သူ လာမယ်။
Vol. 75 Ch. 1043
ပင်ပန်း နွမ်းနယ် နေသော ခန္ဓာကိုယ် သက်သာရာ ရစေရန်၊ သွေးမီးတောက် ဆေး တစ်လုံးကို ထုတ်ယူ လိုက်သည်။
များ မကြာမီ နှလုံးသားမှာ၊ ပြင်းစွာ ခုန်လာပြီး၊ သွေးရောင် လွှမ်းလာ တော့၏။ သူတော်စင် နဂါး ခန္ဓာ ကိုယ်ကြောင့်၊ ခဏချင်း ပြန်လည် ကောင်းမွန် လာသည်။
သွေးသား စွမ်းအင်များ တစ်ဝက်ခန့် ပြည့်တင်းမိ ချိန်၌၊ ‘ကောင်းကင်နှင့် မြေကြီး၊ တစ်သား တည်း’ အား၊ နောက်ထပ် တစ်ကြိမ် လေ့ကျင့် မိသည်။
စစ်မှန်သော ရည်ရွယ် ချက်ကို၊ ဆုပ်ကိုင် နိုင်ပြီ ဖြစ်သဖြင့်၊ ဆန္ဒရှိသည့် အတိုင်း ထိန်းချုပ် နိုင်၏။ လိုအပ် နေသည်မှာ၊ များများ လေ့ကျင့်ရန် ဖြစ်သည်။
ပို၍ ကျွမ်းကျင် လာသည် နှင့် အမျှ၊ ထိတ်လန့်ဖွယ် မည်မျှ ကောင်းသည်ကို သိမြင် လာခဲ့သည်။
ကနဦး ဖရိုဖရဲ စွမ်းအင်ကို အောင်မြင်စွာ ပေါင်းစည်း လိုက်တိုင်း၊ သူ့ ခန္ဓာကိုယ် ထဲသို့၊ ဖျက်ဆီးခြင်း စွမ်းအင်များ တဟုန်ထိုး စီးဝင် လာသည်။
၎င်းက အနက်ရောင် မီးလျှံများ ကဲ့သို့၊ နှလုံးသားအား ဖုံးလွှမ်း သွားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ် လာစေ၏။
ယင်းကို လွှတ်လိုက် ပါလျှင် မည်မျှ အစွမ်းထက် မည်ကို စိတ်ကူး မယဉ် နိုင်ပေ။ သေချာ သည်မှာ ကောင်းကင် ဝိညာဉ် ကျွမ်းကျင် သူများ၊ ဆုပ်ကိုင် နိုင်သော အရာ မဟုတ်ကြောင်း ပြောနိုင်သည်။
ထို့နောက် သွေးသား စွမ်းအင်များ လုံးလုံး လျားလျား ကုန်ဆုံးသွား သဖြင့်၊ မြေပြင်ပေါ် လဲကျ သွားသည်။
သွေးမီးတောက် ဆေး၊ အများ အပြားကို စားသုံး ပြီးနောက်၊ ခန္ဓာမှာ ပေါက်ကွဲလု နီးပါး အခြေ အနေနှင့်၊ ကြုံနေပြီ ဖြစ်သည်။
ထို့နောက် အနား ယူကာ၊ ပြန်လည် ကောင်းမွန် လာစေရန်၊ အတတ် နိုင်ဆုံး အချိန် ပေးမိသည်။ မျက်လုံး မှိတ်လျက် အိပ်ပျော် သွားတော့၏။
နောက်နေ့ မနက် အရုဏ်ဦး အချိန်၌၊ နေရောင်ခြည်များ မျက်နှာပေါ် ကျဆင်းလာ သဖြင့်၊ မျက်ခွံကို လေးလံစွာ ဖွင့်လိုက် ရသည်။
ဤမျှလောက် သက်တောင့် သက်သာ ဖြစ်စေသော ခံစား ချက်မျိုး တစ်ကြိမ်မျှ မခံစား ဖူးချေ။ ပူနွေးသော နေရောင် အောက်တွင်၊ တက်ကြွ လန်းဆန်း လာ၏။
“ ယွဲ့ ဝေ ဝေ ... ။ ”
မျက်လုံးဖွင့် မိသည်နှင့်၊ ဦးစွာ ရေရွတ် လိုက်မိသည်။
ထို့စဉ် လေတောင်ကုန်း မြို့၌၊ မီတာ ရာဂဏန်းမျှ မြင့်သော မှောင်မိုက် နေသည့်၊ အကျဉ်းထောင် တစ်ခု ရှိသည်။
ထိုအကျဉ်း ထောင်တွင် ပန်းကန်လုံး အရွယ်ခန့်၊ အပေါက် တစ်ပေါက်သာ ထားရှိပြီး၊ လုံး၀ အလုံပိတ် ထားပေ၏။
အလင်းသည် ထိုအပေါက် မှတဆင့်၊ အမှောင် ထဲတွင် ထိုင်နေသော မိန်းကလေး တစ်ဦးပေါ်၊ ကျရောက် သွားသည်။
အနီရောင် ဝတ်စုံမှာ၊ တောက်ပသော အဆင်းကို ထုတ်ဖော်လျက်၊ သူမ မျက်နှာပေါ် အရောင် ဟပ်စေ၏။
ထို့ကြောင့် အသား အရေမှာ၊ ကြောက်မက်ဖွယ် ဖြူဖျော့ နေမှန်း မြင်သာ သည်။ ဤနေရာ၌ အချိန် အတော်ကြာ ထိန်းသိမ်း ခံထား ရခြင်း ဖြစ်၏။
သို့သော် ထိတ်လန့် နေဟန် မရှိဘဲ၊ အပေါက်ငယ် မှတဆင့် ကောင်းကင်ထံ ငေး ကြည့်ကာ၊ တိုးဖွဖွ ရေရွတ် နေခဲ့သည်။
“ မေမေ ... ၊ သမီးကို စောင့်ပါနော်။ ”
ထိုစဉ် အဝေးမှ၊ ခြေသံများ ကြားလာ ရသဖြင့်၊ မျက်နှာ ပြောင်းလဲ သွားပြီး အကြည့် အား၊ ရုတ်သိမ်း လိုက်၏။
ငရဲ နတ်ဘုရား နယ်မြေ၏ သခင်ငယ်က၊ ဆွဲဆောင်မှု ရှိသော ယွဲ့ဝေဝေအား အပေါက်မှ ချောင်းကြည့်ကာ၊
“ မိန်းကလေး ဝေ၊ မင်းရဲ့ အကြောင်းကို ပြောဖို့ စိတ်ကူး မရှိ သေးဖူးလား။ ”
-ဟု မေးမြန်း လိုက်သည်။
သို့သော် ယွဲ့ဝေဝေမှ စကား တစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ် နေခဲ့သည်။ သူမ နောက်ခံ သည်၊ မရိုး ရှင်းကြောင်း သူတို့ သိထားသည်။
“ နတ်ဘုရား အသွေးတော် သစ်သီးကို လွှဲပေးရင်၊ မင်းကို ငါတို့ရဲ့ ရန်သူ အဖြစ် အခုလို၊ သတ်မှတ် မိမှာ မဟုတ် ပါဘူး။ ”
“ ယွဲ့ဝေဝေ ... ၊ သိပ် လွန် မလာနဲ့၊ ငါတို့ နင့်ကို ကောင်းကောင်း မွန်မွန် ဆက်ဆံ နေတာ၊ ငါတို့ရဲ့ လူတွေ ကိုတောင်၊ ... ”
“ ... နင် သတ်ခဲ့ သေးတယ် မဟုတ်လား၊ ဒီလိုသာ ဆက်ပြီး ခေါင်းမာ နေရင်တော့၊ ငါတို့ နှိပ်စက် ရလိမ့် မယ်။ ”
တော်ဝင် နဂါး သခင်ငယ်မှ ဝင်ရောက် ခြိမ်းခြောက် လိုက်သည်။
“ ငါ့ လက်မှာ သေသွားတဲ့ ... လူတိုင်းက၊ လောဘ ကြီးတဲ့ သူ တွေပဲ၊ မကျေနပ်ရင် ကြိုက် သလို လုပ်လို့ ရတယ်၊ ဒါပေမယ့် နင်တို့ အရည် အချင်း ရှိ-မရှိ ပေါ်သာ မူတည်တယ်။ ”
ယွဲ့ဝေဝေက လှောင်ပြောင် လိုသော အကြည့်ဖြင့်၊ တော်ဝင် နဂါး သခင်ငယ်အား ပြန်ကြည့်ကာ ဆိုသည်။
“ နင်တို့ ... မလုပ် မဝံ့ တာတော့ သေချာတယ်၊ ငါသာ ဆန္ဒ ရှိရင်၊ နတ်ဘုရား အသွေးတော်ကို ဖျက်ဆီး ပစ်နိုင်တယ်။ ”
“ မင်းတို့ အရင် သွားနှင့်ပါ၊ ငါ သူနဲ့ ပြောစရာ နည်းနည်း ရှိတယ်။ ”
ငရဲ နတ်ဘုရား နယ်မြေမှ သခင်ငယ်က ဆိုသည်။ ထို့ကြောင့် တော်ဝင် နဂါး သခင်ငယ် နှင့်၊ ယင်ယန် သုခဘုံ သခင်ငယ် တို့မှာ၊ အကြည့်ချင်း ဖလှယ် လိုက်ကြ၏။
သို့သော် သူတို့ သုံးဦးတွင်၊ ၎င်းက ခေါင်းဆောင် ဖြစ်သဖြင့်၊ မေးခွန်း မထုတ်ဘဲ၊ လှည့်ထွက် မိသည်။
အားလုံးမှာ၊ သူတော်စင် မျိုးနွယ် များမှ၊ ဖြစ်ကြ သော်လည်း၊ ငရဲနတ် ဘုရား နယ်မြေ၏ အုတ်မြစ်မှာ ပို၍ နက်ရှိုင်း ချေ၏။
ထို့ကြောင့် ယွဲ့ဝေဝေအား ဖမ်းဆီးရန်၊ သန်မာသော အကြီး အကဲ တစ်ဦးမှ၊ အကူ အညီ ရယူ ခဲ့သည်။
ကောင်းကင် လမ်း၌၊ ၎င်းအား ဆန့်ကျင် ခြင်းသည်၊ အန္တရာယ် ရှိသော လုပ်ရပ် တစ်ခု ဖြစ် ချေ၏။
သူ့ အဖော် နှစ်ယောက် ပျောက်ကွယ် သည်အထိ စောင့်ပြီးနောက်၊ ငရဲ နတ်ဘုရား နယ်မြေ သခင်ငယ်က ယွဲ့ဝေဝေအား ပြုံးလျက်၊
“ မင်း ... ၊ ငါ့ကို လက်မခံ ရတဲ့ အကြောင်း ရင်းကို ငါသိပြီ ... ။ ”
“ ဘာလဲ နင့်ကိုယ်နင် မစင် စားတဲ့၊ ဝက်တစ်ကောင် ဖြစ်မှန်း သိသွား တာလား၊ သွားစမ်း ... ၊ ငါ့ ကို လာ မနှောက် ယှက်နဲ့။ ”
ယွဲ့ဝေဝေ၏ တုန့်ပြန် စကားကြောင့်၊ ငရဲ နတ်ဘုရား သခင် ငယ်မှာ၊ သွေးအန်လု နီးပါး၊ ဒေါသ ထွက်လာသည်။
“ လင်း ယွန် ... ။ ”
ရုတ်တရက် ထိုအမည်အား ရွတ်ဆိုပြ လိုက်ရာ၊ ယွဲ့ဝေဝေ ခန္ဓာကိုယ် အနည်းငယ် တုန်ယင် သွားသည်ကို မြင်လိုက် ရ၏။
သူ့ အတွေး မှန်နေ သဖြင့်၊ ပြန်၍ ပြုံးရယ် မိပြီး၊
“ ဆယ်ရက် အတွင်း၊ မိစ္ဆာ သတ်ပွဲ ကျင်းပမယ်လို့၊ သူ့ကို ငါပြော ခဲ့တယ်၊ သူက ဒေါသ တကြီးနဲ့၊ ငါ့ခွေး တစ်ကောင်ကို သတ်ဖို့ ကြံရွယ် တယ်၊ ... ”
“ ... ပြီးတော့ မင်းရဲ့ ဆံချည် တစ်မျှင် ကိုတောင် မထိဖို့၊ ပြန်သတိ ပေးလာတယ်၊ ဒါက ရယ်စရာပဲ၊ နိမ့်ကျတဲ့ အရပ်က လာတဲ့ အရိုင်း အစိုင်း တစ်ယောက်က ဒီလို စော်ကားဝံ့ သလား။ ”
“ သူ့ကို မထိဖို့ ... ၊ နင့်ကို သတိပေး လိုက်မယ်။ ”
နောက်ဆုံးတွင် ယွဲ့ဝေဝေ ဒေါသမှာ၊ ပေါက်ကွဲ လာခဲ့သည်။ အကြည့်ဖြင့် လူသတ်နိုင် ပါက၊ ငရဲ နတ်ဘုရား သခင်ငယ်ကို သတ်ပြီး ဖြစ်လေသည်။
“ ကျွတ် ... ကျွတ် ... ၊ ဒါဆို သူက မင်းရဲ့ ကောင်လေး ဆိုတာ သေချာ ပြီပေါ့၊ ယွဲ့ဝေဝေ ငါ တကယ် နားမလည် နိုင်ဘူး၊ သူက ငါ့ထက် ဘာများ သာ နေလို့လဲ။ ”
“ စိတ် ဓါတ် ... ။ ”
ယွဲ့ဝေဝေ အကြည့် များက၊ ငရဲ နတ်ဘုရား နယ်မြေ သခင်ငယ်၏ နှလုံးသား ထိတိုင်၊ တုန်ခါ သွား စေ၏။
“ ကောင်းပြီ ... ၊ မင်းရဲ့ မာနကို ဆက်ထိန်းထား လိုက်ပါ၊ မဟုတ်လို့ ငါ့ ဆီမှာ မင်း ဒူးထောက် လာရင်၊ ငါ ပျင်းရ လိမ့်မယ်။ ”
“ ထွက် သွား စမ်း ... ။ ”
“ ယွဲ့ဝေဝေ၊ ငါ နင့်ရဲ့ အားနည်း ချက်ကို ရှာတွေ့ပြီ၊ အဟား ... ၊ ဆယ်ရက် နေရင် မင်း ဘာလုပ် မလဲ ဆိုတာ ကြည့်ရအောင်။ ”
ငရဲ နတ်ဘုရား သခင်ငယ်က ပြုံးလျက် လှည့်ထွက် သွားသည်။ ကျောခိုင်းပြီး သည်နှင့်၊ သူ့ မျက်နှာ၌ အေးစက် မှုများ အစားထိုး ဝင်ရောက် လာ၏။
လင်းယွန် တစ်ယောက် သူမ အတွက် သေချာပေါက် ရောက်လာ လိမ့်မည်ကို သိသော ယွဲ့ဝေဝေ ခမျာ၊ ကနာမငြိမ် တော့ချေ။
သူမ၏ ရန်သူ မည်သူ မဆို၊ သူ့ရန်သူ ဖြစ်စေရ မည်ဟူသော စကား များမှာ၊ တဝဲ လည်လည် ကြားယောင် လာသည်။
ထိုကတိသည် သူမအား ပို၍ တည်ငြိမ် သွားစေ၏။ မလာ စေချင် သော်လည်း၊ လာမည် မှာ၊ သေချာ နေပေပြီ။
အဆုံးတွင် အစ်ကိုကြီး ယွန်မှာ၊ ဤသခင်ငယ် ဟူသော မြေခွေး သုံးကောင်နှင့် ယှဉ်ပါက၊ အတွေ့ အကြုံ နုနယ် နေသေး၏။
ထို့နောက် စိတ်အား ဖြေလျှော့ကာ၊ ပြဿနာ၏ အဖြေကို စတင် စဉ်းစား နေမိ တော့သည်။
အစ်ကိုကြီး ယွန် ကဲ့သို့သော ရိုးသား ထက်မြက်သည့် လူငယ် တစ်ဦးကို၊ မသေစေ လိုချေ။ ကောင်းကင် လမ်းမှ လွန်မြောက်ကာ၊ ခွန်လွန် ဘုံ၌ တောက်ပ စေချင်သည်။
တော်ဝင် နဂါး သခင်ငယ်နှင့်၊ ယင်ယန် သုခဘုံ သခင်ငယ်တို့ နှစ်ဦးမှာ၊ ငရဲ နတ်ဘုရား နယ်မြေ၏ သခင်ငယ်အား မြင်ချိန်၌၊ ချက်ချင်း ပြုံးပြ လိုက် ကြသည်။
“ မင်း ကြည့်ရတာ ယုံကြည်ချက် ရှိလာ သလိုပဲ။ ”
“ လူ တစ်ယောက်ရဲ့၊ အားနည်း ချက်ကို ရှာနိုင် တာနဲ့၊ နောက်ခံက အရေး မကြီးတော့ ပါဘူး၊ လင်းယွန်ကို သတ်ပြီးနောက် အချိန်ကြာ လာတာနဲ့ အမျှ၊ သူ မေ့သွား လိမ့်မယ်၊ ဒါက ပုရွက်ဆိတ် တစ်ကောင်ပဲ မဟုတ်လား။ ”
ငရဲ နတ်ဘုရား သခင်ငယ်က ပိုင်နိုင် စွာဖြင့် တုန့်ပြန် လာသည်။
“ ငါ ... သတင်း နည်းနည်း ရထားတယ်။ ”
“ ပြောပါဦး ... ။ ”
တော်ဝင် နဂါး သခင်ငယ် စကားကြောင့်၊ ငရဲ နတ်ဘုရား သခင်ငယ်က ပြန် မော့ကြည့် လိုက်သည်။
“ လေးမျက်နှာ မြို့မှာ တစ်ယောက် ယောက်က သွေးမီးတောက် ဆေးလုံးနဲ့၊ နဂါး သွေးရည်ကြည် တွေ ဝယ်ယူ သွားတယ်၊ ကြည့် ရ တာ ... လင်းယွန်ကို ကူညီမဲ့သူ ရှိနေတယ်။ ”
“ သူ့ကို ထားလိုက်ပါ၊ အာရုံစိုက် နေရင် ပင်ပန်းတယ်၊ ဘာပဲ ဖြစ်ဖြစ် စိတ်ပျက် အားငယ် ခြင်း ဆိုတဲ့၊ အဓိပ္ပါယ်ကို ငါ သင်ပြပေး လိုက်မယ်။ ”
ငရဲ နတ်ဘုရား သခင်ငယ်က၊ အေးစက်စွာ ဆိုလိုက် တော့သည်။ သူ့ အတွေးတွင် လင်းယွန် တစ်ယောက်၊ အရူး မီးဝိုင်း နေပေ၏။
***