← Chapters

ငါရောက်ပြီ။

Vol. 75 Ch. 1050

ငါရောက်ပြီ။

Vol. 75 Ch. 1050

လေတောင်ကုန်းမြို့ ရင်ပြင်တွင်၊ မိစ္ဆာ သတ်ပွဲကို၊ ကျင်းပမည် ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှု လိုသော လူများဖြင့်၊ စည်ကား နေ၏။

ဖေးရွယ်က ဧကရာဇ် နယ်မြေ သခင်ငယ် ဘေးတွင် ထိုင်ကာ၊ အဝင်ဝကို စူးစူး စိုက်စိုက် ကြည့် မိသည်။

ငရဲ နတ်ဘုရား သခင်ငယ်မှ၊ ရွှေအဆင့် ပါရမီရှင် (၆) ယောက်၊ ဗိုလ်ချုပ် (၁၀) ယောက် နှင့်၊ မြင့်မြတ်မြေ များ၏ အထက် တန်းစား ပေါင်းများ စွာကို၊ စေလွှတ် ထားသည်။

ထို့ပြင် လူတိုင်း၌ သာမာန်ထက် သာလွန်သော ရတနာများ ကိုလည်း ပေးအပ် ထား၏။

ရွှေအဆင့် ပါရမီရှင်များ မရှိ လျှင်ပင်၊ ထိုရတနာ များက လင်းယွန်ကို သတ်နိုင်စွမ်း ရှိလေသည်။

ရင်ပြင် အလယ်တွင်၊ ကျောက်စာတိုင် တစ်တိုင် ရှိပြီး၊ တိုင်အောက်ခြေ၌ အနီဝတ် အမျိုး သမီး တစ်ဦးကို ခြေကျင်းခတ် ထားသည်။ လှုပ်ရှား လိုက်တိုင်း ထိုခြေချင်း၌ လျှပ်စီးများ ထ၍ လက် လာ၏။

“ လျှပ်စီး ခြေချင်းတွေ ... ။ ”

ယွဲ့ဝေဝေ၏ ခြေချင်း များကို ကြည့်ပြီး၊ ဖေးရွယ် မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။ ၎င်းတွင် လျှပ်စီး သဘာဝ သူတော်စင် ရူရ်များ ပါရှိပြီး၊ အသက်ဝင် လာချိန်၌၊ မည်မျှ နာကျင် ရမည်ကို၊ သူ သိသည်။

အဆိပ် ပြင်းသော မြွေပွေးများ ကဲ့သို့ တုတ်နှောင်ထား သူကို၊ ညှဉ်းပန်း နှိပ်စက်နိုင် ပေ၏။

တုတ်နှောင်ခံ ရသူ၏ ဆန္ဒကို ခွဲထုတ်ပြီး၊ အကြောက် တရား ဟူသော၊ မျိုးစေ့အား ချပေး လေသည်။ လက်ရှိ အခြေ အနေ အရ၊ သတ်ရန် ရည်ရွယ်ချက် မရှိ ကြောင်း၊ မြင်သာ စေသည်။

ငရဲ နတ်ဘုရား သခင်ငယ်၊ တော်ဝင် နဂါး သခင် ငယ်နှင့်၊ ယင်-ယန် သုခဘုံ သခင်ငယ် တို့က၊ အခြားသော သခင်ငယ် များကို၊ စကား စမြည် ပြောကာ၊ ဧည့်ခံ နေ၏။

လူအုပ်မှာ များပြား လွန်းသဖြင့်၊ ထိုင်လျက် တစ်ဖုံ၊ ရပ်၍ တဖုံ အမျိုး မျိုးသော အသွင်နှင့် စကား ဆိုနေ ကြသည်။

“ အဲဒါ ယွဲ့ဝေဝေ ဆိုတာလား၊ တကယ် လှတာပဲ၊ လင်းယွန်က သူ့ အတွက် သေလမ်းကို လာဝံ့တာ၊ အံ့သြ စရာ မရှိတော့ ပါဘူး။ ”

“ သခင်ငယ် တွေက လင်းယွန်ကို တမင် ရည်ရွယ်ချက် ရှိရှိ ဆွဲဆောင် နေတာ၊ ငါသာ သူ့ နေရာမှာ ဆိုရင်၊ ငါ မလာဘူး။ ”

“ ဒီလို လုပ်လို့လည်း မရ ဖူးလေ၊ မလာရင် ယွဲ့ဝေဝေကို အဝတ် ဗလာ ချွတ်ပစ် မယ်လို့၊ ဆို ထားတယ် မဟုတ်လား။ ”

ဆွေးနွေး မှုများ နေရာ အနှံ့၊ ရှိနေ သော်လည်း၊ မည်သူမျှ ကျယ်လောင်စွာ မပြော ရဲကြပေ။

လင်းယွန်သည် သူတော်စင် ဝိညာဉ် ရေကန်၌ ရေချိုးခွင့် ရခဲ့ ပါက၊ ဤသခင်ငယ် များကို၊ ခြိမ်းခြောက် နိုင်ဖွယ် ရှိသည်။

သို့သော် သည်းခံ လိုစိတ် မရှိသည့်၊ သူ့ ဒေါသကြောင့်၊ ထောင်ချောက် အတွင်း သက်ဆင်း ရပြီ ဖြစ်၏။

လမ်း တစ်လျှောက် လူတိုင်းကို၊ သတ်နိုင် ခဲ့သော်လည်း၊ မျှော်လင့်ချက် ကြီးကြီး မားမား မရှိချေ။ သခင်ငယ် များနှင့် ရင်ဆိုင်ရန်၊ စောလွန်း နေသေးသည်။

ယခုပင် ရွှေ အဆင့်ရှိ ပါရမီရှင် (၆) ဦးကို၊ တိုက်ပွဲ အတွင်း အားဖြည့် ပေးရန်၊ သခင်ငယ် များက စေလွှတ် ခဲ့သည်။

၎င်းတို့အား အရင်း အမြစ်များ ပံ့ပိုး ပေးထား၏။ ထို့ကြောင့် အလွန် အစွမ်းနေ ကြမည်မှာ၊ သံသယ ဖြစ်စရာ မရှိချေ။

စစ်မက် နယ်မြေ များသည်၊ ကောင်းကင် လမ်းရှိ အမွေ အများ စုကို၊ ယူဆောင် သွားခဲ့ဖူး ကြောင်း၊ ကောလ ဟာလများ ထွက်ရှိ ထားသည်။

ထို့ကြောင့် ကံကြမ္မာ ကိုယ်ခံ ပညာထက်၊ သာလွန်သော ပညာ ရပ်အား ရရှိ ထားသည့်၊ လင်းယွန် အပေါ်၊ ပစ်မှတ်ထား ကြ သည်မှာ၊ သဘာဝ ပေပင်။

သခင်ငယ် များက ပေါ့ပေါ့ ပါးပါးပင်၊ စကားစမြည် ပြောဆို နေကြ၏။ တော်ဝင် နဂါး သခင် ငယ်က၊ ယွဲ့ဝေဝေထံ တစ်ချက် ကြည့်လိုက်ပြီး၊

“ လျှပ်စီး ခြေချင်းကို သုံးတာက၊ နည်းနည်းတော့ ရက်စက်ရာ ရောက်တယ် မဟုတ်လား ။ ”

သူတို့ သည်ပင် ထိုခြေချင်းဖြင့်၊ အခတ်ခံ ထားရ ပါက၊ ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ အနည်းငယ် ရက်စက် လွန်း လေပြီ။

ယွဲ့ဝေဝေ မာနကို ချိုးရန်၊ ကြံရွယ် နေပုံ ရ၏။ သို့သော် ဤလုပ် ရပ်ဖြင့်၊ သူ့အပေါ် မုန်း သွားနိုင် ပေမည်။

“ ငရဲ နတ်ဘုရား သခင်ငယ်က၊ အရမ်း ကြင်နာ ခဲ့တယ်၊ ဒါပေမယ့် သူက စေတနာကို စော်ကား တာကြောင့်၊ အပြစ် ပေးလိုက် တာပဲ။ ”

“ လင်းယွန်က ဒီရင်ပြင်ကို၊ ဒူးထောက် ဝင်လာ ခဲ့ရင်၊ လျှပ်စီး ခြေချင်းက ယွဲ့ဝေဝေရဲ့ နှလုံး သားမှာ အကြောက် တရား၊ ပျိုးပေး လိမ့်မယ်။ ”

သခင်ငယ် များက ကျေနပ် စွာဖြင့်၊ သူတို့ အမြင် များကို ထုတ်ဖော် ပြောဆို လာကြသည်။ ငရဲ နတ်ဘုရား သခင်ငယ်က၊ တော်ဝင် နဂါး သခင် ငယ်အား ပြန်ကြည့်ကာ၊

“ ခွေး တစ်ကောင်ရဲ့ မာနကို၊ ရိုက်ချိုး လိုက်တဲ့ မြင်ကွင်းက၊ ယွဲ့ဝေဝေ တစ်ယောက် ကို၊ စိတ်ပျက် စေလိမ့်မယ်၊ ဒီနည်းလမ်းက ... ”

“ ... အလုပ် မဖြစ် သေးဖူး ဆိုရင်လည်း၊ ပြဿနာ မရှိ ပါဘူး၊ ယွဲ့ဝေဝေ ဦးညွှတ်ဖို့ ငါ့မှာ တခြား နည်းလမ်းတွေ ရှိပါ သေးတယ်။ ”

သူ့ စကားကြောင့်၊ မိစ္ဆာ သတ်ပွဲ၏ ရည်ရွယ်ချက်ကို၊ နားလည် လိုက်ပြီ ဖြစ်သည်။ လင်းယွန်အား တိုက်ခိုက်ရန် အကြောင်း ပြချက် ရှာနေခြင်း ဖြစ်၏။

“ ငါ ထင်သလို ပါပဲ ... ။ ”

ဧကရာဇ် သခင်ငယ်က ဝိုင်ခွက်ကို ကောက်ကိုင်ကာ၊ နမ်းလျက်မှ ပြုံးနေ ခဲ့သည်။ ထို့နောက် ဖေးရွယ်ထံ လှည့်ကြည့်ပြီး၊

“ ဒါက ထောင်ချောက်ပဲ၊ ငရဲ နတ်ဘုရား သခင်ငယ်က ယွဲ့ဝေဝေကို မထိရဲဘူး၊ လင်းယွန် အတွက်သာ ဒီပွဲကို ဖန်တီး လိုက်တာ။ ”

သူ သည်ပင် သခင်ငယ် တစ်ဦး ဖြစ်သဖြင့်၊ စစ်မက် နယ်မြေ များ၏၊ အကြံ အစည် များကို ခန့်မှန်း နိုင်ပြီးသား ဖြစ်သည်။

“ သူ မပြောနဲ့၊ ဘယ်သူမှ ယွဲ့ဝေဝေကို မကယ်တင် နိုင်ဘူး၊ ဒီလမ်းက သားကောင်ကို၊ မျှား ထားတဲ့ လမ်းပဲ။ ”

“ မဟုတ်ဘူး၊ သူက အရူး မဟုတ်ဘူး၊ ပြီးတော့ ... ဒီလောက်လည်း မခက်ဘူး၊ ရိုးရိုး ရှင်းရှင်းတွေး လိုက်ရင်၊ အဆင်ပြေ မှာပါ။ ”

ဖေးရွယ်မှ လင်းယွန် အပေါ်၊ နားလည် နေသဖြင့်၊ တုန့်ပြန် ချေပ လိုက်၏။ သေသည် အထိ၊ တိုက်ပွဲဝင် နေမည့်၊ လူငယ် တစ်ဦး ဖြစ်သည်။

“ ဟား ဟား ဟား ... ၊ ဒီလိုလား သူ ဘာလုပ် နိုင်မယ် ထင်လဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဒူးထောက် သွားလိမ့် မယ်လို့၊ ငါ မြင်တယ်။ ”

စကားဆုံး သည်နှင့်၊ ဧကရာဇ် နယ်မြေ သခင်ငယ်မှ၊ အခြားသော သခင်ငယ် များကို စစ်ဆေးရန်၊ ပြန်လှည့် သွားသည်။

ဤပွဲကို လာရောက် ကြည့်ရှု ကြ သည်မှာ၊ ယွဲ့ဝေဝေ၏ နတ်ဘုရား အသွေးတော် သစ်သီး နှင့်၊ လင်းယွန် နဂါး အရိုးကြောင့် ဖြစ်သည်။

အခွင့် အရေးသာ ရှိပါက၊ သည် သခင်ငယ် များမှာ၊ ယှဉ်ပြိုင်ရန်၊ တွန့်ဆုတ် နေကြမည် မဟုတ်ချေ။

သို့သော် လင်းယွန်အား သတ်ရန်၊ ရွှေအဆင့် ထူးချွန်သူ (၆)ဦးကို၊ စေလွှတ် ခဲ့သည်မှာ၊ အချိန် ကြာ မြင့်ပြီ၊ ဖြစ်မှန်း သတိထား မိလိုက်သည်။

အချိန် ကြာလာ သည်နှင့် အမျှ၊ လူတိုင်းက ရွှေအဆင့် ပါရမီရှင် (၆)ဦး ပြန်ရောက် လာရန်၊ အချိန်လင့် နေပြီ ဖြစ်ကြောင်း၊ သတိ ပြုမိ ကုန်၏။

ထို့စဉ် အပြာရောင် သစ်ပင်ကြီး တစ်ပင် ကောင်းကင်၌ ထွက်ပေါ် လာသည်ကို မြင်လိုက် ရသည်။

အဆိုပါ ဖြစ်စဉ်နှင့် အတူ၊ ခရမ်းရောင် ပန်းများက၊ သစ်ကိုင်း များ၌ ပွင့်လန်း လာတော့ ၏။

ထို့အပြင် အားကောင်းသော ဓား တစ်လက်အား ခံစားမိ သဖြင့်၊ လူတိုင်း အေးစိမ့် သွားသည်။

ဤဓား ဆန္ဒမှာ အလွန် ပြင်းထန် လှ သောကြောင့်၊ သူတို့၏ ဓားများကို ထိန်းချုပ် နိုင်ခြင်း မရှိ တော့ချေ။

“ ..... ” (ဓား မြည်သံများ။ )

“ ဘယ်လောက် တောင် ၊ အစွမ်းထက် လိုက်တဲ့ ဓားလဲ၊ ကောင်းကင်ဓား မဟုတ်လား၊ မယုံ နိုင်စရာ ... ။ ”

ကောင်းကင်တွင် တောက်ပ နေသော ဓားအလင်းကို၊ လူတိုင်း ငေးမောကြည့် နေမိ ကြသည်။

ကြည့်နေစဉ် ထိုဓားက ပြန်လည် ပျောက်ကွယ် သွားပြီး၊ မိစ္ဆာ သတ်ပွဲ ကျင်းပရာ ရင်ပြင် ကိုပင်၊ တုန်ခါ သွားစေ ခဲ့၏။

တစ်ချိန်တည်း မှာပင် ထူးခြားသော ရောင်ဝါများ ပျောက်ကွယ် သွားပြီး၊ ဓားရောင်ဝါ သည်သာ၊ ကောင်းကင်၌ မင်းမူ နေတော့သည်။

ဓား တစ်ချက် တည်းဖြင့်၊ ရွှေအဆင့် ပါရမီရှင် (၆) ဦးမှာ၊ အမှန်ပင် သေဆုံးသွား ခဲ့သည်လော။ ထိုမေးခွန်းက လူတိုင်း ရင်ထဲသို့၊ ဝင်ရောက် လာသည်။

“ ဝှစ် ... ။ ”

၎င်းမေးခွန်းအား ဖြေဆိုရန်၊ ကောင်းကင်မှ အလင်းတန်း တစ်စက၊ မိစ္ဆာ သတ်ပွဲ ရင်ပြင်ထံ ထိုးဆင်း လာ၏။

ဓားသေတ္တာ တစ်လက်ကို ထမ်းပိုးလျက်၊ လူငယ် တစ်ယောက် ပုံသဏ္ဍာန် တဖြည်းဖြည်း ပြတ်ထင် လာသည်။

ထိုလူငယ် ထံမှ၊ ထုတ်လွှတ် ထားသော ရောင်ဝါတွင်၊ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း၊ အငွေ့ အသက်များ ပါဝင်နေသည်။

ဤသည်မှာ လမ်းတစ်လျှောက် ဟန့်တား လာသူ များကို သတ်ဖြတ်ကာ၊ တည်ဆောက် ယူခဲ့သော ရောင်ဝါ ဖြစ်၏။ ယခု ချိန်၌ အထွတ် အထိပ်သို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။

ကျောက်စာ တိုင်တွင်၊ တုတ်နှောင် ထားသော ယွဲ့ဝေဝေထံ တစ်ချက် ကြည့်ကာ၊ သတ်ဖြတ် လိုခြင်း ဆန္ဒများ ပေါက်ကွဲ လာခဲ့သည်။

ထို့နောက် သခင်ငယ် ဟူသော သူကောင်းသား များထံ လှည့်ကြည့် လိုက်ပြီး၊ ‘ငါ ရောက်ပြီ။’ -ဟု ဆိုမိ တော့၏။

သည်နေ့ စစ်မက် နယ်မြေ သုံးရပ်၏ သွေးဖြင့်၊ ခြေ ဆေးခွင့် မရ ပါက၊ သူ့ဓားအား ဆက်ကိုင် နေစရာ မလို တော့ချေ။

***

All Chapters