ငါ့ လမ်းကို ဟန့်တားတဲ့ လူတိုင်း သေရမယ်။
Vol. 75 Ch. 1046
လမ်းမ အတိုင်း မြို့ပြင် လျှောက်လှမ်း လာသည့် လင်းယွန်ကို မြင်ချိန်၌၊ လူအနည်း ငယ်က အချင်းချင်း အချက် ပြကာ၊ နောက်မှ လိုက်လာ ကြသည်။
“ သူ ထွက်လာပြီ။ ”
“ ကြည့်ရတာ သခင်ငယ် တွေရဲ့ သတင်းကို သူ ကြားခဲ့ ပုံပဲ။ ”
ရုတ်တရက် နှစ်ရက် ရှေ့တိုး ခြင်းသည် လင်းယွန်၏ နရီအား၊ အနှောင့် အယှက် ဖြစ်စေ ပုံရသည်။
မျက်ကွယ် အရပ်မှ၊ လိုက်ပါ လာသော လူရိပ် များတွင်၊ လင်းယွန်အား မနာ လိုသော စစ်မက် နယ်မြေ၏ ကင်းထောက် များနှင့်၊ အသစ်တက် လာသော ပါရမီ ရှင်များ ပါဝင်သည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် လင်းယွန် တစ်ယောက် မြို့ပြင်အား၊ ခြေချ လိုက်သည်နှင့်၊ ကြယ်တံခွန် အလား လက်သီး မိုးများ ကောင်းကင်မှ ရွာကျ လာသည်။
လက်သီး များရှိ ပြင်းပျသော မီး ရည်ရွယ် ချက်ကို၊ လင်းယွန်က လက်တစ်ချက် ဝှေ့ယမ်း ရုံဖြင့်ပင်၊ ဖယ်ရှား နိုင်လိုက်သည်။
“ ဟား ဟား ဟား ... ပန်းသင်္ချိုင်း၊ မင်း ဘာတွေ အလျင်လို နေရ တာလဲ။ ”
လက်သီးများ ပျောက်ကွယ် သားချိန်၌၊ ခရမ်း ရောင်ဝတ် လူငယ် တစ်ဦးက၊ လေထု အလယ် ရပ်လျက်၊ ထွက်ပေါ် လာသည်။
“ ဖယ် စမ်း ... ။ ”
လင်းယွန်က သတ်လိုသော ရည်ရွယ် ချက်ဖြင့် လှမ်းပြော လိုက်သည်။ ခရမ်းရောင် ဝတ် လူငယ်မှာ၊ ထိတ်လန့်ပုံ မပြဘဲ၊
“ မဆိုးဘူး ... ၊ မင်းရဲ့ သတ်ဖြတ် လိုစိတ်က၊ အရမ်း ပြင်းတယ်၊ ဒါပေမယ့် ကျော်သလောက် အရည် အချင်း တကယ် ရှိလား ဆိုတာ ငါ သိချင်သား။ ”
စကားဆုံး သည်နှင့်၊ ခရမ်းရောင် ပုလဲ တစ်လုံးကို ထုတ်ယူ လိုက်သည်။ ၎င်းထံမှ မီး ရည်ရွယ်ချက်များ တိုးထွက် လာ၏။
ကြောက်မက်ဖွယ် မီးလျှံများ လောင်ကျွမ်း လာပြီး၊ လင်းယွန် ရှေ့၌ အနီရောင် မီးတံတိုင်း သဖွယ်၊ ဖြစ်တည် သွားသည်။
အဆိုပါ ပုလဲသည် ကောင်းကင် လမ်း၏၊ ရှေးဟောင်း အပျက် အစီး နယ်မြေ များမှ ရရှိ ထား သဖြင့်၊ ထူးခြားသော မူလ ရှိသည်။
ငရဲနတ် ဘုရား သခင်ငယ်မှာ၊ သူ့အား နောက်ကျအောင် တမင် နှောက်ယှက် နေမှန်း၊ လင်းယွန် သိသည်။
ထို့ကြောင့် စိုးရိမ် စိတ်များ ဝင်ရောက် လာသည်။ ဤမိန်းကလေး၏ ဂုဏ် သိက္ခါမှာ၊ သူ့ ဘဝထက် အရေးပါ ပေ၏။။
“ ဘယ်လိုတောင် ပြင်းထန် လိုက်တဲ့ သတ်ဖြတ်မှု ရောင်ဝါလဲ၊ သခင်ငယ် တွေက မင်း အပေါ်၊ မိစ္ဆာ တစ်ကောင်လို့ ပြောနေတာ မှန်ပုံ ရတယ်၊ ကောင်းကင် ကိုယ်စား ငါ အပြစ်ပေး ပါရစေ။”
ခရမ်းရောင် ဝတ် လူငယ်က လက် ဝှေ့ယမ်းပြီး ပြောလိုက်သည်။ ထိုအခိုက်တွင် လင်းယွန် မျက်လုံးများ အေးစက် လာ၏။
“ မင်းက ဘယ်သူ့ ခွေးပဲ ဖြစ်ဖြစ် ... ၊ အခု သေရ တော့မယ်။ ”
ထို့နောက် ဓားရည်ရွယ် ချက်အား ထုတ်လွှတ် လိုက်ရာ၊ ထက်ရှသော ဓား တစ်လက် ကောင်းကင်ပေါ် ပျံတက် သွားသည်။
“ ဟမ့် ... ။ ”
ခရမ်းရောင်ဝတ် လူငယ် မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။ ဤပုလဲသည် သူ့ တာအို နှင့် ချိတ်ဆက် နိုင်သည့်၊ ဆန်းကြယ်သော ရတနာ တစ်ပါး ဖြစ်၏။
သို့သော် ပြိုင်ဘက် ဓားက၊ အဆိုပါ ချိတ်ဆက် မှုအား ဖြတ်တောက်ကာ၊ ဤကမ္ဘာ ပေါ်၌ ‘မင်းအတွက် နေရာ မရှိ’ဟု၊ ပြောနေ သယောင် ခံစားလာ ရသည်။
ထို့ကြောင့် ခရမ်းရောင် ပုလဲကို အမြန် အသက် သွင်းပြီး၊ ရှုပ်ထွေးသော အစီရင် တစ်ခု၊ ထွက်ပေါ် လာစေ မိ၏။ အစီရင် အတွင်းမှ မီးလျှံများ တောက်လောင် လာသည်။
“ ဝှစ် ... ။ ”
သို့သော် လင်းယွန် ဓားမှာ၊ ကောင်းကင်ဓား အဖြစ် ပြတ်ထင် လာပြီး၊ အစီရင်အား ချက်ချင်း ဖျက်ဆီး ပစ် လိုက်သည်။
ခရမ်းရောင် ပုလဲသည်၊ သာမန် ရတနာ မဟုတ် သောကြောင့်၊ အစီရင်ရှိ ဝိညာဉ်ရေး ရူရ် များကို၊ လင်းလက် စေလျက်၊ ပြန်လည် ချိတ်ဆက် သွား၏။
အဆုံးတွင် လင်းယွန် ဓားမှာ၊ ပျောက်ကွယ် သွားတော့သည်။ ဤမြင်ကွင်းကို မြင်သော အခါ ခရမ်း ရောင်ဝတ် လူငယ်က ပြုံးလျက်၊
“ ကောင်းကင်ဓား လား ... ၊ သိပ်ပြီး အထင်ကြီး လောက်ဖွယ်လည်း မရှိ ပါဘူး။ ”
-ဟု အထင်သေးဟန် သုံးသပ် လိုက်တော့သည်။
“ လင်းယွန် ... ၊ ဒီမှာ နာခံစွာ နေပြီး၊ လေတောင်ကုန်း မြို့ကို သွားဖို့၊ အိပ်မက်ကို စွန့်လွှတ် လိုက်ပါ၊ ယွဲ့ဝေဝေ ဆိုတာ ... ”
“ ... သခင်ငယ်တွေ ကိုတောင်၊ စိတ်လှုပ်ရှား စေတဲ့ အလှ တရားပဲ၊ လူတိုင်းက အဝတ် မပါ တဲ့၊ သူမ ဘယ်လို ပုံစံရှိ မလဲ ဆိုတာ၊ မြင်ချင် နေကြတယ် ... ။ ”
ခရမ်းရောင်ဝတ် လူငယ်က ကောင်းကင် ဓားကို တားဆီး နိုင်သဖြင့်၊ ယုံကြည် ချက်များ မြင့်တက် လာခဲ့သည်။
“ သူက ကျင်းဖိန်ပဲ၊ ခရမ်းရောင် ပထမ အဆင့်၊ ကျွမ်းကျင်သူ ... ။ ”
“ သူ့ လက်ထဲက ရတနာက၊ မီးဝိညာဉ် ပုလဲပါ၊ မီး ရည်ရွယ်ချက်ကို အားကောင်း စေတဲ့ အပြင်၊ လျှို့ဝှက်ချက် တွေလည်း ရှိသေးတယ်။ ”
“ စက်မက် နယ်မြေ တွေရဲ့ ဆုကြေးက၊ သူ့ကို သွေးဆောင် သွားနိုင် ပုံ ရတယ်။ ”
လူများစွာက ကျင်းဖိန်အား ချက်ချင်း မှတ်မိလာ ကုန်သည်။ ကျင်းဖိန် ခွန်အားမှာ အထူး သဖြင့်၊ မီးဝိညာဉ် ပုလဲနှင့် ပေါင်းစပ် ပြီးနောက်၊ ပြိုင်ဘက်ကင်း လှပေ၏။
ထိုပုလဲကို သူတော်စင် တစ်ဦးမှ သန့်စင်ထား ခဲ့ပြီး၊ ၎င်းတွင် ဝိညာဉ် ရေးရာ အစီရင်များ ထည့်သွင်းထား ပေသည်။ ယင်းက လင်းယွန် အပေါ်၊ လူတိုင်း စိတ်ပူ လာမိ၏။
“ မင်း ... ၊ လင်းယွန်ကို တားချင်ရင်၊ ငါတို့ကို အရင် ကျော်ဖြတ် ရမယ်။ ”
အဆုံးတွင် လောချန်နှင့် အဖွဲ့၊ ရောက်ရှိ လာပြီး၊ တိုက်ပွဲ အတွင်း ဝင်ရောက် လာခဲ့သည်။ နဂါး နန်းတော်မှ အမွေများကို ချေဖြတ် ထားပြီး ဖြစ်သောကြောင့်၊ တိုက်ပွဲ ဝင်ဆန္ဒများ တောက်လောင် နေကြသည်။
“ ဟမ့် ... ။ ”
လောချန်က နဂါး တစ်ကောင်အား၊ ထုတ်လွှတ်လိုက် သော်လည်း၊ မီးဝိညာဉ် ပုလဲရှိ အစီရင်မှ ချက်ချင်း စုပ်ယူ သွား၏။
“ ဘာ လဲ ဟ ... ။ ”
မူလ စွမ်းအင်နှင့် ဖန်တီး ထားသည့်၊ သူ့ နဂါးကို တစ်ချက် တည်းဖြင့်၊ စုပ်ယူခံ လိုက်ရ သောကြောင့်၊ လောချန် ခမျာ မှင်တက် သွားသည်။
“ ဟိတ် ... ။ ”
ထို့စဉ် ချင်လင်းနှင့် ကျွင့်မုန်ချန် တို့က၊ ကောင်းကင်ပေါ် ခုန်တက် လာပြီး၊ သူ့အား ကူညီရန် ရောက်ရှိ လာသည်။
နဂါး လက်သည်း နှစ်စုံက၊ အစီရင်ထံ ဦးတည် သွားချေပြီ။ နဂါး နန်းတော်၏ အမွေ များမှာ၊ အမှန်ပင် ကြောက်မက်ဖွယ် ကောင်းကြောင်း၊ ဝန်ခံ ရပေမည်။
သို့သော် ၎င်းတို့၌၊ ဟာကွက်များ ရှိနေ သဖြင့်၊ ခရမ်း ရောင်ဝတ် လူငယ်က မီးလက်ဝါး တစ်ဖက်ကို ထုတ်ဖော်ကာ၊ ချက်ခြင်း ချေမွပစ် လိုက်သည်။
“ အွတ် ... ။ ”
ချင်လင်းနှင့် ကျွင့်မုန်ချန် တို့မှာ၊ သွေး အန်လျက် ကောင်းကင်မှ ပြုတ်ကျ သွားတော့ သည်။
ဤပုလဲသည် သူတို့ ထင်ထား သည်ထက် ပို၍ အစွမ်း နေသောကြောင့်၊ ရပ်ကြည့် နေသော လူအုပ်ကို ထိတ်လန့် သွားစေ တော့သည်။
“ အကူ အညီ အတွက် ကျေးဇူး တင်ပါတယ် ... ၊ ဒါပေမယ့် သူ့ကို ငါပဲ ကိုင်တွယ် လိုက်မယ်။ ”
ထို့နောက် ကျင်းဖိန်ကို စိုက်ကြည့်ကာ၊ ကောင်းကင် ဓားအား လင်းယွန်မှ ထပ်၍ ထုတ် လိုက်ပြန်သည်။ ပန်းသင်္ချိုင်း ဓားကို မသုံးထား သော်လည်း၊ ထက်ရှ မှုမှာ မယုံ နိုင်စရာ ဖြစ်၏။
“ ဟမ့် ... လင်းယွန်၊ မင်းရဲ့ အဆင့်က ခရမ်းရောင် အဆင့် တစ်ဆယ် မှာပါ၊ ဒါကို ငါ့နဲ့ ရင်ဆိုင်နိုင် လိမ့်မယ်လို့ ... ”
“ ... တကယ် ထင်နေ တာလား၊ မင်းရဲ့ ကောင်းကင် ဓားက ငါ့ရှေ့မှာ ဘာမှ မဟုတ်ဘူး၊ အခု မင်း ဘာလုပ်နိုင် မလဲ ဆိုတာ ငါ ကြည့်မယ်။ ”
လောချန် တို့အား၊ တစ်ချက် တည်းနှင့်၊ အနိုင်ယူ နိုင်သဖြင့်၊ ခရမ်းရောင်ဝတ် လူငယ်၏ မာနမှာ မိုးထိုး သွားပြီ ဖြစ်သည်။
ပုလဲသည် သာမန် မဟုတ်ကြောင်း လင်းယွန်က သိလိုက်သည်။ ထိုပုလဲသာ မရှိ ပါက ဤကျင်းဖိန်မှာ သူ့ရှေ့ ပေါ်လာ ရဲမည် မဟုတ်ချေ။
“ ဓား ... ။ ”
ထို့ကြောင့် လက် ဝှေ့ယမ်းပြီး၊ ပန်းသင်္ချိုင်း ဓားကို လှမ်းခေါ် လိုက်သည်။ ဓားအား ဆုပ်ကိုင် မိသည်နှင့်၊ တောက်ပသော အလင်းများ ထွက်ပေါ် လာ၏။
ထိုအလင်း များက၊ ဓားရည်ရွယ် ချက်နှင့် ပေါင်းစပ် သွားကာ၊ ကောင်းကင်နှင့် မြေကြီးကို ပြင်းစွာ တုန်ခါ စေခဲ့သည်။
အလယ် အလတ် ကျွမ်းကျင်မှု။ ကောင်းကင်ဓားထံ မော့ကြည့်ကာ၊ လူတိုင်း ထိတ်လန့် သွားသည်။
“ ရွှပ် ... ။ ”
ထို့စဉ် လင်းယွန်က၊ ပန်းသင်္ချိုင်း ဓားကို ကျင်းဖိန်ထံ ချိန်ရွယ်လျက်၊ ပိုင်းချ လိုက်တော့ ၏။
ဤဓားကို တားဆီရန်၊ မလွယ်မှန်း သိသဖြင့်၊ ကျင်းဖိန် မျက်နှာ၊ ပြောင်းလဲ သွားသည်။ လျှာ ကိုက်ပြီး ပုလဲထံ သွေးများ၊ ထွေး လိုက်သည်။
“ သေ လိုက် တော့ ... ။ ”
သည့်နောက် ပုလဲကို၊ ဓား လမ်းကြောင်း ထံသို့ ဦးတည် ပစ်ပေါက်သည်။ ပတ်ဝန်းကျင်ရှိ အာကာ ပြင်မှာ၊ ကန့်သတ် ခံလာရ သဖြင့်၊ လင်းယွန် ဓားမှာ နှေးကွေး သွားသည်။
“ ဘယ်လောက် တောင်၊ ကြောက်စရာ ကောင်း လိုက်တဲ့ ပုလဲ မျိုးလဲ။ ”
“ ဒီမီးဝိညာဉ် ပုလဲကို၊ သန့်စင်ဖို့ ဆိုတာ မလွယ် ဖူးလို့ ငါ ကြားဖူးတယ်၊ ဒီပုလဲ ထဲကို မူလ စွမ်းအင်၊ နည်းနည်း လောင်းထည့်နိုင် ရုံနဲ့၊ ကြောက်စရာ စွမ်းအားတွေ ထုတ်ဖော် နိုင်ပြီ။ ”
လူအားလုံး၏ မျက်နှာများ ပြောင်းလဲ သွားသော်လည်း၊ လင်းယွန်မှာ၊ အပြောင်း အလဲ မရှိချေ။ ဓားကိုသာ ဆက်၍ ခုတ်ချ လိုက်သည်။
မီးဝိညာဉ် ပုလဲမှ၊ မီး ရည်ရွယ်ချက် များက၊ လင်းယွန်အား စတင် လောင်မြိုက် လာချိန်တွင်၊ ခရမ်း ရောင်ဝတ် လူငယ်၏ ဦးခေါင်းမှာ မြေပြင်ပေါ် ပြတ်ကျ သွားပြီ ဖြစ်သည်။
ကျန်ရှိ နေသော ခန္ဓာကိုယ် ကြီးမှ၊ ရေပန်းတစ်ခု ကဲ့သို့ သွေးများ ပန်းထွက်စဉ်၊ မီးဝိညာဉ် ပုလဲမှာ လင်းယွန်ထံ ဆက်၍ ပျံသန်း လာလေသည်။
၎င်း အတွင်းရှိ မီးရည်ရွယ် ချက်မှာ၊ လင်းယွန်အား ဒဏ်ရာ ပေးနိုင် မည်ဟု ယုံကြည် မိ သဖြင့်၊ လောချန်နှင့် အဖွဲ့မှာ စိုးရိမ် သွားသည်။
“ မကောင်း တော့ဘူး။ ”
ခရီး အစ၌၊ ဒဏ်ရာ ရရှိ ခြင်းသည်၊ မွန်သော အရာ မဟုတ်ချေ။ ထိုသို့ စိုးရိမ် နေမိစဉ် လျှပ်စီး ကဲ့သို့၊ ပုံရိပ် တစ်ရိပ် ရောက်ရှိ လာပြီး၊ ပုလဲအား တစ်ကျိုက်တည်း မျိုချ ပစ်လိုက် တော့သည်။
“ ဝှစ် ... ။ ”
ယင်းက လင်းယွန် ပခုံးပေါ်၊ ဆင်းသက် သွားသဖြင့်၊ ရွံစရာ ကောင်းသော နာမည်ကျော် ကြောင်ဖက်တီး ဖြစ်မှန်း၊ မှန်းဆ နိုင်လိုက် ကြသည်။
လင်းယွန်မှာ လူအုပ်ထံ ဝေ့ကြည့် လိုက်ပြီး၊
“ ငါ့ လမ်းမှာ လာရပ်တဲ့ ... ၊ ခွေးတိုင်း သေရမယ်။ ” -ဟု အေးစက်စွာ ခြိမ်းခြောက်လာ တော့သည်။
***