ဝှက်ဖဲ။
Vol. 75 Ch. 1041
ငရဲ ကျောက်စိမ်းပြား၊ အရိုး မိစ္ဆာ တောင်ဝှေးနှင့်၊ နဂါးနက် နဖူးစည်း အလံငယ် တို့သည်၊ အစွမ်း ထက်သော ရတနာများ ဖြစ်ချေသည်။
ငရဲ ကျောက်စိမ်းပြား အတွင်း၌၊ သူ့အား ထိတ်လန့် စေသော ဝိညာဉ် တစ်ကောင် ရှိနေ ခဲ့သည်ကို၊ သတိရ လာမိ၏။
ထို့ကြောင့် စိတ် ဝိညာဉ်ကို၊ လောင်း ထည့်ကြည့် လိုက်သော အခါ၊ ပိတ် ထားသော တံဆိပ် တစ်ခုကို၊ တွေ့ရှိ မိသည်။
၎င်းအား ထိန်းချုပ်ရန် ခက်ခဲ နိုင်၏။ သည့်စဉ် သူ့စိတ် ဝိညာဉ်ကို ကျောက်စိမ်း ပြားမှ ဝါးမြို သွားသည်။
“ အိုး ... ဒီကျောက်စိမ်း ပြားက၊ စိတ်ဝိညာဉ် တွေကို ဝါးမြိုနိုင် တာလား … ။ ”
ဤသို့ ဆိုပါလျှင် ၎င်း အတွင်း၌ ဝိညာဉ် တစ်ကောင် အဘယ်ကြောင့် ရှိနေ ရသည်ကို နားမလည် နိုင်တော့ ချေ။
ယင်းမှာ သခင်ငယ် များပင်၊ အသုံး မပြု နိုင်သော လျှို့ဝှက်ချက် ဖြစ်ပေမည်။ သူတို့က ဝိညာဉ် များကို၊ တိုက်ခိုက်ရန် အတွက်သာ အသုံးပြု ခဲ့သည်။
ထို့နောက် ငရဲ ကျောက်စိမ်း ပြားကို သူ့အိတ်ထဲ၊ ပြောင်း၍ သိမ်းဆည်း လိုက်၏။ ဤရတနာမှာ အနာဂတ် တွင်၊ အသုံးဝင် နိုင်မည်။
ကျန်ရတနာ များနှင့် ပတ်သက် ၍မူ၊ တစ်ချက်သာ ကြည့်ပြီး နဂါး လေးအား ပြန်ပေး မိသည်။
နတ်ကြယ် ပုလဲ (၅၀,၀၀၀)၊ သွေး မီးတောက် ဆေးလုံး တစ်ပုလင်း၊ သူတော်စင် နဂါး သွေးရည်ကြည် တစ်စက်နှင့်၊ ငရဲ ကျောက်စိမ်းပြား ဟူသော အရာ များမှာ၊ နည်းပါး လှသည် မဟုတ်ချေ။
ကောင်းကင်ဓား၊ နဂါး အရိုး၊ နေလ လက်သီးနှင့် ကောင်းကင်ဘုံ သုံးပါးသည်၊ သူ၏ အစွမ်းထက် ဆုံးသော ဝှက်ဖဲများ ဖြစ်သည်။
နတ်အရိပ် လက်အိတ်နှင့်၊ မိုးကြိုး မီးလျှံ ကြာပွတ်မှာ၊ သူ့ ကန့်သတ် ချက်ကို ဖြတ်ကျော် နိုင်စေမည့်၊ လျှို့ဝှက် လက်နက်များ ဖြစ်၏။
ထို့ပြင် သိုင်းဝိညာဉ်များ ဖြစ်သော အသူရာ နဂါး၊ မြွေပျံ၊ ခွန်ပန်နှင့်၊ ချွမ်းချီ ကျား တို့လည်း ရှိနေ သည်။
နဂါး သခင် ပေးခဲ့သော ကောင်းကင် တိုက်ပွဲဝင် ချပ်ဝတ် ကိုလည်း ထည့်တွက် ရပေ မည်။ သို့သော် ယင်းကို အသုံး ပြုရန်၊ တန်ကြေး ကြီးကြီး မားမား ပေးဆပ် ရမည် ဖြစ်၏။
အသက်နှင့် သေခြင်း ဆိုင်ရာ၊ အခြေ အနေ များတွင်သာ အသက်သွင်း သင့်ကြောင်း၊ အထူး သတိ ပေးခြင်း ခံခဲ့ ရသည်။ မဟုတ်သော် မဟာ ဂိုဏ်းကြီး များ၏၊ အာရုံ စိုက်မှုအား ခံရ နိုင်သည်။
လက်ရှိ အခြေ အနေ၌၊ ထိုဂိုဏ်း များကို မယုံနိုင် သေးချေ။ ထို့ကြောင့် ၎င်း ချပ်ဝတ်အား အသုံး ပြုရန် စိတ်ကူးကို၊ စွန့်လွှတ် မိသည်။
“ ဒါက မလုံ လောက်ဖူး။ ”
လင်းယွန်က ညည်းတွား လိုက်သည်။ လဝက် အတွင်း စတုတ္ထ ကောင်းကင် ဝိညာဉ်သို့ ချိုးဖြတ်ကာ၊ နဂါး အရိုးနှင့် နေလ လက်သီးကို၊ တိုးတက်အောင် လုပ်ဆောင် ရမည့်ပုံ ရှိ၏။
အချိန် အနည်းငယ် အတွင်း၊ လုပ်စရာ များစွာရှိ သောကြောင့်၊ ခေါင်းကိုက် လာတော့ သည်။ ယခု သူ့တွင် ပြင်ဆင်ချိန် လဝက် ခန့်သာ ရှိပေ တော့၏။
“ လင်းယွန် ... ၊ ငါက နဂါး ပြည်နယ်က လောချန်ပါ၊ မင်းနဲ့ တွေ့ခွင့် ရမလား။ ”
ထို့စဉ် ရင်းနှီးသော အသံအား ကြားလိုက် ရသဖြင့်၊ အတွေးများ ပြတ်တောက် သွားသည်။ နဂါး လေးအား ခေါ်ကာ၊ လောချန်ကို ကြိုဆိုရန် ထွက်လာ ခဲ့၏။
ချင်လင်း၊ ကျွင့်မုန်ချန် တို့ပါ လောချန် နှင့်အတူ၊ ပါရှိ လာသည်။
“ ဘယ်လို ... ၊ ရှာတွေ့ တာလဲ။ ”
တည်ငြိမ်စွာ နှုတ်ဆက် လာသော လင်းယွန်၏ အသွင်ကြောင့်၊ လောချန်မှ ပြုံးလျက် ပြန်ကြည့် မိသည်။
“ မိစ္ဆာ သတ်ပွဲ အကြောင်း၊ ငါတို့ ကြားတဲ့ အတွက်၊ မင်းကို ရှာဖို့ သိပ် မခက်တော့ ပါဘူး၊ ဒါကြောင့် မင်းကို စိတ်ပူလို့ လာခဲ့တာ။ ”
“ လူတိုင်းက ... ၊ ငါ သေတော့ မယ်လို့ ထင်နေ ကြတာ ဆိုတော့ ... ၊ ဘယ်သူ ကမှ ငါ့ကို လာတွေ့မယ် မထင်ထား မိဘူး။ ”
“ ဒီလို တော့လည်း ဘယ်ဟုတ် ပါ့မလဲ ... ၊ ငါတို့ကို နဂါး နန်းတော်မှာ၊ မင်း ကယ်ခဲ့တယ်၊ ဘာပဲ ဖြစ်ဖြစ် ငါတို့ လာကူ ရမယ်လေ။ ”
လင်းယွန်က သူတို့အား ဒုက္ခ မပေးလို သောကြောင့်၊ ခေါင်းယမ်း လိုက်သည်။ ဖေးရွယ် ကိုပင် မောင်းထုတ် ထားပြီး ဖြစ်၏။
“ မင်း နားလည်မှု လွဲနေတယ်၊ ငါတို့က မင်းအတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်စေတဲ့ အတွက် တိုက်ပွဲကို ဝင်မပါ ပါဘူး၊ ဒါပေမယ့် ... ”
“ ... တခြား ဘာများ ... ၊ အကူ အညီ လိုဦးမလဲ ဆိုတာ၊ လာမေး တာပါ၊ စိတ် မပူနဲ့ ဒီမြို့မှာ၊ ဘယ်သူမှ လူ သတ်လို့ မရဘူး။ ”
ချင်လင်းက ပြုံးလျက် ရှင်းပြသည်။ လောချန်မှ ခေါင်းညိတ် လိုက်ပြီး၊
“ ငါတို့က ဘယ်လောက်ပဲ ... ၊ ကြိုးစား ကြိုးစား အဲဒီ လူတွေကို လိုက်မီဖို့ နည်းလမ်း မရှိဘူး၊ ကောင်းကင်လမ်း ဆိုတာ သူတို့ အတွက် အပြန် ခရီးပါ၊ ... ”
“ ... ဒါပေမယ့် မင်း ကတော့ မတူဘူး၊ ငါတို့က မင်းကို ဒီအဖြစ်ဆိုး ကြီးကနေ လွတ်ပြီး၊ ခွန်လွန် ဘုံကို ရောက်စေ ချင်တာ အမှန်ပါ။ ”
လောချန် စကားကို ကြားလိုက် ရသော အခါတွင်၊ လင်းယွန် ခမျာ နွေးထွေးသော ခံစား ချက်များ၊ ရင်ဘတ်ထဲ ဝင်ရောက် လာသည်။
ကောင်းကင်လမ်း တစ်လျှောက်၊ အရမ်း ပင်ပန်း ခဲ့ရ၏။ အထူး သဖြင့် ဓားနန်းတော်မှ၊ ထွက်လာပြီး နောက်တွင်၊ အနား၌ မည်သူမျှ၊ မရှိ တော့ချေ။
“ ကျေးဇူး တင်ပါတယ် ... ”
လင်းယွန်က ပြုံးလိုက်ကာ၊
“ ငါ ... အကူ အညီ တစ်ခု လိုနေတယ်။ ”
-ဟု ထုတ်ဖော် ဝန်ခံ မိသည်။
လောချန်မှ ခေါင်းညိတ်လျက်၊ “ ပြောပါ ... ” -ဟု စကားစ ပေးလိုက်၏။
“ ငါ သွေးမီးတောက် ဆေးလုံးနဲ့၊ သူတော်စင် နဂါး သွေးရည်ကြည် လိုတယ်၊ များလေ ကောင်း လေပဲ။ ”
ထိုတောင်းဆို ချက်ကြောင့်၊ လောချန်နှင့် အဖွဲ့မှာ၊ အသက်ရှူ ကြပ်သွား၏။
သွေးမီးတောက် ဆေးလုံး များသည် ရုပ်ခန္ဓာကို သန်စွမ်း စေသော၊ သူတော်စင် အဆင့် ဆေးလုံးများ ဖြစ်၏။
လူများ စွာက ထိုအရာအား၊ ရောင်းချရန် ဆန္ဒ မရှိ ကြပေ။ ဆန္ဒရှိ ခဲ့လျှင်ပင်၊ ကြယ်ပုလဲ (၁၀) သိန်းခန့် တောင်းဆိုမည် ဖြစ်သည်။
သူတော်စင် နဂါး သွေးရည်ကြည် မှာမူ၊ သာ၍ ဆိုးချေ၏။ စျေးကွက် အတွင်း တွေ့ရှိခဲ့ သော်မှ၊ နတ်ကြယ် ပုလဲ ဖြင့်သာ၊ ဝယ်ယူ နိုင်မည်။
ထိုအချင်း အရာ များကို လင်းယွန်အား ပြန်ရှင်းပြ လိုက်သည်။ သို့သော် လင်းယွန်မှာ၊ သူ မျှော်လင့်ထား သကဲ့သို့၊ စိတ်ပျက်သွား ခြင်းမျိုး မရှိဘဲ၊
“ နတ်ကြယ် ပုလဲကြောင့် အခက် အခဲ ဖြစ်နေတယ် ဆိုရင်တော့ ... ၊ စိတ်မပူ ပါနဲ့ ငါ့မှာ ရှိပါတယ်။ ”
-ဟု ဆိုလျက်၊ လက်ဝှေ့ယမ်း လိုက်သည်။
နတ်ကြယ် ပုလဲပေါင်း (၅) သောင်းခန့်၊ ပြောင်လက် တောက်ပစွာ ထွက်ပေါ် လာသည်။ မှင်တက် စေသော ပမာဏ ဖြစ်၏။
ယင်းမှာ ရှားပါး လွန်းပြီး၊ အမွေခံ နယ်မြေများ ၌သာ တွေ့ရှိ နိုင်သော ရတနာမျိုး ပေပင်။ လောချန်မှ ဦးစွာ သတိ ဝင်လျက်၊
“ ညီအစ်ကို လင်း၊ မင်း ငါတို့ကို တကယ် ယုံတာပဲ၊ ဒီနတ်ကြယ် ပုလဲ တွေနဲ့ ထွက်သွား မှာကို မကြောက် ဖူးလား၊ လေးမျက်နှာ မြို့မှာ မင်း ငါတို့ကို ဘာမှ လုပ်လို့ မရ ဖူးလေ။ ”
“ အဲလို ထင်မိရင် ... ၊ ငါ မင်းတို့ရဲ့ ကိုယ်ကျင့် သိက္ခာကို စော်ကားရာ၊ ရောက်သွား မှာပေါ့။ ”
လင်းယွန်မှ ပြန်ဖြေသည်။ မည်သူမျှ မရှိသော အချိန်တွင်၊ ကူညီရန် ရောက်ရှိလာ သူများကို၊ မယုံ ပါက မည်သူ့အား ယုံရ မည်နည်း။
“ စိတ်ချပါ ညီအစ်ကို လင်း၊ ငါတို့ မင်းရဲ့ နတ်ကြယ် ပုလဲ တစ်လုံးမှ၊ အလွဲ သုံးစား မလုပ် ပါဘူး၊ သုံးရက် အတွင်း၊ မင်းလိုတာ ရပါ လိမ့်မယ်။ ”
-ဟု ကျွင့်မုန်ချန်မှ ကတိ ပေးလာသည်။ ချင်လင်း ကလည်း ဘေးမှ နေ၍၊ ခေါင်းညိတ် ပြ လာ၏။
သို့သော် လင်းယွန်က နတ်ကြယ် ပုလဲ များကို၊ စိတ်မဝင် စားချေ။ ဗိုလ်ချုပ် (၁၂) ဦး ထံမှ၊ အချောင် ရလာခြင်း ဖြစ်သည်။
သခင်ငယ် ဟူသော ထိုသူကောင်းသား များကို၊ အမှီလိုက် ရန်သာ၊ စိတ်ကူးရှိ နေသည်။ သူ့ ခွန်အားမှာ နဂါး အရိုး၊ နေလ လက်သီး နှင့်၊ ကောင်းကင် ဓားပေါ် မူတည် နေ၏။
နတ်ကြယ် ပုလဲ များက ၎င်းတို့ အပေါ်တွင်၊ သက်ရောက်မှု မရှိချေ။ ကောင်းကင် ဒုက္ခ ခံယူ ရာ တွင်သာ အသုံး ဝင်သည်။
“ ဒါဆို အစ်ကိုချန် တို့ကိုပဲ ... ၊ ဒုက္ခပေး ရတော့မယ်။ ”
၎င်းတို့ သုံးဦးမှ ကူညီ ခြင်းဖြင့်၊ သူ့အား အချိန် (၃) ရက်ခန့်၊ သက်သာ သွားစေပြီ ဖြစ်သည်။
“ သခင်ငယ် တွေရဲ့ ... ၊ အချက် အလတ် နည်းနည်းပါ လိုချင် သေးတယ်။ ”
သခင်ငယ် များမှာ၊ အလွန် လျှို့ဝှက် နိုင်ဆဲ ဖြစ်ပြီး၊ သူ့အား စိတ်မသက် မသာ ဖြစ်စေ၏။ လောချန် အဖွဲ့ ထွက်ခွာသွား ချိန်တွင်၊ ခေါင်းကို မော့ကာ၊ ကောင်းကင်ထံ မော့ကြည့် လိုက်မိ သည်။ သူ့၌ အချိန် မရှိ တော့ချေ။
“ နေလ လက်သီးနဲ့ စရအောင် ... ။ ”
ကျောက်စိမ်း ပုလင်းကို ထုတ်ယူကာ၊ ပါးစပ်ထဲ လောင်းထည့် လိုက်သည်။ သွေးများ ပွက်ပွက်ဆူ လာပြီး၊ အရေပြားများ အက်ကွဲ လာ၏။ ဤသည်မှာ သွေးမီးတောက် ဆေးလုံးများ ပေပင်။
ခန္ဓာ ကိုယ်အား မီးလျှံများ သိုင်းခြုံ လာချိန်တွင်၊ ပြင်းပျသော လောင်ကျွမ်းခြင်း အာနိသင်ကို ခံစား လိုက်ရသည် ။
ထိုစဉ် မျက်လုံး ဖွင့်ကြည့် လိုက်ပြီး၊
“ ဆေး အာနိသင်က၊ ထောင်စုနှစ် မီးလျှံလောက် မပြင်း ထန်ဘူး၊ ဒါပေမယ့် ... လုံလောက်မယ် ထင်တယ် ။ ”
-ဟု ဆိုလျက် နေလ လက်သီးအား၊ ခင်းကျင်း လိုက်တော့သည်။ များ မကြာခင် ငွေဖီးနစ်နှင့် ရွှေကျီးကန်း ပျံထွက် လာ၏။ ၎င်းတို့အား မြင်လိုက်ရ ချိန်တိုင်း၌၊ လင်းယွန် ခမျာ ထိတ်လန့် သွားမြဲ ဖြစ်သည်။
စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် များသည်၊ သက်ရှိ ဝိညာဉ် များကို မွေးထုတ်ပေး နိုင်မည်ဟု၊ ဤမတိုင်မီ တစ်စုံ တစ်ယောက်မှ ဆိုလာ ပါက၊ ယုံကြည် မိမည် မဟုတ်ချေ။
ထိုသခင်ငယ် များတွင်၊ စင်ကြယ်သော ဝိညာဉ် တော်များ ရှိလျှင်ပင်၊ ဝိညာဉ် နှစ်ပါး ပါရှိ သည့်၊ နေလ လက်သီးဖြင့် အနိုင်ယူ နိုင်ပြီ ဖြစ်၏။
***