← Chapters

လေဖိ အားနည်း ရပ်ဝန်း ဖြစ်ပေါ် နေခြင်း။

Vol. 75 Ch. 1038

လေဖိ အားနည်း ရပ်ဝန်း ဖြစ်ပေါ် နေခြင်း။

Vol. 75 Ch. 1038

သွေးနှင့် ရေးထားသော စာလုံး များကို မြင်သော အခါ “ ဒါ ဘယ်သူ့ သွေးလဲ၊ ” -ဟု မေးလိုက်သည်။

“ ဟား ... ဟား ... ဟား ... ၊ လင်းယွန် ... ၊ မင်းက ဘယ်သူလို့ ထင်နေ လို့လဲ။ ”

ဟဲချင်းဖန်က ရယ်မော လျက်ဖြင့်၊

“ လဝက် နေရင် သခင်ငယ် သုံးပါးက၊ လေတောင်ကုန်း မြို့မှာ၊ မိစ္ဆာ သတ်ပွဲ ကျင်းပ လိမ့်မယ်၊ ဘယ်သူ မဆို ကြည့်ရှုဖို့၊ ကြိုဆို ပါတယ်၊ ဟား ... ဟား ... ဟား ... ။ ”

“ မိစ္ဆာ သတ်ပွဲ၊ ဒါက ဘာလဲ ... ။ ”

သခင်ငယ် များမှာ၊ တစ်ယောက် ယောက်ကို သတ်ရန် စီစဉ် နေပုံရသည်။ ထို့ကြောင့် လူတိုင်း သို့လော သို့လော ဖြစ်လာ၏။

“ လင်းယွန် ... မင်း လာရမယ်၊ မဟုတ်ရင် မင်းရဲ့ ကောင်မလေးကို တွေ့လိုက် ရမှာ မဟုတ်ဘူး။ ”

ဟဲချင်းဖန်က လှောင်ပြောင် လိုသော အပြုံးဖြင့်၊ ဆိုလာသည်။ သူ ရှုံးနိမ့်သွား လျှင်ပင်၊ လေတောင်ကုန်း မြို့၌၊ လင်းယွန် နာကျင် ရပေမည်။

ယင်းမှာ လင်းယွန်ကို သတ်ရန် ဆင်ထားသော ထောင်ချောက် ဖြစ်၏။

“ ငါ မေးတာ ... ၊ ဒါ ဘယ်သူ့ သွေးလဲ။ ”

လင်းယွန်က သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို ထုတ်ဖော်ကာ၊ ဟဲချင်းဖန်ကို ထပ်မေးသည်။

“ မင်းက ဘယ်သူလို့ ထင်လဲ၊ ဟား ဟား ဟား ... ။ ”

တစ်ဖက် လူအား တည်ငြိမ်မှု ပျောက်ဆုံး စေရန်၊ လုပ်ဆောင် နိုင်သည့် အပေါ်၊ ဟဲချင်းဖန် တစ်ယောက် ကျေနပ် နေမိ လေသည်။

ယင်းမှာ သူ ထင်ထားသည် ထက်ပင်၊ ကြည့်ရ ကောင်းချေ၏။ သတ်ဖြတ် လိုသော ဆန္ဒ များကို၊ ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီး၊ လက်များ တုန်ယင် နေပေသည်။

“ ဘာလဲ ... ၊ ဒေါသ ထွက်နေ တာလား ... ”

ဟဲချင်းဖန်က လင်းယွန်အား ကြည့်ကာ ပြုံးလိုက်ပြီး၊

“ မင်း ... ဒေါသ ထွက်မယ် ဆိုတာ၊ ငါသိ ပါတယ်၊ ဒါပေမယ့် ဒါက လေးမျက်နှာ မြို့လေ၊ မင်းငါ့ကို သတ်ချင် နေရင်တောင်၊ ဘာမှ လုပ်လို့ မရ ပါဘူး၊ ဟုတ်တယ် မလား ... ။ ”

ထို့နောက် ထရပ် လိုက်ကာ၊ လင်းယွန် ဖိအားနှင့် လွတ်ရာသို့၊ ပြုံးလျက် ဖြည်းညှင်းစွာ နောက်ဆုတ် သွားမိ လေသည်။

“ လင်းယွန် ... ၊ ဒါ ဘယ်သူ့ သွေးစက်လဲ ဆိုတာ မင်းသိတယ် မဟုတ်လား၊ လာပါ ငါ့ကို သတ်ချင် နေရင် လာသတ် လှည့်ပါ၊ ဟား ဟား ဟား ။ ”

နောက်ထပ် ခြေ တစ်လှမ်း ဆုတ်နိုင် ရုံဖြင့်၊ အန္တရာယ် ရှိသော ဧရိယာ အတွင်းမှ ထွက်သွား နိုင်ပြီ ဖြစ်သည်။

ထို့ပြင် လေးမျက်နှာ မြို့၌၊ စည်းမျဉ်းအား ချိုးဖောက် သူတိုင်း၊ နောက်ဆုံး တိုက်ပွဲ ဝင်ရန်၊ အခွင့် အရေး ဆုံးရှုံးမည် ဖြစ်၏။

ဟဲချင်းဖန်၏ အပြု အမူမှာ၊ ရွံရှာဖွယ် ကောင်းသဖြင့်၊ လူတိုင်း အထင်မြင် သေးကုန် ကြသည်။ သူတို့သာ လင်းယွန် ဆိုပါက၊ ဒေါသ ကြောင့် သွေးအန်မိ ပေမည်။

“ ဝက်ပေါက် ... ၊ နင် လုံးဝ စိတ် မကူးနဲ့ ... ။ ”

ဖေးရွယ်မှ စိုးရိမ် စိတ်ဖြင့်၊ အော်ဟစ် သတိပေး လာသဖြင့်၊ လင်းယွန် တစ်ယောက် သတ်ဖြတ် လိုသော ရောင်ဝါအား၊ ပြန်ရုတ်သိမ်း လိုက်သည်။

ယင်းက သူမကို အနည်းငယ် စိတ်သက်ရာ ရစေ၏။ ဤလူငယ် မည်မျှ အထိန်း အကွပ်မဲ့ သည်ကို၊ သူမသာ သိသည်။

“ ဟား ... ဟား ... ဟား ... ၊ လင်းယွန် မင်းက တကယ့် အမှိုက်ပဲ၊ လူ တစ်ယောက်ကို သတ်ဖို့၊ ဓား တစ်ချက်ပဲ လိုတယ်လို့၊ မင်းပြောခဲ့ ဖူးတယ် မဟုတ်လား၊ အခု ဘာလို့ ငါ့ကို မသတ်ရ တာလဲ။ ”

တည်ငြိမ် သွားသော တစ်ဖက် လူကြောင့်၊ အားမလို အားမရဖြင့် ဟဲချင်းဖန်မှ ပြောလိုက် ပြန်သည်။

ယင်းမှ လွဲ၍ သူတက်နိုင် သည်များ မရှိချေ။ လင်းယွန် တစ်ယောက် အသတ်ခံ ရမည့် အချိန် အား၊ လဝက်ခန့် စောင့်ဆိုင်း ရပေ ဦးမည်။

“ ကောင်းပြီ လင်းယွန် ... ၊ မင်းကို လေတောင်ကုန်း မြို့မှာ၊ ငါ စောင့်နေမယ်၊ မင်း မလာရဲ ရင်တော့၊ စိတ်မကောင်း စရာ ပါပဲ။ ”

-ဟု ဆိုကာ ဟဲချင်းဖန်မှ ရယ်မောလျက်၊ လှည့်ထွက် သွားတော့သည်။

“ မင်းကို ဘယ်သူက ... ၊ သွားခွင့် ပေးသေး လို့လဲ။ ”

သို့သော် လင်းယွန်က ဖိတ်စာအား လက်ထဲတွင် စော့ကစား လျက်ဖြင့်၊ လှမ်းပြော လိုက်သည်။

ယင်းကြောင့် ဟဲချင်းဖန် မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ ချက်ချင်း ပျောက်ကွယ် သွာပြီး၊ ပြန် လှည့်ကြည့် သည်။

“ ဝှစ် ... ။ ”

ထိုစဉ် လျင်မြန် လွန်းသော အဟုန်ဖြင့်၊ အလင်းတန်း တစ်စ၊ သူ့ လည်မျိုထဲ ဖောက်ဝင် လာ၏။

“ အု ... ။ ”

ချက်ချင်းပင် လည်ပင်းမှ သွေးများ စီးကျ လာပြီး၊ အသက် ဓာတ်များ ယိုစိမ့် လာတော့ သည်။

လင်းယွန် လက်ထဲရှိ ဖိတ်စာမှာ၊ သူ့ လည်ပင်းထဲ ဝင်ရောက် လာသဖြင့်၊ မယုံကြည် နိုင်စွာဖြင့်၊ မျက်လုံး ပြူး သွားသည်။ ဤအရူး သည် သူ့အား သတ်ဝံ့ သည်လော။

ဟဲချင်းဖန် လည်ပင်း၌၊ နစ်ဝင် နေသော ဖိတ်စာကို၊ လူအုပ် ကြီးမှ အသံတိတ် ကြည့်ရှု နေ မိသည်။

သေဆုံးခြင်း မရှိသေး သော်လည်း၊ အချိန်မရွေး လဲကျ သွားနိုင်၏။ ဖိတ်စာကို ဆွဲထုတ်ရန် ကြိုးစား နေသော ဟဲချင်းဖန်၏၊ မျက်လုံး များ၌၊ ကြောက်ရွံ့ နေခဲ့သည်။

“ မလုပ်နဲ့ … ”

လင်းယွန်က လက်နှစ်ဖက်အား နောက်ပစ်ကာ၊ လျှောက်လှမ်းလာ လျက်မှ ဟန့်တား လိုက်သည်။

“ ... အဲဒီ ဖိတ်စာ ထဲမှာ၊ ကောင်းကင်ဓား ပါတယ်၊ ဒါကြောင့် မင်း ဆွဲထုတ် လိုက်တာနဲ့၊ ခေါင်းပြတ် သွားလိမ့်မယ်၊ ... ”

“ ... ခရမ်းရောင် အဆင့် ကိုးက၊ လူ တစ်ယောက် အတွက်၊ ကောင်းကင်ဓား ဘယ် အထိ၊ ... ”

“ ... ထက်ရှလဲ ဆိုတာ သိနိုင် ဦးမယ် မထင်ဘူး၊ ဒါပေမယ့် မင်း ငါ့ကို ယုံကြည်ဖို့ အကြံပေး ချင် ပါတယ်။ ”

လင်းယွန် စကားကို ကြားသော အခါ၊ ဟဲချင်းဖန် မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး မလှုပ်ရဲ တော့ပေ။

တဖြည်း ဖြည်းချင်း ချဉ်းကပ် လာသော လင်းယွန်ကို တုန်လှုပ် စွာဖြင့်၊ လှမ်းကြည့်နေ မိသည်။

အနား ရောက်လာ သည်နှင့်၊ လင်းယွန်က သူ့ အဝတ် အစား များကို၊ သပ်ရပ်စွာ ပြုပြင်ပေး လိုက်ပြီး၊ သွေးစ အချို့အား သုတ်ပေးကာ၊

“ ဘယ်လောက်တောင် ကြည့်ကောင်း လိုက်တဲ့ မျက်နှာ လေးလဲ၊ ခွေး တစ်ကောင် ဖြစ် သွားတာ နှမျော စရာ ... ၊ မင်းက ခွန်လွန်ဘုံကို သွားချင် လို့လား၊ ... ”

-ပြုံးလျက်ဖြင့်၊

“ ... တောင်းပန် ပါတယ်၊ မင်း မရောက် နိုင်တော့ဘူး၊ ဒါပေမယ့် ခွေး တစ်ကောင်ကို ဘယ်သူမှ ဂရု မစိုက်တဲ့ အတွက်၊ ဒါက အရေး မကြီး ပါဘူး။ ”

-ဟု ဆို၏။

ထိုစဉ် ဒူးထောက်များ တဆက်ဆက် တုန်လျက်၊ ဟဲချင်းဖန်၏ ခန္ဓာကိုယ်၊ ယိမ်းထိုး လာသည်။ စကား မပြော နိုင်သဖြင့်၊ မျက်ဝန်း များနှင့်သာ တောင်းပန် နိုင်သည်။

“ လင်းယွန် ... ၊ ငါ့ အသက်ကို ချမ်းသာ ပေးပါ၊ ကျေးဇူး ပြုပြီး ငါ့ကို မသတ် ပါနဲ့၊ ဒါက လေးမျက်နှာ မြို့ ဖြစ်တဲ့ အတွက်၊ မင်း ငါ့ကို သတ်လို့ မရ ပါဘူး။ ”

ဤသည်မှာ ဟဲချင်းဖန် မျက်ဝန်း များကို ဖတ်ပြီး၊ လင်းယွန် မှတဆင့် ပြန်၍ ရေရွတ်ပြ လာသော အသံ ဖြစ်သည်။

“ စိတ် မပူပါနဲ့ ... ငါ သိတယ်၊ ဒါက ... မင်းကို ကြည်စား နေတာပါ၊ ငါမင်းကို မသတ် ပါဘူး၊ မင်း သေရင် ငါ ဒုက္ခ ရောက် သွားမှာ ပေါ့၊ မင်း အသက် ရှိနေ သရွေ့၊ ငါအတွက် အပြစ် မရှိ ပါဘူး။ ”

မည်သူ မဆို လူမသတ် သ၍၊ ပြဿနာ မရှိချေ။ ဟဲချင်းဖန်သာ ကွယ်လွန် သွားပါက၊ သူ့ ခရီးမှာ ပြီးဆုံးသွား ရ ပေလိမ့်မည်။

လူတိုင်းက စည်းမျဉ်း များကို၊ လက် တစ်လုံးခြား ကစား နေသော၊ လင်းယွန်ထံ ကြည့်ကာ၊ ထိတ်လန့် တုန်လှုပ် ကုန်၏။

“ မင်း ဒေါသ ထွက် နေတာလား ... ၊ စိတ်လျော့ပါ၊ ဒေါသက သွေး လည်ပတ် မှုကို မြန် စေတယ်၊ ... ”

လင်းယွန်က စိုးရိမ် သွားသော အမူ အရာဖြင့်၊ ဖျောင်းဖျ လိုက်ပြီး၊

“ ... ဒီလို သာဆို ... ၊ မင်းသေတာ ပိုမြန် လိမ့်မယ်၊ ဟုတ်ပါတယ် မင်း ဒေါသ ဖြစ်မယ် ဆိုလည်း ဖြစ်စရာ ပါပဲ၊ ဒါပေမယ့် မင်း ဒေါသ ထွက်လို့ မရဘူး ... ”

-သက်ပြင်း ချလျက်၊ တုန်ယင် နေသော ဟဲချင်းဖန်၏ ပခုံးကို ကိုင်ကာ၊ နာရီ လက်တံ လှည့်သည့် အတိုင်း၊ ပတ်လိုက်သည်။

“ ... လဝက် နေလို့၊ လေတောင်ကုန်း မြို့မှာ၊ ငါသေ သွားခဲ့ရင်၊ မင်းကို တစ်ယောက် ယောက်၊ ကယ်တင်နိုင် မလား ဆိုတာ၊ ဘယ်သူ သိမလဲ။ ”

“ လင်းယွန် ... မဟုတ်ဘူး၊ ဘိုးဘေး လင်း မင်းက ငါ့ရဲ့ အဘိုးပါ၊ ကျေးဇူး ပြုပြီး အသက်ကို ချမ်းသာ ပေးပါ။ ”

ဟဲချင်းဖန်နှင့် မျက်လုံးချင်း ဆုံချိန်တွင်၊ တောင်းပန် လာသော စကားကို၊ လင်းယွန်မှ ပြန်လည် ရွတ်ပြ လိုက်ခြင်း ဖြစ်သည်။

“ ငါ့မှာ ... ၊ မင်းလို ခွေးဖြစ် ချင်တဲ့ မြေး မရှိဘူး။ ”

ထို့နောက် ခေါင်းယမ်း လိုက်ပြီး၊ ဟဲချင်းဖန်၏ ဦးခေါင်းအား ပုတ်သည်။ ယင်းမှာ အန္တရာယ် ရှိချေ၏။ လက်ရှိ အချိန်၌ ဦးခေါင်းခွံ ကွဲအက် သေဆုံး သွားနိုင်သည်။

သို့သော် ဟဲချင်းဖန်၏ ရောင်ဝါ သမုဒ္ဒရာ များမှာ၊ ထိန်းချုပ်ခံ လိုက်ရပြီး၊ မူလ စွမ်းအင်နှင့် အသက် ဓာတ်အား နှေးကွေး သွားလေသည်။

“ မင်း ... ဒီမှာ နေပါ၊ ခွေး တစ်ကောင် ဖြစ်သွားတဲ့ ငါ့မြေး အတွက်၊ လူတိုင်း ကြည့်ခွင့် ရပါစေ၊ စိတ်မကောင်း ပါဘူး၊ မင်းကို ကယ်တင် ချင်တဲ့ လူတိုင်း၊ ဒီဓားကို ဖြတ်ပါ။ ”

လက်ဝှေ့ ရမ်းလျက်၊ ပန်းသင်္ချိုင်း ဓားကို ခေါ်ယူပြီး၊ ဓား ရည်ရွယ်ချက်အား၊ ကောင်းကင် ပေါ် ပစ်လွှတ် လိုက်သည်။

ကောင်းကင်နှင့် မြေကြီး သည်ပင်၊ မှေးမှိန်သွား စေသော၊ ဓား အလင်းများ ထွက်ပေါ် လာသည်။

“ ကောင်းကင်ဓား ရည်ရွယ်ချက်။ ”

ဤမြင်ကွင်းက လူတိုင်းကို နောက် တစ်လှမ်း ဆုတ်မိ စေ၏။ ဤလင်းယွန်မှာ ဓားမိစ္ဆာ အဖြစ်၊ ကျော်ကြား လာသူ တစ်ဦး ဖြစ်မှန်း၊ သတိရ မိကုန် ကြသည်။

“ ဝှစ် ... ။ ”

ထို့နောက် ပန်းသင်္ချိုင်း ဓားကို၊ မြေပြင်သို့ ထိုးစိုက်ကာ၊ ဓား ရည်ရွယ် ချက်အား ရိုက်သွင်း လိုက်၏။

ယင်မှာ မှော်ဆန် လှပြီး၊ ရွှေအဆင့် အောက်ရှိ မည်သူမျှ၊ ရင်ဆိုင်ရန် သတ္တိ မရှိနိုင် လောက်အောင် အစွမ်းထက် ချေပြီ။

ထို့အပြင် ခွေး တစ်ကောင် အတွက်၊ မည်သူမျှ လင်းယွန်အား ဆန့်ကျင် လိုမည် မဟုတ်ချေ။

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို၊ ပြန်ရုတ် သိမ်းလိုက်ပြီး၊ ဟဲချင်းဖန်၏ အပေါင်း အဖော် များထံ၊ လှည့်ကြည့် လိုက်သည်။

ရင်ပြင်နှင့် ဝေးရာသို့ တိတ်တဆိတ် ဆုတ်ခွာ နေစဉ်၊ အကြည့်ကို လက်ခံ ရရှိလိုက် သဖြင့်၊ သူတို့က ချက်ချင်း ကျောက်ရုပ် ဖြစ်သွား၏။

“ လဝက် နေရင်၊ ငါ လာမယ်လို့ ပြန်ပြော လိုက်ပါ၊ ဒါပေမယ့် ယွဲ့ဝေဝေရဲ့ ဆံချည် တစ်မျှဉ် ကိုတောင် မထိပါ စေနဲ့၊ ထိဝံ့တဲ့ ဘယ်သူ့ကို မဆို ငါ သတ်မယ်၊ မယုံရင် စမ်းကြည့် နိုင်တယ်လို့ ... ။ ”

သူ့ အသံက မိုးခြိမ်းသံ တမျှ၊ ကျယ်လောင် နေပြီး၊ ကြားရ သူတိုင်းကို၊ ယုံကြည် သက်ဝင်မိ စေ၏။

ကောင်းကင် လမ်းကို ကိုင်လှုပ် နိုင်သည့် ဓားမိစ္ဆာနှင့်၊ စစ်မက် နယ်မြေ တို့၏ တိုက်ပွဲမှာ၊ လဝက် အတွင်း ဖြစ်ပွား လာတော့မည် ဖြစ်သည်။

***

All Chapters