ရပ်တန့် မရသော။
Vol. 75 Ch. 1048
လူသေ အလောင်း ကောင်များ ပေါ်မှ ဖြတ်လျှောက် နေသော လင်းယွန်ကို ကြည့်ကာ လူတိုင်း၊ တိတ်ဆိတ် ကုန်သည်။
မြို့အဝင် လမ်းမှ ရုန်းရင်း ဆန်ခတ် မှုသည်၊ ရင်ပြင်ရှိ သခင်ငယ် များကို သိမြင် သွားစေ၏။ ယင်းက လင်းယွန်ကို ဒူးထောက်ရန် စေခိုင်း နေခြင်း ဖြစ်မှန်း သိသဖြင့်၊ ပြုံးလျက် အချိန်ကို စောင့်မျှော်နေ ကြသည်။
“ မဆိုင်တဲ့ လူတွေ ဝင် မပါဖို့၊ ထပ်ပြီး သတိပေး ချင်တယ်၊ မဟုတ်ရင် ငါ့ကို အပြစ် မတင် ကြနဲ့။ ”
ကောင်းကင် ဓားဖြင့် လူတိုင်း အပေါ် အုပ်မိုးကာ၊ ပြောင်ပြောင် တင်းတင်း ပြောဆို လိုက်သည်။
ဤအခိုက်တွင် လင်းယွန် အသွင်မှာ၊ မဆွဲရ သေးသော ရတနာ ဓား တစ်လက်နှင့် တူနေ၏။ ဤမောက်မာ မှုကြောင့်၊ မကျေ မနပ် ဖြစ်သူ အချို့ ရှိလာသည်။
“ အို့ ... ၊ မင်းက ငါတို့ကို ငုံ့ကြည့်နေ တာလား၊ ဟား ... ဟား ... ဟား … ၊ ကောင်းပြီ မင်း ဘယ်လောက် စွမ်းလဲ ကြည့်ရအောင်။ ”
လူအုပ် ထဲမှ အဖြူရောင် ဝတ် လူငယ် တစ်ဦး သည်းမခံ နိုင်စွာဖြင့်၊ ရှေ့ လှမ်းထွက် လာသည်။
လင်းယွန်က ထိုလူငယ်ကို ကြည့်ပြီး၊၊ တစ်လှမ်းချင်း ရှေ့ဆက် လာခဲ့သည်။ လှမ်း လိုက်သည့် ခြေလှမ်း တိုင်း၌၊ ဓားမြည် သံများ ထွက်ပေါ် လျက်၊ တိမ်များ ဖယ်ခွာ ကုန်၏။
ထိုအချိန်တွင် ကျန်ရှိ နေသော ဗိုလ်ချုပ် များမှာ၊ ဆိုးရွား အသွင်ဖြင့် စိုက်ကြည့်နေ ကြသည်။
ဤလင်းယွန်အား ကိုယ်တိုင် သတ်စရာ မလိုဟု ယူဆကာ၊ သခင် ငယ်များ သူတို့ကို၊ စောင့်ကြပ်ရန် တာဝန် ပေးခဲ့သည်။
သို့သော် လင်းယွန်မှ လူတိုင်းကို သတ်ကာ၊ မှားယွင်း ကြောင်း သက်သေပြ နေပြီ ဖြစ်သည်။
“ ဘယ်လိုတောင် မောက်မာ လိုက်လဲ၊ သေခြင်း တရားနဲ့ ရင်ဆိုင် နေရ တာတောင်၊ မင်းက မာနကြီး ပြနေ တုန်းပဲ၊ ... ”
“ ... ဒီမှာ သခင် ငယ်တွေ ရှိတယ်၊ မင်း ဒူးထောက် ရင်တောင် အသက်ရှင် နိုင်တော့မှာ မဟုတ်ဘူး။ ”
ထိုလူငယ်မှာ၊ မတုန် မလှုပ် ရှေ့တိုး လာသော လင်းယွန်ကြောင့်၊ အနည်းငယ် တွန့်ဆုတ် သွားသော်လည်း၊ အသံကို ထိန်းလျက် ပြောသည်။
သူ့ စကားက၊ လောဘ ကြီးသော လူ အချို့ကို စွဲဆောင် နိုင်ခဲ့၏။ သခင်ငယ် များမှာ သူတို့အား သည်အတိုင်း၊ ရပ်ကြည့် နေမည် မဟုတ်ဟု၊ ထင်မြင် လာကုန် ကြသည်။
“ ငါက သူတို့ကို အနိုင်ယူ နိုင်တဲ့ ယုံကြည်ချက် မရှိဘဲ၊ လာမယ်လို့ မင်း ထင်လား။ ”
လင်းယွန်က အဖြူဝတ် ထိုလူငယ်ကို မေးခွန်း ထုတ်လျက်မှ၊ ဓားရောင်ခြည် တစ်စင်း ဖြင့်၊ ရုတ်တရက် ပစ်ထုတ် လိုက်သည်။
“ ရွှပ် ... ။ ”
အဖြူဝတ် လူငယ် နဖူးသို့၊ လျင်မြန်စွာ ဖောက်ဝင် သွား၏။ ဤနည်းဖြင့် အသက်မဲ့ ခန္ဓာ ကြီးက၊ တအိအိ ပြိုကျ လာသည်။
လင်းယွန်ကို သတ်ရန် လူစု လူဝေးအား သွေးထိုး လှုံ့ဆော်ပေး ခဲ့သော၊ သူ့အကြံ အစည် မှာ၊ မအောင်မြင် တော့ချေ။
လင်းယွန် အနေဖြင့်၊ သခင်ငယ်များ ထံသို့ ရောက်လို လှပြီ ဖြစ်ရာ၊ သူ့အား ဟန့်တားရန် ကြံရွယ် နေသည့် လူတိုင်းကို နောက်ဆုတ် စေလိုသည်။
“ ထွက် သွား စမ်း ... ။ ”
သည်းခံ နိုင်မှု ကုန်ဆုံး သွားကာ၊ သတ်ဖြတ်မှု ရောင်ဝါအား ဖြန့်ထုတ် လိုက်၏။ ဗိုလ်ချုပ် များမှ လွဲ၍ လူတိုင်း၊ ကြောက်ရွံ့ လာသည်။
ဤလူအုပ်ကို သခင်ငယ် များက၊ လူသား ဒိုင်း နံရံများ သဖွယ် သဘာထား အသုံးပြု နေ သောကြောင့်၊ သနား လာမိသည်။
သို့သော် ၎င်းကို သိမြင် နိုင်ပုံ မရခေျ။ အားလုံးသည်၊ ခရမ်းရောင် အဆင့်၌ ရှိနေကြ သဖြင့်၊ အုပ်စုဖွဲ့ကာ ဟန့်တား နိုင်မည်ဟု ယူဆ နေပြန်သည်။
“ ပန်းသင်္ချိုင်း ... ၊ မင်းက ဂုဏ် သတင်းနဲ့ တကယ့်ကို ထိုက်တန် ပါပေတယ်။ ”
ရုတ်တရက် ရွှေရောင် အလင်းများ ကောင်းကင်မှ ဆင်းသက် လာပြီး၊ ဓားကိုင် လူငယ် တစ်ဦး၊ ထွက်ပေါ် လာသည်။
“ ရွှေအဆင့် ပါရမီရှင် ယန်ရှို့ ... ။ ”
ယန်ရှို့သည် ရွှေအဆင့် (၁၈)တွင် ရှိနေ သောကြောင့်၊ အနည်းငယ် ထိတ်လန့် နေသော ဟန့်တား သူများမှာ၊ ပြုံးရွှင် လာကုန် တော့သည်။
ထို့စဉ် ထီး တစ်လက်ကို ထမ်းထားသော အဖြူဝတ် လူငယ် တစ်ဦး ကောင်းကင်မှ ထပ်မံ ဆင်းသက် လာပြန်သည်။
“ ရွှေအဆင့် ပါရမီရှင် ... အိုယန်ယု။ ”
သည့်နောက် ပုံရိပ်များ ထပ်မံ ဆင်းသက် လာ၏။
“ နင်းဖန် ... ။ ”
“ ကျောက်ရှစ်ကျီ ... ။ ”
“ ရှဇီလင် ... ။ ”
“ လျူဖေးယူ ... ။ ”
ရွှေအဆင့် ကျွမ်းကျင်သူ (၆)ဦး တိတိ ရောက်ရှိ လာခြင်း ဖြစ်၏။ သူတို့ တစ်ဦးချင် စီသည်၊ ကောင်းကင် လမ်း၌ ဂုဏ်သတင်း ကြီး သူများ ဖြစ်သည်။
နောက်ဆုံးတွင် သူတို့အား ကျော်လွန်၍၊ လင်းယွန် တစ်ယောက် တောက်ပ လာသည့် အပေါ်၊ အမြင် မကြည် နိုင်ချေ။ အခွင့် အရေး ရပါက၊ နင်းချေ လိုကြသည်။
“ ဒူးထောက် ... ၊ မင်း ဆက်သွား ချင်ရင် လေးဘက်ထောက် သွားပါ။ ”
“ မင်း တစ်ယောက်တည်း ... ၊ ဒီကို လာဝံ့ ကတည်းက မင်းကို ဘယ်သူမှ လှောင်ပြောင်မှာ မဟုတ် ပါဘူး၊ ... ”
“ ... သခင်ငယ်တွေ ရှေ့မှာ၊ ဒူးထောက် ရတာက ရှက် စရာမှ မဟုတ်တာ၊ သူတို့က မင်း မစော်ကား သင့်တဲ့၊ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ”
“ လင်းယွန်၊ ငါတို့ကို အတင်း အကြပ် လုပ်ရအောင် မလုပ် ပါနဲ့၊ ဒါက မင်းပဲ ဆိုးဆိုး ရွားရွား အဆုံးသတ် သွား လိမ့်မယ်။ ”
ဟန့်တား နေသော လူအုပ် ကြီးအား နောက်ခံ ပြုလျက်၊ ရွှေအဆင့် ပါရမီ ရှင်များက တင်းမာစွာ ခြိမ်းခြောက် လိုက်ကြသည်။
“ ဟား ဟား ဟား .... လူပြက် တွေပဲ၊ ငါ ပြောတယ် မဟုတ်လား၊ ငါ့ လမ်းမှာ ရပ်ရဲတဲ့ လူ သေရမယ်၊ မောင်ဖြူ- မောင်မဲ၊ ခွဲနေမှာ မဟုတ်ဘူး။ ”
ထို့နောက် လင်းယွန်က ဓား အလင်းများ ဖြာထွက် နေသည့်၊ သူ့လက်ကို မြှောက်လိုက် သည်။ သည်နေ့ ရွှေ အဆင့် တစ်ဆင့် လုံးကို ဖယ်ရှား တော့မည် ဖြစ်သည်။
***