ဒါက ကစားကွင်း မဟုတ်ဘူး။
Vol. 75 Ch. 1042
လောချန်နှင့် အဖွဲ့မှာ၊ နှစ်ရက် အတွင်း ပြန်လည် ရောက်ရှိ လာခဲ့သည်။ စျေးကွက်မှ သွေး မီးတောက် ဆေးလုံး များနှင့်၊ နဂါး သွေး ရည်ကြည် အားလုံးကို သိမ်းယူ နိုင်ခဲ့၏။
နောက်ဆုံးတွင် နတ်ကြယ် ပုလဲ (၅) သောင်းမှာ၊ အလွန် ထိရောက် လေသည်။ စျေးကွက်အား အလွယ် တကူ လွှမ်းနိုင်သော ငွေကြေး တစ်ခု ဖြစ်၏။
ပြီးနောက် သခင်ငယ် များ၏ အချက် အလက်များ ကိုလည်း ဝယ်ယူ ခဲ့သည်။ ၎င်းတို့ သုံးဦး လုံးမှာ၊ ပဉ္စမ ကောင်းကင် ဝိညာဉ်၌ ရှိပြီး၊ လျှို့ဝှက် နည်းစနစ် အချို့၊ ဆုပ်ကိုင် ထား၏။
“ သူတို့က ကောင်းကင် လမ်းပေါ်၊ မဆင်းခင် ထဲက၊ စင်ကြယ်သော ဝိညာဉ်တော်ကို ဆုပ်ကိုင် ထားတယ် လို့လည်း ကြားတယ် ... ။ ”
လောချန်က သက်ပြင်း ချလျက် ဆိုသည်။ ယင်းမှာ ကံကြမ္မာ ကိုယ်ခံ ပညာရပ် များထက် သာလွန် ချေ၏။
ထို့ကြောင့် ၎င်းတို့၏ ခွန်အားဖြင့်၊ ကောင်းကင် လမ်း၌ မည်သူ့ကို မဆို၊ နှိမ်နင်း သတ်ဖြတ်နိုင် မည်ဟု ဆိုနိုင်သည်။
“ နား လည် ပြီ ... ။ ”
လင်းယွန်က ခေါင်းညိတ် ပြသည်။ သူ မှန်းဆ ထား သလိုပင်။ ထို့ကြောင့် သဲဝါလွင်၌ တိုက်ပွဲကို ရှောင်ခဲ့ သည်မှာ၊ မှန်နေ ချေ၏။
ထိုအချိန်က ထိုသခင်ငယ် များထံမှ အန္တရာယ် ရှိသော ရောင်ဝါကို သူ ခံစား နိုင်ခဲ့ သည်။ နေလ လက်သီး မပါဘဲ၊ ၎င်းတို့နှင့် ရင်ဆိုင် ခြင်းမှာ၊ အန္တရာယ် ရှိပေမည်။
“ စင်ကြယ်သော ဝိညာဉ်တော် ဆိုတာက လေ့လာဖို့ ခက်ခဲ ပါတယ်၊ သူတို့က သင်ယူနိုင် ခဲ့ရင်တောင် ကနဦး အဆင့်လောက် မှာပဲ ရှိလိမ့်မယ်။ ”
လောချန်မှ နှစ်သိမ့် ပေး၏။ သူ့ အမြင်၌ စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် ဟူသည် ယုံနိုင်ဖွယ် မရှိအောင် နက်နဲ ချေပြီ။
“ ဒီမှာ သွေးမီးတောက် အလုံး (၃၅၀) ပါတယ်၊ နဂါး သွေးရည်ကြည် ကတော့ ရှားပါး တဲ့ အတွက်၊ (၁၇) စက်ပဲ ရခဲ့တယ်၊ ... ”
“ ... ကျန်တာ ကတော့ မင်းမှာ လိုက်တဲ့ အတိုင်း၊ ရုပ်ခွန်အားကို ဖြည့်တင်း ပေးမယ့်၊ ဆေးဖက်ဝင် အပင်တွေ ဝယ်ခဲ့တယ်၊ ဒါက ပိုတဲ့ နတ်ကြယ် ပုလဲပဲ။ ”
နတ်ကြယ် ပုလဲ (၂၀,၀၀၀) အား ပြန်ပေး လာသည်။ နတ်ကြယ် ပုလဲ (၁၀၀၀) သာ ပြန်ယူ ပြီး၊ ကျန်အရာ များကို လောချန် တို့အား ယူစေ လိုက်၏။
လက်ရှိ ဝယ်ယူ ပေးလာသော ရတနာ များ၏ ပမာဏ သည်ပင်၊ သူ မျှော်လင့်ထား သည်ထက်၊ ကျော်လွန် နေသည်။
၎င်းထက် ပိုများ လာပါက၊ (၁၅) ရက် အတွင်း သန့်စင် နိုင်မည် မဟုတ်ချေ။ လောချန် တို့က နတ်ကြယ် ပုလဲ များမှာ၊ အဖိုးတန် လှ သဖြင့် ငြင်းပယ် လေသည်။
သူတို့ လုပ်ဆောင် သမျှမှာ၊ စျေးဝယ် ပေးခြင်း မျှသာ ဖြစ်သောကြောင့်၊ ထိုက်တန် သည်ဟု မခံစား မိချေ။
“ ယူ သွား ပါ ... ၊ ဒီကပ်ဘေး ကနေ၊ ပြန်ထွက် လာနိုင် မလား ဆိုတာ ငါ မသိဘူး၊ ဒါကြောင့် မင်းတို့ မယူရင်၊ စစ်မက် နယ်မြေ တွေပဲ၊ အကျိုးရှိ သွားလိမ့်မယ်။ ”
လင်းယွန်က ပြုံးပြီး လောချန်ထံ ထပ်တွန်းပေး လိုက်သည်။
“ ငါ့မှာ ပယင်း နယ်မြေက၊ သူငယ်ချင်း တချို့ ရှိတယ်၊ သူတို့က လေးမျက်နှာ မြို့ကို လာလိမ့်မယ်၊ ငါ့ အစား သူတို့ကို ကူညီ စောင့်ရှောက် ပေးဖို့ မျှော်လင့် ပါတယ်။ ”
“ စိတ်ချပါ ... ၊ ဒါနဲ့ လင်းယွန် ... ၊ ငါ မင်းကို ပြောစရာ တစ်ခု ရှိသေးတယ် ... ။ ”
“ အင်း ... ၊ ဘာများလဲ ... ။ ”
“ စစ်မက် နယ်မြေတွေ အကြောင်း ပါပဲ … ၊ စစ်မက် နယ်မြေ တွေက ခွန်လွန်ဘုံ မှာတောင်၊ ခိုင်မာတဲ့ အခြေခံ အုတ်မြစ်တွေ ... ”
“ ... ရှိတယ် ဆိုတာ ကြားဖူးတယ် မဟုတ်လား၊ ဒါက အင်ပါရီယန် တွေထက် သန်မာတဲ့၊ သူတော်စင် မျိုးနွယ် တွေလို့ ပြောချင် တာပဲ။ ”
လင်းယွန်အား တုန်လှုပ် သွားစေ သည်။ လက်ရှိ ခွန်အား အရ၊ သူတော်စင်များ ဟူသည်၊ သူ့ အတွက် တန်ခိုး ရှင်များ ဖြစ်၏။
“ ခွန်လွန် ဘုံက၊ အင်အားကြီး ဂိုဏ်း တွေတောင်၊ သူတော်စင် မျိုးနွယ် တွေကို၊ သတိ ထား ရတယ်၊ ဘာလို့ လဲဆို ... ”
“ ... ဂိုဏ်း တွေရဲ့ အကြီး အကဲ အချို့က၊ သူတော်စင် မျိုးနွယ် ကနေ၊ ဆင်းသက် လာကြ လို့ပဲ၊ ဒါကြောင့် မိစ္ဆာ သတ်ပွဲ ဆိုတာ၊ သူတို့ အတွက်၊ ကစားပွဲ ဆိုတာထက် မပိုဘူး။ ”
လောချန်က စကား ပြောနေ လျှက်မှ၊ လင်းယွန်အား အကဲခတ် လိုက်သည်။ မျှော်လင့် ထား သကဲ့သို့၊ တစ်ဖက် လူမှာ အမူ အရာ ပြောင်းလဲ သွားခြင်း မရှိချေ။
ထို့နောက် လေးယောက်သား စကား အနည်းငယ် ပြောဆိုနေ ပြီးနောက်၊ နှုတ်ဆက် ထွက်ခွာ သွားကြသည်။
“ သူတော်စင် မျိုးရိုး ဖြစ်တာ နဲ့ပဲ ... ၊ မင်းတို့ကောင်တွေ လုပ်ချင်တာ လုပ်လို့ ရတယ်လို့၊ ထင်နေ ကြ တာလား၊ ဟမ့် ... ။ ”
ဒေါသကြောင့် လင်းယွန် နှုတ်ခမ်းများ တုန်ယင် လာသည်။ လူတိုင်း အတွက် အသက် နှင့် သေခြင်းအား၊ ဖြတ်သန်း နေရသော ကောင်းကင် လမ်းမှာ၊ စစ်မက် နယ်မြေ များ၏၊ ခြေဆန့် လက်ဆန့် လာလုပ်သော၊ နေရာ တစ်ခု ဖြစ်နေသည်။
“ ဒါက ... ကစားကွင်း မဟုတ်ဖူး ဆိုတာ မင်းတို့ မကြာခင် သိရ လိမ့်မယ်။ ”
ထို့နောက် သွေးမီးတောက် ဆေးလုံး သုံးလုံးကို ထုတ်ယူကာ၊ ပါးစပ် ပစ်ထည့်လိုက် မိသည်။ သူ့ အရှိန်မှာ အရမ်း နှေးနေ၏။
သည့်ထက် ပို၍ မြှင့်တင်နိုင် ပါက၊ နေလ လက်သီးအား၊ အဆင့်မြင့် ကျွမ်းကျင်မှု ရောက်ရှိ နိုင်ပေမည်။ သို့သော် နာကျင် မှုကို ခံနိုင်ရည် ရှိရမည် ဖြစ်၏။
အပူကြောင့် အရိုးများ အရည်ပျော် နေ သကဲ့သို့ ခံစား လာရ၏။ ထိုစဉ် ရွှေကျီးကန်းနှင့် ငွေဖီးနစ် တို့က၊ သူ့ခန္ဓာ ကိုယ်မှ ပျံထွက် လာသည်။
“ ကောင်းကင်နှင့် မြေကြီး ပေါင်းစည်းစမ်း ... ။ ”
ငှက် နှစ်ကောင်မှာ၊ ကောင်းကင်မှ ဆင်းသက် လာပြီး၊ လက်တွင် လှည့်ပတ် နေစဉ်၊ ကောင်းကင်နှင့် မြေကြီး တုန်ခါ လာ၏။
သည့်နောက် ဖရိုဖရဲ စွမ်းအင် များက၊ အလင်း စက်လုံးကြီး အသွင်၊ လက်၌ ဖြစ်တည် လာသည်။
နေသည် ကောင်းကင် ဖြစ်ပြီး၊ လသည် မြေကြီး ဖြစ်၏။ နေနှင့်လ ပေါင်းစည်း ချိန်တွင်၊ အချိန်၏ စမှတ်သို့၊ ပြန်လည် ရောက်ရှိ သွားမည် ဖြစ်သည်။
ထိုစဉ်က စွမ်းအင် များမှာ၊ ဤအလင်း စက်လုံးကြီး ကဲ့သို့၊ ဖရိုဖရဲ နိုင်ပေ၏။ ၎င်းတွင် ဖျက်ဆီးခြင်း အငွေ့ အသက်များ ပါရှိသည်။ ထို့ကြောင့် မည်မျှ ပေါက်ကွဲ စွမ်းအား ပြင်းမည်ကို ခံစား နိုင်သည်။
စက်လုံး အတွင်း ဖရိုဖရဲ စွမ်းအင်များ စိမ့်ဝင်လာ သည်နှင့် အမျှ၊ အဖျက် စွမ်းအားမှာ၊ ကြောက်မက်ဖွယ် မြင့်တက် လာသည်။
“ ငါ့ရဲ့ အယူ အဆ မှန်နေ ပုံပဲ။ ”
လက် ဝှေ့ယမ်း လိုက်ပြီး၊ လက်ဖဝါး ထဲရှိ အလင်း စက်လုံး ကြီးကို ပြန်လည် ဖြန့်ထုတ်မိ သည်။ ထိုအချိန်တွင် သွေးသား စွမ်းအင်များ မယုံ နိုင်ဖွယ် ကုန်ဆုံး သွား၏။
ထို့နောက် သွေးမီးတောက် ဆေးလုံး (၃)လုံးကို ယူကာ၊ သောက်ချ လိုက်သည်။ သူ့တွင် အနား ယူရန် အချိန် မရှိချေ။
သုံးရက် ထပ်မံ ကုန်လွန် သွားသည်။ ထိုကာလ အတွင်း၊ သွေးမီးတောက် ဆေးလုံး (၂၀၀) ခန့် စားသုံး ဖြစ်ခဲ့၏။
ထို့ကြောင့် ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး၏ ခံနိုင် ဝန်ကို၊ ကျော်လွန် သွားပြီ ဖြစ်သည်။ ဆက်၍ သောက်သုံး ပါက၊ အန္တရာယ် ရှိ၏။
“ ငါ့ရဲ့ ကန့်သတ် ချက်ကို ရောက်နေပြီ၊ ဒါကိုမှ မအောင်မြင် သေးဖူး ဆိုရင်၊ အားလုံး မြောင်းထဲ ရောက်ရ လိမ့်မယ်။ ”
အသက် ပြင်းပြင်း ရှူလျက် ညည်းတွား လိုက်သည်။ နေလ လက်သီးကို ပြီးပြည့် စုံသော ကျွမ်းကျင် မှုမျိုး၊ ရယူလို သော်လည်း၊ ဝေးကွာ နေဆဲ ဖြစ်သည်။
“ ကောင်းကင်နှင့် တူသော ရွှေကျီးကန်း။ ”
ခန္ဓာကိုယ် ထဲမှ ရွှေကျီးကန်း ဝိညာဉ်ကို ခေါ်ယူ လိုက်၏။ လွန်ခဲ့သော (၃)ရက် နှင့်ယှဉ် ပါက၊ ရွှေကျီးကန်းမှာ၊ ဆယ်ပေခန့် ထပ်၍ ကြီး လာသည်။
“ ကျီး ... ။ ”
ရွှေကျီးကန်းက ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ အလင်းများ ထုတ်လွှတ် လိုက်သဖြင့်၊ ကောင်းကင် တစ်ခုလုံး ရွှေရောင် ပြောင်းလဲ လာသည်။
“ မြေကြီးနှင့် တူသော ငွေဖီးနစ်။ ”
အလား တူပင်။ ငွေဖီးနစ် တစ်ကောင် ပျံထွက် လာပြီး၊ မြေပြင်၌ ငွေရောင် ရေအိုင်ငယ် အဖြစ်သို့ ပြောင်းလဲ သွား၏။
ရေကန် အလယ်တွင် ရပ်နေသော လင်းယွန်၏၊ ဆံပင်များ လွင့်မျော နေစဉ်၊ နဖူး၌ ချွေးများ စို့လာ၏။
ခန္ဓာ ကိုယ်အား မတ်မတ် ရပ်နိုင်ရန်၊ သွေးသား စွမ်းအင် များက၊ ကျားကန် ပေးထား သော်လည်း၊ လဲကျလု နီးပါး ပေပင်။
“ ကောင်းကင်နှင့် မြေကြီး ပေါင်းစည်း။ ”
ပတ်ဝန်း ကျင်၌၊ ကြောက်မက်ဖွယ် ရောင်ဝါများ ဖုံးလွှမ်း လာပြီး၊ အလင်း အားလုံး၊ ငှက် နှစ်ကောင်၏ မျိုချခြင်း ခံလိုက် ရသည်။
အကန့် အသတ်မဲ့ စွမ်းအင်များ ခန္ဓာကိုယ် အတွင်း စိမ့်ဝင် လာကာ၊ စူးရှ တောက်ပသော ရောင်ဝါများ ဖြာထွက် စေ၏။
လက်ဖဝါး၌ ဖရိုဖရဲ စွမ်းအင်များ စုရုံး လာပြီး၊ ကောင်းကင်နှင့် မြေကြီး အနှံ့ တုန်ခါမှု လှိုင်းများ၊ ဖြစ်ပေါ် လာသည်။
( ယင်းမှာ အချိန်၏ စမှတ် ကာလ၌၊ ကောင်းကင်နှင့် မြေကြီး မွေးဖွား နေစဉ်၊ အမျိုး မျိုးသော စွမ်းအင်များ ရောထွေးလျက်၊ ဝရုန်း သုန်းကား နိုင်သော ဖြစ်ရပ် မျိုးနှင့် တူ၏။ )
“ နောက်ဆုံးတော့ ... ၊ ငါ အောင်မြင်ပြီ။ ”
စိတ်လှုပ်ရှား စွာဖြင့်၊ လက်ထဲရှိ အလ်ငးစက်လုံး ကြီးအား ငုံ့ကြည့်ကာ၊ ဖြစ်စဉ် များကို ရုတ်သိမ်း ပစ်လိုက်သည်။
သည့်နောက် အလင်းစက်လုံး အတွင်းရှိ၊ စွမ်းအင်များ တဖြည်းဖြည်း လွင့်ပြယ် ကုန်လေ သည်။ ၎င်းစက်လုံးမှာ မရိုးရှင်း လှသဖြင့်၊ တစ်နေရာ ရာသို့၊ မပစ်ထုတ် ရဲချေ။
***