သွေးစွန်းသော လမ်း။
Vol. 75 Ch. 1047
မျက်ကွယ် အရပ်၌ သူ့အား ဟန့်တားရန်၊ လူအနည်းငယ် ရှိနေမှန်း သိသဖြင့်၊ ကျင်းဖိန်ကို သတ်ကာ ဥပမာပေး လိုက်သည်။
သို့သော် ‘လေတောင်ကုန်း’ ခရီး စဉ်သည် မအေးချမ်း ခဲ့ချေ။ ပိုးဖလံ များမှာ၊ မီးပုံတိုး ကြ သည်မှာ သဘာဝ ပေပင်။ လမ်း တစ်လျှောက် တိုက်ပွဲ ငါးကြိမ် ဆင်နွှဲ လိုက်ရသည်။
ပြိုင်ဘက် တိုင်းတွင် သခင်ငယ် များမှ၊ ပေးအပ် ထားသော အစွမ်းထက် ရတနာများ ရှိချေပြီ။ ၎င်းတို့ ထွက်ပေါ် လာတိုင်း နဂါး လေးက၊ လောဘဖြင့် ပြုံးရွှင် နေပေ၏။
လင်းယွန်မှ လူတိုင်းကို ဓားတစ်ချက် တည်းနှင့် သတ်ပစ်နိုင် သကဲ့သို့၊ ထွက်ပေါ် လာ သမျှသော ရတနာတိုင်း ကိုလည်း၊ နဂါးလေးမှ မျိုချပစ် ခဲ့သည်။
မည်သို့ပင် ဆိုစေ ကာမူ၊ စိတ်အနှောက် အယှက် ဖြစ်ရသည်။ သုံးရက် ကြာ ပြီးနောက်၊ လေတောင်ကုန်း မြို့အား မြင်လာ ရလေပြီ။
ထိုမြို့ကို ငရဲ နတ်ဘုရား သခင် ငယ်မှ သိမ်းပိုက် ထားပြီး၊ မြို့ အတွင်း၌ အစွမ်းထက် ရောင်ဝါများ တစ်ခုထက် မနည်း ရှိနေသည်။
“ လင်းယွန် ... ၊ မင်းက တကယ် သတ္တိရှိ တာပဲ။ ”
မြို့ရိုး ပေါ်သို့ လူရိပ်များ ဆင်သက် လာပြီး၊ လင်းယွန်အား မြင်ချိန်တွင်၊ ဗိုလ်ချုပ် တစ်ဦးက ရှေ့ထွက်ကာ ဆိုသည်။
လင်းယွန်မှ ဗိုလ်ချုပ် (၁၂) ဦးကို သတ်ခဲ့ သဖြင့်၊ လူသစ်များ အမြန် ရှာကာ၊ အင်အား ဖြည့်တင်း ထားခြင်း ဖြစ်သည်။
၎င်းတို့ အားလုံးမှာ၊ အသတ်ခံ ရသူ များထက် ပို၍ သန်မာပြီး၊ ရတနာ အမျိုး မျိုးနှင့် လက်နက်များ တပ်ဆင် ပေးထား ခဲ့သည်။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ ရောင်ဝါလဲ၊ ဒီသခင်ငယ် တွေက ကျွမ်းကျင် သူတွေ ဘယ်လောက် များများ၊ သိမ်းသွင်း ထားလဲ ငါ မသိ တော့ဘူး။ ”
“ သူတော်စင် မျိုးရိုးရဲ့၊ ကတိ တော်က တကယ် မက်လောက် စရာပါ၊ ရွှေ အဆင့်က သူတွေတောင် ပါလိမ့်မယ် ဆိုတာ လောင်းကြေး ထပ်ဝံ့တယ်၊ ... ”
“ ... သူတို့မှာ လင်းယွန် နဲ့ ရန်ငြိုး မရှိ ပေမယ့်၊ အကျိုး အမြတ်က ချက်ချင်း ရန်သူကြီး တစ်ယောက်လို မြင်ဖို့၊ ထိုက်တန်ပါ ပေတယ်။ ”
နောက်မှ လိုက်လာသော လူအုပ်ကြီး၏၊ ဝေဖန်သံ များကို လျစ်လျူရှု ကာ၊ လင်းယွန်က ဆက်လျှောက် လာခဲ့သည်။
“ အရိုင်းအစိုင်းကောင်၊ ဒီမှာပဲ ရပ်၊ သခင်ငယ် တွေက မိစ္ဆာ သတ်ပွဲကို ကျင်းပ နေပြီ၊ ငါ့ အမိန့် မပါဘဲ ဘယ်သူမှ သွားခွင့် မရှိဘူး။ ”
လင်းယွန်အား ဗိုလ်ချုပ် တစ်ဦးမှ ကြွေးကြော် ဟန့်တား ခဲ့သည်။ သည့်နောက် ဗိုလ်ချုပ် များ၏ သတ်ပစ် လိုသော ရောင်ဝါမှာ၊ ပေါင်းစည်း သွားပြီး၊ ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွား စေခဲ့၏။
ဤအဆင့် ကျွမ်းကျင်သူ များကို၊ စစ်မက် နယ်မြေ များမှ လွဲ၍ မည်သူမျှ၊ အမိန့် မပေးနိုင် ချေ။ သခင်ငယ် တစ်ဦး သည်ပင်၊ ၎င်းတို့နှင့် ရင်ဆိုင် ရပါက၊ ဖိနှိမ်ခံ ရပေမည်။
“ ဝုန်း ... ။ ”
ထို့စဉ် အားကောင်းသော ဓား ရောင်ဝါမှာ၊ ဗိုလ်ချုပ် များကို လျစ်လျူရှုလျက်၊ မြို့ရိုး တံခါး ပေါ် ကျဆင်း သွားကာ၊ တံခါးအား အပိုင်းပိုင်း ခွဲပစ် လိုက် တော့၏။
“ မင်း ... ၊ သေချင် နေတာပဲ။ ”
မီးခိုး ရောင်ဝတ် ဗိုလ်ချုပ်၏ မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး၊ မြို့ အတွင်းသို့ ဦးဆောင် အမြန် ဆုတ်ခွာ လိုက်သည်။ ကြည့်ရှုနေ သူတိုင်း အတွက်၊ ရှုပ်ထွေး စေသော လုပ်ရပ် ဖြစ်၏။
“ အိုးထဲမှာ ပိတ်မိ နေတဲ့ လိပ် … ။ ”
ထိုမီးခိုးရောင် ဗိုလ်ချုပ်မှ၊ သူ့ အဖွဲ့သား များအား၊ တစ်စုံ တစ်ရာ လျှို့ဝှက် ညွှန်ကြား လိုက်သည်။
လေတောင်ကုန်း မြို့မှာ၊ ခမ်းနားသော ရှေးဟောင်း နဂါး မြို့တော် ဖြစ်၏။ ၎င်းတွင် ငရဲ နတ်ဘုရား သခင်ငယ်က နန်းစိုက်ကာ၊ ခံတပ် တစ်ခု အဖြစ်၊ ပြန်လည် ပြုပြင် ထားသည်။
လင်းယွန်က မြို့ တံခါးကို ချိုးဖြတ် ပြီးနောက်၊ တံခါး ဝတွင် ရပ်လျက်၊ ဦးတည်ရာ တစ်ရပ်ထံ မျှော်ကြည့် လိုက်ရာ၊ အန္တရာယ် ပေးနိုင်သော ရောင်ဝါ သုံးခုအား၊ ခံစား ရမိသည်။
ဤသည်မှာ သခင်ငယ် သုံးပါး ဖြစ်ကြောင်း အတည်ပြု နိုင်၏။ ၎င်းတို့ထံ ရှုတည် တည်ဖြင့် ကြည့်ကာ၊ မျက်နှာ တပြင်လုံး မည်းမှောင် လာတော့သည်။
ထိုအရပ်၌ မရေ မတွက် နိုင်သော လူများ စွာက သူ့အား သတ်ရန် စောင့်နေကြ ပေမည်။ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို ထုတ်ဖော် လျက်၊ မြို့အတွင်း လှမ်းဝင် လိုက်သည်။
ရွှေအဆင့် ပါရမီရှင် များက၊ လင်းယွန်အား ဟန့်တားရန်၊ ဝိညာဉ် ရေးရာ အစီရင် တစ်ခုကို၊ ထိန်းချုပ် နေသည်။ ယင်းကို သတိ ထားမိ သော်လည်း၊ လင်းယွန်မှာ တစ်ချက် မတွန့် ခဲ့ချေ။
ယွဲ့ဝေဝေကို ကယ်တင်ရန်၊ ဤမြို့အား သွေးဖြင့် ဆေးရမည် ဆိုပါက ဆေးပေမည်။ ဓား မိစ္ဆာဟု ခေါ်ဝေါ် သမုတ် လျှင်ပင်၊ ဂရုစိုက် မိမည် မဟုတ်ချေ။
“ လင်းယွန်၊ ရပ် စမ်း ... ။ ”
အစောပိုင်း အချိန်၌၊ ဆုတ်ခွာ သွားသော မီးခိုး ရောင်ဝတ် ဗိုလ်ချုပ် ပြန်ပေါ် လာသည်။ ဤတစ်ကြိမ်တွင် ဆန်းပြားသော လက်နက်များ ကိုင်ဆောင်လျက်၊ အခြားသော ဗိုလ်ချုပ် များလည်း ပါရှိ လာ၏။
ထို့အပြင် ဘေးနားရှိ အဆောက် အအုံ များ၌လည်း၊ ပုန်းကွယ် နေသော လူရိပ် များစွာ ရှိနေသည်။
“ ဖယ် စမ်း ... ။ ”
လင်းယွန်က အမူအရာ ပြောင်းလဲခြင်း မရှိဘဲ၊ ဟောက်ထည့် လိုက်၏။
“ လင်းယွန် ... ၊ ဒါက သခင် ငယ်ရဲ့ မြို့ပဲ၊ မင်း လေးစားမှု နည်းနည်း ပြတာ ပိုကောင်း လိမ့်မယ်။ ”
မီးခိုးရောင် ဗိုလ်ချုပ်က၊ မျက်လုံးများ မှေးစင်းလျက် ဆိုသည်။ သူ့ အသံ လှိုင်းတွင် သတ်ဖြတ် လိုသော ဆန္ဒများ ကပ်ညိနေ သဖြင့်၊ လေထုမှာ၊ ကမောက် ကမ ဖြစ်လာ၏။
“ ယွဲ့ဝေဝေကို တွေ့ချင်နေ တာလား ကောင်းပြီ၊ ငါတို့ ရှေ့မှာ အခု ဒူးထောက်ပါ၊ ဟဲချင်းဖန်ကို မင်း ဘာလုပ် ခဲ့လဲ မှတ်မိလား။ ”
“ လွန်ခဲ့တဲ့ တစ်လက၊ သဲဝါ လွင်ပြင်မှာ ငါ့ဓားနဲ့ ဗိုလ်ချုပ် ဆယ့်နှစ်ယောက် သေခဲ့တယ်၊ မင်းတို့ ဖယ်ပေးတာ ပိုကောင်းမယ်၊ မဟုတ်ရင် ငါ့ကို ရက်စက်တဲ့ သူလို့၊ အပြစ် မတင် ပါနဲ့။ ”
“ ဟား ဟား ဟား ပန်းသင်္ချိုင်း ... ၊ ဘယ်လိုတောင် အထင် ကြီးစရာ ကောင်း လိုက်လဲ၊ ဒီမြို့က သခင်ငယ်ရဲ့ ခံတပ် မြို့ပါ၊ ဒီမှာ ဘယ်သူမှ မင်းကို မကြောက်ဘူး။ ”
မီးခိုးရောင် ၀တ် အကြီး အကဲ ဗိုလ်ချုပ်က၊ အေးစက်စွာ တုန့်ပြန်သည်။
“ မင်းတို့က စစ်မက် နယ်မြေ သားတွေ မဟုတ်လို့၊ ငါက အခွင့် အရေး ပေးနေ တာပါ။ ”
“ ဟား ဟား ဟား ... ။ ”
လင်းယွန် စကားကြောင့် ဗိုလ်ချုပ် တိုင်းက ရယ်မောလျက် တုန်ပြန် လာ ကြသည်။
“ လင်းယွန်၊ ကောင်းကင် လမ်းမှာ ကျော်ကြားတဲ့ လူတွေ အများကြီး ရှိပါတယ်၊ ဒါပေမယ့် မင်းလို အရူး မဟုတ်ဘူး၊ မင်းက သခင်ငယ် တွေနဲ့ ယှဉ်ရအောင် ... ”
“ ... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ သခင်ငယ် တွေရဲ့ ခြေဖျားကို ထိဖို့တောင်၊ အဆင့် မမီ သေးပါဘူး။ ”
“ သေတော့မယ် လူ တစ်ယောက်က၊ ငါတို့ကို ခြိမ်းခြောက် ဝံ့သလား၊ လင်းယွန် ... မင်းကိုယ်မင်း သိပ် အထင်ကြီး မနေနဲ့၊ ... ”
“ ... ခွန်လွန် ဘုံကို မေ့လိုက်တော့၊ ဒီနေရာမှာ မင်းကို သတ်နိုင်တဲ့၊ ရွှေအဆင့် ပါရမီရှင်တွေ အများကြီး ရှိတယ်၊ ... ”
“ ... အဲဒီ အချိန်မှာ၊ မင်းရဲ့ ကောင်မလေးက အဝတ် ဗလာ ဖြစ်နေ လိမ့်မယ်၊ သူက အရမ်းလှ တယ်လို့၊ ငါ ကြားထားတယ်။ ”
“ စိတ်ဆိုးသွား တာလား၊ အဲ့ဒီတော့ ဘာဖြစ်လဲ၊ မင်း လုပ်နိုင်တာ ဘာများ ရှိသေး လို့လဲ။ ”
“ ဟား ဟား ဟား ... ။ ”
“ လင်းယွန်၊ မင်းက စစ်မက် နယ်မြေ သုံးရပ်ကို စော်ကား ခဲ့တဲ့ အတွက်၊ သေလူ တစ်ယောက် ဖြစ်နေပြီ။ ”
မီးခိုးရောင် ၀တ် ဗိုလ်ချုပ်ကို လင်းယွန်မှ တည်ငြိမ်စွာ ပြန်ကြည့် သည်။ ထို့နောက် စကား မဆို တော့ဘဲ၊ သူ လက်ညှိုးကို အစီရင်ပေါ် တောက်ထုတ်လျက်၊
“ မင်းတို့ နောက်ဆုတ်ဖို့၊ ဆန္ဒ မရှိတဲ့ အတွက် သေနိုင်ပြီ။ ”
-ဟု ဆိုလိုက် တော့၏။
“ ရွှပ် ... ။ ”
အတား အဆီးမှာ အပိုင်းပိုင်း ကွဲသွားသည်။ သို့သော် မီးခိုး ရောင်ဝတ် ဗိုလ်ချုပ် မျက်နှာမှာ၊ ထိတ်လန့်ခြင်း မရှိချေ။ ရွှေပြား တစ်ချက်အား ဆွဲထုတ်ပြီး၊ လင်းယွန်ထံ ပစ်ချ လိုက်သည်။
“ ရွှေ ကြာ ပန်း ... ။ ”
ပရိသတ်များ အံ့အားသင့် ကုန်၏။ ဤချပ်ပြားသည် ပုံတူ မျှသာ ဖြစ်သော်လည်း၊ ထူးခြားသော ရတနာ ဖြစ်နေ သေးသည်။
တစ်ချိန်တည်း မှာပင်၊ ကျန်ရှိ နေသော ဗိုလ်ချုပ်များ ကလည်း၊ သခင်ငယ်များ ပေးထား သည့်၊ လက်နက် များကို ထုတ်ယူ လိုက်သည်။
ရတနာ များကြောင့်၊ ထွက်ပေါ် လာသော စွမ်းအင် အတက် လှိုင်း များမှာ၊ ထိတ်လန့် စရာ ပေပင်။
“ နဂါးလေး ... ။ ”
လင်းယွန်က ခေါ်လိုက်သည်။ နဂါးသွေး ကြောင်က၊ မီးဝိညာဉ် ပုလဲကို ထွေးထုတ်လျက်၊ သူ့ပခုံး ပေါ်မှ ပြုံးလိုက် သည်။
ပုလဲ ထံမှ၊ မီးရည်ရွယ် ချက်များ ထွက်လာ ပြီးနောက်၊ လင်းယွန်အား လွှမ်းခြုံ သွားမှသာ၊ ဓားကို ထုတ်လွှတ်လျက်၊ ခြေစလှမ်း လိုက်သည်။
ယင်းသည် အင်ပါ ရီယန် များသာ၊ နားလည် နိုင်သော ကောင်းကင်ဓား ဖြစ်၏။ ပို၍ အစွမ်းထက် လာသော ကောင်းကင် ဓားကို ကြည့်ကာ၊ မီးခိုး ရောင်၀တ် ဗိုလ်ချုပ်မှာ၊ ကြောက်လန့် သွားသည်။
ယခု အချိန်၌ ရွှေကြာပန်း ချပ်ပြားကို ၊ မီးဝိညာဉ် ပုလဲ အတွင်းရှိ မီးရည်ရွယ် ချက်မှ နှိမ်နင်း ထားပြီ ဖြစ်သည်။
“ မလုပ်နဲ့ ၊ ငါ့ အနား မကပ်နဲ့ ... ။ ”
ထိတ်လန့် စွာဖြင့် ဆုတ်ခွာရန် ပြင်စဉ်၊ လင်းယွန်က ဘယ်လက်ကို ဆန့်ထုတ်လျက် လေထဲ ကုပ်ဆွဲ ချလိုက်၏။
“ အား ... ။ ”
ရင်ဘတ် ပေါ်၌ အနက်ရောင် လက်သည်း ရာကြီး ထွက်ပေါ် လာကာ၊ သူ့ နှလုံး သားကို ချေမွခြင်း ခံလိုက် ရတော့သည်။
( မင်းက ငါ့ကို ဒူးထောက် စေချင် တာလား။ )
ထို့နောက် ဓားရည်ရွယ် ချက်ဖြင့် ဗိုလ်ချုပ်တိုင်း အပေါ်၊ လွှမ်းမိုး ပိတ်ဆို့ ပစ်လိုက် သောကြောင့်၊ သွေးများ စိမ့်ထွက်လာ ကုန်ကြ သည်။
ချက်ချင်းပင် ရဲရဲနီ လာပြီး၊ ဦးခေါင်း ပြတ်နေသော အလောင်းများ မြေပြင်၌ ပြန့်ကျဲ သွားသည်။
“ ငါက မိစ္ဆာ တဲ့လား ... ။ ”
မိစ္ဆာ ဟူသော ထို့ဘွဲ့ဖြင့် ထိုက်တန်သည့်၊ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခြင်းအား စတင် လိုက်တော့၏။
“ ပန်းသင်္ချိုင်း ... ၊ ငါ့ ... ငါ့ကို ခွင့်လွှတ်ပါ၊ သခင်ငယ်က အတင်း အကြပ် ခိုင်းလို့ လုပ်ရ တာပါ၊ အား... ”
ယွဲ့ဝေဝေ အပေါ်၊ ပါးစပ် အရသာ ခံကြ သူတိုင်း၊ သေသင့် လေပြီ။ ထို့ကြောင့် မြင်မြင် သမျှအား သတ်၏။ တောင်းပန်လာ သူတိုင်းကို သတ်၏။
ဆုတ်ခွာရန် ကြံရွယ် သူတိုင်း ကိုလည်း သတ်၏။ မှင်သက် နေသော တိမ်တိုက်များ အတွင်းရှိ လူများ ကိုလည်း သတ်၏။
သတ်၏။ ... သတ်၏။ သတ်၏ ဟူသော ဝေါဟာရ ကိုပင် သတ်၏။
***