နောက်ဆုံး ပန်းတိုင်။
Vol. 75 Ch. 1044
မိစ္ဆာ သတ်ပွဲ ကျင်းပရန်၊ ဆယ်ရက်သာ ကျန်ရှိ တော့ပြီး၊ လင်းယွန်မှာ ကျင့်ကြံ နေဆဲ ဖြစ်၏။
ထိုပွဲအား ကြည့်ရှုမည့် လူများ စွာက၊ လေတောင်ကုန်း မြို့သို့၊ သွားရောက် စုရုံး နေပြီ ဖြစ်သည်။
ကောင်းကင်ကို အံတု နေသော ဓားသမား တစ်ယောက်၏ ဒဏ္ဍာရီကို၊ လူတိုင်း သက်သေ အဖြစ်၊ ပါဝင် လိုသည်။
လင်းယွန်မှာ သေရန် သေချာ နေပြီ ဖြစ်သောကြောင့် လူတိုင်းက သနားနေ မိ၏။ သို့သော် လင်းယွန်သာ မသွား ရောက်ခဲ့ ပါက၊ နှလုံးသား ထဲ၌ နတ်ဆိုး တစ်ကောင် ထာဝရ ရှိနေပေ လိမ့်မည်။
သူ့ကဲ့သို့ အရည် အချင်း ရှိသူ တစ်ဦး အတွက်၊ ကျင့်ကြံမှု ရပ်တန့် သွားခြင်းသည်၊ သေခြင်းထက် ဆိုးချေ၏။
တစ်ဖက်တွင် လေတောင်ကုန်း မြို့သို့ မထွက်ခွာ လိုသည့် လူ အချို့လည်း ရှိနေသည်။ သူတို့က လေးမျက်နှာ မြို့၌သာ၊ လင်းယွန် ပုန်းနေ လိမ့်မည်ဟု၊ ယူဆ မိကြ၏။
သေလမ်းကို မည်သူမျှ လျှောက်ဝံ့မည် မဟုတ်ကြောင်း ယုံကြည့် ကြရာ၊ လင်းယွန်အား စောင့်ကြည့် လိုခြင်း ဖြစ်သည်။
ထိုအချင်း အရာ များကို မသိသော လင်းယွန်မှာ၊ ခြံဝင်း ထဲ၌ တိတ်ဆိတ်စွာ ကျင့်ကြံ နေ၏။
သူတော်စင် နဂါး ခန္ဓာ အတွက်၊ နဂါး သွေးရည်ကြည် (၁၀) စက်ကို တစ်ကျိုက်တည်း၊ သောက်ယူ ထား၏။
နေလ လက်သီးကို အသုံး ပြုရန်၊ သွေးသား စွမ်းအင်များ ကုန်ဆုံးရ သဖြင့်၊ လုံလောက်သော ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုး လိုအပ် ပေသည်။
နဂါး ရောင်ဝါများ ပါရှိသော လေပွေ တစ်ခု သိုင်းခြုံ လာ၏။ အရိုး များက အက်ကွဲ ကုန်ကာ၊ လျှပ်စီးများ လက်လာသည်။
နဂါး သွေးရည်ကြည် ကြောင့်၊ အသွင် ပြောင်း လာခြင်း ဖြစ်၏။ တစ်ချိန်တည်း မှာပင် နဂါး အရိုး၏ လျှို့ဝှက်ချက် ကိုလည်း တွေ့ရှိ လာသည်။
နတ်ရူရ်ဖြင့် နဂါး အရိုးကို၊ အလွှာ ဆယ်ခု ပိတ်ဆို့ ထားသည်။ အလွှာ တစ်လွှာကို ဖယ်ရှား နိုင်သည်နှင့်၊ အရိုး ထဲတွင် ပါရှိသော သွေးသား စွမ်းအင်ကို၊ ခံစား နိုင်မည် ဖြစ်၏။
ထို စွမ်းအားသည် အလွန် အားကောင်း သောကြောင့်၊ ထိန်းချုပ်ရန် အတွက်၊ ရုပ်ခန္ဓာ ပို၍ သန်စွမ်း နေရ ပေမည်။
ယခုတွင် မည်သူ မဆို သူ့ထံမှ၊ နဂါး အရိုး ရယူလို ပါက၊ နတ်ဘုရား ရူရ်မှ ပြန်၍ တိုက်ခိုက် ပေးမည် ဖြစ်သည်။
ထိုအလွှာ ဆယ်ခုကို ဖယ်ရှားပြီး ပါက၊ နဂါး တစ်ကောင်၏ စစ်မှန်သော စွမ်းအားကို ထိတွေ့ နိုင်မည် ဖြစ်သည်။
ဤသည်မှာ နဂါး အရိုး၏ စွမ်းအားကို ဖြည်းဖြည်းချင်း ဆုပ်ကိုင် မိစေရန်၊ နဂါး သခင်မှ ရည်ရွယ် ထားသော အစီ အစဉ် ဖြစ်သည်။
“ လက်ရှိမှာ ... ၊ ငါက သူတော်စင် နဂါး ခန္ဓာရဲ့၊ ပထမ ပုံစံပဲ ရှိသေးတယ်၊ ပထမ အတား အဆီးကို ဖယ်ချင်ရင်၊ ဒုတိယ ပုံစံကို ရောက်ဖို့ လိုတယ်၊ ဒီနဂါး သွေးရည်ကြည် ဆယ်စက်နဲ့၊ လုံလောက်ပါ့ မလား မသိဘူး … ။ ”
သွေးရည်ကြည် တစ်စက် သန့်စင် ရုံဖြင့်၊ ပထမ အတား အဆီးကို ဖြေလျော့ သွားစေ၏။ လေးနာရီ အကြာတွင်၊ သုံးစက် အထိ သန့်စင် နိုင်ပြီး၊ နောက်ဆုံး အတား အဆီးအား၊ ကျိုးစေ ခဲ့သည်။
ထို့နောက် သန့်စင်မှု အရှိန် အဟုန်မှာ၊ နှေးကွေး လာသည်။ နဂါး သွေး ရည်ကြည်၏ စွမ်းအားမှာ၊ ပြင်းထန်လှ သောကြောင့်၊ အလျင် စလို မလုပ်ရဲ တော့ချေ။
သွေးရည်ကြည် (၁၀)စက်ကို တစ်ပြိုင် နက်တည်း၊ သန့်စင် ခြင်းသည် ကန့်သတ်ချက် ဖြစ်၏။
တစ်ရက်ခွဲ ကြာပြီးနောက် အားလုံးကို သန့်စင်ပြီး သွားသည်။ သူတော်စင် နဂါး ခန္ဓာ၏ ပထမ ပုံစံ ကိုလည်း၊ အောင်မြင် ခဲ့၏။
အရေပြား ပေါ်၌၊ ခရမ်း ရွှေရောင် နဂါး ရူရ် (၁၅)လုံး ဖြစ်ပေါ် လာသဖြင့်၊ သူတော်စင် နဂါး ချပ်ဝတ်မှာ၊ မယုံ နိုင်ဖွယ် အားကောင်း သွားချေ၏။
သူ့အား၊ ဒဏ်ရာရ စေလိုသော်၊ အဆိုပါ နဂါးရူရ် (၁၅) လုံးကို ဦးစွာ ဖျက်ဆီးပစ် ရမည် ဖြစ်သည်။ ဤအရာက ကာကွယ် နိုင်စွမ်းကို များစွာ မြှင့်တက် လာစေ၏။
တစ်ဖက်တွင် နဂါး ရူရ် များအား၊ မဖျက်ဆီးနိုင် ပါက၊ တန်ပြန် တိုက်ခိုက်ရန် အတွက်၊ လျှပ်စီး စွမ်းအင်များ ရှိနေသည်။
“ ဒါ ... ငါ့ရဲ့ ဝှက်ဖဲလို့ ယူဆ နိုင်တယ်၊ ဘယ်လောက် ကောင်း လိုက်လဲ၊ ခံစစ်နဲ့ တိုက်စစ် တွဲစပ် ထားတဲ့၊ အစစ် အမှန် တိုက်ပွဲဝင် ချပ်ဝတ်ပဲ။ ”
ထို့နောက် ချပ်ဝတ်အား ပျောက်ကွယ် စေလိုက်ကာ၊ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး စွမ်းအင်ကို သုံးလျက်၊ လေထဲ လှမ်းကိုင် လိုက်သည်။
“ နဂါး ထွက်သက် ... ။ ”
မီတာ တစ်ထောင် အကွာရှိ ဇရပ်ငယ် တစ်ခုမှာ၊ လက်ကြီး တစ်ဖက်မှ ဆုပ်ချေ ခံလိုက် ရ သကဲ့သို့၊ ရုတ်တရက် အမှုန့် အဖြစ် ပြောင်းလဲ သွား၏။
ယင်းမှာ သူတော်စင် နဂါး ခန္ဓာ ကိုယ်အား၊ ဒုတိယ ပုံစံသို့ ရောက်ရှိ လာသော၊ လက္ခဏာ တစ်ရပ် ဖြစ်လေသည်။
ထို့စဉ် ရင်ဘတ် ထဲမှ အရိုးက၊ တုန်ခါ လာပြီး၊ ပထမ အတား အဆီး အလွှာ တစ်ခုလုံး၊ ပါးလျ လာ၏။
“ ကျိုး ပြီ လား ... ။ ”
နဂါး အရိုးမှ၊ လူသား ကျင့်ကြံသူ များ၏၊ မူလ စွမ်းအင်နှင့် တူသည့်၊ နဂါး စွမ်းအင်များ ထုတ်လွှတ် လာသည်။
အကန့် အသတ်မဲ့၊ နဂါး စွမ်းအင် များက သွေးကြော များမှ တဆင့်၊ ဖြည့်တင်း လာစဉ်၊ သူ့ ခန္ဓာမှာ လေထဲ လွင့်မျော သွားသည်။
ထို့စဉ် တတိယ ကောင်းကင် ဝိညာဉ် နယ်ပယ် ပိတ်ဆို့မှု သည်လည်း၊ ကျိုးပဲ့သွား တော့၏။
ရောင်ဝါ သမုဒ္ဒရာ တစ်စင်း ပေါ်ထွန်း လာစဉ်၊ ကောင်းကင်မှာ အရောင် ပြောင်းလဲ သွားသည်။
“ ဂျိန်း ... ။ ”
မိုးကြိုး တိမ်တိုက်များ ဦးခေါင်း အထက်၌ စုစည်း လာကာ၊ ကြယ်မိစ္ဆာ ပန်းများ ထွက်ပေါ် လာ၏။
“ ကောင်းပြီ ...၊ လာစမ်း ... ၊ အနည်း ဆုံးတော့ ဒီနဂါး စွမ်းအင်နဲ့၊ ငါ မသေနိုင် လောက် ပါဘူး။ ”
နှလုံးသား ထဲရှိ ကြောက်ရွံ့မှုကို မျို သိပ်လျက်၊ သူ့ကိုယ်သူ အားပေး လိုက်သည်။ သတိကြီး စွာဖြင့် ကြယ်မိစ္ဆာ ပန်းများကို ရောင်ဝါ သမုဒ္ဒရာထဲ၊ ဆွဲယူ ရပေမည်။
ယင်းမှာ ရူးသွပ်ဖွယ် အတွေးမျိုး ဖြစ်သော်လည်း၊ ခွန်အား အရာ၌ များစွာ အထောက် အကူ ဖြစ်စေမည် ဖြစ်သည်။
လက်ရှိ အချိန်၌၊ များစွာ ပို၍ သန်မာ လာသည့် အပြင်၊ စင်ကြယ်သော ဝိညာဉ်တော် များက၊ သူ့ ယုံကြည် မှုအား၊ တိုးပွား စေခဲ့၏။
သို့သော် ကြယ်မိစ္ဆာ ပန်းတိုင်းသည် အန္တရာယ် ရှိသောကြောင့်၊ ၎င်းတို့အား လျှော့ မတွက် ဝံ့ချေ။ မဆွဲ ယူမီ အားနည်းအောင် တိုက်ခိုက် ပစ်ရ ပေမည်။
အနည်း ငယ်သော အမှားလေး မှပင်၊ ရောင်ဝါ သမုဒ္ဒရာအား ပျက်စီး စေမည် ဖြစ်ပြီး၊ ကျင့်ကြံ မှုကို ကျဆင်း သွားစေ နိုင်၏။
“ လာ ခဲ့ စမ်း ... ။ ”
ရွှေကျီးကန်းနှင့် ငွေဖီးနစ်ကို ကြယ်မိစ္ဆာ ပန်းများ ထံသို့၊ ဦးတည် ပျံသန်း စေလိုက်သည်။ တစ်ချိန်တည်း မှာပင်၊ နဂါး ရူရ် (၁၅)လုံးအား အသက် သွင်းလျက်၊ ကောင်းကင် ဓားကို အသင့် ပြင်၏။
သိုင်းဝိညာဉ် များမှ လွဲ၍၊ ဝှက်ဖဲ အားလုံး ထုတ်ဖော်ကာ၊ ဒုက္ခအား ခံယူ နေစဉ် နဂါးလေး သည်လည်း၊ ပျင်းရိ မနေ ခဲ့ချေ။
သိုလှောင်အိတ် အတွင်းမှ ရတနာဟု ထင်ရသော၊ မြင်မြင် သမျှ အရာရာ တိုင်းကို စားသုံး ပြီးနောက်၊ နတ်မိစ္ဆာ ကျင့်ကြံမှု အပေါ်၊ အာရုံစိုက် နေသည်။
အောင်မြင်မှု ရပါက၊ နဂါး မျောက်ဝံ (ဒရာ ကိုပီ) အဖြစ်သို့၊ အသွင် ပြောင်းကာ တိုက်ပွဲဝင် နိုင်မည် ဖြစ်သည်။
သူတို့ နှစ်ဦး လုံးက ချမှတ် ထားသော ကတိများ အတိုင်း၊ တက်စွမ်း သမျှ အရာ ရာကို လုပ်ဆောင် နေခဲ့ ကြသည်။
လူ တစ်ဦနှင့်၊ ကြောင် တစ်ကောင်၏ ပန်းတိုင်မှာ၊ ယွဲ့ဝေဝေ ဟူသော ဆုံချက် ၌သာ ရှိနေ ချေပြီ။
***