ဒူးထောက်ပြီး တောင်းပန်ပါ။
Vol. 76 Ch. 1051
လင်းယွန်၏ အသွင် အပြင်နှင့်၊ မောက်မာ နေဆဲ ဖြစ်သော အပြုအမူ များကြောင့်၊ လူတိုင်း အံ့အားသင့် သွားကြသည်။
ငရဲ နတ်ဘုရား သခင်ငယ်က ရင်ပြင်သို့၊ လင်းယွန် တစ်ယောက် ဒူးထောက် လျက်သာ ဝင်လာရ မည်ဟု ဆိုထား သည်။ သို့သော် ထိုအစီ အစဉ်မှာ၊ ကျရှုံး သွားမှန်း လူတိုင်း ပြောနိုင်၏။
“ ထက်ရှ လိုက်တဲ့ ဓား။ ”
လူအုပ်က ကောင်းကင် ဓားကို အနီးကပ် မြင်ရ သဖြင့်၊ ချီးကျူး မိလေသည်။ ဤလူသည် လေးစား ထိုက်သော ဓားဘီလူး တစ်ကောင် ဖြစ်ပေ၏။
ကောင်းကင် လမ်း၌ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင် နိုင်လျှင်ပင်၊ အထင် ကြီးစရာ ဖြစ်လေ သည်။ ကောင်းကင်ဓား ဟူသည်၊ လူတိုင်း အတွက်၊ တစ်ကြိမ်ပင် မမြင်ဖူး သေးသော အံဩဖွယ် ဓား တစ်လက် ဖြစ်၏။
သူတော်စင် ဝိညာဉ် ရေကန်တွင်၊ ရေချိုး ခွင့်သာ ရပါက၊ ဤဓားဘီလူး မည်မျှ သန်မာ လာ မည်ကို၊ မမှန်းဆ နိုင်တော့ချေ။
ထိုအခိုက်တွင် သခင်ငယ်များ မျက်နှာမှာ၊ ဆိုးဝါးစွာ တင်းမာ လာခဲ့သည်။ အထူး သဖြင့် ငရဲ နတ်ဘုရား သခင်ငယ် ဖြစ်၏။
“ မင်း ... ၊ အရမ်း များသွားပြီ၊ ဒီနေ့ဟာ အသက် ရှင်ခွင့် ရမဲ့၊ နောက်ဆုံး နေ့ပဲ။ ”
ထို့စဉ် ကျန်ရှိ နေသော ရွှေအဆင့် ပါရမီရှင် များနှင့်၊ ဗိုလ်ချုပ်ငယ် များက၊ လင်းယွန် ရှေ့သို့ ခုန်ထွက် လာ၏။
“ လင်းယွန် ... ၊ စစ်မက် နယ်မြေက လူတွေကို သတ်လိုက်တဲ့ မင်းရဲ့ အပြစ် အတွက်၊ ဘာလို့ ဒူးထောက်ပြီး၊ မတောင်းပန် သေး တာလဲ။ ”
ရွှေအဆင့် ပါရမီရှင် တစ်ယောက်က၊ အကြောက် အလန့် မရှိဘဲ၊ ရှေ့တစ်လှမ်း လှမ်း တက်ကာ၊ မေးခွန်း ထုတ်လိုက်သည်။
လင်းယွန်က သူ့ စကားကို တုန့်ပြန်ခြင်း၊ မရှိဘဲ၊ ပတ်ဝန်း ကျင်ထံ ပေါ့ပေါ့ ပါးပါး ဝေ့ဝဲ ကြည့်သည်။
သူ့အား ရန်လို နေသည့်၊ ရွှေ အဆင့်မှ ပါရမီရှင် များစွာကို သတိပြု မိ၏။ ၎င်းတို့က ဤပွဲ မျိုးကို လက်လွတ် မခံချင် ပုံ ရသည်။
“ မင်းတို့ကို ငါ မသတ် ချင်ဘူး၊ စစ်မက် နယ်မြေနဲ့၊ မသက် ဆိုင်တဲ့ လူတွေ ထွက်သွားပါ၊ ဒါဆို ငါ မမြင် သလို နေပေးမယ်။ ”
သူ့ အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ လူတိုင်း ကြားရန် လုံလောက် လေသည်။
“ ဟမ့် ... ၊ သူ့ကို မကြောက်နဲ့၊ ငါတို့ အတူတူ တိုက်ကြစို့ ... ။ ”
ဗိုလ်ချုပ် တစ်ဦးက ငေါက်သံ ပြုလျက်၊ လူတိုင်းကို လက်နက်များ ထုတ်ယူရန် အချက် ပြ လိုက်သည်။
သခင်ငယ်များ ရှေ့မှောက်၌ တစ်ဖက် လူမှာ၊ ထင်တိုင်း ကြဲနိုင်မည် မဟုတ်ကြောင်း ယုံကြည် မိ သဖြင့်၊ ကြောက်ရွံ့ခြင်း မရှိ ကြချေ။
ရတနာ မျိုးစုံမှ အလင်းများ၊ တောက်ပ လာစဉ်၊ လင်းယွန်ထံ လူတိုင်း ပြေးဝင် လိုက်ကြ သည်။ လှိုင်းများ ပျံ့ကျဲ ကုန်ပြီး၊ ဖြစ်စဉ် မျိုးစုံ ထင်ဟပ် လာတော့၏။
ရွှေအဆင့် ပါရမီ ရှင်များ အားလုံးက၊ လင်းယွန်အား ပူးပေါင်း တိုက်ခိုက် လာသော ကြောင့်၊ ဖေးရွယ်မှာ စိုးရိမ် သွားသည်။
ဤအဆင့် တိုက်ပွဲ၏ အဖျက် စွမ်းအားမှာ၊ မယုံ နိုင်စရာ ပေပင်။
ကောင်းကင်မှ ပျံသန်း လာသော ရန်သူ များကို မော့ကြည့်ကာ၊ လင်းယွန်က သူ၏ ဓား ရည်ရွယ် ချက်အား၊ လေထဲ ထုတ်လွှတ် လိုက်သည်။
အသည်း ခိုက်အောင် တုန်ခါ စေသော၊ သားရဲ ဟောက်သံကြီး တစ်သံနှင့် အတူ၊ ဓား ရည်ရွယ် ချက်ဖြင့်၊ အနားကွပ် ထားသည့်၊ နဂါး တစ်ကောင် ရုတ်တရက် ထွက်ပေါ် လာ၏။
အကန့် အသတ် မရှိသော နဂါး ရောင်ဝါ များက၊ လူတိုင်း အပေါ် ဖိနှိမ် လာချိန်တွင်၊ မယုံ နိုင်ဖွယ် မော့ကြည့် လိုက်မိ ကြသည်။
ထိုရောင်ဝါ အောက်တွင်၊ အရာရာ သေးနုပ် လှသည်။ ရုတ်တရက် နဂါး ကြီးက၊ အော်ငေါက် လိုက်သဖြင့်၊ ဓား ရောင်ခြည်များ ပေါက်ကွဲ ထွက်လာ၏။
“ မကောင်း တော့ဘူး။ ”
ငရဲ နတ်ဘုရား သခင် ငယ်၏ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။ ကောင်းကင် ဓားကို ပို၍ ကျွမ်းကျင် လာသည့်နောက်၊ နဂါးနှင့် ဓား ပေါင်းစပ် မှုသည်၊ မယုံနိုင် စရာ ပေပင်။
၎င်းသည် သူတို့ ပေးထားသော ရတနာ များကို လွှမ်းမိုး နိုင်သည့် တိုက်ခိုက်မှု တစ်ခု ဖြစ်၏။
ထိုနဂါးဓား ရောင်ဝါ အောက်တွင်၊ ရတနာ များမှ ထုတ်လွှတ် ထားသော ဖြစ်စဉ် တိုင်းမှာ၊ ပြိုကျ လာသည်။
သူ့ စကားအား နားမထောင် ကြသည့် အတွက်၊ လင်းယွန်မှာ မည်သူ့ အပေါ်မျှ ငဲ့ညှာ နေစရာ မရှိချေ။
ရွှေရောင် အလင်း အသွင် ပြောင်းလဲ လိုက်ပြီး၊ မရေ မတွက် နိုင်သော ဓားရောင်ခြည် များကို စတင် ထုတ်လွှတ် လိုက်သည်။
“ ရွှပ် ... ။ ”
ကောင်းကင်တွင် ခရမ်းရောင် ပန်းများ နှင့်အတူ၊ လင်းယွန် တစ်ယောက် ပျံဝဲ နေသည်။ ပန်း တစ်ပွင့် ပွင့်လိုက်တိုင်း၊ ပါရမီရှင် တစ်ဦး မြေပြင် ပေါ်သို့ လဲကျ သွား၏။
“ အား ... ။ ”
မျက်စိ တမှိတ် အတွင်း၊ သွေးများ ရဲရဲနီ လာပြီး၊ လူ သတ်ပွဲကြီး ထွက်ပေါ် လာတော့၏။ ရွှေအဆင့် ပါရမီ ရှင်များ အပါ အဝင်၊ လူပေါင်း များစွာ သေဆုံး ကုန်သည်။
“ ဖယ် ကျ စမ်း ... ။ ”
လင်းယွန်က ရွှေ အဆင့် ထူးချွန်သူ နှစ်ဦးထံ၊ လက်ဖဝါးကို တွန်းထုတ် လိုက်သည်။ ထို့နောက် ယွဲ့ဝေဝေထံ တစ်ချက် ကြည့်၏။
“ အစ်ကိုကြီး ယွန် မလာနဲ့ ... ။ ”
သူ့ အကြည့်ကို သတိထား မိလိုက်သော ယွဲ့ဝေဝေက စိတ်လှုပ်ရှား စွာဖြင့်၊ အော်ဟစ် သတိ ပေးလိုက်သည်။
“ ချွင် ... ။ ”
ရုန်းကန် လိုက်စဉ်၊ ခြေချင်း များ၌ လျှပ်စီး လက်လာကာ၊ သူမအား နာကျင် စေတော့၏။
ယွဲ့ဝေဝေ၏ နာကျင် နေသော မျက်နှာက၊ လင်းယွန်ထံ ကူးစက် လာသည်။ ထိုထက် ပို၍ အရေးကြီး သည်မှာ၊ ယွဲ့ဝေဝေမှ ပြောပြ လိုသော စကားများ ဖြစ်သည်။
ထိုနေရာ၌ ထောင်ချောက် တစ်ခု ရှိနိုင် ပေမည်။ သူ့ အသက် ကိုပင် ရယူ နိုင်သော အစီရင်မျိုး ခင်းကျင်း ထားနိုင်၏။
“ ဟမ့် ... ၊ မင်း ထွက်သွား ချင်လား၊ သိပ် နောက်ကျ သွားပြီ။ ”
ထို့စဉ် ထူးဆန်းသော လက်နက် တစ်ဖက်အား၊ တော်ဝင် နဂါး သခင် ငယ်မှ ထုတ်ယူ လိုက်သည်။
၎င်းလက်နက်မှာ လက်ခလယ်နှင့်၊ လက်ကောက် ဝတ်ကို၊ သံကြိုးဖြင့် ချိတ်ဆက် ထားသည့် သံလက် တစ်ဖက် ဖြစ်၏။
“ ချွင် ... ၊ ချွင် ... ၊ ချွင် ... ။ ”
လေတိုး ခြင်းကြောင့်၊ သံကြိုးများ ထံမှ၊ မြည်သံများ ထွက်ပေါ် လာစဉ်၊ ငွေရောင် ရူရ် များ လင်းလက် လာတော့သည်။
“ ခရစ် ... ။ ”
ထူထဲသော သံကြိုး (၉)ခေျာင်း၊ မြေပြင်မှ ရုတ်တရက် ပေါက်ကွဲ တိုးထွက် လာပြီး၊ ရင်ပြင် အနှံ့ အက်ကြောင်းများ ဖြစ်ပေါ် လာ၏။
သံကြိုး တစ်ချောင်း စီသည်၊ အဆိပ် ပြင်းသော စပါးအုံး မြွေများ ကဲ့သို့၊ လင်းယွန်ကို ရန်ပြု လာ တော့သည်။
“ နဂါး သတ် နှောင်ကြိုး။ ”
ဤသည်မှာ တော်ဝင် နဂါး နယ်မြေ၏ ရတနာ တစ်ပါး ဖြစ်သောကြောင့်၊ လူအုပ်က အော်ဟစ် မိကုန်သည်။
၎င်းသည် မူပွား မျှသာ ဖြစ်သော်လည်း၊ သံကြိုး တစ်ချောင်း စီသည်၊ အဆင့်မြင့် တာအို လက်ရာအား ယှဉ်နိုင်၏။
အင်ပါ ရီယန် အောက်ရှိ မည်သူမျှ လွတ်မြောက် နိုင်မည် မဟုတ်ပေ။ အထူး သဖြင့် စွမ်းအား (၇၀%) ကို၊ တော်ဝင် နဂါး သခင်ငယ် မှ၊ ထုတ်လွှတ် နိုင်သောကြောင့် ဖြစ်သည်။
လင်းယွန်က လျှော့ မတွက် ဝံ့ချေ။ သူတော်စင် နဂါး ခန္ဓာ ကိုယ်နှင့်၊ ဓားသုတ္တန် နှစ်ပါးအား၊ တစ်ချိန်တည်း အသက် သွင်း လိုက်သည်။
“ ဟိတ် ... ။ ”
ထို့နောက် နေနတ်ဘုရားနှင့် လနတ် ဘုရား၏ လက်သီး ပုံစံ ကိုးမျိုးအား၊ တပြိုင် နက်တည်း ထုတ်လွှတ်လျက်၊ ဟန့်တား လိုက်ရ၏။
“ ဝုန်း ... ။ ”
“ ခ ရစ် ... ။ ”
လက်သီး များက၊ သံကြိုး (၉) ခေျာင်းနှင့် တွေ့ဆုံ သွားပြီးနောက်၊ အက်ကွဲ ကြောင်းများ ထင်ဟပ် လာစေ သည်။
“ အွန့် ... ။ ”
တစ်ချိန် တည်းမှာပင် တော်ဝင် နဂါး သခင်ငယ်မှာ၊ တိုးညှင်းသော ညည်းညူ သံကို ပြုလိုက် ရ၏။
“ ပျံသန်း နေသော ကောင်းကင်ဘုံ တံဆိပ်။ ”
ထို့စဉ် လင်းယွန်အား အသက် ဝဝ ရှူခွင့် မပေးဘဲ၊ ယင်-ယန် သုခဘုံ သခင်ငယ်မှ ခုန်ဝင် လာခဲ့ သည်။
သူ့နောက်တွင် ခမ်းနားသော တောင်ကြီး တစ်လုံး အသွင်၊ ပုံရိပ် ယောင်များ အတူ ပါရှိ လာသည်။
၎င်းသည် ခွန်လွန်ဘုံ ၌ပင် ကျော်ကြား လှသော ယင်-ယန် သုခဘုံ နယ်မြေ၏ လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်၏။
လင်းယွန်မှာ မျက်လုံးများ မှေးစင်းလျက် နဂါး ချပ်ဝတ်အား ဆင့်ခေါ်ပြီး၊ ပြန်မော့ ကြည့် လိုက်သည်။
ယင်ယန် သုခဘုံ သခင်ငယ် ရောက်ရှိ လာချိန်၌၊ ခရမ်း ရွှေရောင် နဂါး ရူရ်များ ပါဝင် သည့် ချပ်ဝတ်အား၊ အပြီးသတ် ဖွဲ့စည်းနိုင် ခဲ့သည်။
“ ဖပ် ... ။ ”
လက်ဖဝါး တစ်ဖက်က၊ လင်းယွန် ရင်ဘတ်ထံ ကျရောက် လာပြီးနောက်၊ တော်ဝင် နဂါး သခင် ငယ်မှ၊ ချက်ချင်း ပြန်ဆုတ် သွားသည်။
“ ဝှစ် ... ။ ”
ပြန်ဆုတ် နေစဉ် နဂါး ရောင်ဝါကို ထုတ်လွှတ်လျက်၊ မူလ စွမ်းအင်အား နဂါး အဖြစ်၊ ဖွဲ့စည်းကာ သူ့ကိုယ်သူ ကာကွယ် လိုက်သည်။
သို့သော် လင်းယွန်၏ တန်ပြန် တိုက်ခိုက် လာသော လက်သီးမှာ၊ နေမင်းကြီး တစ်စင်း သဏ္ဍာန်၊ သူ့ထံ ဝင်ရောက် လာတော့သည်။
“ ဝုန်း ... ။ ”
ဤတိုက်ခိုက်မှု အပြီးတွင်၊ လင်းယွန် ချပ်ဝတ်မှာ၊ ကွဲအက် ရုံမျှသာ ရှိခဲ့ သော်လည်း၊ တော်ဝင် နဂါး သခင် ငယ်၏ နဂါးသည်၊ လုံးဝ ပျက်စီး သွားရ ၏။
တစ်ဖက် လူမှ ယင်းသို့ တုံ့ပြန် မည်ကို၊ တော်ဝင် နဂါး သခင်ငယ်မှ သိ၏။ ထို့ကြောင့် တားဆီးရန် အစွမ်းကုန် ကြိုးစားခဲ့ သော်လည်း၊ မအောင်မြင် လိုက်ချေ။
နှုတ်ခမ်းမှ ယိုစီးကျ လာသော သွေးစကို သုတ်လျက်၊ လင်းယွန်ထံ ပြန်ကြည့် လိုက်မိ သည်။
“ ဟိတ် ... ။ ”
ယင်းမှာ တဒဂ် မျှသာ ဖြစ်၏။ ချက်ချင်း အားယူကာ၊ လင်းယွန်အား တိုက်ခိုက် ခြင်းကို၊ ဆက်၍ ပြုလုပ် တော့သည်။
တိုက်ပွဲမှ ထွက်လာသော လှိုင်း များက၊ လူအချို့အား၊ အမှုန် အဖြစ်သို့ ပြောင်းလဲ ပစ် ၏။
“ ဝေါ့ ... ။ ”
အဆုံးတွင် တော်ဝင် နဂါး သခင်ငယ်မှာ၊ သွေးတစ်လုတ် အန်လျက်၊ မီတာ (၁) ထောင် အကွာ သို့တိုင်၊ ဆုတ်ခွာ ပေးလိုက် ရသည်။
သူ့အား နောက်ဆုတ် ခိုင်းနိုင် သည်မှာ၊ မယုံနိုင် စရာ ပေပင်။ တင်းမာသော အမူအရာ ဖြင့်၊ လက်သီးကို ဆုပ်လိုက် မိသည်။
တစ်ဖက်တွင် လင်းယွန် သည်လည်း၊ မသက်သာ လှချေ။ နဂါး ချပ်ဝတ် ပြိုကျကာ၊ သွေးများ စီးကျ လာ၏။
ဤသည် ကပင် လူအုပ်ကို၊ မယုံ နိုင်စွာ တိတ်ကျ သွားစေသည်။ စစ်မက် နယ်မြေ၏ သခင်ငယ် တစ်ပါးအား၊ ထိပ်တိုက် ရင်ဆိုင် နိုင်သောကြောင့် ဖြစ်၏။
ရုတ်တရက် ကောင်းကင်နှင့်၊ မြေကြီးကို ဆက်သွယ် ထားသော၊ ရောင်စင် ခုနစ်သွယ် ဒေါင်း တစ်ကောင် ထွက်ပေါ် လာသည်။
၎င်းထွက် ပေါ် လာချိန်၌၊ ကောင်းကင်နှင့် မြေကြီး တုန်ခါ လာပြီး၊ လူတိုင်း ကြောက်လန့် တကြား မျက်လုံးပြူး သွားစေ၏။
“ စင်ကြယ်သော ဝိညာဉ်တော် ... ။ ”
ထိုဒေါင်းကို နောက်ခံ ပြုလျက်၊ ငရဲ နတ်ဘုရား သခင်ငယ်က၊ ကောင်းကင်ပေါ် ခုန်တက် လာ၏။
“ မင်း ... သေလို့ ရပြီ၊ လင်းယွန် ... ။ ”
ဒေါင်းက အမြီးနှင့် အတောင်ကို ဖြန့်ထုတ် လိုက်ရာ၊ ရောင်စုံ အလင်းများ ဖြာထွက် လာပြီး၊ လူအုပ် ထဲမှ လူငယ် တစ်ယောက်အား ဒူးထောက် ကျသွား စေ၏။
များမကြာခင် ဒူးထောက် သူများ၊ အလျှိုလျှို ထွက်ပေါ် လာသည်။ သို့သော် အံကြိတ်လျက် တောင့်ခံ နေသူ များလည်း ရှိ၏။
“ ဟား ... ဟား ... ဟား ... ၊ လင်းယွန် ဒါက မင်းရဲ့ သေလမ်း ဆိုတာ ယုံပြီလား။ ”
ငရဲ နတ်ဘုရား သခင်ငယ်က၊ သိပ်သည်းသော ရောင်ဝါအား ထုတ်လွှတ်လျက်၊ ခြိမ်းခြောက် စကား ဆိုလိုက်သည်။
“ ဟမ့် ... ၊ ငရဲ နတ်ဘုရား နယ်မြေက၊ သခင်ငယ် ဆိုတဲ့ မင်း ... ၊ မသေ ချင်ရင် ငါ့ ရှေ့မှာ၊ ဒူး လာ ထောက် စမ်း ... ။ ”
သို့သော် လင်းယွန်မှ အနည်းငယ်မှ ထိတ်လန့်ခြင်း မရှိဘဲ၊ သတ်ဖြတ် လိုသည့် ဆန္ဒ များအား ထုတ်ဖော်လျက်၊ ပြန်၍ ဟစ်အော် လိုက်သည်။
သူ့ စကားသံ ဆုံးသည်နှင့်၊ အလင်းများ ကောင်းကင်ပေါ် ထိုးတက် သွားပြီး၊ အာကာပြင် အနှံ့၊ တုန်ခါမှု လှိုင်းများ ပျံ့နှံ့ ကုန်တော့၏။
***