← Chapters

ရွှေအဆင့် ပါရမီရှင်များ။

Vol. 75 Ch. 1049

ရွှေအဆင့် ပါရမီရှင်များ။

Vol. 75 Ch. 1049

လင်းယွန်မှာ နောက်ဆုံး စည်းသို့ ရောက်ရှိ နေပြီ ဖြစ်သောကြောင့်၊ ဟန့်တားရန် တာဝန်ရှိ သူများ အားလုံး၊ ပါဝင်လာ ကြသည်။

ထို့စဉ် လင်းယွန်က ကောင်းကင်ပေါ် ခုန်တက် သွားကာ၊ သူ့လမ်းတွင် ရပ်နေ သူတိုင်း ကို၊ စတင် သတ်ဖြတ် တော့သည်။

လေထဲ လျှောက်လှမ်း လိုက်တိုင်း၊ ခရမ်းရောင် ပန်းများ ပွင့်လန်း လာ၏။ ၎င်းနှင့် အတူ အပြာရောင် သစ်ပင်ကြီး၊ ထွက်ပေါ် လာသည်။

ကောင်းကင် သုတ္တန်ကို ကန့်သတ် ချက်သို့ တွန်းပို့ ထားသဖြင့်၊ ထူးခြားသော ရောင်ခြည် တန်းများ တိုးထွက် လာသည်။

ပွင့်အာ နေသော ခရမ်းရောင် ပန်းများမှာ၊ ထာဝရ တည် နိုင်သော အသွင်ကို ဆောင်လျက်၊ လူတိုင်းအား ထိတ်လန့် စေ၏။

ဤမျှ ထူးခြားသော ဓားသုတ္တန်ကို တစ်ကြိမ်မျှ မမြင်ဖူး ကြခေျ။ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ အပြာရောင် သစ်ပင် ကြီး၌ ပန်းများ ပွင့်လာ၏။

“ မကောင်း တော့ဘူး။ ”

ရွှေအဆင့် ပါရမီရှင် (၆) ယောက်မှာ၊ ၎င်းတို့ထံ ဦးတည် လာသော သတ်ဖြတ်မှု ရောင်ဝါကို၊ ခံစား လိုက်ရသည်။

ဤဓားမိစ္ဆာသည် သတ်ဖြတ် ရာ၌၊ ရက်စက် ကြမ်းကြုတ် သူ အဖြစ် လူသိ များပြီး၊ နယ်ပယ် တူချင်း ဆိုပါက၊ ဓားတာအိုတွင် ပြိုင်ဘက်ကင်း ချေ၏။

“ ရွှပ် ... ။ ”

ထို့စဉ် ဗိုလ်ချုပ် တစ်ဦးမှာ၊ ဓား ရောင်ခြည်များ ထိမှန် သွားပြီး၊ အပိုင်းပိုင်း ပြတ်တောက် သွားလေသည်။

တစ်ဖက် လူ၏ ခွန်အားသည်၊ သူတို့ စိတ်ကူးကို ကျော်လွန် နေပေသည်။ သခင်ငယ် များမှ လွဲ၍ မည်သူ မဆို၊ ဗိုလ်ချုပ် တစ်ဦးအား လက် ဝှေ့ယမ်းကာ၊ သတ်ပစ် နိုင်စွမ်း မရှိချေ။

ကြည့်နေစဉ် မှာပင်၊ ကောင်းကင်နှင့် မြေကြီး၌ မရေ မတွက် နိုင်သော ဖြစ်စဉ်များ ပေါ်လာပြီး၊ တုန်ခါ လာ၏။ ယင်းသည် ရွှေ အဆင့် ပါရမီရှင် များမှ၊ တန်ပြန် တိုက်စစ်ကို ထုတ်ဖော် လာခြင်း ဖြစ်သည်။

အိုယန်ယုက ဦးစွာ တိုက်ခိုက် လာသည်။ သူ့ထီးကို ဖွင့်လိုက် သည်နှင့်၊ ပတ်ဝန်းကျင် အနှံ့ ရေခဲ လွှာများ ဖြစ်ပေါ် သွားစေသည့်၊ ရေခဲ နဂါး တစ်ကောင် ထွက်ပေါ် လာသည်။

တစ်ချိန်တည်း မှာပင် ကျောက်ရှစ်ကျီ မှလည်း၊ နေမင်း နှင့်တူသော အလင်း စက်လုံး ကြီးကို၊ မူလ စွမ်းအင်ဖြင့်၊ ဖန်တီးလျက် ဝင်ရောက် လာ၏။

ထို့စဉ် လင်းယွန် နောက်၌၊ ရနံ့များ ထုတ်လွှတ် ပေးနေသည့် လမင်း တစ်စင်း လင်း လာကာ၊ ထိုနေမင်း သဏ္ဍာန် အလင်း စက်လုံး နှင့် ရေခဲ နဂါးအား၊ ခွဲထုတ် သွားသည်။

“ အကြွင်းမဲ့ စိုးမိုးမှု .. ။ ”

နောက်ထပ် လက်သီး တစ်ချက်ကို၊ ပစ်လိုက်သော အခါတွင်၊ လမင်းမှာ နေမင်း အဖြစ် ပြောင်းလဲ သွားပြီး၊ ကျောက်ရှစ်ကျီထံ ဝင်ရောက် သွားတော့၏။

“ ဘုန်း ... ။ ”

လက်သီးက၊ ကျောက်ရှစ်ကျီ ရင်ဘတ်ကို ထိမှန် သွား၏။ ချက်ချင်းပင်၊ စွမ်းအင် လှိုင်းများ အဘက် ဘက်သို့ ရိုက်ခတ် လာပြီး၊ အခြား ပါရမီရှင် များကို လွင့်စဉ်သွား စေခဲ့သည်။

ကောင်းကင်ဓား ရည်ရွယ်ချက်၊ နေနတ် ဘုရား လက်သီးနှင့်၊ လနတ် ဘုရား လက်သီး၏ စွမ်းအားမှာ၊ လူတိုင်းကို တရွေ့ရွေ့ ကြောက်ရွံ့ လာစေသည်။

ထိုလက်သီးတွင် စင်ကြယ်သော ဝိညာဉ်တော် စွမ်းအား အနည်း ငယ်ကို၊ ပေါင်းစပ် ထားသဖြင့်၊ ကျောက်ရှစ်ကျီအား ဒဏ်ရာ ပြင်းထန်စွာ ရရှိ သွားစေ၏။

သို့သော် လင်းယွန်မှာ၊ အနားမရ သေးချေ။ ရွှေအဆင့် ပါရမီရှင် (၆)ဦး အနက် မသန်မာဆုံး ဖြစ်သော၊ ယန်ရှို့မှ တိုက်ပွဲ အတွင်း ဝင်ရောက် လာသည်။

“ အောက်တန်းစား ပုရွက်ဆိတ် ... ၊ ဒါက မင်း မောက်မာ မင်းမူ ရမဲ့ နေရာ မဟုတ်ဘူး၊ ဒူး ထောက် စမ်း ... ။ ”

မီးလျှံများ တောက်လောင် နေသော လက်သည်း ကြီးကို၊ လင်းယွန်၏ ဦးခေါင်း ဆီသို့ ပစ်လွှတ် လိုက်သည်။

ကံကြမ္မာ ကိုယ်ခံ ပညာအား၊ ကန့်သတ်ချက် အထိ၊ တွန်းပို့ထား သဖြင့်၊ များစွာ အစွမ်းထက် ချေ၏။ စင်ကြယ်သော ဝိညာဉ်တော် အရိပ် အမြွက် ကိုပင်၊ ပြသ လာသည်။

ယင်းက လင်းယွန်ကို မျက်မှောင်ကြုတ် သွားစေ၏။ သူ့တွင် နေလ လက်သီးသာ မရှိ သော်၊ ခက်ခဲသော အချိန် ဖြစ်လာ နိုင်မည်။ ရွှေ အဆင့်သည် အမှန်ပင်၊ အရည် အချင်း ရှိသူ များဖြင့်၊ ပြည့်နေ ချေ၏။

“ ချိုး ဖြတ် စမ်း ... ။ ”

ထို့ကြောင့် နေ ဖျက်ဆီးခြင်း တံဆိပ်ကို ဖွဲ့စည်းကာ၊ ရွှေကျီးကန်းအား ထုတ်လွှတ်လျက် မီးလက်သည်း ကြီးကို ဖျက်ဆီး ပစ်လိုက်သည်။

၎င်းသည် စင်ကြယ်သော ဝိညာဉ်တော် အဆင့်ကို ရောက်ရှိ နေပြီ ဖြစ်သဖြင့်၊ တောက်ပ သော အလင်းများ ဖြာထွက် နေ၏။

ရုတ်တရက် လင်းယွန်က ရှေ့တိုး လာ သောကြောင့်၊ ယန်ရှို့ မျက်နှာမှာ ပြောင်းလဲ သွားသည်။

“ မင်း လွတ်မယ် ထင်လား။ ”

“ အဲဒီမှာ ရပ်စမ်း ... ။ ”

ထိုစဉ် အခြားသော ရွှေအဆင့် ပါရမီရှင် များက လင်းယွန်ကို ဝိုင်းမိ သွားပြီး၊ ဝင်ရောက် ဟန့်တား လိုက်၏။

သို့သော် ငွေဖီးနစ် တစ်ကောင်၊ ထပ်မံ ထွက်ပေါ် လာပြီး၊ လင်းယွန်က သူတို့ လက်မှ လွယ်လင့် တကူ၊ ရှောင်တိမ်း သွားတော့သည်။

“ ဒီကောင် မလွယ်ဘူး၊ ဆက်ဆံရ ခက်တယ်။ ”

လင်းယွန်ကို လိုက်လံ တိုက်ခိုက် နေရ သဖြင့်၊ အနည်းငယ် ရှက်ရွံ့ လာပြီး၊ ရွှေအဆင့် ပါရမီရှင် များမှာ၊ မျက်နှာ အရောင်ဖျော့ သွားကြသည်။

ထို့စဉ် လင်းယွန် လက်မှ လွတ်သွားသည့် ယန်ရှို့မှာ၊ ဖီးနစ် တစ်ကောင်နှင့် အတူ၊ တိုက်ပွဲ အတွင်း၊ ပြန်လည် ဝင်ရောက် လာ၏။

“ ဟိတ် ... ။ ”

၎င်းမှာ စင်ကြယ်သော ဝိညာဉ်တော် ဖြစ်ပြီး၊ သခင်ငယ် များလောက် မသန်မာ သော်လည်း အစွမ်း ထက်ကြောင်း ထင်ရှားသည်။

အခြားသော ပါရမီရှင် များနှင့် ပူးပေါင်းကာ၊ လင်းယွန်ကို အငိုက်ဖမ်း တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်။

ယင်းကို ကြည့်ပြီး၊ ရွှေအဆင့် ထူးချွန်သူ များက သတ်ရန် ရည်ရွယ် ချက်များ ထုတ်ဖော် ပြသ လာ၏။

“ အားလုံး အတူတူ တိုက်ခိုက်ပါ ... ၊ ငါတို့ အားလုံးကို သူ မခုခံ နိုင်ဘူး။ ”

“ မှန်တယ် ... တိုက် ... ။ ”

“ လာ ... ဒါက အခွင့် ကောင်းပဲ တိုက်ရအောင်။ ”

ဗိုလ်ချုပ် များနှင့် အခြားသော အထက် တန်းစား များက၊ ရွှေအဆင့် ပါရမီရှင် (၆) ဦးမှ၊ လင်းယွန်အား ဖိအား ပေးနိုင်သည့် အပေါ်၊ စိတ်အား တက်ကြွ လာကြ၏။

လူတိုင်းက ထိုပါရမီရှင် (၆) ဦးနှင့် လက်တွဲကာ၊ တိုက်ခိုက် မှုများကို စတင် လာခဲ့ ကြသည်။

သို့သော် အသာစီး ရနေသော ယန်ရှို့မှာ၊ လက်ရှိ အခြေ အနေပေါ်၊ သံသယများ ဝင်လာ တော့သည်။

လင်းယွန်တွင် ကံကြမ္မာ ကိုယ်ခံ ပညာထက်၊ သာလွန်သော ပညာရပ် ရှိနေ သည်ကို သူသိ၏။ သို့သော် ယင်းကို ထုတ်ဖော် လာခြင်း မရှိချေ။

တစ်ချိန်တည်း မှာပင် ထိုသံသယကို ရှင်းထုတ် လိုက်သည်။ လင်းယွန်အား ဒဏ်ရာ ရအောင် လုပ်နိုင် သ၍၊ မည်သည့် အရာ ကိုမျှ ဂရု စိုက်စရာ မလိုကြောင်း၊ ယူဆ မိသည်။

ကျန်သူ များက၊ သူနှင့် အတူ၊ ပူးပေါင်း လာသဖြင့်၊ ဝိညာဉ်တော် စွမ်းအားကို နောက် တစ်ဆင့် မြှင့်တင် လိုက်သည်။

“ အိုး မင်းတို့မှာ ... ၊ ဝှက်ဖဲတွေ တကယ် ရှိတာပဲ။ ”

လင်းယွန်က ရက်စက်သော အပြုံးဖြင့်၊ ရေရွတ် လိုက်သည်။ ထို့နောက် ရွှေကျီးကန်းနှင့် ငွေဖီးနစ် တို့အား၊ လက်သီးတွင် ရစ်ပတ် စေလျက်၊ လူတိုင်းကို ရင်ဆိုင် တော့၏။

“ ဝှစ် ... ။ ”

သို့သော် နေလ လက်သီးကို မသုံး သဖြင့်၊ နောက်သို့ လွင့်စင် သွားရသည်။ ထိုအချိန်တွင် ပြိုင်ဘက်များ နဖူး ၌လည်း ချွေးများ သီးပြီး၊ မျက်နှာများ ဖြူဖျော့ နေပေပြီ။

ရှဇီလင်က လင်းယွန်ကို ကြည့်ကာ၊ ပြုံးမိသည်။ အနှေးနှင့် အမြန် ဆိုသလို၊ ဖိနှိမ် နိုင်တော့မည် ဖြစ်သည်။

“ မင်း ကြည့်ရတာ ... ၊ အထင်ကြီး စရာလည်း မရှိ ပါဘူး၊ ဒီခွန်အား လေးနဲ့ သခင်ငယ် တွေကို၊ ယှဉ်ပြိုင် ချင်တာလား၊ ဘယ်လောက်တောင် မိုက်မဲ လိုက်လဲ။ ”

“ လင်းယွန် ဒူးထောက်ပါ ... ။ ”

အိုယန်ယုက ဒေါသနှင့် အော်ငေါက် လိုက်သည်။ ထို့စဉ် လင်းယွန်မှာ ခေါင်မိုးပေါ် ဆင်းသက် လာပြီး၊ လူတိုင်းထံ ဝေ့ကြည့်ကာ၊

“ အခု ... ၊ မင်းတို့ သင်္ချိုင်းကို၊ ခြေ တစ်ဖက် လှမ်းနေ မိပြီ ဆိုတာ ... ၊ မသိသေး ဖူးလား။ ”

-ဟု မေးမြန်း လိုက်တော့သည်။

ရုတ်တရက် အိုယန်ယု ခမျာ၊ အန္တရာယ် ရှိသော အငွေ့ အသက်ကို ခံစား လိုက်ရ သဖြင့်၊ ခေါင်းအား မော့ကြည့် လိုက်မိသည်။

“ ဒါ ဘာလဲ ... ။ ”

လင်းယွန် အထက် ကောင်းကင်၌၊ အပြာရောင် သစ်ပင်ကြီး တစ်ပင် ဖြစ်တည်လာ သည်ကို၊ မြင်လိုက် ရသည်။

ကြည့်နေစဉ် မှာပင် သစ်ကိုင်း များ၌ ခရမ်းရောင် ပန်းများ ကြယ်တာရာ များကဲ့သို့ ပွင့်အာ လာ၏။

ဤဖြစ်စဉ် အောက်တွင်၊ သူတို့အား ကန့်သတ်ခံ လိုက်ရ ပြီကို နားလည် မိသဖြင့်၊ ကြောက်ရွံ့ မှုများ ဝင်ရောက် လာတော့သည်။

“ မလုပ်နဲ့ ... ။ ”

ပတ်ဝန်းကျင် တစ်ခုလုံး အော်ဟစ် သံများ ပြည့်နှက် သွားသည်။ ဓားအလင်းများ လက်လာ ပြီး၊ လူ ထက်ဝက်ခန့်၊ ချက်ချင်း နှစ်ပိုင်း ပြတ်ကုန်၏။

နေရာ အနှံ့ သွေးများ ပျံ့ကျဲ ကုန်ကာ၊ ညည်းညူ သံများ ညံလာသည်။ ကောင်းကင်ဘုံ သုံးပါး၏၊ ဒုတိယ ပုံစံ ဖြစ်၏။

စင်ကြယ်သော ဝိညာဉ်တော် ရောင်ဝါနှင့် ပေါင်းစပ်ကာ၊ အံဖွယ် စွမ်းဆောင်ရည် တစ်ခုကို ပြသ လာခြင်း ဖြစ်ချေပြီ။

ယခု ချိန်၌ အပြာရောင် ကြာပန်းများ ပွင့်လျက်၊ လူတိုင်း နှစ်ပိုင်း ပြတ်ရမည့် အချိန်ကို စောင့်မျှော် နေရုံသာ ရှိတော့သည်။

“ ဘုန်း ... ။ ”

ထို့နောက် အလောင်းများ ပြိုကျ ငြိမ်သက် ကုန်သည် အထိ စောင့်ကာ၊ သခင်ငယ်များ ရှိရာ ရင်ပြင်သို့၊ ဆက်လျှောက် လာမိ လေသည်။

***

All Chapters