ကြည့်ရအောင်။
Vol. 75 Ch. 1045
နောက်ထပ် သုံးရက် ကုန်လွန် ပြီး နောက်တွင်၊ လေးမျက်နှာ မြို့ ကောင်းကင် ကြေးမုံ၌၊ အမည် အသစ် တစ်ခု ပေါ်လာ၏။
နောက်ဆုံး တိုက်ပွဲ နီးကပ် လာသည် နှင့်အမျှ၊ အဆင့် သတ်မှတ် ချက်တွင် နာမည် အသစ်များ၊ ပေါ်လာ တက်သည်မှာ သဘာဝ ပေပင်။
သို့သော် ဤတစ်ကြိမ် အမည်သည်၊ လင်းယွန် ဖြစ်ပြီး၊ ခရမ်းရောင် အဆင့်၊ ဒသမ နေရာ၌ ဖြစ်နေ ပေ၏။
လူများ စွာက အဆင့် ဖော်ပြချက်အား ကြည့်နေမိ ကြသည်။ ဟဲချင်းဖန်ကို လွယ်လွယ် အနိုင်ယူ ထားသဖြင့်၊ ဤလင်းယွန်မှာ ရွှေ အဆင့် ဝင်မည် ဟုပင်၊ သူတို့ ထင်မိ၏။။
ထို့ကြောင့် အချို့က လင်းယွန်၏ အဆင့် သတ်မှတ်ချက်၊ နိမ့်ပါး လွန်း သည်ဟု ပြောဆို လာ ကြသည်။
ယင်းက အဓိပ္ပါယ် ရှိနေ ပြန်သည်။ မိစ္ဆာ သတ်ပွဲကြောင့်၊ လင်းယွန် တစ်ယောက် ဒုက္ခကို အလျင် စလို ရယူ ခဲ့မှန်း၊ လူတိုင်း သိသည်။ စိတ်မကောင်း စရာ ပေပင်။
သူ့အတွက် အချိန်မှာ၊ နည်းပါး လွန်း နေသည်။ အချိန် တိုတိုဖြင့် ဒုက္ခ ခံယူ ခြင်းသည် အုတ်မြစ်ကို အားနည်း စေ၏။
ဓားတာအိုတွင် အရည် အချင်း ရှိကာ၊ ဓားမိစ္ဆာ တစ်ကောင် အဖြစ်ပင် ထင်ကြေး ပေး ထားကြသည်။ ထို့ကြောင့် လက်ရှိ ဖြစ်ရပ်မှာ၊ ထိုအလား အလာအား အနည်းငယ် အနှောက် အယှက် ဖြစ်စေမည် ဖြစ်သည်။
လင်းယွန်နှင့် ပတ်သက်သော၊ အထက်ပါ ဝေဖန်သံ များက၊ ရွှေအဆင့်၌ ရှိနေသူ များကို မပျော် မရွှင် ဖြစ်လာ စေသည်။
ရွှေ အဆင့် ဟူသည် ခရမ်းရောင် အဆင့်ထက် ပို၍ မြင့်မား သောကြောင့်၊ သူတို့ကိုယ် သူတို့ နတ်ဘုရားများ အလား၊ ပြုမူ နေထိုင် တက်ကြ၏။
“ တခြား လူတွေထက် စာရင်၊ နာမည် ကြီးအောင် ဘယ်လို လုပ်ရ မလဲ ဆိုတာ သူက၊ ကောင်းကောင်း သိတယ်။ ”
“ ဗိုလ်ချုပ် ဆယ့်နှစ် ယောက်ကို သတ်နိုင် ရင်တောင် ... ၊ ဘာများ အထင် ကြီးစရာ ရှိနေ လို့လဲ၊ ဗိုလ်ချုပ် တွေကို၊ ... ”
“ ... ငါတို့လည်း လွယ်လွယ် နှိမ်နှင်း နိုင်တာပဲ မဟုတ်လား ... ၊ သခင်ငယ်တွေ ကြောင့်သာ ဘယ်သူမှ လက် မရောက် ကြတာပါ။ ”
ရွှေအဆင့် လူငယ် များက မကျေ မနပ်ဖြင့် ဝေဖန် နေကြသည်။
နှစ်ရက် အကြာတွင်၊ မိစ္ဆာ သတ်ပွဲအား နှစ်ရက် ကြိုတင် ကျင်းပမည် ဟူသော သတင်း ပျံ့နှံ့ လာသည်။
လင်းယွန်ကို ဖမ်းနိုင် သူသည်၊ အကြီး အကဲ ဗိုလ်ချုပ်နှင့် ညီမျှသော အခွင့် အရေးများ ရရှိနိုင် မည်ဟု၊ နောက်ဆက်တွဲ ကြေငြာ လာ၏။
လူတိုင်း အတွက် စိတ်လှုပ်ရှား စေသော ဆုလာဘ် တစ်ခု ပေပင်။ ကောင်းကင် လမ်းကို ဖြတ်သန်း ရခြင်းမှာ၊ ခွန်လွန် နယ်မြေ၌ နောက်ခံ ကောင်းကောင်းကို ရယူလို သောကြောင့် ဖြစ်သည်။
သို့သော် ထိုဆန္ဒအား အကောင် အထည် ဖော်ရန် မလွယ် ကူကြောင်း၊ လူတိုင်း သိလာ ကြပြီ ဖြစ်၏။
ယခု ကဲ့သို့ သူတော်စင် မျိုးနွယ် များမှ၊ သခင်ငယ် များ၏ ကမ်းလှမ်းမှုကို ကြားရ ချိန်၌၊ မျှော်လင့်ချက်များ တစ်ဖန် တောက်ပ လာသည်။ ယင်းသည် မဟာ ဂိုဏ်းကြီး တစ်ဂိုဏ်းကို ရရှိ ခြင်းနှင့် ညီ၏။
ဟဲချင်းဖန်ကို လင်းယွန်မှ သေဒဏ် စီရင်ခြင်း အပေါ်၊ သခင်ငယ် များမှ လက်တုန့် ပြန်ခြင်းလည်း ဖြစ်၏။
“ ဘယ်လောက်တောင် ယုတ်မာ လိုက်တဲ့ လူတွေလဲ၊ သခင်ငယ် ဆိုတဲ့ ဂုဏ်ပုဒ် နဲ့တောင် မလိုက်ဘူး။ ”
“ လင်းယွန် ကျင့်ကြံ နေမှန်း သိလို့ ... ၊ တမင် လုပ်နေတာ၊ ငါသာ လင်းယွန် နေရာမှာ ဆိုရင် ဒေါသကြောင့်၊ ကျင့်ကြံမှု တိမ်းစောင်း သွား နိုင်တယ်။ ”
“ ကြည့်ရတာ ရွှေအဆင့် ကျွမ်းကျင်သူ တွေတောင်၊ ဒီဆုကြေး အပေါ် စိတ်ဝင်စား ပုံပဲ၊ သူတို့ စုရုံး နေကြပြီ။ ”
“ သူတို့ အားလုံး ဒီဆုလာဘ် အတွက်၊ ပူးပေါင်း လာမှာ ကြောက်မိတယ်၊ လင်းယွန်ရဲ့ ဂုဏ် သတင်းက၊ မနာလို စရာ မဟုတ်လား။ ”
မိုးသက် မုန်တိုင်း တစ်စင်း အတွက်၊ လေးမျက်နှာ မြို့၌ လေဖိ အားနည်း ရပ်ဝန်း တစ်ခု စတင် နေပြီ ဖြစ်သည်။ မုန်တိုင်း အစပျိုး ကာလမှာ နှစ်ရက် ဖြစ်၏။
နောက်ဆုံးတွင် ကိုယ့် ချစ်သူအား၊ မျက်စိရှေ့မှောက် အသတ်ခံ ရသော ဖြစ်ရပ်မျိုး မည်သူမျှ မလိုချင် ကြချေ။ အထူးသဖြင့် မာန ကြီးသော လင်းယွန် ဖြစ်သည်။
ဤသည်မှာ ငရဲနတ်ဘုရား သခင်ငယ်မှ ချမှတ် ထားသော အစီ အစဉ် တစ်ရပ် ဖြစ်၏။ အရှက် တရား ဟူသော ဝေါဟာရနှင့်၊ ကူကယ် ရာ မဲ့ခြင်း၏ အဓိပ္ပါယ်ကို၊ လင်းယွန်အား တစ်ဘဝ စာသင် ပေးရန် ရည်ရွယ်သည်။
ထိုအချိန်တွင် လင်းယွန် ခမျာ၊ ဒုက္ခ ပြီးမြောက် ပြီးနောက်၊ မနား အားဘဲ ဓားရေး တစ်ရပ်ကို ဆက်၍ လေ့ကျင့် နေခဲ့ သည်။
နဂါး စွမ်းအင်ကြောင့်၊ သူ့ ဒုက္ခမှာ လွယ်ကူ ခဲ့၏။ ရောင်ဝါ သမုဒ္ဒရာ တစ်ခုတွင်၊ ကြယ်မိစ္ဆာ ပန်း နှစ်ပွင့် စီကို၊ စိုက်ပျိုး နိုင်လိုက်သည်။
ရောင်ဝါ သမုဒ္ဒရာများ အတွင်းရှိ မူလ စွမ်းအင် များကို နဂါး စွမ်းအင်ဖြင့်၊ သန့်စင် ထားလေရာ သိပ်သည်း ဆမှာ၊ ပြိုင်ဘက် တိုင်းထက် သာလွန် ချေသည်။
အခြား လူများ အနေြဖင့်၊ ဆဋ္ဌမ ကောင်းကင်သို့ ရောက်ရှိ ပြီးမှသာ၊ ကြယ်မိစ္ဆာ ပန်း များကို စိုက်ပျိုးရန်၊ သတ္တိရှိ ကြပေမည်။
သခင်ငယ် ဟူသော၊ ထိုသူကောင်းသား များပင် ခြွင်းချက် မရှိနိုင်။ သို့သော် ... ။
“ ဒါက မလုံလောက် သေးဘူး။ ”
မိစ္ဆာ သတ်ပွဲ ကျင်းပရန်၊ နောက်ထပ် ငါးရက်သာ ကျန်ရှိ တော့သဖြင့်၊ တစ်စက္ကန့် မျှပင် အနား မယူဝံ့ သေးချေ။
ထို့ကြောင့် ကောင်းကင်ဘုံ သုံးပါးကို လေ့ကျင့်ကာ၊ နေလ လက်သီး၏ အနှစ် သာရ များအား၊ ပေါင်းထည့်ရန် ကြိုးစား နေမိသည်။
ကောင်းကင်ဘုံ သုံးပါးကို၊ သရုပ်ဖော် အဆင့် အထိ ဆုပ်ကိုင် ထားနိုင်ပြီး၊ ကောင်းကင် ဓားနှင့် ခွန်အား ပေးထားသည်။
ယင်းကို ဝိညာဉ်တော် နှစ်ပါး ရောင်ဝါဖြင့်၊ ပေါင်းစပ် နိုင်ပါက အသွင်ပြောင်း သွားမည် ဖြစ်၏။
ကောင်းကင်ဘုံ သုံးပါး၏ အပြင်း ထန်ဆုံး ပုံစံ ဖြစ်သည့် နေလဓားမှာ၊ အထူး အားကောင်း လေသည်။
အဆိုပါ လှုပ်ရှားမှုတွင်၊ အားနည်းချက် တစ်ချက် ရှိပြီး၊ ၎င်းအား ပြုပြင်ရန် ရွှေကျီးကန်း အပေါ်၊ တချိန်က အားကိုး ခဲ့ရသည်။ ယခုတွင် ဝိညာဉ်တော် နှစ်ပါး စုံပြီ ဖြစ်သဖြင့်၊ ထိုပြဿနာကို ဖြေရှင်း နိုင်ခဲ့သည်။
လေ့ကျင့်မှု ရပ်ကာ၊ ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်း လိုက်သည့် အခိုက်တွင်၊ ခြံဝင်း ထဲသို့ လူအချို့ လှမ်းဝင် လာသည်ကို၊ ခံစား မိသည်။
ဤသို့ ဝင်ခွင့် ရသူ များမှာ၊ လောချန်နှင့် အဖွဲ့သာ ရှိ၏။ ထို့နောက် အပြုံးကို ညှစ်ထုတ် ထားသော မျက်နှာဖြင့်၊ လောချန် တစ်ယောက် အနား လျှောက် လာသည်။
“ လင်းယွန် အရေး ပေါ် နေပြီ။ ”
လောချန်က ခရီးရောက် မစိုက် ဆို၏။
“ ပြော ပါ ... ။ ”
“ မိစ္ဆာ သတ်ပွဲကို နှစ်ရက် ရှေ့တိုး လိုက်ပြီ။ ”
ယင်းက သုံးရက်သာ ကျန်တော့သည် ဟူသော အဓိပ္ပါယ် ပေပင်။ လင်းယွန် မျက်နှာမှာ ပြောင်းလဲ သွား၏။
“ ဒါတင် မဟုတ်လောက် သေးဖူး ထင်တယ်။ ”
လင်းယွန် အမေး စကားကို လောချန်မှ၊ ခေါင်းညိတ်လျက် ဆုကြေး အကြောင်း ဆက်၍ ပြောပြ သည်။
လင်းယွန် မျက်နှာမှာ တင်းမာ လာပြီး၊ “ နောက်ထပ် ဘာရှိ သေးလဲ၊ ” ဟု မေးလိုက်၏။
“ ရှိတယ် မင်း တစ်ရက် နောက်ကျရင်၊ ယွဲ့ဝေဝေရဲ့ အဝတ် တစ်စကို တစ်လွှာ ချွတ်ပစ် မယ်လို့ ၊ ရဲ နတ်ဘုရား နယ်မြေရဲ့၊ သခင်ငယ်က သတင်း ဖြန့်ထားတယ်။ ”
လောချန်က အသက် ပြင်းပြင်း ရှူလျက် စကားကို အဆုံးသတ် လိုက်သည်။ ယင်းက သူ နာကျင်အောင် ဆွပေးသော စကား ဖြစ်မှန်း သိသော်လည်း၊ လင်းယွန် တစ်ယောက် ဒေါသကို မထိန်းနိုင် တော့ချေ။
“ အရှက်မဲ့ လိုက်တာ ... ။ ”
အံကြိတ်လျက် ကောင်းကင်အား မော့ကြည့် လိုက်၏။
( ငါ့ အသက်ကို လိုချင် နေတာလား၊ တကယ်ပဲ ငါကို သတ်နိုင် မယ်လို့ ထင်နေ ကြ တာလား၊ ကောင်းပြီ ဘယ်သူက ဘယ်သူ့ကို သတ်နိုင် မလဲ ကြည့်ရအောင်။ )
***