အဆင့် မမီ သေးဘူး။
Vol. 75 Ch. 1037
လင်းယွန် အမည်မှာ၊ အဆင့် သတ်မှတ်ချက်တွင် မပါဝင် သေး သော်လည်း၊ သူ့ အစွမ်း သတ္တိကို လူတိုင်းက၊ အသိအမှတ် ပြုပြီးသား ဖြစ်သည်။
ဟဲချင်းဖန်နှင့် အဖွဲ့မှာ၊ ခရမ်းရောင် အဆင့်တွင် ရှိနေ သောကြောင့်၊ စစ်မက် နယ်မြေ များကဲ့သို့၊ သန်မာ ချေသည်။
စစ်မက် နယ်မြေ၏၊ အကြီး အကဲ ဗိုလ်ချုပ်များ သည်ပင်၊ ခရမ်းရောင် အဆင့်၌၊ ထိပ်တန်း နှစ်ဆယ် အဆင့်သာ ဝင်သည်။
ဖေးရွယ်အား တိုက်ခိုက်လိုက် ခြင်းဖြင့်၊ ခွန်အားကို ပြသလာ ခဲ့သည်။ ကျင့်ကြံမှုမှာ ပဉ္စမ ကောင်းကင် ဝိညာဉ် ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် သူ့ လက်ဖဝါးတွင်၊ ခွန်အား မည်မျှ သုံးခဲ့ သည်ကို မည်သူမျှ မပြော နိုင်တော့ ပေ။ ရုတ်တရက် လေထုမှာ တင်းကြပ် လာ၏။
နောက်ဆုံးတွင် လင်းယွန် အမည်ကို ကြာဖူးရုံသာ ရှိပြီး၊ တိုက်ပွဲဝင် ပုံအား မမြင် ဖူးသည့်၊ လူများ ရှိနေသည်။
ဗိုလ်ချုပ် (၁၂) ယောက်ကို သတ်ရန်၊ လှည့်ကွက် အချို့ အသုံး ပြုခြင်း ဖြစ်မည်ဟု၊ ထင်ကြေး ပေးသူ များပင် ရှိလာ၏။ ထင်ကြေး သည်သာ၊ အမှန် ဖြစ်သော် လေးစား စရာ မရှိချေ။
“ ဖိတ်စာ မလိုချင် ဖူးလား။ ”
ဟဲချင်းဖန်က ပြုံးကာ မေးဆက် ပြသည်။
“ ငါ့ဆီက လက်ဖဝါးကို ယူမလား၊ ဒါမှ မဟုတ် ဒူးထောက်ပြီး ဖိတ်စာကို တောင်းယူ ချင်လား။ ”
သို့သော် လင်းယွန်မှာ သူ့ စကားကို၊ ဂရု မစိုက်ချေ။ ဖေးရွယ်၏ ဒဏ်ရာ များအား ဦးစွာ ကုသရန် အာရုံစိုက် နေသည်။
ပြင်းထန်သော ဒဏ်ရာကြောင့်၊ ဟီချင်းဖန် တစ်ယောက် ဖေးရွယ် အပေါ်၊ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် ခဲ့ကြောင်း၊ သိ လိုက်သည် ။
ရန်ငြိုး မရှိဘဲ၊ တိုက်ခိုက်ရန် အတွက်၊ မူလ စွမ်းအင်ကို တိတ်တဆိတ် စုဆောင်း ထားခြင်း ဖြစ်လေသည်။
ယင်းက သူ့ကို ဒေါသ ထွက်စေ၏။ ထို့ကြောင့် ဟဲချင်းဖန်ကို ပြန်ကြည့် လိုက်ပြီး၊
“ မင်းကို ... သူတို့ သုံးယောက်က လွှတ်လိုက်တာ မဟုတ်လား။ ”
-ဟု မေးမြန်း လိုက်သည်။
ထိုမှန်းဆ ချက်ကြောင့် ဟဲချင်းဖန် တစ်ယောက် အံ့သြ သွားသည်။
“ မင်းက ခရမ်းရောင် အဆင့်မှာ၊ နံပါတ် ကိုးအထိ၊ တက်လှမ်း ထား နိုင်တယ်၊ ဒါတောင် ဘာလို့ ခွေး ဖြစ်ချင် နေရ တာလဲ။ ”
“ အမျှော် အမြင် ရှိတဲ့ လူ ဆိုတာ၊ အရာရာကို တွက်ဆ နိုင်ရတယ်၊ ခွန်လွန်ဘုံ ရောက်တဲ့ အခါ၊ စစ်မက် နယ်မြေ တွေရဲ့ အခြေခံ အုတ်မြစ်၊ ... ”
“ ... ဘယ်လောက်ထိ ကြောက်စရာ ကောင်းလဲ ဆိုတာ၊ မင်းသိ လိမ့်မယ်၊ မင်းလို အရူး တစ်ယောက်သာ သူတို့ကို ရန်စ ဝံ့တာ ။ ”
ဟဲချင်းဖန်မှ ပြန်ဖြေသည်။
“ ဖိတ်စာကို ချန်ပြီး၊ မင်း ထွက်သွား လို့ရပြီ။ ”
“ အိုး ... ၊ မင်း လိုချင်ရင် ... ၊ ငါ့ဆီက လက်ဖဝါး တစ်ချက် ယူရ မယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ”
ဟဲချင်းဖန်က သူ့ထက်ပင် မာနကြီး ပြနေသော လင်းယွန်ကို အလို မကျ စွာဖြင့်၊ ငေါက်လျက် ဆိုလိုက်သည်။
သူ ဟူသည် အောင်မြင်မှုကို နှစ်ကြိမ် ဆက်တိုက် ပြုလုပ်ထား နိုင်သော ပါရမီရှင် တစ်ဦး ဖြစ်သည်။
“ ပန်းသင်္ချိုင်း ... ၊ မင်းကိုယ်မင်း အရှက်ခွဲ မိမှာ ကြောက်နေတာ လား။ ”
“ မင်းက ... ငါတို့ရဲ့ အချိန် တွေကို ဖြုန်းနေ တာပဲ။ ”
ဟဲချင်းဖန်၏ နောက်တွင် ရပ်နေသော လူငယ် အချို့က ရှေ့လှမ်း တက်ကာ ဆိုသည်။ သူတို့ အားလုံးမှာ လင်းယွန် အပေါ် လျှော့တွက် ထားသည်။
တစ်ဖက်တွင် လင်းယွန်၏ စိတ်အခြေ အနေမှာ၊ မကောင်း လှချေ။ သို့သော် ဤမြို့တွင် အင်အားကြီး ဂိုဏ်း များမှ၊ ကျွမ်းကျင်သူ များစွာ ရှိနေသည်။ ထို့ကြောင့် ဆင်ခြင် နေခြင်း ဖြစ်၏။
“ ကောင်းပြီ ... ၊ ဒါပေမယ့် ... လက်ဆောင်ကို၊ တစ်ဖက် တည်းက ပေးတာမျိုး ငါ မကြိုက်ဘူး။ ”
“ အိုး ... ၊ မင်းက ငါ့ ယှဉ်ချင် နေတာလား၊ ကောင်းပြီ မင်း ဆန္ဒ အတိုင်းပဲ။ ”
ဟဲချင်းဖန်က ပြုံးလိုက်သည်။ လင်းယွန်သည် အထွတ် အထိပ် တတိယ ကောင်းကင် ဝိညာဉ် ၌သာ ရှိနေ သောကြောင့်၊ ဂရုစိုက် နေစရာ အကြောင်း မရှိချေ။
အရှိန် အဝါကို ထုတ်လွှတ်လျက်၊ လင်းယွန် ဦးဆောင် ရာသို့၊ လိုက်သွား မိသည်။ ထို့နောက် လင်းယွန်က သူတော်စင် နဂါး ခန္ဓာ ကိုယ်ကို ထုတ်ဖော် လိုက်၏။ ပြိုင်ဘက်အား လျှော့ မတွက်ချေ။
နဂါး အရိုးမှ နတ် ရူရ်က တောက်ပ လာပြီး၊ ရွှေရောင် ချပ်ဝတ် အတွင်းသို့၊ စွမ်းအင်များ ပေး ပို့လာသည်။
“ စစ်မှန်သော နဂါး အရိုး ... ၊ မင်းက တကယ် ကံကောင်း တာပဲ၊ ဒါပေမယ့် ငါလည်း ကံကောင်း ခဲ့တဲ့ လူ တစ်ယောက်ပါ၊ ကဲ ... မင်းရဲ့ ဓားကို ဆွဲပါ။ ”
နဂါး ရောင်ဝါအား ခံစားမိ သဖြင့်၊ ဟဲချင်းဖန်၏ မျက်ဝန်းများ မှေးကျဉ်း သွားသည်။
“ အိပ်မက် မက်မနေနဲ့၊ မင်း အတွက် ငါ့ဓားကို ဆွဲနေ စရာတောင် မလိုဘူး။ ”
ထိုစကားကို ကြားသော အခါတွင်၊ ဟဲချင်းဖန် ရင်၌ အမုန်း တရားများ ပေါက်ဖွား လာသည်။
သည့်နောက် ဧကရာဇ် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ ဖြစ်သော မိုးကြိုး နဂါး လက်ဝါး ကို၊ ချက်ချင်း ထုတ်ဖော် လိုက်သည်။
“ ဘယ်လိုတောင် မောက်မာ လိုက်လဲ၊ ကောင်းပြီ ခရမ်းရောင် အဆင့် ကိုးမှာ ရှိတဲ့၊ လူ တစ်ယောက်ရဲ့ ခွန်အားကို ငါ ပြပါ ရစေ။ ”
ဟဲချင်းဖန်မှာ အမှန်ပင်၊ အရည် အချင်း ရှိလေသည်။ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာအား၊ ပြီးပြည့် စုံစွာ ကျွမ်းကျင်ရန် မဝေးလှ တော့ပေ။
တစ်နည်း အားဖြင့် ဆိုသော်၊ နဂါး နန်းတော်တွင် ရှိစဉ်က လင်းယွန်ထက် များစွာ၊ သန်မာ ပေသည်။ ထိုစဉ်က ဆိုပါက၊ ဆယ်ကြိမ် အတွင်း သူ့အား ရိုက်နှက် နိုင်ပေမည်။
ယခု အချိန်၌၊ ကံကြမ္မာ ကိုယ်ခံ ပညာ ဟူသည်၊ ဝိညာဉ် မရှိသော ဖုတ်ကောင်များ ကဲ့သို့၊ သူ့အား စိတ်လှုပ်ရှားမှု မပေးနိုင် တော့ချေ။
လက်ကို ဝှေ့ယမ်းရုံ မျှဖြင့်၊ ပြိုင်ဘက်၏ ကြောက်စရာ အကောင်း ဆုံးသော တိုက်ခိုက် မှုအား၊ ရင်ဆိုင်နိုင် လေသည်။
ဧကရာဇ် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာကို၊ အလွယ် တကူ တားဆီးခံ လိုက်ရ သဖြင့်၊ ဟဲချင်းဖန် မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။
“ ဟိတ် ... ။ ”
နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ခွာကာ၊ အားယူပြီး လက်ဖဝါး များကို၊ ထပ်မံ ရိုက်ထုတ် လိုက်သည်။
“ ဂျိန်း ဒလိန်း ... ။ ”
လက်ဖဝါး (၈) ချက် ထုတ်ဖော်ပြီး ချိန်၌၊ နဂါး ဟောက်သံ များနှင့် အတူ၊ မိုးခြိမ်း သံများ တဟုန်ထိုး မြည်ဟည်း လာ၏။
ဤမြင်ကွင်းက လူအုပ်ကို အံ့သြလာ စေသည်။ ဟဲချင်းဖန် တစ်ယောက် သည်မျှ လျင်မြန်စွာ လုပ်ဆောင် လာလိမ့် မည်ဟု၊ မထင်ထား မိချေ။
သူတို့ အမြင်တွင် လင်းယွန်နှင့် ဟဲချင်းဖန်မှာ၊ တူညီသော အဆင့်တွင် မရှိမှန်း သိသာ နေသည်။
ထို့စဉ် လင်းယွန်က၊ သူ့ လက်အား ညင်သာစွာ မြှောက်လိုက်ပြီး၊ ဟဲချင်းဖန်၏ လက်ဖဝါး များကို တားဆီး လိုက်သည်။
တစ်ချိန် တည်း မှာပင်၊ သူတော်စင် နဂါး ချပ်ဝတ် ထံမှ၊ စွမ်းအင်များ ထွက်ပေါ် လာပြီး၊ ဟဲချင်းဖန်အား တွန်းထုတ် လိုက်သည်။
“ မင်း ... လက်ဝါး ကိုးချက် တိတိ၊ သုံးပြီး သွားပြီ၊ အခု ငါ့ အလှည့်ပဲ။ ”
လင်းယွန်က ငြီးငွေ့ လာဟန်ဖြင့်၊ ဟဲချင်းဖန်အား ကြည့်ကာ ဆိုမိသည်။
“ ကောင်းပြီ ... ၊ မင်းရဲ့ အစွမ်းကို ကြည့်ပါ ရစေ။ ”
ဟဲချင်းဖန် မျက်နှာမှာ ပြောင်းလဲ သွား၏။ သူ၏ အသန်မာ ဆုံးသော တိုက်ခိုက်မှု များမှာ၊ ပြိုင်ဘက်အား လက်နှစ်ဘက် သုံးအောင်ပင်၊ ဖိအား မပေး နိုင်ခဲ့ချေ။
သူတို့ နှစ်ဦးကြား၊ ကွာဟချက် ရှိနေ ပြီကို သိရှိလိုက် သော်လည်း၊ လက်သီး တစ်ချက်အား ခံယူနိုင် လိမ့်မည်ဟု၊ ယုံကြည် နေမိ သေးသည်။
“ ဝှစ် ... ။ ”
ထို့စဉ် တစ်ဖက် လူမှာ၊ သူ့ ရှေ့မှောက် ထွက်ပေါ် လာပြီး၊ လက်ဝါး စောင်းဖြင့် လွှဲခုတ် လိုက်သည်။
ယင်းမှာ သာမာန် လက်ဝါးစောင်း ခုတ်ချက်မျှ ဖြစ်သော်လည်း၊ ကောင်းကင်နှင့် မြေကြီးရှိ အလင်းများ အားလုံးကို ဝါးမျို သွားသည်။
မတ်တပ်ရပ် နေရုံဖြင့်၊ လင်းယွန်အား မြေကမ္ဘာကို အုပ်စိုး နေသော တန်ခိုးရှင် တစ်ပါး အဖြစ်၊ ထင်မြင် လာစေသည်။
တစ်ဖက်တွင် တိုက်ခိုက်မှု နောက်ကွယ်၌၊ မည်သည့် သိုင်းပညာ အဆီ အနှစ်မျှ မပါ ရှိချေ။ ထိုးထွင်း နားလည်မှု အချို့ကို၊ ပေါင်းထည့် ထားခြင်းသာ ရှိသည်။
စင်ကြယ်သော ဝိညာဉ် တော်၏၊ စွမ်းအား အနည်းငယ် မျှသာ ဖြစ်သော်လည်း၊ ဟဲချင်းဖန် ကဲ့သို့ တစ်စုံ တစ်ဦး အတွက်၊ လုံလောက် သည်ထက် ပိုနေသည်။
“ အွတ် ... ။ ”
လက်ဝါး စောင်းက မူလ စွမ်းအင် အကာ အကွယ်ကို၊ ချေဖြတ် ပစ်ကာ ထိမှန် သွားသည်။ နာကျင် မှုကြောင့် မျက်နှာ တစ်ပြင်လုံး ရှုံ့တွ လျက်၊ အဝေးသို့ လွင့်စဉ် သွား၏။
ထိုမြင်ကွင်းက ပရိသတ် များကို၊ မွေးညှင်းများ ထောင်တက် လာစေသည်။ တစ်ချက် လှုပ်ရုံဖြင့်၊ ဟဲချင်းဖန် ရှုံးနိမ့် သွားခြင်း ဖြစ်၏။ လင်းယွန် ခွန်အားမှာ မယုံနိုင် စရာ ပေပင်။
“ ဝှစ် ... ။ ”
ထို့နောက် လင်းယွန်က လက်ကို ဝှေ့ယမ်းကာ၊ သွေးများ စီးကျလျက် ဒူးထောက် လျက်သား ပြုတ်ကျ သွားသည့်၊ ဟဲချင်းဖန် ထံမှ ဖိတ်စာအား ဆွဲယူ လိုက်တော့သည်။
***