← Chapters

သူက ငယ်သေးတယ်။

Vol. 75 Ch. 1039

သူက ငယ်သေးတယ်။

Vol. 75 Ch. 1039

လင်းယွန် ဓားကြောင့်၊ ကန်ရေမှာ အလွှာ တစ်ခုဖြင့် တားဆီးထား သကဲ့သို့၊ နှစ်ခြမ်း ကွဲ သွားသည်။ ဤဓား မပျောက် မချင်း၊ တားမြစ် နယ်မြေ ဖြစ်နေ ပေ၏။

လင်းယွန် ထွက်ခွာ သွားပြီးနောက်၊ ကောင်းကင် ဓား အစွမ်းမှာ လူ အများအား၊ ဆွေးနွေး စရာများ ချန်ထား ခဲ့သည်။

ဟဲချင်းဖန်ကို မည်သူမျှ လှည့်မကြည့် ကြချေ။ တစ်ဖက်တွင် လင်းယွန်၏ သတ်ပစ် လိုသော အရိပ် အယောင် များမှာ၊ ပြန်လည် ထွက်ပေါ် လာသည်။

လူအများ မြင် သကဲ့သို့၊ သူ မတည်ငြိမ် နိုင်သေးချေ။ ရုတ်တရက် ခြေလှမ်း များကို ရပ် လိုက်သဖြင့်၊ ဖေးရွယ်မှာ အံ့သြ သွားသည်။

“ ဘာ မှား လို့ လဲ။ ”

“ တစ်ယောက် ယောက်၊ ငါတို့ကို စိုက်ကြည့် နေတယ်။ ”

လင်းယွန်က ဖေးရွယ် အမေးကို ပြန်ဖြ၏။

“ စစ်မက် နယ်မြေတွေ ပဲလား။ ”

လင်းယွန်က ခေါင်းယမ်းကာ၊ တုံ့ပြန် လိုက်သည်။ အကြည့် ပိုင်ရှင်မှာ၊ ထိုထက် ပို၍ အစွမ်းထက် ချေပြီ။ အင်အားကြီး ဂိုဏ်းများက သူ့အား သတိပေး လိုပုံ ရ၏။

“ သွား ရ အောင် ... ။ ”

ထို့နောက် ဆက်၍ ထွက်ခွာ လာခဲ့သည်။ ခြံရှေ့ ပြန်ရောက်သော အခါ၊ တံခါး ဝ၌ လူ အချို့ စောင့်ကြို နေ၏။

နဂါး ချပ်ဝတ် များကို၊ ၀တ်ဆင် ထားသဖြင့်၊ စစ်မက် နယ်မြေမှ ကျေးကျွန်များ ဖြစ်ကြောင်း၊ မည်သူ မဆို ပြောနိုင်သည်။ ၎င်းတို့၏ ရောင်ဝါ အရ၊ သူ သတ်ခဲ့သော ဗိုလ်ချုပ် များနှင့် အဆင့် တူသည်။

“ ဧကရာဇ် နယ်မြေ ... ။ ”

လင်းယွန်က နယ်မြေ တစ်ခု အမည်ကို၊ သတိရ လာသည်။ ဤလူ များမှာ ဖေးရွယ် အတွက် လာခဲ့ပုံ ရ၏။

“ မင်း အတွက် ... ၊ သူတို့ လာတာ ဖြစ်မယ်။ ”

ထိုလူစုကို မြင်သော အခါတွင်၊ ဖေးရွယ် မျက်နှာမှာ၊ အနည်းငယ် ပြောင်းလဲ သွားသည်။ သည့်စဉ် လူငယ် တစ်ဦးက၊ ရိုသေ လေးစား သော လေသံဖြင့်၊

“ မိန်းကလေး ရွယ် ... ၊ သခယ်ငယ်က မင်းကို ခေါ်ဖို့၊ ငါတို့ကို လွှတ်လိုက် တာပါ။ ”

-ဟု တက်လှမ်းလျက်၊ နှုတ်ဆက် စကား ဆိုလာသည်။

“ ငါ မလိုက်ဘူး။ ”

ဖေးရွယ်မှ ပြတ်ပြတ် သားသား ငြင်းဆန် လိုက်၏။

“ မိန်းကလေး ရွယ်မှာ၊ ရွေးချယ်ခွင့် မရှိ ပါဘူး၊ သခင်ငယ်က မိစ္ဆာ သတ်ပွဲ အကြောင်း ကြားသိ ထားပါတယ်၊ ပြီးတော့ ... သေချင် နေတဲ့၊ လူ တစ်ယောက်နဲ့၊ အတူ ရှိနေ တာက မကောင်း ဖူးလို့လည်း၊ မှာလိုက် ပါတယ်။ ”

ထိုလူငယ်က လင်းယွန် မျက်နှာအား တည့်တည့် ကြည့်ကာ ဆိုသည်။ ထို့ကြောင့် လင်းယွန်မှ မျက်ခုံးပင့် လိုက်မိ၏။

သို့သော် ဝင်ရောက် ပြောဆိုချင်း မရှိဘဲ၊ တည်ငြိမ်စွာ ဆက်ထိန်းထား မိသည်။ စစ်မက် နယ်မြေ များနှင့် ပတ်သတ်၍၊ ကောင်းမွန်သော အမြင် မရှိ သော်လည်း၊ ဖေးရွယ် ကိစ္စ ဖြစ်နေ သည်။

“ ဘာလဲ ... ၊ ငါပြောတာ မှားလို့လား၊ ... ”

လူငယ်က လင်းယွန် အမူ အရာကြောင့်၊ ပြန်မေးသည်။

“ စစ်မက် နယ်မြေ တစ်ခုရဲ့၊ အခြေခံ အုတ်မြစ်က၊ မင်းထင် သလောက် မရိုး ရှင်းဘူး၊ ခွန်လွန်ဘုံ ရောက်တဲ့ အခါ၊ စစ်မက် နယ်မြေ ဆယ်ပါးက၊ ဘာကို ကိုယ်စား ပြုလဲ ဆိုတာ မင်း သိပါ လိမ့်မယ်၊ ... ”

“ ... အင်အားကြီး နောက်ခံမျိုး မရှိဘဲ၊ စစ်မက် နယ်မြေ တွေကို ဘယ်သူမှ ရန်မပြု ဝံ့ဘူး၊ သခင်ငယ် တွေရဲ့ အမွေက မင်းမြင် ဖူးတာ တွေထက်၊ သာလွန်တယ်၊ ... ”

“ ... သူတို့ သတ်ချင်တဲ့၊ လူက သေကို သေရမယ်၊ မဟုတ် ရင်တောင် ယွဲ့ဝေဝေ သေ ခြင်းက မင်းကို အရိပ် မည်းကြီး အဖြစ်၊ အမြဲ ခြောက်လှန့် နေလိမ့်မယ်၊ ဒါဆို မင်းရဲ့ ကျင့်ကြံမှုက ရပ်တန့် သွားပြီ။ ”

“ ဒါပေမယ့် ... သူမှာ အရည် အချင်း ရှိပါတယ်။ ”

ဖေးရွယ်မှ ထိုလူငယ်၏ စကားကို အယူခံ ဝင်သည်။

“ ဟုတ်လား ... ၊ အရည် အချင်း ရှိတယ် ဆိုရင်တောင်၊ သူ ဘာလုပ် နိုင်မှာလဲ၊ သခင်ငယ် ဆယ်ပါး ကလည်း၊ အရည် အချင်း ရှိတာပဲ မဟုတ်လား၊ ... ”

“ ... မိစ္ဆာ သတ်ပွဲ ဆိုတာ၊ ထောင်ချောက် ဖြစ်နေမှန်း သိတာတောင်၊ သူ ဘာများ လုပ်နိုင် မှာလဲ၊ ရလဒ်က ထွက်နေပြီး သားပါ၊ ပြီးတော့ ... ”

“ ... သူက သခင်ငယ် တွေနဲ့ ယှဉ်ဖို့ ငယ်လွန်းတယ်၊ သခင်ငယ် တစ်ပါး ဖြစ်လာဖို့ ဆိုတာ၊ ဘယ်လောက် ခက်ခဲလဲ မိန်းကလေး ရွယ် အသိ ဆုံးပါ၊ ... ”

“ ... သူရဲ့ မောက်မာမှုက၊ သည်း မခံချင် စရာပဲ၊ ကောင်းကင် လမ်းမှာ၊ ခွန်အား ရှိနေ ရုံနဲ့ မရဘူး၊ တွေးတော ကြံဆ နိုင်စွမ်း ရှိဖို့လည်း လိုတယ်။ ”

ထိုလူငယ်က ဖေးရွယ်အား ပြန်ရှင်း ပြသည်။

“ ဖေးရွယ် သွား တော့ ... ။ ”

“ ဝက်ပေါက် ... နင် ဘာပြောတယ်။ ”

လင်းယွန် စကားကြောင့် ဖေးရွယ် ခမျာ မျက်လုံးပြူး သွားသည်။

“ ဟုတ်တယ် ... ၊ မင်းရှိ နေတာက၊ ငါ့ကို ဝန်ဖြစ် စေတယ်၊ ဒီကိစ္စမှာ မင်း မပါဝင် သင့် တော့ဘူး။ ”

လင်းယွန်မှ ပြန်ဖြေ၏။

“ ဒါဆို ... ၊ နင် ဘာလို့ ... ၊ ငါ့ကို ကယ်လိုက် သေးလဲ ... ။ ”

“ ယွဲ့ဝေဝေ အကြောင်း၊ ကြားချင် လို့ပဲ၊ မဟုတ်ရင် နတ်ဘုရား အသွေးတော် သစ်သီးရဲ့ လျှို့ဝှက်ချက် တွေကို၊ ငါ သိနိုင်မှာ မဟုတ်ဘူး။ ”

တည်ငြိမ်စွာ ပြန်ဖြေ လိုက်ပြီး၊ လင်းယွန်က ခြံဝင်း အတွင်း၊ လှမ်းဝင် လိုက်သည်။ ထိုလူငယ် အနားမှ အဖြတ်တွင်၊ ခဏရပ် လိုက်ပြီး၊

“ ပုံမှန် အားဖြင့် ဆိုရင် ... ၊ ငါ မင်းကို လျစ်လျူရှု ထားလို့ ရတယ်၊ ဒါပေမယ့် စစ်မက် နယ်မြေ တွေနဲ့ ပတ်သက်ပြီး၊ ငါမှာ ... ”

“ ... အမြင် ကောင်း မရှိဘူး၊ နောက်ပြီး မင်းက ငါ့ကို တော်တော် အနှောက် အယှက် ဖြစ်စေတယ်။ ”

-ဟုဆိုကာ၊ လက်ဖဝါးဖြင့် တွန်းထုတ် လိုက်သည်။

ဝင်ရောက် လာသော လက်ဖဝါးကို စိုက်ကြည့်ကာ၊ ကမ္ဘာကြီး တစ်ခုလုံး မှောင်မိုက် သွားသည်ဟု ခံစားလိုက် ရသဖြင့်၊ ထိုလူငယ်က ထိတ်လန့် သွား၏။

“ ဝှစ် ... ။ ”

နောက်ဆုတ်လျက်၊ လက်ဖဝါးပေါင်း တစ်ဒါဇင်ခန့် ချက်ချင်း ထုတ်ဖော်ကာ၊ ချေဖြတ် လိုက်ရသည်။

သည့်အပြင် တာအို ချပ်ဝတ် ကိုလည်း၊ အသက်သွင်း လိုက်မိ၏။ သို့သော် သူ ကြိုးစားမှု အားလုံးမှာ၊ အချည်းနှီး ပေပင်။

“ ဘုန်း ... ။ ”

လက်ဖဝါးက ချပ်ဝတ်ပေါ် ကျရောက် ထိမှန်ပြီး၊ လွင့်စဉ် သွားရသည်။ သို့သော် လူငယ် က၊ နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစအား၊ လက်ခုံဖြင့် သုတ်လျက်မှ၊

“ မင်းက တကယ် ဒေါသ ကြီးတာပဲ ... ၊ အရည် အချင်း ရှိတဲ့ လူငယ် တွေကို ရန် မစ သင့်ဖူး ဆိုတဲ့၊ စကားက တကယ် မှန်တယ် ... ”

-ဟု ဆိုကာ၊

“ ဒါပေမယ့် ... ငါ ဘာမှား လို့လဲ၊ လေတောင်ကုန်း မြို့ကို သွားတဲ့ ခရီးက၊ မင်းရဲ့ သေလမ်းပဲ မဟုတ်လား။ ”

-မခိုး မခန့်နှင့်၊ မေး လေသည်။

“ မင်း ... ပြောတာ မှန်ပါတယ်၊ ဒါပေမယ့် ... အခု ငါ မင်းကို ကြည့် မရလို့ ထပ်ရိုက်မယ်၊ မင်း ဘာဖြစ် ချင်လဲ။ ”

လင်းယွန်က လက်ဖဝါးကို ထပ်မံ တွန်းထုတ် လိုက်ပြန်သည်။ တာအို ချပ်ဝတ် ရှိ သော်လည်း၊ လူငယ်မှာ ထိတ်လန့် သွားသည်။

ဤတစ်ကြိမ် ထိမှန် ခံရ ပါက၊ လွယ်မည် မဟုတ်ချေ။ သို့သော် ရှောင်တိမ်း နိုင်စွမ်း မရှိ တော့ သဖြင့်၊ မျက်လုံး မှိတ်လျက် ခံယူလိုက် မိသည်။

“ ဖပ် ... ။ ”

ချပ်ဝတ်မှာ၊ ချက်ချင်း ပြိုကျသွား သော်လည်း၊ နာကျင် မှုအား မခံစား ရချေ။ သို့သော် ကြောက်ရွံ့ မှုများ ဖြစ်ပေါ် လာပြီး၊ ရိုသေ လေးစား စွာဖြင့်၊ ပြန်မော့ ကြည့်မိသည်။

“ ကျေးဇူး တင်ပါတယ်။ ”

“ ထွက် သွား ... ၊ အဲဒီ အမျိုး သမီးကို မင်းနဲ့ အတူ ခေါ်သွား။ ”

လင်းယွန်က သူ့ စကားကို ဂရု မစိုက် တော့ဘဲ၊ လက် ဝှေ့ယမ်းလျက် ခြံထဲ ဝင်သွားပြီ ဖြစ်သည်။

ထိုလူငယ်မှာ ဝင်ရောက် ပျောက်ကွယ် သွားသော၊ လင်းယွန် ကျောပြင်ထံ ကြည့်ပြီး၊ သက်ပြင်း ချ လိုက်သည်။

ဤလင်းယွန်မှာ အသက်ငယ် သော်လည်း၊ လေးစား ထိုက်ပေ၏။ သို့သော် ... ၊ ဦးခေါင်းကို ခါယမ်း လိုက်မိသည်။

“ ဒီလို လေသံ မျိုးနဲ့ ... ၊ နင့်ကို ဘယ်သူက ပြောခိုင်း လို့လဲ။ ”

ဖေးရွယ်က ထိုလူငယ်ကို ကြည့်ပြီး၊ ဒေါသ တကြီး အပြစ်တင် လိုက်၏။ ထိုလူငယ်မှာ ပြန် မဖြေ ရဲချေ။

သည်အချိန်တွင် လမ်းမ ပေါ်မှ၊ လူငယ် တစ်ယောက် လျှောက်လှမ်း လာပြီး၊ ဖေးရွယ် အနား ရပ်လိုက်ကာ၊

“ ငါ ... ၊ သူ့ကို ဒီလို လုပ်ဖို့၊ ခိုင်းလိုက် တာပါ။ ”

-ဟု ဖြေကြား လာတော့၏။

“ သ ခင် ငယ် ... ”

ထိုလူငယ်က ချက်ချင်း ဦးညွှတ် မိသည်။ ၎င်းမှာ ဧကရာဇ် နယ်မြေ၏ သခင်ငယ် ဖြစ်ပြီး၊ ရွှေအဆင့်တွင် မြင့်မြင့် မားမား ရပ်တည်ထား ချေ၏။

ဖေးရွယ် မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး၊

“ ငါသာ သူနဲ့ အတူ ရှိနေရင် ... ၊ နင်ရဲ့ ဧကရာဇ် နယ်မြေကို၊ တစ်နွယ်ငင် တစ်စင်ပါ မိမှာ၊ ကြောက်လို့ မဟုတ်လား။ ”

“ ဟုတ်တယ် ... ။ ”

သခင်ငယ် ဆိုသူက မဆိုင်း မတွ၊ ဝန်ခံ လိုက်သည်။

“ အခု ... သမီးတော်နဲ့၊ နတ်ဘုရား အသွေးတော် သစ်သီးကို ငါတို့ ပြန် ရပြီ၊ ဒါက စစ်မက် နယ်မြေ သုံးရပ်ကို၊ တိုက်စရာ မလို တော့ဖူး မဟုတ်လား။ ”

“ ဒါဆို ... နင့် အကြံက၊ ငါ့ အနား ကနေ သူ့ကို မောင်းထုတ် ဖို့ပေါ့။ ”

“ ဟုတ်မယ် ထင်တာပဲ၊ ... ဒါပေမယ့် ကျေးဇူးဆပ် ဖို့တော့ စိတ်ကူး ရှိပါတယ်၊ သူသာ အကူ အညီ တောင်းရင်၊ လုပ်ပေး ရမယ့် တာဝန် ရှိ တယ်လေ၊ ... ”

“ ... ဒါက သူ့ရဲ့၊ အရည် အချင်း ကြောင့်တော့ မဟုတ်ဘူး၊ မင်းရဲ့ သူငယ်ချင်း ဖြစ်နေ လို့ပဲ။ ”

သည့်နောက် ဧကရာဇ် နယ်မြေ သခင်ငယ်က၊ ပြုံးလျက် သက်ပြင်းချ လိုက်ပြီး၊

“ သခင်ငယ် တွေရဲ့ သားကောင်နဲ့၊ မင်းက မိတ်ဆွေ ဖွဲ့ဖို့၊ မသင့်တော် ပါဘူး၊ အတွေ့ အကြုံ နုနယ်ပြီး၊ သူက အရမ်းငယ် သေးတယ်။ ”

“ ဒါက ငါ့ကြောင့် ဖြစ်ရတာ ... ”

“ မဟုတ်ဘူး ... ”

ဧကရာဇ် နယ်မြေ သခင်ငယ်၊ ခေါင်းယမ်းပြီး၊

“ ... နဂါး အရိုး ကြောင့်ပါ၊ ကျန်တဲ့ သခင်ငယ်တွေ၊ သူ့ အပေါ် ပစ်မှတ် ထားခံတာ မဆန်း ပါဘူး၊ ဒါက ငါ့ကိုတောင် စိတ်ဝင်စား စေတယ်၊ ပြီးတော့ ယွဲ့ဝေဝေနဲ့ ပတ်သတ်မှု လည်း ရှိနေတယ်၊ မင်းနဲ့ ဘာမှ မဆိုင် ပါဘူး။ ”

“ ဒါပေမယ့် ... ငါ့ အသက်ကို ... ၊ သူ ကယ်ခဲ့တယ်။ ”

ဖေးရွယ်က ခြံဝင်း ထဲသို့ လှမ်းဝင်ရန်၊ ခြံတံခါးကို ခေါက်လိုက်သည်။ သေရ မည်ဆို လျှင်ပင်၊ လင်းယွန်ကို ကူညီချင် ပေ၏။

“ လင်းယွန် တံခါးဖွင့် ... ။ ”

ဤမြင်ကွင်းကို ကြည့်ပြီး၊ ဧကရာဇ် နယ်မြေ သခင်ငယ်က သက်ပြင်း ချကာ၊

“ ကြည့်ရတာ မင်းကို၊ သူငယ်ချင်း တစ်ယောက်လို ထင်ပုံ မရဘူး၊ သွားရအောင် မင်းကို သူ လက်ခံမှာ မဟုတ်ဘူး။ ”

-ဟု နားသွင်း လိုက်သည်။

နောက်ဆုံးတွင် ဖေးရွယ်မှာ၊ ဧကရာဇ် နယ်မြေ သခင်ငယ်၏ နောက်သို့ လိုက်ပါသွား ရတော့သည်။

ထိုအချိန်တွင် လင်းယွန်မှာ၊ လက်သီးအား ကျစ်ကျစ် ပါအောင် ဆုပ်လျက်၊ ခြံဝင်း တံခါးကို ကျောမှီ ချ လိုက်၏။

***

All Chapters