← Chapters

လေတောင်ကုန်း မြို့အား တုန်လှုပ် စေခြင်း။

Vol. 76 Ch. 1052

လေတောင်ကုန်း မြို့အား တုန်လှုပ် စေခြင်း။

Vol. 76 Ch. 1052

စကား သံက လူတိုင်း နှလုံးကို လှုပ်ခါ နေစဉ်၊ လင်းယွန် ခန္ဓာကိုယ် ထဲမှ ရွှေရောင်နှင့် ငွေရောင် အလင်းတို့ ဖြာထွက် လာသည်။

စင်ကြယ်သော ဝိညာဉ်တော် နှစ်ပါးကို တပြိုင်တည်း လွှတ်ထုတ် ပစ်လိုက်ခြင်း ဖြစ်၏။ ချက်ချင်းပင် အတောင်ဖြန့် ထားသော ဒေါင်းမှာ အရောင် အသွေးစုံ လင်သော အလင်း တန်းများ အဖြစ်၊ ကွဲထွက် သွားသည်။

“ ဘာဖြစ် တာလဲ ... ။ ”

“ အိုး ... ၊ ဒီလင်းယွန်မှာ စင်ကြယ်သော ဝိညာဉ်တော် နှစ်ပါး ရှိနေ တာလား၊ မယုံနိုင် စရာပဲ။ ”

“ အို့ ... ဘုရားရေ ... ။ ”

ရုတ်တရက် ဖြစ်စဉ်များ ပြောင်းလဲ သွားသဖြင့်၊ လူအုပ်မှာ ထိတ်လန့် ကုန်သည်။ လက်ရှိ အခြေ အနေကို သူတို့ နားမလည် နိုင်ချေ။

ရွှေကျီးကန်းနှင့် ငွေဖီးနစ်မှာ၊ ငရဲ နတ်ဘုရား သခင် ငယ်၏ ရောင်စင် (၇)သွယ် ဒေါင်းဝိညာဉ် တော်ထက် သာလွန် နေကြသည်။

“ ဝိညာဉ် နှစ်ပါး လား။ ”

ငရဲ နတ်ဘုရား သခင်ငယ် သည်လည်း၊ အံ့သြစွာ သွားသည်။ သခင်ငယ် တစ်ဦး ဖြစ်နေ လျှင်ပင်၊ ဤမြင်ကွင်းက အနည်းငယ် လန့်စရာ ကောင်း သေး၏။

တစ်နည်း အားဖြင့် ပြိုင်ဘက်မှာ၊ သူ ထင်ထား သည်ထက် ပို၍ သန်မာသည်။ နဂါး အရိုးကို ရယူ ရာတွင်၊ စစ်မှန်သော ခွန်အားပေါ် အားပြု ခဲ့ကြောင်း၊ သိရှိ လိုက်ရ၏။

သို့သော် ဝိညာဉ်တော် နှစ်ပါးသည် သန်မာ သော်လည်း၊ ဤလင်းယွန်မှ အလုံးစုံ ထိန်းချုပ် နိုင် မည်ဟု မယုံ ကြည်မိချေ။

ဤအခိုက် အတန့်တွင် လှိုင်းများ လေထု အတွင်း ပျံ့နှံ့ လာပြီး၊ ဖြစ်စဉ် များက ကြည့်ရှု နေသူ များထံ၊ ဖိအားများ ပေးပို့ လာသည်။

ယင်းမှာ စင်ကြယ်သော ဝိညာဉ်တော် သုံးပါး ထိပ်တိုက် တွေ့ဆုံ ခြင်းမှ၊ ထွက်ပေါ် လာသော ဖိအား တစ်ရပ် ဖြစ်သည်။

လင်းယွန်က အသက် ပြင်းပြင်း ရှူလျက်၊ ငရဲနတ်ဘုရား သခင်ငယ်ထံ၊ အေးစက်စွာ စိုက် ကြည့် နေသည်။

စင်ကြယ်သော ဝိညာဉ် တော်ကို အသက်သွင်း ခြင်းသည်၊ သွေးသား စွမ်းအင် များစွာ လို အပ်သည်။

ဝိညာဉ်တော် နှစ်ပါးကို တစ်ချိန် တည်း ထိန်းချုပ် ထားရ သဖြင့်၊ ပို၍ မြန်သော နှုန်းနှင့် သူ့ ခွန်အားမှာ ကုန်ဆုံး ရ၏။

ဤလူသည် သူ့အား သေအောင် သတ်ပစ် လိုသူ ဖြစ်၏။ ထို့ကြောင့် မောပန်း နွမ်းနယ် လာ ချိန်၌၊ သူ့အား အလွယ် အတူ သတ်ဖြတ် သွား ပေမည်။

“ မင်းလို ပုရွက်ဆိတ်က ... ၊ ငါ့ကို ဒူးထောက် စေချင် တာလား၊ ဘယ်လောက် တောင် မိုက်မဲ လိုက်လဲ … ၊ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်ကို ... ”

“ ... ငါ စပြီး လေ့ကျင့် ချိန်တုန်းက၊ မင်းဆိုတာ ဒါကို ဘာမှန်းတောင် သိဦးမှာ မဟုတ်ဘူး၊ ဝိညာဉ်တော် နှစ်ပါးကို ... ”

“ ... ဆုပ်ကိုင် နိုင်ရုံနဲ့ ... ၊ ငါ့ကို အနိုင်ယူ နိုင်ပြီ ထင်နေလား၊ ဟမ့် ... သူတို့ရဲ့ စွမ်းအား အပြည့်၊ ထုတ်လွှတ် နိုင်မလား ကြည့်ရအောင်။ ”

ငရဲ နတ်ဘုရား သခင်ငယ်က၊ ဆေးလုံး တစ်လုံးကို မျိုချ လိုက်ပြီး၊ လက် နှစ်ဘက်ဖြင့် တံဆိပ် များကို၊ စတင် ဖွဲ့စည်း သည်။

မြေပြင် အနှံ့ တုန်ခါမှု လှိုင်းများ ထွက်ပေါ် လာကာ၊ ရောင်စင် (၇)သွယ် ဒေါင်း ဝိညာဉ်မှာ ပြန်၍ ထွက်ပေါ် လာ၏။

“ ဖရူး ... ။ ”

ထို့နောက်တွင် ဒေါင်း ဝိညာဉ်က၊ ကောင်းကင် တခွင် ပိတ်ဖုံး စေသည့်၊ သူ၏ အတောင်ပံ ကြီးအား၊ ဖြန့်ချ လိုက်သည်။

ထိုတောင်ပံမှ လာသော၊ ရောင်ဝါ ဖိအား တစ်ခုတည်း ကပင်၊ လူအုပ်ကို သွေးအန်သွား စေသည်။

“ အို့ ... အလယ် အလတ် ကျွမ်းကျင်မှု။ ”

“ သခင်ငယ် တွေက နာမည် ကြီးတာ မဆန်း ပါဘူး။ ”

လူအုပ် ကြီးက တိုက်ပွဲကို ထိတ်လန့်စွာ ကြည့်နေ မိသော်လည်း၊ လင်းယွန်မှ လှောင်ပြုံး ဖြင့်သာ တုန့်ပြန် လာ၏။

“ လင်းယွန် ... ၊ မင်းက ငါ့ကို ဒူးထောက်လို့၊ အမိန့်ပေး နေတာလား ... ၊ မင်း ဘယ်လောက် ကြာကြာ ခုခံနိုင် မလဲ ဆိုတာ ... ၊

“ ... ငါ ကြည့်ပါ ရစေ၊ ခွန်အားတွေ ကုန်သွားတဲ့ အခါ၊ ငါတို့ ယွဲ့ဝေဝေ အလှကို ခံစား ရအောင်၊ ဟား ဟား ဟား ... ။ ”

ငရဲ နတ်ဘုရား သခင်ငယ်က လင်းယွန်ကို ဒေါသ ထွက်အောင် ဆိုသည်။။ တစ်ဖက် လူ၏ အားနည်းချက် အပေါ်၊ နင်းမိပြီ ဖြစ်သည်။

ငရဲ နတ်ဘုရား သခင်ငယ် ယူဆ ထားသည့် အတိုင်း၊ ဒေါသကြောင့် လင်းယွန်၏ သတ်ဖြတ် လိုခြင်း ရောင်ဝါမှာ၊ ပို၍ မြင့်တက် လာသည်။

အဆုံးတွင် လင်းယွန် ဟူသည်၊ အတွေ့ အကြုံ နည်းသော လူငယ် တစ်ယောက် မျှသာ ဖြစ်နေ သေး၏။

“ ယွဲ့ဝေဝေက တကယ် အပျိုစင် လေးပဲ ရှိသေးတယ်၊ ဟား ... ဟား ... ဟား ... ၊ သူ့ကို မင်း တစ်ခါမှ မမြည်းစမ်း ဖူးဘူး မဟုတ်လား၊ စိတ်မကောင်း စရာပဲ။ ”

ငရဲ နတ်ဘုရား သခင်ငယ်၏ စကား များမှာ၊ ပို၍ ယုတ်ညံ့ လာခဲ့သည်။

လင်းယွန် ထံမှ ခံစားချက် အပြောင်း အလဲ များကို သူ နား မလည်ချေ။ သူ သိသည်မှာ ရေခဲ တမျှ အေးစက်သော လင်းယွန် မျက်နှာ ဖြစ်၏။

ထို့ပြင် သတ်ဖြတ်ခြင်း ရောင်ဝါ မှာလည်း၊ တဟုန်ထိုး မြင့်တက် လာပြီး၊ ပင်လယ် ပြင်ကြီး ကဲ့သို့၊ ငြိမ်သက် နေခဲ့သည်။

“ မင်းက ငါ့ကို စကားလုံး တွေနဲ့ တိုက်ခိုက်ချင် နေတာလား၊ မင်းကိုယ်မင်း အရမ်း ယုံကြည်မှု ရှိနေပုံ ရတယ်၊ ... ”

“ ... စင်ကြယ်သော ဝိညာဉ် တော်ရဲ့၊ အလယ် အလတ် ကျွမ်းကျင်မှု လောက်ကို၊ မင်း တစ်ယောက်တည်း၊ ဆုပ်ကိုင် ထားနိုင် တယ်လို့ ထင်နေ တာလား၊ ဟမ့် ... ။ ”

လင်းယွန်က သူ့လျှာအား ကိုက်ပြီး၊ သွေးများဖြင့် ငှက် နှစ်ကောင်ထံ သွန်းလောင်း လိုက်သည်။

“ ကျီး ... ။ ”

ထို့နောက်တွင် အကန့် အသတ် မရှိသော သွေးသား စွမ်းအင် များကြောင့်၊ ရွှေကျီးကန်း နှင့် ငွေဖီးနစ်မှာ၊ ပျော်ရွှင်စွာ ဟစ်အော် လာ၏။

“ အိုး ... ၊ ဘယ် လောက်တောင် အားကောင်း လိုက်တဲ့၊ စွမ်းအင် အတက် အကျ မျိုးလဲ။ ”

“ လင်းယွန်လည်း စင်ကြယ်သော ဝိညာဉ်တော်ရဲ့၊ အလယ် အလတ် ကျွမ်းကျင် မှုကို ဆုပ်ကိုင် ထား နိုင်တယ်။ ”

“ ဒါက မဖြစ်နိုင်တာ ... ။ ”

ငှက် နှစ်ကောင်မှာ အရွယ် အစား ကြီးမား လာပြီး၊ တောက်ပသော အလင်းများ ဖြာထွက် လာ၏။

ဤသို့ဖြင့် ရောင်စင် (၇)သွယ် ဒေါင်းမှ လာသော ဖိအားကို၊ ကျီးကန်းနှင့် ဖီးနစ် တို့၏ ရောင်ဝါက၊ ချက်ချင်း ဖြိုခွဲပစ် လိုက်သည်။

“ ဟိတ် ... ။ ”

တစ်ချိန် တည်းမှာပင်၊ လင်းယွန်က နေနှင့်လ၏ အနှစ်သာရ ပါရှိသော လက်သီး တစ်ချက်ဖြင့်၊ ပစ်ထုတ် လိုက်၏။

လက်သီး ဦးတည်ရာ ဗလာ နယ်မှာ၊ ရေခဲ လွှာများ ချက်ချင်း ဖြစ်ပေါ် လာပြီး၊ လူတိုင်း၏ နှလုံး ခုန်နှုန်း များကို ရပ်တန့် သွားစေ၏။

နောက်တစ် စက္ကန့်တွင် အဆိုပါ လက်သီး ချက်ကြောင့်၊ ငရဲ နတ်ဘုရား သခင်ငယ် ရပ်နေ သော လေဟာ နယ်မှာ၊ ပုံပျက် သွားခဲ့သည်။

လက်သီးတွင် ပါဝင်သော၊ နောက်ကွယ်မှ စွမ်းအားက၊ ၎င်း၏ သွေးလည်ပတ် မှုကို အေးခဲ ရပ်တန့် သွားစေ သဖြင့်၊ နှုတ်ခမ်းမှ သွေးများ စီးကျ လာတော့သည်။

ထိုစွမ်းအားကို တွန်းလှန်ရန်၊ ရတနာများ ထုတ်ယူ လိုသော်လည်း၊ ယင်းအစား နာကျင် စွာနှင့် မြေပြင် ပြုတ်ကျ သွားရသည်။

“ တောက် ... သေ စမ်း ။ ”

လက်သီးကြောင့် ဒဏ်ရာ ရရှိ သွားစဉ်၊ စင်ကြယ်သော ဝိညာဉ်တော် နှစ်ပါး၏ ဖိအား များက၊ တိုး၍ သက်ဆင်း လာသဖြင့်၊ အရိုးများ ကွဲအက်လာ တော့သည်။

သူ့တွင် ယခု အချိန်ထိ၊ အသုံး မပြု ရသေးသော ရတနာ များနှင့်၊ နည်းစနစ် များစွာ ရှိနေ သောကြောင့်၊ အရှုံး မပေး လိုသေးချေ။

သို့သော် ဒူးနှစ်ဖက်က တဆက်ဆက် တုန်ယင် လာသဖြင့်၊ မျက်လုံးများ အမြန် မှိတ် ချကာ၊ တည်ငြိမ်အောင် လုပ်ယူ လိုက်ရသည်။

သခင်ငယ် တစ်ယောက် အနေဖြင့်၊ ဤလူအုပ်ကြီး ရှေ့တွင် အရှက်ခွဲ ခံရတော့ မည်လော။ အဓိပ္ပါယ် မရှိချေ။

သူ ဟူသည် ငရဲ နတ်ဘုရား စစ်မက် နယ်မြေ၏၊ တစ်ဦး တည်းသော သခင်ငယ် တစ်ပါး ဖြစ်သည်။

“ ဒုန်း ... ၊ ဒုန်း ... ။ ”

အောက်တန်းစား တစ်ယောက် ရှေ့တွင်၊ ဒူးထောက် စရာ အကြောင်း မရှိချေ။ သို့သော် ထိုအတွေး မဆုံးခင် ဒူး နှစ်ဖက်မှာ၊ ညွှတ်ကျ သွားရ လေပြီ။

“ အို့ ... ၊ ငါ့ ကောင်းကင်။ ”

“ သူ ... သူ ... ၊ ဒူးထောက် သွားပြီ၊ လင်းယွန် ရှေ့မှာ ဒူးထောက် သွားပြီ။ ”

အာမေဋိတ် သံများ ညံသွားသည်။ နှစ် တစ်ရာတိုင် မမေ့ နိုင်သော မြင်ကွင်းမျိုး ဖြစ်ပေ တော့၏။

နိမ့်ကျသော နယ်မြေမှ လူငယ် များမှာ၊ မေးကြော ကြီးများ ထောင်ထ လာသည် အထိ၊ အံကြိတ်လျက် မျက်ရည် ဝဲကုန် ကြသည်။

“ ဒီလူတွေက တားမြစ် ပုဂ္ဂိုလ် တွေလို့၊ ဘယ်သူ ပြောလဲ၊ နောက်ဆုံးတော့ သန်မာတဲ့ လူ ရှေ့မှာ၊ ဒူးထောက် ရတာပဲ မဟုတ်လား။ ”

“ မဖြစ် နိုင်ဘူး။ ”

လင်းယွန် အပေါ် အကောင်း မြင်စိတ် မရှိသော ဧကရာဇ် သခင် ငယ်မှ ပျက်ယွင်းသော မျက်နှာဖြင့်၊ ညည်းတွား လိုက်သည်။

သူ့ အမြင်၌ သခင်ငယ် တစ်ပါးသည်၊ လင်းယွန် ရှေ့တွင် မည်သည့် နည်းနှင့်မျှ ဒူးထောက် နေစရာ အကြောင်း မရှိချေ။

သေချာပေါက် သေရ မည်ဟု၊ ဖေးရွယ်အား သူ အခိုင်အမာ ဆိုခဲ့ ဖူးသည်။ သူပြော သမျှမှာ ဟာသ တစ်ပုဒ် အဖြစ်၊ ပြောင်းလဲ သွားရ၏။

ငရဲ နတ်ဘုရား သားသော်နှင့်၊ သူသည် အတွေး အမြင်ချင်း တူလှခြင်း မရှိ သော်လည်း၊ လင်းယွန် အပေါ် လွဲမှားစွာ တွက်ဆ နေမိ သည်မှာ ထင်ရှား နေသည်။

“ ရပ် ... ။ ”

အရာ အားလုံး မျက်စိ တမှိတ် အတွင်း၊ ဖြစ်ပျက်သွား သဖြင့်၊ တော်ဝင် နဂါး သခင်ငယ် နှင့်၊ ယင်-ယန် သုခဘုံ သခင်ငယ် တို့မှာ၊ ထိတ်လန့်စွာ အော်ဟစ် လိုက်ကြသည်။

ဤနေရာ၌ ကောင်းကင် လမ်းရှိ၊ အထူးချွန် ဆုံးသော လူငယ်များ စုဝေးရာ၊ အချိန် သမာယ ဖြစ်မှန်း သတိရ လိုက်မိ သောကြောင့်၊ မျက်နှာများ နီရဲ လာကုန်၏။

“ မင်း သေ လိုက် တော့ ... လင်းယွန်။ ”

နှစ်ယောက်သား ဟောက်သံများ ပြုလျက် လက်သီး များကို ထုတ်ဖော်ကာ၊ လင်းယွန်ထံ တိုးဝင် သွားမိ တော့သည်။

***

All Chapters