အားလုံးကို ဝါးမြို နိုင်၏။ ထိုအချိန်တွင် ပန်း သင်္ချိုင်း ဓားမှာ၊ စတင် လှုပ်ရှားလာ တော့သည်။

ရွေ့လျား နေသည်နှင့် အမျှ၊ ပတ်ဝန်း ကျင်တွင်၊ မမြင် ရသော ဖိအားများ ပြည့်နှက် လာသည်။ ဓား နှင့်လူ တစ်သားတည်း ဖြစ်တည် လာ၏။

ဆိုလို သည်မှာ၊ ကောင်းကင်ဓား ရည်ရွယ်ချက်ကို၊ အဆင့်မြင့် ကျွမ်းကျင်မှုထိ၊ ရယူ နိုင်ပြီ ဖြစ်သည်။

ပြိုင်ဘက် တိုင်းက ကောင်းကင် ဓား၏ ပြင်းပြသော အရှိန် အဝါကို ခံစားရ ပေမည်။ အခြေခံ အုတ်မြစ်နှင့် သိုင်းရည်ရွယ်ချက် အားနည်းသူ တစ်ဦးသာ ဆိုပါက၊ အကြည့် တစ်ချက် ဖြင့်ပင်၊ သတ်နိုင်၏။

ဓားသမား အများ အပြားမှာ၊ ကောင်းကင်ဓား နှင့်ပင် မနီးစပ် နိုင်သဖြင့်၊ အဆင့်မြင့် ကျွမ်းကျင်မှု ကိုမူ၊ ဆိုဖွယ် မရှိ နိုင်ချေ။ ခွန်လွန် ဘုံရှိ ပါရမီရှင် များစွာ ထက်ပင်၊ သာလွန် နေသည်။

ထိုစဉ် မှာပင် လင်းယွန်၏ ခန္ဓာကိုယ်မှ၊ အနက်ရောင် အခိုး အငွေ့များ ယိုစိမ့် လာသည်။ သက်ပြင်း ရှည်ကြီးကို ချလျက်၊ ပန်းသင်္ချိုင်း ဓားအား ပြန်သိမ်း လိုက်သည်။

အဆင့်မြင့် ဓား ရည်ရွယ် ချက်ကြောင့်၊ ရှေးမိစ္ဆာ အစီရင်၏ အဆိပ် များကို လုံးလုံး စစ်ထုတ် နိုင်ပြီ ဖြစ်သည်။ နဖူးကို လက်ညှိုးဖြင့် တို့ထိ လိုက်သော အခါ၊ အပူအား ခံစား ရ၏။

စတုတ္ထတန်း သိုင်း ရည်ရွယ် ချက်နှင့်၊ ဆင်တူသော ဓားရည်ရွယ်ချက် မျိုးသို့၊ ရောက်ရှိ ပါက၊ ဤနဖူး၌ ဓားပင်လယ် တစ်ခု၊ ပွင့်လာ မည်ဟု အဆို ရှိသည်။

ယင်းကို သိစဉ် အချိန်က၊ ခရီးမှာ ဝေးလွန်း နေသေး သောကြောင့်၊ စိတ်ဝင် စားမှု မရှိ ခဲ့ချေ။ ယခုမူ နီးစပ် လာပြီ ဖြစ်သည်။

“ ရှေးမိစ္ဆာ အစီရင်ကို၊ အလွယ် တကူ ရင်ဆိုင် နိုင်ပြီ၊ ပဉ္စမ ကောင်းကင် ဝိညာဉ်က၊ ကျွမ်းကျင်သူ တွေကိုတောင် ငါ့ကို မတားနိုင် တော့ဘူး။ ”

ဓား ရည်ရွယ် ချက်အား ထုတ်လွှတ်ပြီး၊ ထက်ရှသော စွမ်းအားကို၊ ကောင်းစွာ ခံစား နေ မိသည်။

ပဉ္စမမြောက် ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ ဟူသည်၊ အားနည်း လှသည် မဟုတ် သောကြောင့်၊ လင်းယွန် တစ်ယောက် မောက်မာ လိုက မောက်မာ နိုင်ပေပြီ။

အဆုံးတွင် ရောင်ဝါ သမုဒ္ဒရာ (၅) စင်းနှင့်၊ (၃)စင်း ကြား ကြီးမားသော ကွာဟချက် ရှိနေ လေသည်။

“ သခင်ငယ် တွေက ... ၊ ပဉ္စမမြောက် ကောင်းကင်မှာ၊ ဖြစ်နိုင်ခြေ ရှိတယ်၊ သူတို့ရဲ့ ရောင်ဝါ သမုဒ္ဒရာ တွေမှာ၊ ... ”

“ ... သူတော်စင် ရူရ် တေွကို၊ ရှင်သန်စေ နိုင်တဲ့ အတွက်၊ ကောင်းကင် ဓားကို ခံနိုင်ရည် ရှိမှာ၊ သေချာတယ် … ။ ”

ကောင်းကင်ဓား ဖြင့်ပင်၊ မဖြေရှင်း နိုင် လောက်အောင် ပြိုင်ဘက် များမှာ၊ အစွမ်းထက် နိုင်သည်။

ထို့ကြောင့် နေလ လက်သီးကို၊ လေ့ကျင့်ရန် ဆုံးဖြတ် မိသည်။ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်ကို၊ ဆုပ်ကိုင် နိုင် ပါက၊ အခွင့် အရေး ရှိနိုင်မည်။

စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်နှင့်၊ ကောင်းကင် ဓားကို ပေါင်းစပ် ခြင်းဖြင့်၊ သူ့အား လုံး၀ ပြောင်းလဲ သွားစေမည် ဖြစ်သည်။

သို့သော် စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် ဟူသည်၊ သတိ မပြု ပါက အသက် ဆုံးရှုံး နိုင်၏။

ဤအချက်က သူ့အား ထိတ်လန့် စေသည်။ သို့သော် ဤအချိန် သည်သာ မှန်ကန်သော အခါ သမယ ဖြစ်ကြောင်း၊ သတ်မှတ် လိုက်သည်။

နေနှင့် လ၏ တံဆိပ် များမှာ၊ သရုပ်ဖော် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သဖြင့်၊ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ နှစ်ရပ် ရှိသည်ဟု ဆိုနိုင်သည်။

“ ပေါင်း စပ် ... ။ ”

စကားသံ ဆုံးသည်နှင့်၊ မူလ စွမ်းအင် များဖြင့်၊ ကျောက်စိမ်းတုံး နှစ်တုံးအား ပေါင်းစပ် လိုက်သည်။

များမကြာခင် အနီရောင် အလင်းများ တောက်ပ နေသည့်၊ ကျောက်တုံး အသစ် တစ်တုံး၊ ဖြည်းဖြည်းချင်း ဖြစ်ပေါ် လာ တော့သည်။

***

All Chapters