← Chapters

သက်ရှိ ဝိညာဉ်များ။

Vol. 74 Ch. 1034

သက်ရှိ ဝိညာဉ်များ။

Vol. 74 Ch. 1034

“ နေလ လက်သီး။ ”

အနီရောင် တောက်ပ နေသည့် ကျောက်တုံးကို၊ စိတ်လှုပ်ရှား စွာဖြင့်၊ လင်းယွန် မှ စိုက်ကြည့် လိုက်မိသည်။

မည်မျှပင် ဖုံးဖိ စေကာမူ၊ ပျော်ရွှင်မှုကို ထိန်းမထား နိုင်ချေ။ နောက်ဆုံးတွင် ပြီးပြည့်စုံ သော ပညာရပ် တစ်ခုကို ရရှိပြီ ဖြစ်သည်။

စင်ကြယ်သော ဝိညာဉ်တော် အဆင့် ပညာရပ် များမှာ၊ အန္တရာယ် ကြီးသည်ဟု လူသိ များ၏။

၎င်းတွင် ကောင်းကင် ဝိညာဉ် နယ်ပယ်မှ၊ ကျွမ်းကျင်သူ များအတွက်၊ ထိတွေ့ နိုင်ခြင်း မရှိ ရသည့် အကြောင်းရင်း တစ်ရပ် ရှိနိုင်မည်။

ကောင်းကင် ဓားမှာ၊ အဆင်မြင့် ကျွမ်းကျင်မှုသို့ ရောက်ရှိလာ ပြီးနောက်၊ ကိစ္စ ကြီးငယ် တိုင်းက၊ သူ့နှလုံး သားကို အလွယ် တကူ မလှုပ်ခါ၊ စေနိုင် တော့ချေ။

သို့သော် နေလ လက်သီးသည်၊ ချွင်းချက် ဖြစ်သည်။ ထို့ကြောင့် သူ့ရှေ့တွင် ပျံဝဲ နေသော ကျောက်တုံးကို ကြည့်ကာ၊ မျက်လုံးများ မှိတ်ချ လိုက်၏။

တစ်နာရီ ကုန်လွန် ပြီးနောက်တွင်၊ မျက်လုံးပွင့် လာသည်။ သည့်နောက် အနီရောင် ကျောက်တုံးထံ လှမ်းကြည့်လျက်၊ ‘ထူးဆန်း တယ်၊’ -ဟု ရေရွတ် လိုက်၏။

နေလ လက်သီးတွင်၊ အကာ အကွယ် တစ်ခု ရှိနေပုံ ရသည်။ ထို့ကြောင့် လက်ကို ဝှေ့ယမ်းပြီး ကျောက်တုံးအား ဆင့်ခေါ်ကာ၊ နဖူးပေါ် တင် လိုက်သည်။

“ ဝှစ် ... ။ ”

ရုတ်တရက် မမြင် နိုင်သော စွမ်းအား တစ်ခုက၊ သူ့အား တွန်းထုတ်လိုက် သကဲ့သို့၊ လွင့်စဉ် သွားရသည်။

“ ဒါ … ။ ”

မယုံကြည် နိုင်စွာဖြင့်၊ အနီရောင် ကျောက်တုံးထံ ပြန်ကြည့် လိုက်မိသည်။ အဘယ် ကြောင့် ငြင်းပယ်ခဲ့ သည်ကို နားမလည် နိုင်တော့ချေ။

“ သူ့မှာ အသက် ရှိတယ်၊ သူ့ကို ကျွေးမွေးဖို့ လိုမယ်။ ”

မည်သည့် အချိန် ကတည်းက၊ အနား ရောက်ရှိ နေမှန်း၊ မသိ ခဲ့သော ဖေးရွယ်မှ၊ ဝင်ရောက် ရှင်းပြ လာသည်။

ဤအဆင့် နည်းစနစ် တစ်ရပ်သည် ခွန်လွန်ဘုံ တွင်ပင် ဒဏ္ဍာရီ ဆန်လှ သဖြင့်၊ ကျောက်တုံးကို ကြည့်ကာ၊ ဖေးရွယ် တစ်ယောက် စိတ်လှုပ်ရှား လာခဲ့သည်။

၎င်းကို ယခင်က မြင်ဖူး ထားခြင်း မရှိ သော်လည်း၊ ယင်းတို့နှင့် ပတ်သက်၍ အချက် အလက် များစွာ၊ ဖတ်ရှုထား ဖူးချေသည်။

“ နား လည် ပြီ … ။ ”

လင်းယွန်က ဖေးရွယ် ဆိုလိုသည့် သဘောကို၊ ချက်ချင်း သဘောပေါက် သွား၏။

“ ဒါက ... ၊ အန္တရာယ်တော့ မရှိဖူး မဟုတ်လား။ ”

သို့သော် သေချာအောင် ပြန်မေး လိုက်သည်။

“ စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် တွေက၊ ကောင်းကင် ဝိညာဉ် နယ်ပယ် အတွက်၊ မယုံနိုင်ဖွယ် နည်းစနစ်တွေ ဆိုတာ ... ”

“ ... အရင်က ငါ ပြောခဲ့ ဖူးပါတယ်၊ ခွန်လွန်ဘုံ မှာတောင် အများ အပြား မရှိဘူး၊ လူ အနည်း စုက၊ ဒါကို ကြိုးစားတိုင်း သေဆုံး ခဲ့တာ များတယ်၊ ဒါပေမယ့် ... ”

ဖေးရွယ်မှ တွေးတွေး ဆဆဖြင့် ဖြေကြားကာ၊ လင်းယွန်ထံ ပြန်ကြည့် လာပြီး၊

“ ... နင်ကတော့ အဆင်ပြေ မှာပါ၊ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်က၊ နင့်ကို အသိ အမှတ် ပြုမယ်လို့ ထင်တယ်။ ”

-ဟု ဆိုလိုက် တော့သည်။

“ ဘာလို့ အဲဒီလို ထင်ရတာလဲ။ ”

“ နင် သတိလစ် နေတဲ့ အချိန်မှာ၊ နင့်ရဲ့ ကြောင်ဖက်တီးက ရတနာတွေ ဘယ်လောက် အထိ၊ ကျွေးခဲ့လဲ ဆိုတာ နတ်ဘုရား တွေသာ သိလိမ့်မယ်၊ ငါတောင် မသိတဲ့ ဆေးလုံးတွေ၊ နှစ်ငါးထောင် သက်တမ်း ရှိတဲ့ ဆေးဖက်ဝင် အပင်တွေ ... ။ ”

ဖေးရွယ်က လင်းယွန်၏ ခန္ဓာ ကိုယ်အား၊ တစ်ချက် ကြည့်ကာ၊ ပြန်ဖြေသည်။ ထိုစဉ်က သူမ မည်မျှ စိတ်ပူ ခဲ့ရ သည်ကို၊ သူမသာ သိ၏။

ယင်းကို သတိရ လာပြီး၊ မျက်နှာ တစ်ပြင်လုံး နီရဲကာ၊ ယခင် ကထက် ပို၍ ဆွဲဆောင်မှု ရှိသော အသွင်ကို ဖြစ်ပေါ် လာစေသည်။

“ ဒါဆို ... ၊ ဘာဆက် လုပ်ရ မလဲ။ ”

စင်ကြယ်သော ဝိညာဉ် တော်ကို၊ လေ့ကျင့်ရန် အတွက်၊ သန်မာလှ သည်ဟု တစ်ဖက် လူမှ ပြောနေ သော်လည်း၊ မည်သို့ ဆက်လုပ်ရ မည်ကို၊ လင်းယွန် မသိချေ။

“ ဆက်သွားပါ ... ၊ ဘာမှ မလို ဖူးလို့ ထင်တယ်၊ သူ အားမရှိ သေးတာ ဖြစ်မယ်။ ”

ဖေးရွယ် အဖြေကြောင့်၊ လင်းယွန်က လေထဲရှိ အနီရောင် ကျောက်တုံးကို လှမ်းကိုင် လိုက် ပြန်သည်။

အနီရောင် ကျောက်တုံးကို ကိုင်လိုက် သည်နှင့်၊ အသက် ဓာတ်များ စုပ်ယူခြင်း ခံလိုက် ရသည်။ သွေးများ ပွက်ပွက်ဆူ လာကာ၊ မျက်နှာ တစ်ပြင်လုံး ချက်ချင်း ဖြူဖျော့ သွား၏။

များမကြာခင် ကျောက်တုံးကို လွှတ်ချ ပေးလိုက် ချင်သည်။ သို့သော် ဆက်သွားရန် ဆုံးဖြတ် မိ၏။

“ တစ်ခု ခုတော့ မှားနေပြီ၊ ဝက်ပေါက် လွှတ်လိုက် ... ။ ”

ထိုမြင်ကွင်းကို ကြည့်ပြီး ဖေးရွယ် မျက်နှာမှာ၊ ရုတ်တရက် ပြောင်းလဲသွား လေသည်။

“ အဆင် ပြေတယ် ... ၊ ငါ နည်းနည်းလောက် ဆက်ထိန်းထား နိုင် သေးတယ်။ ”

သူတော်စင် နဂါး ခန္ဓာကိုယ် ထုတ်ဖော်လျက်၊ လင်းယွန်မှ ပြောကြားသည်။ များမကြာခင် လက်ဖဝါး ထက်၌၊ စူးရှသော အလင်းများ တောက်ပ လာ၏။

“ ဘယ်လောက်တောင် ဆန်းကြယ်လဲ လိုက်လဲ … ။ ”

အဆိုပါ ဖြစ်စဉ်ကို ကြည့်ပြီး၊ ဖေးရွယ် တစ်ယောက် စိတ်လှုပ်ရှား သွားသည်။ ယင်းမှာ မွေးဖွား တော့မည့် လက္ခဏာ ပေပင်။

“ ဒါက စိတ်ဝင်စား စရာပဲ၊ ရွှေကျီးကန်းနဲ့ ငွေဖီးနစ်က နတ်ဘုရား သားရဲတွေ ဆိုတော့၊ သူတို့ ကိုသာ ပိုင်ဆိုင်ခွင့် ရရင်၊ အစွမ်း ထက်မှာ သေချာတယ်။ ”

သူမ တစ်ကိုယ်တည်း ပြောနေ ခိုက်တွင်၊ ပင်ပန်း နွမ်းနယ် လာသော ခံစားချက် ကြောင့်၊ ခဏ ရပ်ကာ၊ လင်းယွန် တစ်ယောက် ဆေး တစ်လုံးကို ထုတ်ယူ မျိုချ လိုက်ရသည်။ သို့မှသာ သွေးရောင် ပြန်လွှမ်း လာ၏။

“ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်မှာ၊ အဆင့် တွေရှိလား။ ”

အနည်းငယ် အားပြန် ဖြည့်လာ သည်နှင့်၊ သိလိုသည် များကို ဖေးရွယ်ထံ ချက်ချင်း မေး လိုက်သည်။

“ အင်း ... ရှိတယ်၊ စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် တွေရဲ့ အဆင့်ကို၊ ဝိညာဉ်ပေါ် မူတည်ပြီး ခွဲရတယ်၊ ... ”

“ ... နင့်ရဲ့ ပညာရပ် မှာဆို ... ၊ ရွှေကျီးကန်းနဲ့ ငွေဖီးနစ်ပဲ၊ သူတို့ နှစ်ကောင် လုံးက၊ ရှေးဟောင်း သားရဲ တွေပါ၊ နောင်မှာ မင်း နားလည် လာပါ လိမ့်မယ်။ ”

“ အဲ့ဒီ လိုလား ... ။ ”

ထို့နောက် ကျောက်တုံးကို၊ နဖူးထံ ပြန်ကပ် လိုက်ရာ၊ မြောက်များ စွာသော သတင်း အချက် အလတ်များ ဝင်ရောက် လာပြန်သည်။

ဦးခေါင်း တစ်ခုလုံး ပေါက်ကွဲ မတက် ပေပင်။ ခဏ အကြာတွင် မခံ နိုင်တော့ သဖြင့်၊ ကျောက်တုံးကို ဖယ်လိုက် ရပြန်၏။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ … ၊ ငါ အကြမ်းဖျင်း ကြည့်ရုံ နဲ့တောင် မခံ နိုင်ဘူး။ ”

လင်းယွန် အသက် ပြင်းပြင်း ရှူကာ ညည်းတွား လိုက်သည်။

“ ခစ် ... ခစ် ... ခစ် ... ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်က ဘယ်သူမှ၊ စင်ကြယ်သော ဝိညာဉ် တော်ကို မထိတွေ့ နိုင်ဖူးလို့၊ နင့်ကို ငါပြောခဲ့ သားပဲ။ ”

ဖေးရွယ်မှ ရယ်လျက် ဆိုသည်။

“ တကယ် ပါပဲ ... ။ ”

လင်းယွန် တစ်ယောက် ခေါင်းညိတ် သဘောတူ လိုက်သည်။ ဤအခိုက် အတန့်တွင် ယင်းကို နားလည် သွားပြီ ဖြစ်၏။

၎င်းမှာ ကံကြမ္မာ ကိုယ်ခံ ပညာနှင့်၊ လုံးဝ ကွဲပြား ပေသည်။ ကလေးငယ် တစ်ယောက်လို၊ ကျွေးမေွး လေ့ကျင့်ပေး ရမည် ဖြစ်သည်။

နေလ လက်သီးတွင်၊ နတ်ဘုရား ဝိညာဉ်တော် နှစ်ပါး ရှိသည်။ ထို့ကြောင့် ပို၍ အားအင် ကုန်ခန်း နိုင်၏။

အခြား လူများ အတွက်မူ၊ ဝိညာဉ်တော် တစ်ပါး အတွက်သာ ကျွေးမွေး ပေးရ သဖြင့်၊ အနည်းငယ် သက်သာ ပေမည်။

“ ကြည့်ရတာ နင် ... ၊ အခု အနားယူ ရတော့မယ် ထင်တယ်၊ နေလ လက်သီးကို လေ့ကျင့်ဖို့ နည်းလမ်း မရှိ သေးဘူး၊ သူတော်စင် ဝိညာဉ် ရေကန်မှာ၊ ရေချိုး ပြီးတဲ့ အချိန်ထိ စောင့်တာ အကောင်း ဆုံးပဲ။ ”

“ ဘာလို့ အဲ့ဒီ အချိန်ကို ... ၊ စောင့်စေချင် ရတာလဲ။ ”

စိုးရိမ် ရိပ်လွှမ်း နေသော ဖေးရွယ်၏၊ အမူ အရာကို လျစ်လျူရှုပြီး၊ လင်းယွန်မှ ပြန်မေးမိ လေသည်။

“ ပွင့်ချပ် ကိုးချပ် ပါတဲ့ ... ၊ သူတော်စင် ကြာပန်း တစ်မျိုး၊ အဲ့ဒီ ရေကန်ရဲ့ ကြမ်းပြင်မှာ ရှိတယ်၊ သူက ဝိညာဉ်တော် နှစ်ပါး မွေးမြူတဲ့ နေရာမှာ၊ ကူညီပေး နိုင်တယ်။ ”

“ အိုး ... အဲ့ဒီ လိုလား ... ၊ ဒါပေမယ့် ... အဲ့ဒီလောက် အချိန်ထိ၊ မစောင့်နိုင် တော့ဘူး။ ”

လင်းယွန်က ဝိုင်အိုး တစ်လုံးကို ထုတ်ယူလျက်၊ တုန့်ပြန် လိုက်သည်။ ပြင်းရှရှ ခံစား ချက်များ ရရှိ လိုက်သဖြင့်၊ ဖေးရွယ် ခမျာ မျက်မှောင်ကြုတ် မိသည်။

“ အဲဒါ ဘာလဲ ... ။ ”

“ ထောင်စုနှစ် မီးလျှံ ... ။ ”

“ ထောင်စုနှစ် မီးလျှံ ဟုတ်လား။ ”

ဖေးရွယ် တစ်ယောက် မယုံနိုင် စွာဖြင့်၊ မျက်လုံးပြူး သွားသည်။ လင်းယွန်က ပြန်မဖြေ တော့ဘဲ၊ ထောင်စုနှစ် မီလျှံကို သောက်ချ လိုက်သည်။

ခန္ဓာကိုယ် တစ်လျှောက် ပြင်းရှသော စီးကြောင်း တစ်ကြောင်း ပျံ့နှံ့ လာပြီး၊ မျက်နှာ တစ်ပြင်လုံး ချက်ချင်း နီရဲ သွားသည်။

“ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ဝိုင်လဲ ။ ”

ထောင်စုနှစ် မီးလျှံကို၊ ထိန်းသိမ်း ပေးထားသော ဝိုင် အရသာမှာ၊ ကောင်းလွန်း သဖြင့်၊ မချီး ကျူးဘဲ၊ မနေနိုင် ခဲ့ချေ။

အဝတ် အစားများ မီးလောင်ကျွမ်း တော့မည်ကို၊ သိလိုက် ရသော ဖေးရွယ် ခမျာ၊ ချက်ချင်း ထွက်ခွာ မိလေပြီ။

ထို့နောက် သွေးများ ပွက်ပွက် ဆူချိန်တွင်၊ လင်းယွန်က လက် နှစ်ဖက်ကို ဖြန့်ကာ၊ နေနှင့် လအား ခေါ်ရန်၊ ရှေ့သို့ ဆန့်ချ လိုက်သည်။

ရုပ်ခွန်အားနှင့် အသက် ဓာတ်ကို ဝိညာဉ်တော် နှစ်ပါး ထံသို့၊ ကျွေးမွေး ပေးရန် လိုအပ်သည်။

ဝိညာဉ်တော် နှစ်ပါးအား တစ်ပြိုင် နက်တည်း၊ ကျွေးမွေး နေရ သောကြောင့် တိုးတက် မှုမှာ၊ နှေးကွေးသည်။

နေ့တစ်ဝက် ကုန်လွန် သည့်တိုင်၊ လက်ဖဝါး အရွယ် ခန့်သာ ရှိသော ဝိညာဉ်တော် နှစ်ပါးသာ၊ မွေးဖွား နိုင်ခဲ့သည်။

“ ကျီး ..... ။ ”

ထိုဝိညာဉ်တော် နှစ်ပါးမှာ၊ ကလေးများ ကဲ့သို့၊ အားနည်း လွန်းချေ၏။ သို့သော် သူတို့က ဟစ်ကြွေးသံ ပြုလိုက်သော အခါတွင်၊ ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါလျက်၊ လေဟာနယ် အက်ကွဲ သွား တော့သည်။

***

All Chapters