ရှိတာ အကုန် ထုတ်ပါ။
Vol. 75 Ch. 1040
အိမ်ခေါင်မိုး တစ်ခု ပေါ်တွင် ထိုင်လျက်၊ လင်းယွန် တစ်ယောက် လမင်းအား ငေးမော ကြည့်နေ မိသည်။
ကောင်းကင် လမ်းနှင့် လမင်းမှာ၊ လက်ဖြင့် ထိကိုင်၍ ရနိုင် မည်ဟု ထင်ရ စေသည် အထိ၊ နီးကပ် ပေ၏။
နားထဲ၌ ဧကရာဇ် နယ်မြေ သခင်ငယ်၏ စကားများ ပြန်လည် ကြားယောင် နေမိသည်။ လေတောင်ကုန်း မြို့၌ သူ့ အတွက် ညွှတ်ကွင်း တစ်ခု ရှိပေသည်။
ယင်းက သဲဝါ လွင်ပြင်ထက်၊ ပို၍ အမှားအယွင်း ကင်းနေ မည်မှာ သေချာ၏။ ၎င်းတို့မှာ သန်မာလှ သောကြောင့်၊ အားလုံးကို တစ်ပြိုင် နက်တည်း ရင်ဆိုင်ရန် ယုံကြည်ချက် မရှိပေ။
သို့သော် ကြည်နူးဖွယ် အတိတ်များ ဝင်ရောက် လာသည်။ မိုးပြာရောင် ကောင်းကင် ဂိုဏ်း၊ ထို့နောက် ယွဲ့ဝေဝေ ဖြစ်သည်။
မဟာချင် အင်ပါယာ၊ ကောင်းကင်ဘုံ ဓားနန်းတော်တွင် ဓားသမား တစ်ယောက် ထွက်ပေါ် လာသည်။
ရုတ်တရက် ရှင်းယန်၏ ပေါင်ပေါ်၌၊ လဲလျောင်း နေသော လူချောလေး တစ်ဦးအား မြင်လိုက် ရ၏။ ကြည့်နေစဉ် မှာပင်၊ နဖူးမှ အနီရောင် အစက်လေး ပေါ်လာသည်။
ထိုမြင်ကွင်း ကြောင့် လက် တစ်ဖက်အား ဆန့်တန်းလျက်၊ ဆုပ်ကိုင်ရန် ကြိုးစား မိသည်။ သည့်နောက် ရင်ဘတ်အား ဆုပ်ကိုင်လျက်၊
“ အစ်ကိုကြီး ရှင်း ဂျူ ... ။ ”
-ဟု ညည်းတွား လိုက်မိ၏။
လက်သီးအား တင်းတင်း ဆုပ်လျက်၊ တုန်ယင် လာသည်။ ရှင်းဂျူ သေဆုံး မှုသည် သူ့ နှလုံး သားကို၊ အနာ ဖြစ်စေ ခဲ့၏။ ယနေ့တိုင် မကျက် သေးချေ။
ယွဲ့ဝေဝေသာ ထိုသို့ ဆိုပါက၊ နာကျင်မှု ထပ်တိုး ရပေမည်။ သူ့အား အကြိမ်ကြိမ် ကူညီ ကာ၊ ဘဝနှင့် သေခြင်း ဆိုင်ရာ၊ အတွေ့ အကြုံ များကို၊ မျှဝေ ခဲ့ဖူးသည်။
သူမ ရန်သူမှာ၊ သူ့ ရန်သူ ဟုပင်၊ ကတိ ပေးခဲ့သည်။ ထို့နောက် လင်းယွန် တစ်ယောက်၊ တဖြည်းဖြည်း ငြိမ်သက် သွားပြီး၊ အကြည့် များက ပြတ်သား လာသည်။
အတိတ် ကာလ များ၌၊ နောင်တ မရချင် သောကြောင့်၊ လုပ်ဆောင် ခဲ့ခြင်းများ ရှိသည်။ သည်တစ်ကြိမ် ထို့ထက် ပိုချေ၏။ ထို့ကြောင့် ဘာမဆို လုပ်မည် ဖြစ်သည်။ ဒုတိယ ရှင်းဂျူ အဖြစ်မျိုး မမြင်လို တော့ချေ။
ထိုအချိန်တွင် ညင်သာသော ခြေသံ တစ်စုံ၊ ထွက်ပေါ် လာသည်။ လင်းယွန်မှ လှည့်ကြည့် လိုက်ရာ၊ နဂါးလေး ဖြစ်နေ၏။
သူ့အား မော့ကြည့်ကာ၊ နဂါးလေးက ညာလက်ကို ဆန့်ထုတ် လာသည်။ နားမလည် သော်လည်း၊ ထိုလက်အား လှမ်းကိုင် လိုက်၏။ ထိုစဉ် မှာပင် နွေးထေွးသော ခံစားချက် အချို့ ဝင်ရောက် လာသည်။
ဤတိုက် ပွဲ၌ သူ တစ်ယောက်တည်း မဟုတ်ကြောင်း၊ နဂါး လေးမှ နှစ်သိမ့်ပေး လာခြင်း ဖြစ်သည်။
သေ-ရှင် တိုက်ပွဲပေါင်း များစွာကို၊ သူတို့ နှစ်ဦးသား အတူ၊ ဖြတ်သန်း ခဲ့ရသည့် မြင်ကွင်း များ ပေါ်လာ၏။
နဂါးလေး ကမ်းပေး လာသော လက်မှာ၊ စကား လုံးပေါင်း ထောင်သောင်း မက၊ ပြောနေ လေပြီ။
လင်းယွန် မျက်ဝန်း၌၊ မျက်ရည်များ ဝေ့သီ လာပြီး၊ တစ်ယောက်ကို တစ်ယောက် ပြုံးလျက် ပြန်ကြည့် မိသည်။
“ ငါတို့ ညီအစ်ကို နှစ်ယောက် ... ၊ ယွဲ့ဝေဝေကို သေချာပေါက် ကယ်တင် ကြမယ်။ ”
ဤအခိုက်တွင် လင်းယွန်နှင့်၊ နဂါးလေး မျက်လုံး များ၌၊ ပြတ်သားသော ဆုံးဖြတ်ချက် များဖြင့်၊ ပြည့်နှက် နေချေ၏။
“ သွား ရ အောင် ... ။ ”
လင်းယွန်က နဂါးလေးအား ပြုံးလျက်၊ ပခုံးပေါ် ကောက်တင်ကာ၊ အိမ်ခေါင်မိုး ပေါ်မှ ခုန်ဆင်း လိုက်သည်။
“ ငါတို့ အားလုံး သုံးဖို့ လိုတယ်၊ ... ”
ထို့နောက် နဂါး လေးကို သံသယ မျက်ဝန်း များဖြင့် ပြန်ကြည့်ကာ၊
“ အကုန် ထုတ်ပါ၊ မချန်ထား ကြေး ... ။ ”
-ဟု သတိ ပေးလိုက် တော့သည်။
နဂါးလေးမှ ခေါင်းညိတ်ပြ သော်လည်း၊ မျက်လုံး များတွင်၊ နာကျင် ခြင်းများ ထင်ဟပ် လာသည်။
ဤရတနာ မျိုးစုံကို ပိုင်ဆိုင်ရန်၊ အချိန် များစွာ ပေးဆပ် ခဲ့ရ၏။ သခင်ငယ် ဆိုသူများ ရှေ့မှောက် ၌ပင်၊ မချန် မိချေ။
နဂါးလေး ထံမှ၊ သိုလှောင်အိတ် သုံးလုံးသာ အန်ချ လာဖြင့်၊ လင်းယွန် တစ်ယောက် မျက်ခုံး ပင့် လိုက်မိသည်။ သူသိ သ၍၊ မြင်မြင် သမျှကို နဂါး လေးမှ၊ မြိုချ ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ပထမ အိတ်ကို ယူကာ၊ သွန်ချ လိုက်ပြီးနောက်၊ ထိတ်လန့် နားလည် သွား ရသည်။
နတ်ကြယ် ပုလဲ (၅၀,၀၀၀) ထက် မနည်း တဖျောဖျော ထွက်ကျ လာ၏။ သူ့တွင် ရှိသော (၁၀၀၀) ဟူသည့် ပမာဏနှင့် ယှဉ်ပါက၊ မယုံနိုင် စရာ ပေပင်။
“ မ ဟုတ် တာ ... ၊ မင်းမှာ ဒီလောက် အများကြီး ရှိနေ တာလား။ ”
နဂါး လေးက လှောင်ပြုံးဖြင့်၊ လက်ဖဝါး ဖြန့်ပြသည်။ ဤသည်မှာ ဗိုလ်ချုပ် (၁၂)ဦး ထံမှ ဖြစ်နိုင် ချေ၏။
“ ဒါပေမယ့် အခု ... ၊ သူတို့ အားလုံး ငါ့ အပိုင်ပဲ။ ”
လင်းယွန်က ပြုံးပြီး သိမ်းယူ လိုက်သဖြင့်၊ နဂါးလေးမှ မကျေ မနပ်ဖြင့်၊ လှမ်းကြည့် သည်။ ၎င်းအား လျစ်လျူရှုကာ၊ ဒုတိယ အိတ်ကို ထပ်၍ သွန်ချ လိုက်၏။
နှစ် (၁၀၀၀) သက်တမ်း အထက် ရှိသော၊ သဘာဝ ဆေးဘက်ဝင် ရတနာ များ၊ ထွက်ကျ လာသည်။
အများ စုမှာ အဖိုးတန် လွန်းပြီး၊ လင်းယွန်ပင် မသိ နိုင်ချေ။ ကျန်အရာ များမှာ၊ ဆေးလုံးများ ဖြစ်၏။
ဤသိုလှောင်အိတ် သုံးလုံးတွင်၊ အကောင်း ဆုံးသော ရတနာ များကို၊ နဂါးလေး သိမ်းဆည်း ပုံရ၏။
“ ဒါက သွေးမီးတောက် ဆေးလုံးပဲ၊ အသက်ဓါတ်ကို ဖြည့်စွမ်း နိုင်တဲ့၊ သူတော်စင် ဆေးလုံး၊ တန်ဖိုး အရမ်းကြီး မကြီး ပေမယ့် ထောင်စုနှစ် မီးလျှံက ... ”
“ ... ကုန်ပြီ ဆိုတော့ ... ၊ ငါ့အတွက် အသုံးဝင် ပါတယ်၊ ဒါက ယန် သန့်စင်ခြင်း ဆေးလုံး၊ ကျောက်စိမ်းရေ ဆေးလုံး၊ တိမ်ပျံ ဆေးလုံး … ”
ဝိညာဉ် ရေးရာ ရူရ် များကို လေ့ကျင့်ထား ဖူးသဖြင့်၊ ဆေးမှတ်တမ်း အချို့ ကိုလည်း မှတ်မိ နေချေသည်။ ထို့စဉ် ထူးခြားသော ဆေးပုလင်း တစ်လုံးအား၊ သတိထား မိလိုက်၏။
၎င်းအတွင်း၌ ငွေရောင် အရည်များ ပါရှိသော၊ ခရမ်းရောင် သလင်းကျောက် ပုလင်း တစ်လုံး ဖြစ်သည်။
ယင်းကို ကောက်ကိုင် လိုက်စဉ်၊ ရင်ဘတ် ထဲရှိ နဂါး အရိုး တုန်ခါလာ သည်အား၊ ခံစား လိုက်ရသည်။
သည့်နောက် နှလုံးခုန် နှုန်းများ၊ မြန် လာသည်။ နဂါး အရိုး ထံမှ၊ ဤသို့ တုံ့ပြန် မှုမျိုး ပထမဆုံး အကြိမ်၊ ခံစား ရခြင်း ဖြစ်၏။
“ ဒါ ဘာလဲ ... ။ ”
ထို့ကြောင့် နဂါး လေးအား၊ လှည့်မေး လိုက်သော်လည်း၊ အဖြေပြန် မရချေ။ နဂါး နန်းတော်မှ ရခဲ့သည် ဟုသာ ပြန်ဖြေသည်။
ပုလင်း ထံမှ နဂါး အငွေ့ အသက်များ ထုတ်လွှတ် နေပြီး၊ လူသေ အလောင်းများ စုပုံ နေသော မြင်ကွင်းများ ထင်ဟပ် လာသည်။
“ သူတော်စင် နဂါး သွေးရည်ကြည် ။ ”
ရုတ်တရက် တွေးမိ သွား၏။ ဤကမ္ဘာ ပေါ်တွင်၊ နဂါး မျိုးဆက် သွေးကို၊ တိုက်ရိုက် ပိုင်ဆိုင် ထားသော သားရဲများ မရှိ တော့ချေ။
ထို့ကြောင့် ယင်းမှာ၊ အလွန် အဖိုး တန်ပြီး၊ သန့်စင်ရ ခက်ခဲသည်။ သို့သော် တစ်စက် မျှသာ ရှိနေသည့် အတွက်၊ စိတ်မကောင်း စရာ ပေပင်။
ပုလင်းကို ကိုင်လျက် လင်းယွန်မှာ၊ ငြိမ်သက်သွား မိသည်။ ဤအရာက သူတော်စင် နဂါး ခန္ဓာ ကိုယ်အား၊ ကြီးကြီး မားမား တိုးတက် စေနိုင်၏။
“ ကောင်းကင်လမ်း ဖြစ်လို့သာ ... ၊ ဒီလို ရတနာ မျိုးကို ရနိုင်တာ၊ လေးမျက်နှာ မြို့ရဲ့ စျေးကွက် မှာလည်း၊ ရှိမယ် ထင်တယ်။ ”
နောက်ဆုံးတွင် နဂါး သွေးရည်ကြည်နှင့်၊ သွေးမီးတောက် ဆေးလုံးများ ရရှိပြီ ဖြစ်သည်။ ကျန်ရတနာ များကို လောလောဆယ် မလိုအပ် သေးချေ။
ထို့ကြောင့် နဂါးလေးက ပျော်ရွှင် စွာဖြင့်၊ ကျန်ရတနာ များကို ပြန်လည် သိမ်းဆည်းလိုက် လေသည်။
လင်းယွန်မှ တတိယ အိတ်အား၊ ထပ်၍ သွန်းချ လိုက်သည်။ လျှို့ဝှက် ပစ္စည်း အမျိုးမျိုး နှင့်၊ တာအို ပစ္စည်းများ ထွက်ကျ လာ၏။
အရေ အတွက်မှာ၊ များလွန်း သဖြင့်၊ မျက်လုံးပြူး သွားရသည်။ ဤမျှ ပမာဏအား နဂါးလေး မည်သို့ စုဆောင်း နိုင်ခဲ့ သည်ကို မသိနိုင် တော့ချေ။
“ ဒါက ... ။ ”
သခင်ငယ် သုံးဦး၏ ရတနာများ ဖြစ်၏။ ၎င်းတို့ကို နဂါး လေးမှ သိမ်းယူ ခဲ့လိမ့် မည်ဟု မထင် ထားချေ။ ယင်းကို ထိုလူ များသာ သိပါ လျှင်၊ အငြိုးနှင့် တုန့်ပြန် လာပေ လိမ့်မည်။
နောက်ဆုံးတွင် လက်နက် များမှာ၊ အစွမ်းထက် လွန်းချေ၏။ အကြီး အကဲ ဗိုလ်ချုပ် များသာ၊ လုံလောက် အောင် အားကောင်း ပါက၊ သူ့အား သတ်ပစ် နိုင်မည် ဖြစ်သည်။
သို့သော် တစ်ရာ ရာခိုင်နှုန်း မဟုတ်ချေ။ နတ်အရိပ် လက်အိတ်နှင့်၊ မိုးကြိုး မီးလျှံ ကြာပွတ်မှာ၊ ၎င်းတို့အား ပြန်လည် ရင်ဆိုင် နိုင်သည်။
ထို့စဉ် ခရမ်းရောင် ကျောက်စိမ်းပြား ထံမှ၊ ထူးဆန်းသော ရောင်ဝါများ ထွက်လာ သဖြင့်၊ လှည့်ကြည့်လိုက် မိတော့သည်။
***