← Chapters

ဖိတ်စာ တစ်စောင်။

Vol. 74 Ch. 1036

ဖိတ်စာ တစ်စောင်။

Vol. 74 Ch. 1036

နဂါးလေး နှင့်အတူ နှစ်ယောက်သား ခြံဝင်း ထဲမှ ထွက်ကာ၊ မြို့ထဲ လမ်းလျှောက် ထွက်လာ မိသည်။

တစ်နာရီ အတွင်း အဆင့် သတ်မှတ်ချက် စာရင်းအား ဖော်ပြ ထားရာ၊ ရင်ပြင်သို့ ရောက်ရှိ လာ၏။

၎င်းနေရာမှာ တိုက်ပွဲ များကို တားမြစ် ထားသည့်၊ ဇုန် အနည်းငယ် အနက်မှ တစ်ခု ဖြစ်သည်။

ရင်ပြင် အလယ်တွင်၊ ကြယ် စွမ်းအင်များ သိပ်သည်းစွာ ရစ်သိုင်း နေသည့် ရေကန်ကြီး တစ်ကန် ရှိသည်။ လူ အများက ထိုရေကန် ပေါ်တွင် ထိုင်ကာ၊ ကျင့်ကြံ နေကြ၏။

၎င်းတို့ အလယ်တွင်၊ မှုန်ဝါးသော ကြေးမုံ တစ်ချပ်ကို တွေ့မြင် နိုင်သည်။ ထိုကြေးမုံ ပြင်၌ အဖြူ၊ ခရမ်းနှင့် ရွှေရောင် အလင်းများ တောက်ပ နေ ပေ၏။

ထိုအရောင် များမှာ၊ ကောင်းကင် လမ်းရှိ ထူးချွန်သူ များ၏ အမည် စာရင်းကို ကိုယ်စား ပြု လေသည်။

“ ကောင်းကင် ကြေးမုံ။ ”

ကြေးမုံမှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထုတ်လွှတ် နေသည်။

“ ဟုတ်တယ် ... ၊ ဒါက ကောင်းကင် ကြေးမုံပဲ၊ တွေ့လား အဆင့် သတ်မှတ် ချက်က လူတိုင်း၊ စတုတ္ထ ကောင်းကင်မှာ ရှိနေတယ်။ ”

ဖေးရွယ်မှ ဆိုသည်။ ကောင်းကင် ကြေးမုံသည် လူတိုင်း၏ ခွန်အားကို အခြေခံ၍ ဆုံးဖြတ် ခေျသည်။

တစ်စုံ တစ်ယောက်သည် စစ်မှန်သော ခွန်အားနှင့်၊ ဝှက်ဖဲ များကို ဖုံးကွယ် ထားမည် ဆိုပါလျှင်၊ အဆင့်ကို လျှော့တွက် သွားမည် ဖြစ်သည်။

ထို့ကြောင့် နောက်ဆုံး တိုက်ပွဲ နီးကပ် လာသည် နှင့်အမျှ၊ အဆင့် သတ်မှတ် ချက်မှာ၊ ပို၍ တိကျ လာပေမည်။

ဤအဆင့်တွင် ပါဝင် သူများ သာလျှင်၊ သူတော်စင် ဝိညာဉ် ရေကန်သို့၊ ဆင်းသက်ရန် အခွင့် အရေး ရှိလေသည်။

လင်းယွန်မှာ တတိယ ကောင်းကင် ဝိညာဉ် တွင်သာ ရှိသောကြောင့်၊ အဆင့် သတ်မှတ်ချက် အတွက်၊ အရည် အချင်း မပြည့်မီ ခဲ့ပေ။

“ အရောင် တွေနဲ့၊ အဆင့်ကို ခွဲထား ပေးထားတယ်၊ ရွှေ စာရင်းမှာ ပါတဲ့ လူတိုင်းက အသန် မာဆုံး လူငယ် တွေပဲ၊ အဲဒီ စာရင်း ထဲမှာ စစ်မက် နယ်မြေက နေရာ တစ်ဆယ့်ရှစ် နေရာ ရယူ ထားတယ်။ ”

ဖေးရွယ်မှ ရှင်းပြသည်။ ရွှေစာရင်းရှိ လူအမည် များမှာ၊ အခြားသော အမည်များ ထက်၊ ပို၍ တောက်ပ နေသည်။ သို့သော် လူအရေ အတွက် နည်းချေ၏။

“ လက်သည်း ဝှက်ထားတဲ့ ပညာ ရှင်တွေ အများကြီး ပေါ်လာ ခဲ့တယ်၊ ဒါကြောင့် အဆင့် သတ်မှတ် ချက်မှာ၊ အပြောင်း အလဲ အမြဲ ဖြစ်နေ သေးတယ်၊ ... ”

“ ... မကြာ သေးခင်က သာမာန်လူ တစ်ယောက်၊ ရွှေအဆင့် ကိုတောင် တက်လှမ်း နိုင်ခဲ့တဲ့ အတွက်၊ လူတိုင်းက ရွှေအဆင့် ရောက်အောင်၊ ဒီမှာ ကျင့်ကြံ နေကြ တာပဲ။ ”

နှစ်ယောက်သား လမ်းလျှောက်လျက်၊ စကား စမြည် ပြောဆို လာမိသည်။ နောက်ဆုံး တိုက်ပွဲ နီးကပ်လာ သည်နှင့် အမျှ၊ လူများ စွာမှ ခွန်အားကို ဖုံးကွယ် ထားရန် စိတ်ကူး မရှိ တော့ချေ။

သူတော်စင် ဝိညာဉ် ရေကန်သည် ထူးခြားသော မူလ ရှိပြီး၊ ကောင်းကင် လမ်း၏ နောက်ဆုံး အခွင့် အရေး ဖြစ်သည်။ လွဲချော် ခဲ့ ပါလျှင် အခြား သူများနှင့် ယှဉ်ပါက၊ အားနည်း သွားပေမည်။

“ မင်းက ... ၊ ဘယ်အဆင့် မှာလဲ။ ”

လင်းယွန်က မေးသည်။ ဖေးရွယ်မှာ စတုတ္ထ ကောင်းကင် ဝိညာဉ်သို့ ရောက်ရှိ နေသည်မှာ ကြာပြီ ဖြစ်သည်။

“ ခရမ်းရောင် အဆင့် သုံးဆယ်ခြောက်။ ”

“ အဆင့် သုံးဆယ် ခြောက်ပဲ ရ တာလား။ ”

“ အင်း ... မလွယ်ဖူး၊ ထိပ်တန်း ဆယ်ယောက်က ပဉ္စမ ကောင်းကင်မှာ၊ သူတို့ရဲ့ ဝှက်ဖဲ တွေကို ဘယ်သူမှ မသိ နိုင်ဘူး၊ ဒါပေမယ့် နောက်ဆုံး တိုက်ပွဲ ပြီးရင်တော့ ... ၊ ငါက ဒီအဆင့်ကို ဝင်နိုင်မယ် ထင်တယ်။ ”

ဖေးရွယ် ခန္ဓာကိုယ် အတွင်း၌၊ နတ်ဘုရား အသွေးတော် သစ်သီး အပြင်၊ ကြောက်မက်ဖွယ် စွမ်းအား အချို့ ရှိနေသည်။

“ ငါ့ကို ဒီလို မကြည့်နဲ့၊ နင့်ရဲ့ ကောင်မလေး သိရင် ... ၊ ငါ့ကို လာသတ် လိမ့်မယ်။ ”

စိတ်ထဲ၌ ကျေနပ် စွာဖြင့် ပြုံးကာ၊ နောက်ပြောင် လိုက်မိသည်။ သူမ ညှို့ငင်နိုင် စွမ်းအား၊ ယုံကြည် ပေ၏။၊ ဤသို့ လင်းယွန်မှ စိတ်ပူ လာသည့် အပေါ်၊ ဝမ်းသာ မိသည်။

“ မဟုတ်ဘူး၊ ယွဲ့ဝေဝေက ... ၊ ငါ့ ကောင်မလေး မဟုတ်ဘူး။ ”

သို့သော် လင်းယွန်မှ တည်ငြိမ် စွာဖြင့်၊ မျက်နှာ ပြန်လွှဲကာ ဖြေသည်။

“ သေချာလား၊ ဒါဆို သူက မင်းနဲ့ ဘယ်လို ပတ်သတ်လဲ။ ”

ဖေးရွယ် ခမျာ စိတ်လှုပ်ရှား သွားပြီး၊ မျက်နှာ တစ်ပြင်လုံး နီမြန်းလျက်၊ နှလုံး သွေးများ တဒိတ်ဒိတ် တိုးလာသည်။

“ သူက ငါ့ကို ... ၊ အစ်ကိုကြီး ယွန်လို့ ခေါ်တယ်၊ ဒါကြောင့် သူက ... ငါ့ ညီမလေးလို့ ထင်ရ တာပဲ၊ ငါတို့က ရင်းနှီးတယ်၊ သူ့ ရန်သူ ဘယ်သူပဲ ဖြစ်ဖြစ်၊ ငါ့ ရန်သူလို့ ကတိ ပေးခဲ့ ဖူးတယ်။ ”

လင်းယွန် တွေးတွေး ဆဆဖြင့် ပြန်ဖြေသည်။

( ဘာကြီးလဲ ... ၊ ဒါက အချစ် မဟုတ် ဖူးလား။ )

လင်းယွန်၏ ‘ထင်ရ တာပဲ’ ဟူသော စကားကြောင့်၊ ဖေးရွယ် တစ်ယောက် ငြိမ်သက် သွားသည်။ သူမ အတွေးများ အားလုံး ရှုပ်ထွေး လာ၏။

ထိုစဉ် ရင်ပြင်ရှိ လူတိုင်း၊ ဖိအား တစ်ခု ရုတ်တရက် သက်ရောက်ခြင်း ခံလိုက် ရသည်။ အလွန် အစွမ်း ထက်သော ရောင်ဝါ ပေပင်။

“ ဝှစ် ... ။ ”

ယင်းမှာ လူငယ် တစ်ယောက် ဖြစ်ပြီး၊ သူ့ရောင်ဝါကို ဖုံးကွယ်ရန် မကြိုးစား တော့ဘဲ ကောင်းကင်မှ ဆင်းသက် လာခြင်း ဖြစ်သည်။

မကြာ ခဏ ဆိုသလို၊ ထိုသို့သော လူငယ်များ ထွက်ပေါ်လာ တက်ပြီး၊ မဟာဂိုဏ်း ကြီးများ၏ အာရုံ စိုက်မှုကို ရရှိရန်၊ ပြုမူတက် ကြသည်။

“ သူ ... သူက ဟဲချင်းဖန်ပဲ၊ သူ ... ၊ လေးမျက်နှာ မြို့က ထွက်သွားတာ၊ ငါမြင် လိုက်ပါတယ်၊ ဘာလို့ ပြန်လာ ပါလိမ့်။ ”

“ ဟဲချင်းဖန် ဟုတ်လား၊ သူက ဘယ်သူ မို့လဲ။ ”

“ မင်း ငတုံးပဲ ... ၊ ကောင်းကင် ကြေးမုံရဲ့ ခရမ်းရောင် စာရင်းကို ကြည့်လိုက် ... ။ ”

“ အိုး တွေ့ပြီ သူလား ... ၊ လွန်ခဲ့တဲ့ တစ်လ ကမှ အသစ် တက်လာတဲ့ ပါရမီရှင်ပဲ၊ အခု သူက ပဉ္စမ ကောင်းကင် ကိုတောင် ရောက်နေပြီ။ ”

လူ အများက ဟဲချင်းဖန်ကို မှတ်မိလာ ကြသည်။ ဤလူငယ်မှာ ကြမ်းတမ်းလှ သူ တစ်ဦး ဖြစ်၏။

လေးမျက်နှာ မြို့သို့ ရောက်ရှိ ပြီးနောက်၊ ကောင်းကင် ဒုက္ခကို နှစ်ကြိမ် ဆက်တိုက် ခံယူ ခဲ့သည်။

တစ်မြို့လုံး နီးပါး ထိတ်လန့်သွား ရပြီး၊ အင်အားကြီး ဂိုဏ်း များပင် သူ့ လုပ်ရပ်ကြောင့် စိတ်ဝင်စား လာ သည်ဟု၊ သတင်းပြေး နေခဲ့၏။

လိပ်နက် ဒေသ အမွေကို ရရှိ ထားကာ၊ ထိုနေရာရှိ အရင်း အမြစ်များ အားလုံးကို၊ အသုံး ပြုခွင့် ရခဲ့ မည်မှာ၊ သံသယ ဝင်စရာ မရှိချေ။

ကောင်းကင်လမ်း အဆင့် သတ်မှတ် ချက်တွင်၊ လူသစ်များ များပြားလှ သော်လည်း၊ သူ့နှင့် ယှဉ်နိုင် မည့်လူ၊ များများ စားစား မရှိကြောင်း၊ ပြောနိုင် သည်။

လွန်ခဲ့သော လဝက်က၊ မြို့မှ ထွက်ခွာ သွားခဲ့သည်။ ထို့ကြောင့် ရုတ်တရက် ပြန်မြင်ရ ချိန်၌၊ မည်သည့် အတွက် ပြန်လာ သည်ကို၊ သိချင် လာကုန်၏။

သူ့ဘေးတွင်၊ လူငယ် အချို့ ပါရှိပြီး၊ ရင်ပြင်သို့ ဆင်းသက် လိုက်ကာ၊ အပြာဝတ် လူငယ် တစ်ဦးထံ၊ ဦးတည် လျှောက်လှမ်း သွားသည်။

“ လင်းယွန် ...၊ မင်း အတွက် ဖိတ်စာ တစ်စောင် ရှိတယ်။ ”

ဟဲချင်းဖန် အသံက လေထုထဲ ပဲ့တင်ထပ် သွားသည်။ လင်းယွန် ဟူသော အမည်ကြောင့် လူတိုင်း မျက်လုံးပြူး ကုန်၏။

( သူလား ... ။ )

စစ်မက် နယ်မြေ သုံးရပ်ကို အရှက်ခွဲ ခဲ့သော ဓားမိစ္ဆာ ပင်လော။ သူ့ နာမည်အား တစ်မြို့လုံး သိရှိ ထားချေပြီ။

“ ငါ မင်းကို မသိဘူး။ ”

လင်းယွန်မှ တည်ငြိမ်စွာ တုန့်ပြန် လိုက်သည်။

“ ကိစ္စ မရှိဘူး ... ၊ မင်းကိုငါ သိတယ်၊ မင်းဟာ စစ်မက် နယ်မြေ သုံးရပ်ကို သွေးစွန်း စေခဲ့တဲ့ ပန်းသင်္ချိုင်း ပဲ၊ ... ”

“ ... ဟုတ်တယ် မဟုတ်လား၊ ဒါကြောင့် ဒီဖိတ်စာကို မင်း လက်ထဲ ရောက်အောင် ပေးဖို့၊ ငါ့ကို တာဝန် ပေးထားတယ်။ ”

ဟဲချင်းဖန်မှ လှောင်ပြောင် လိုသော အပြုံးဖြင့် ဆိုသည်။ ဖိတ်စာကို ဖတ်ပြီးနောက်၊ တစ်ဖက် လူမှ၊ မည်သို့ တုန့်ပြန် မည်ကို သူ သိချင်သည်။

ထိုစကား ဝိုင်းက လူတိုင်း၏ အာရုံကို ချက်ချင်း ရယူနိုင် ခဲ့သည်။ ဟဲချင်းဖန် ဟူသည် ခရမ်းရောင် အဆင့်၌၊ နဝမ နေရာကို သိမ်းပိုက် ထားသူ ဖြစ်၏။

သည်မျှ သန်မာ နေသူကို၊ ခိုင်းစေ နိုင်သူမှာ၊ မည်သူ ဖြစ်မည်အား၊ လူတိုင်း သိချင် လာသည်။ ရုတ်တရက် ဖေးရွယ်က ပြုံးလိုက်ပြီး၊

“ ဖိတ်စာလား၊ မင်းငါ့ကို ပေးလို့ ရတယ်။ ”

-ဟု ဝင်ရောက် စကား ဆိုလိုက်သည်။

ထို့ကြောင့် ဟဲချင်းဖန်က သူမအား လှည့်ကြည့် လာပြီး၊ လက်ဖဝါးဖြင့် ပခုံး ပေါ်သို့ လှမ်းရိုက် လိုက်သည်။

“ ဖပ် ... ။ ”

ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ပေါက်ကွဲ လာကာ၊ အာကာပြင်ကို ခွဲလျက်၊ ရှေးဟောင်း သားရဲ တစ်ကောင်၏ လက်တစ်ဖက် ထွက်ပေါ် လာ၏။

“ အွတ် ... ၊ ဝေါ့ ... ။ ”

ထိုလက်ဖဝါးက ဖေးရွယ် ပခုံးပေါ်သို့ မညှာမတာ ကျရောက် သွားပြီး၊ သွေး တစ်လုတ် အန်လျက် လွင့်စဉ် သွားစေသည်။

အရာ အားလုံးမှာ လျင်မြန်လှ ပေ၏၊ ပတ်ဝန်းကျင်မှ လူအုပ်ကြီး ကိုပင်၊ နှုတ်ဆိတ် သွားစေ လေသည်။

“ အမျိုး သမီး ... ၊ လင်းယွန် အတွက်၊ ရည်ရွယ် တာလို့၊ ငါ ပြောခဲ့တယ် မဟုတ်လား၊ မင်း ဘာလို့ ဝင်ရှုပ်ချင် ရတာလဲ၊ ... ”

“ ... မင်းလို အမှိုက် တစ်စကို၊ သတ်မိ လိမ့်မယ် ထွက်သွားစမ်း၊ လေးမျက်နှာ မြို့မှာ လူ သတ်ခွင့် မရှိတာ၊ ကံကောင်း တယ်မှတ်။ ”

ဟဲချင်းဖန်က ပြုံးလျက် ဆိုသည်။

“ အဆင်ပြေ ရဲ့လား။ ”

လင်းယွန်က ဖေးရွယ်ကို၊ မတ်တပ် ပြန်ရပ် နိုင်အောင် ဖေးမ ပေးမိစဉ်၊ ဒဏ်ရာမှာ အလွန် ပြင်း ထန်ကြောင်း၊ သတိပြု မိလိုက်၏။

“ ငါ့ အတွက် စိတ်မပူ ပါနဲ့ ... ၊ အဲဒီ ဖိတ်စာက ဘာလဲ သိချင်တယ်။ ”

ဖြူဖျော့ နေသော မျက်နှာဖြင့် ဖေးရွယ်မှ ပြန်ပြောသည်။

“ ဟား ... ဟား ... ဟား ... ၊ တောင်းပန် ပါတယ်၊ ဒါပေမယ့် အခု ငါ စိတ်ပြောင်း သွားပြီ။ ”

ဟဲချင်းဖန်က ပြုံးရွှင် နေသော အကြည့်ဖြင့်၊ လင်းယွန်အား ကြည့်ကာ၊

“ လင်းယွန် ... ၊ မင်း ငါ့ဆီက လက်ဖဝါး တစ်ချက်ကို ယူနိုင်ရင်၊ မင်းကို ဖိတ်စာ ပေးမယ်၊ မဟုတ်ရင် မင်း သွားစရာ မလိုတော့ ပါဘူး။ ”

-ဟု ဆိုလိုက် တော့သည်။

***

All Chapters