← Chapters

ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။

Vol. 74 Ch. 1035

ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။

Vol. 74 Ch. 1035

“ ကျီး ... ။ ”

လက်ဖဝါး အရွယ်ခန့် ရှိသော ရွှေကျီးကန်း နှင့် ငွေဖီးနစ် တို့မှာ၊ လင်းယွန်အား လှည့်လည် ပျံသန်းလျက်၊ အော်ဟစ် နေတော့ သည်။

၎င်းတို့တွင် နတ်ဘုရား သားရဲများ ကဲ့သို့သော၊ ကိုယ်ရောင် ကိုယ်ဝါမျိုး မရှိချေ။ ယင်းကို ကြည့်ပြီး၊

“ ဒီကလေး တွေနဲ့ ... ၊ ငါ ဘယ်လိုလုပ် တိုက်ပွဲဝင် ရမှာလဲ။ ” -ဟု ညည်းတွား လိုက်မိ တော့သည်။

သို့သော် လမ်းကြောင်း မှန်ပေါ်၊ ရောက်ရှိ ပြီဖြစ် သဖြင့်၊ ထောင်စုနှစ် မီးလျှံကို ထုတ်ယူ လျက်၊ ရှေ့ဆက်ရန် ဆုံးဖြတ် လိုက်သည်။

ထောင်စုနှစ် မီးလျှံအား၊ နောက်တစ်ကြိမ် သောက်သုံး ပြီးနောက်၊ ရုပ်ခွန်အား ပြန်လည် ပြည့်ဝ လာမည့် အချိန်ကို၊ စောင့်နေ မိသည်။

ခန္ဓာ ကိုယ်အား လှည့်ပတ် နေသော ရွှေကျီးကန်းနှင့်၊ ငွေဖီးနစ် ဆီသို့၊ သွေးရောင် ပိုးကြိုး မျှင်များ လွင့်ပျံ သွားစဉ်၊ ရင်ဘတ် တစ်ခုလုံး ပူလောင် လာတော့၏။

ထို့စဉ် နတ်ဘုရား ငှက် နှစ်ကောင်မှာ၊ အရောင် အဆင်းများ တောက်ပ လာသည်။ ဖြစ်စဉ် အရ နှေးကွေးနေ သော်လည်း၊ ကျေနပ် စရာ ပေပင်။

“ ကျီး ... ။ ”

ခန္ဓာကိုယ် တစ်ခုလုံး ရှုံ့တွ လာချိန်၌၊ ငှက် နှစ်ကောင်မှ ဝမ်းသာ အားရ၊ ထပ်မံ အော်ဟစ် လာ တော့၏။

ဤအတိုင်း ဆက်၍ သွားသော်၊ မကြာမီ အရွယ် ရောက်လျက်၊ တိုက်ပွဲဝင် နိုင်တော့မည် ဖြစ်သည်။

ပထမ နေ့တွင်၊ ငှက် နှစ်ကောင်အား၊ (၂)ပေ အထိ ကြီးထွား လာစေရန်၊ အသက် ဓာတ်အား သုံးကြိမ် တိုင်တိုင်၊ ဖြည့်စည်း ပေးခဲ့ ရ၏။

ဒုတိယနေ့ မှာမူ၊ (၄)ပေ အထိ တိုးပွား လာပြီး၊ ထောင်စုနှစ် မီးလျှံအား (၄) ကြိမ်တိုင်၊ သောက်ယူ ရသည်။

သုံးရက်မြောက် ချိန်၌၊ (၈)ပေ အထိ ကြီးထွား လာပြီး၊ ငါးကြိမ် တိုင်တိုင် ပြန်လည် ဖြည့်တင်း ရသည်။

ထောင်စုနှစ် မီးလျှံ၏ အစွမ်းမှာ၊ အသုံး ဝင်၍သာ ပေပင်။ မဟုတ်သော် ဆာလောင် နေသော၊ ငှက် နှစ်ကောင်အား ဖြည့်တင်း ပေးနိုင်မည် မဟုတ်ချေ။

တစ်ချိန်တည်း မှာပင်၊ ရောင်ဝါ သမုဒ္ဒရာ အတွင်းရှိ၊ ကြယ်မိစ္ဆာ ပန်းများမှာ၊ ယခင်ထက် ပို၍ ထင်ရှား လာ၏။

အနီးကပ် ကြည့်ပါ လျှင်၊ ပွင့်ချပ် များ၌ ရွှေရောင် အဆင်းများ ထုတ်လွှတ် နေသည်ကို မြင်နိုင်မည်။

ထောင်စုနှစ် မီးလျှံမှာ၊ ဤမျှ အစွမ်းထက် သကဲ့သို့၊ ပူလောင်မှု သည်လည်း၊ အလွန် အမင်း ပြင်းထန် ချေ၏။

ခုနစ်ရက် မြောက်သော နေ့တွင်၊ သောက်သုံးခဲ့ ရသော အကြိမ် ရေကို၊ မရေတွက် နိုင်တော့ချေ။

နတ်ဘုရား ငှက် နှစ်ကောင်၌၊ အမွေး အတောင်များ ပေါက်ပြီး၊ အရွယ် ရောက်သော အသွင် အပြင်မျိုး ပြသ လာသည်။

ထို့နောက် လင်းယွန်က ရုတ်တရက် ထရပ်ကာ၊ လက်သီး တစ်လုံးအား လေထဲ ပစ်ထုတ် လိုက်၏။

“ ဝှစ် ... ။ ”

ငှက် နှစ်ကောင်က နေနှင့် လ တို့၏၊ အလင်းများ ထုတ်လွှတ်လျက်၊ ရှေ့ ပြေးထွက် သွားသည်။

စွမ်းအား နှစ်ခု တစ်ထပ်တည်း၊ ကျ သွားသော အခါတွင်၊ မြေပြင် တစ်ခုလုံး တုန်ခါ အက်ကွဲ လာ၏။

“ ကျီး ... ။ ”

၎င်းငှက် နှစ်ကောင်က ဟစ်ကြွေးလျက်၊ နတ်ဘုရား ရောင်ဝါမျိုး ထုတ်လွှတ် လိုက်သည်။

ယခု ချိန်၌ လင်းယွန်ကို ကြည့်မိ ပါလျှင်၊ သန့်စင်သော ရောင်ဝါ တမျိုးဖြင့်၊ ဖုံးအုပ်ထား သည်ကို တွေ့နိုင်သည်။

“ ဒါက တံခါးဝ လေးပဲ ရှိသေးတယ်၊ ကံကြမ္မာ ကိုယ်ခံ ပညာထက်၊ အဆပေါင်း များစွာ သာနေပြီ။ ”

အစောပိုင်း လက်သီးမှာ၊ ဝိညာဉ်တော် နှစ်ပါးအား ဆင့်ခေါ် ထားသော၊ လက်သီး မျှသာ ဖြစ်သည်။ နေလ လက်သီး မဟုတ် သေးချေ။

ခေါင်းကို မော့ကြည့် လိုက်ရာ၊ ငှက် နှစ်ကောင်မှာ တိုက်ပွဲဝင် ဆန္ဒများ ပေါက်ပွား နေသည်အား မြင်လိုက် ရသည်။

ဤအဆင့် ဖြင့်ပင်၊ အသက် ဓာတ်နှင့် မူလ စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးသွား သည်ကို ခံစား နိုင်၏။

လက်ဝှေ့ ယမ်းပြီး၊ ငှက် နှစ်ကောင်ကို ပြန်ခေါ်ကာ၊ တတိယ ကောင်းကင် ဝိညာဉ် ရောင်ဝါအား၊ ထုတ်လွှတ် လိုက်သည်။

ငှက် နှစ်ကောင်၏ ပံ့ပိုးပေး မှုကြောင့်၊ ပဉ္စမမြောက် ကောင်းကင် ဝိညာဉ် ရောင်ဝါဖြင့်၊ ညီမျှ သွားသည်။

“ မဆိုးဘူး ဆက်သွား ရမယ်၊ ပဉ္စမ ကောင်းကင် ဝိညာဉ်က ပြိုင်ဘက် တွေကို၊ ရင်ဆိုင် နိုင်ပြီ။ ”

သာမန် ပဉ္စမ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တစ်ဦးအား၊ မျက်လုံးထဲ မရှိတော့ သော်လည်း၊ ပထမ တန်းစား ပါရမီရှင် ဆိုပါက၊ ခက်ပေ ဦးမည်။

ရောင်ဝါ သမုဒ္ဒရာ များကြား ကွာဟ ချက်မှာ၊ အလွယ် တကူ ဖြေရှင်း နိုင်သော အရာ မဟုတ်ချေ။

ပြိုင်ဘက်တွင် ဝိညာဉ်တော် များ၏ ဖိအားကို ခံနိုင်သော၊ ဝှက်ဖဲမျိုး ရှိနေခဲ့ ပါက၊ အနိုင် ရရန် အလား အလာ ပျောက်ဆုံးမည် ဖြစ်သည်။

ကောင်းကင် လမ်း၌ ပါရမီရှင် များစွာ ရှိ သောကြောင့်၊ ဤသို့သော တစ်စုံ တစ်ယောက် မရှိဟု၊ မပြော နိုင်ချေ။

နောက်ဆုံးတွင် သခင်ငယ် သုံးပါးမှာ၊ မမြင်နိုင် လောက်အောင် ဖိအား ခံစားရ စေဆဲ ဖြစ်သည်။

“ ဟုတ်တယ် ... ၊ ဒါက မလုံလောက် သေးဘူး၊ နေလ လက်သီး စွမ်းအားကို အပြည့် အ၀ ထုတ်နိုင်မှ ရမယ်။ ”

နေလ လက်သီးတွင် ပုံစံ သုံးမျိုး ရှိသည်။ ယင်းသည်ပင် ကြောက်စရာ ကောင်းလှ ချေ၏။ ထို့ကြောင့် ထောင်စုနှစ် မီးလျှံကို သောက်ကာ၊ စတင် လေ့ကျင့် တော့သည်။

သို့သော် ထောင်စုနှစ် မီးလျှံ ကုန်ဆုံး ပြီးနောက်၊ ပင်ပန်း နွမ်းနယ် မှုကို ဖြေရှင်းရန်၊ နေ့တိုင်း အချိန်ပေး အနားယူ လာရသည်။

ခုနစ်ရက် ကုန်လွန် သွားချိန်တွင်၊ နေလ လက်သီး၏ ပထမ ပုံစံကို ဆုပ်ကိုင် နိုင်ခဲ့သည်။ ထိုစဉ် ငှက် နှစ်ကောင်မှာ ဆန်းပြားသော ရောင်ဝါအား ထုတ်လွှတ် နေ၏။

“ ကျီး ... ။ ”

လက်သီးကို ပစ်လွှတ် လိုက်ရာ၊ ၎င်းတို့က ကောင်းကင်ပေါ် ပျံတက် သွားကြသည်။ နေရာ တိုင်း၌၊ နေနှင့်လ ထွန်းလင်း နေ သကဲ့သို့၊ အလင်းများ ဖြာထွက် လာ၏။

ထိုစက္ကန့်ပိုင်း အတွင်း မှာပင်၊ မည်သည့် အရာကို မဆို၊ လုပ်နိုင်စွမ်း ရှိသည်ဟု ခံစားလာ ရစေသည်။

“ ကောင်းကင်နှင့် မြေကြီး ပေါင်းစပ်။ ”

ထို့နောက် ငှက် နှစ်ကောင်မှာ၊ မိုးကုတ် စက်ဝိုင်းကို ဖြတ်ကျော် သွားသဖြင့်၊ သူ့ နဖူး၌ ချွေးများ ဖုံးလွှမ်း လာသည်။

မြေပြင်၌ မီးလောင် ချိုင့်ဝှမ်းကြီး ဖြစ်ပေါ် လာကာ၊ အစီရင်တွင် အက်ကြောင်းများ ပျံ့နှံ့ သွား၏။

ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် များက၊ ထို အက်ကြောင်းများ မှတဆင့် ယိုစိမ့် သွားတော့သည်။

“ ငါ ဘာပဲ လုပ်လုပ် ... ၊ ဒီအစီရင်ကို ဖြတ်ပြီး၊ ဘယ်သူမှ မသိနိုင် ဖူးလို့၊ သူ ပြောခဲ့ ဖူးတယ် မဟုတ်လား။ ”

မျက်မှောင် ကြုတ်လျက် သံသယဖြင့်၊ ရေရွတ် လိုက်မိသည်။ အစီရင် ကွဲသွားမှန်း သူ သိ၏။

ထို့ကြောင့် စွမ်းအား လက်တစ်ဆုပ် စာမျှ ယိုစိမ့် သွားသည်။ သို့သော် ဤမြို့၌ ထိပ်တန်း ပါရမီရှင် များစွာ ရှိနေပြီ ဖြစ်သဖြင့်၊ ထူးထွေ အာရုံစိုက် မိကြမည် မဟုတ်ချေ။

လက်နှစ်ဖက်ကို ဆန့်ခွဲကာ၊ မီးလောင် ချိုင့်ဝှမ်း အဝသို့ ဆင်းသက်လျက်၊ စစ်ဆေး ကြည့် မိသည်။

အက်ကွဲရာ များမှ နေ၍၊ ချော်ရည်များ တိုးထွက် လာ၏။ သူ့ လက်သီးမှာ ဝိညာဉ်ရေး အစီရင်ကို၊ ဖျက်ဆီး နိုင်ရုံသာ မက မီးလျှံ သွေးကြောပါ၊ ပွင့်သွား စေသည်။

“ ဝက်ပေါက် ... ၊ နင် ဘာလုပ် လိုက် တာလဲ။ ”

ဖေးရွယ်မှ ထိတ်လန့် တကြား အပြေး ရောက်လာသည်။ မီးလောင် ချိုင့်ဝှမ်း ကြီးကို မြင်ချိန်၌ မျက်လုံး ပြူးသွား၏။

“ ဒါ ... ဒါက စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်လား။ ”

“ မဟုတ်ဘူး၊ အဲဒီ အဆင့် ... ၊ မရောက်သေး ပါဘူး။ ”

လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။ အမှန်ပင် စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်အား၊ မဆုပ်ကိုင် နိုင်သေးချေ။ ပုံစံ တစ်မျိုး ကိုသာ၊ ရယူ နိုင်ခြင်း ဖြစ်သည်။

“ စစ်မက် နယ်မြေ သုံးရပ်နဲ့ ... ၊ ပတ်သက်တဲ့ သတင်းတွေ ရှိသေးလား။ ”

လင်းယွန်က ခေါင်းစဉ် ပြောင်းလိုက်သည်။

“ ထူးဆန်းတယ် ဘာ သတင်းမှ မရှိဘူး၊ ဒါပေမယ့် ငါတို့ကို စောင့်ကြည့် နေတယ် ဆိုတဲ့၊ ခံစား ချက်မျိုး ရနေတယ်။ ”

“ ကောင်းပြီ ... သူတို့ ငါ့ကို စောင့်နေ ပုံပဲ၊ ငါ့ကို မမြင် မချင်း၊ သူတို့ ထွက်လာမယ် မထင် ဘူး၊ သွားကြစို့ နဂါး လေးကို ခေါ်လိုက်။ ”

အေးစက်သော မျက်ဝန်း များဖြင့်၊ လင်းယွန်မှ ဆိုလာသည်။ ထိုသူ များမှာ သူ၏ သည်းခံ နိုင်စွမ်းကို၊ ကျော်လွန် နေခဲ့ သဖြင့်၊ နောင်တရ ကြပေ လိမ့်မည်။

***

All Chapters