← Chapters

ဓားသမား၏ ဆန္ဒ။

Vol. 76 Ch. 1053

ဓားသမား၏ ဆန္ဒ။

Vol. 76 Ch. 1053

“ မ လုပ် နဲ့ ... ။ ”

သခင်ငယ် နှစ်ဦးမှာ လင်းယွန် အနား မရောက်ခင်၊ အော်ဟစ် လိုက်ကြသည်။ လူတိုင်း အမြင် ၌ပင် အရာ အားလုံးမှာ၊ မြန်ဆန် နေ၏။

“ ဘုန်း ... ။ ”

လက်သီးဖြင့် ထိုးနှက် လိုက်သံက၊ ကျယ်လောင်စွာ ထွက်ပေါ် လာ၏။ ငရဲ နတ် ဘုရား သခင်ငယ်၏၊ ဒေါသ တကြီး ဝူးဝူး ဝါးဝါး အော်ဟစ် သံများ၊ လေထုထဲ ပဲ့တင် ထပ်လာသည်။

သခင်ငယ် တစ်ဦးအား၊ ဤနည်းဖြင့် သတ်ပစ်နိုင် မည်လော။ လူတိုင်း အတွေး ထဲ၌ အထက်ပါ အတွေးမျိုး၊ ဖြစ်ပေါ် လာတော့သည်။

အဆုံးတွင် သခင်ငယ်များ ဟူသည် မဟာ ဂိုဏ်းကြီး များမှပင်၊ လက်ကမ်း ကြိုဆို ရသော ကောင်းကင် လမ်း၏ အမြင့် မြတ်ဆုံး ပုဂ္ဂိုလ် များ ဖြစ်၏။

သူတို့တွင် အခြားသူ များထက် သာလွန်သော၊ နောက်ခံနှင့် အုတ်မြစ်မျိုး ရှိချေ၏။

ထို့ကြောင့် ခွေး တစ်ကောင်အား သတ်ခြင်းမျိုး ကဲ့သို့၊ လွယ်လင့် တကူ အသတ် ခံရ နိုင်စရာ နည်းလမ်း မရှိချေ။

“ဝှစ် ... ။ ”

ထိုစဉ် တော်ဝင် နဂါး သခင် ငယ်နှင့်၊ ယင်ယန် သုခဘုံ သခင်ငယ် တို့က၊ ကြယ်တံခွန် နှစ်စင်း ကဲ့သို့၊ ကောင်းကင်မှ ခုန်ဆင်း လာ၏။

“ နဂါး သတ် လက်ဝါး။ ”

“ ကောင်းကင် မိစ္ဆာ ဆင်နဂါး လက်ဝါး ။ ”

တော်ဝင် နဂါး သခင်ငယ်က၊ ကြီးမားသော နဂါး လက်သည်းအား ဖန်တီးလျက် ဝင်ရောက် လာသည်။

ယင်ယန် သုခဘုံ သခင်ငယ် မှာမူ၊ ကြမ်းကြုတ် လှသော ဆင်နဂါး (ဒရာ ကိုဖီ) တစ်ကောင် ဖြစ်၏။

“ ခရစ် ... ။ ”

ထိုစဉ် ၎င်း ဖိအားကြောင့်၊ လင်းယွန်၏ သူတော်စင် နဂါး ချပ်ဝတ်မှာ၊ ကွဲအက်လာ လေသည်။

ငရဲ နတ်ဘုရား သခင်ငယ် ထံသို့၊ ဆက်၍ တိုးဝင်လို ပါက၊ သူတို့ နှစ်ဦး လက်ချက်ကြောင့်၊ ပြင်းစွာ ဒဏ်ရာရရှိ သွားမည် ဖြစ်သည်။

“ ဟား ... ဟား ... ဟား ... ၊ ပုရွက်ဆိတ် တစ်ကောင်က ငါ့ကို သတ်ချင် နေတာလား၊ အိပ်မက် မက် မနေနဲ့။ ”

ဤအရေးကို မြင်ချိန်၌၊ ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ ပြုံးရယ် လိုက်မိသည်။ ဖိအားများ အနည်းငယ် လျော့ကျ သွားသဖြင့်၊ ရုန်းကန်စ ပြုမိ၏။

သူ့တွင် အသုံး မပြုရ သေးသော ဝှက်ဖဲ များစွာ ကျန်ရှိ နေသေးသည်။ လင်းယွန် ထံမှ ဖိအားမှာ လျော့ကျ သွားသော်လည်း၊ အရိုးများ ကွဲအက် လာသည် အထိ၊ ခံနေရဆဲ ဖြစ်သည်။

သို့သော် များမကြာခင် သူ့ ရောင်ဝါမှာ၊ ထူးခတ် ရာမှ လွတ်သွားသော ဆင်ရိုင်းကြီး တစ်ကောင် ကဲ့သို့၊ ဝုန်းခနဲ ပွင့်ထွက်လာ တော့၏။

“ ဟား ... ၊ ဟား ... ၊ ဟား ... ။ ”

ငရဲ နတ်ဘုရား သခင်ငယ်က၊ လေထဲ ချက်ချင်း ခုန်တက်ပြီး၊ ကျေနပ်စွာ ရယ်မော လိုက်၏။ လွတ်လပ်ခြင်း ဟူသော ဝေါဟာရကို ယခု အချိန်၌ ကောင်းစွာ နားလည် မိပြီ ဖြစ်သည်။

သူသာ လင်းယွန်၏ လက်သီးကို ခံယူ နိုင်ပါက၊ အဖော် နှစ်ဦးသည် ဤဓား မိစ္ဆာအား ဒဏ်ရာ ပေးနိုင် တော့မည် ဖြစ်သည်။

သတ်ဖြတ် လိုသော အသွင်ဖြင့်၊ ဒေါသ တကြီး ပျံသန်း လာသော လင်းယွန်ထံ၊ မထီ တရီ ပြန်ကြည့်ကာ၊ မူလ စွမ်းအင်အား ချပ်ဝတ် အဖြစ်၊ ဖန်တီး လိုက်သည်။

ပြိုင်ဘက်မှ ရိုက်နှက် လာလျှင်ပင်၊ အရေး မကြီးခေျ။ အရေးကြီး သည်မှာ လင်းယွန် အား၊ အနိုင် ယူရန် ဖြစ်သည်။

“ သခင်ငယ် တွေကို အရှက်ခွဲ ရဲတဲ့ လူကို သတ် ... ။ ”

လင်းယွန်၏ လက်သီးကို ခံယူရန် အလုံးစုံ ပြင်ဆင် နေသော ငရဲ နတ်ဘုရား သခင်ငယ်ထံ လှမ်းကြည့်ပြီး၊ ဗိုလ်ချုပ် များနှင့် ကျေးကျွန် များက အော်ဟစ်လျက် အားပေး လာသည်။

သခင်ငယ် ဟူသော ပုံရိပ်ကို စတေးကာ၊ လင်းယွန်အား သတ်နိုင်ရန် သူ့ကိုယ်သူ အသုံးချ နေသော၊ ငရဲ နတ်ဘုရား သခင်ငယ်၏ လုပ်ရပ် မှာ၊ ရပ်ကြည့် နေသူ များကိုပင်၊ အံ့သြ စေသည်။

“ ဟား ဟား ဟား ၊ လင်းယွန် မင်းက ငါ့ကို ရင်ဆိုင်ဖို့၊ ငယ်ပါ သေးတယ်၊ ဒူးထောက်ပြီး အခု တောင်းပန်ပါ။ ”

ငရဲ နတ်ဘုရား သခင် ငယ်က၊ လင်းယွန်နှင့် တရွေ့ရွေ့ နီးကပ် လာသော သူ့အဖော် နှစ်ဦးထံ တစ်ချက် ကြည့်ကာ၊ ရယ်မောလျက် တံဆိပ် များကို လျင်မြန်စွာ ဖွဲ့စည်း လိုက်သည်။

သို့သော် ဤအခိုက်တွင် လင်းယွန် နောက်ကျော၌ ရွှေတောင်ပံ တစ်စုံ ပွင့်ထွက် လာပြီး၊ အမြန် နှုန်းမှာ ပို၍ တိုးလာသည်။

“ ဖရူး ... ။ ”

တောင်ပံ များအား တစ်ချက် ခတ်ရုံဖြင့်၊ တည်နေရာ ရွေ့ပြောင်းသွား သကဲ့သို့၊ ငရဲ နတ်ဘုရား သခင်ငယ်၏၊ ဦးခေါင်း အထက်၌၊ ထွက်ပေါ် လာကာ၊ လက်သီးနှင့် အားကုန် ထိုးချ ပစ်လိုက်သည်။

ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ တံဆိပ်ကို အပြီးသတ် နေသည့် အချိန် ဖြစ်၏။ သူ့ရယ်သံ များပင်၊ လေထဲ ပဲ့တင်ထပ် နေဆဲ ဖြစ်သည်။

“ ဝုန်း ... ။ ”

ဆိုလို သည်မှာ လင်းယွန် မည်မျှ မြန်နေ သည်ကို၊ ခိုင်းနှိုင်း ပြခြင်း ဖြစ်သည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံ နှင့်အတူ၊ မြေပြင်၌ ချိုင့်ဝှမ်းကြီး ဖြစ်ပေါ် လာ၏။

အက်ကွဲ ကြောင်းများ နေရာ အနှံ့ ပျံ့ကျဲ လာကာ၊ ထိုအက်ကွဲ ကြောင်း များမှ တဆင့်၊ ချော်ရည်များ ပန်းထွက် ကုန်သည်။

ဤလက်သီးက လူတိုင်းကို အံသြသွား စေ၏။ မီးလျှံ သွေးကြောကို ပေါက်စေသည် အထိပင်၊ ပြင်းထန်လှ ပေသည်။

“ မ ဟုတ် ဘူး။ ”

ငရဲ နတ်ဘုရား နယ်မြေ၏ ကျေးကျွန် များမှာ၊ လုံးဝ ထိတ်လန့် သွားသည်။ ခန္ဓာကိုယ် တုန်ခါလျက် မျက်နှာများ နီရဲ လာကုန်၏။

နတ်ဘုရား တပါး ကဲ့သို့သော သူတို့၏ သခင်ငယ်ကို လင်းယွန်မှ မြေကြီးထဲ ထိုးချပစ် လိုက်ပြီ ဖြစ်သည်။

“ သူ့ ကို သတ် ... ။ ”

“ သတ် ... ။ ”

ထိုအချိန်တွင် နောက်ပါးမှ၊ လိုက်ပါ လာသော သခင်ငယ် နှစ်ပါးသည် လင်းယွန်အား လိုက်မီ လာပြီ ဖြစ်၏။

သူတို့အား လျစ်လျူရှုကာ၊ ငရဲ နတ်ဘုရား သခင်ငယ်ကို ထိုးနှက် လိုက်သော လင်းယွန်၏ လုပ်ရပ်မှာ၊ ဒေါသ ထွက်စရာ ပေပင်။

ထို့ကြောင့် နှစ်ဦးသား မျက်လုံးများ နီရဲ လာပြီး၊

“ ဒီကောင့်ကို သေအောင်သတ်။ ”

“ အမှုန့် ကြိတ် ပစ်။ ”

-ဟု အချင်းချင်း အမိန့် ပြန်ပေး လိုက်မိ ကြ၏။

“ ဖပ် ဖပ် ... ။ ”

သို့သော် လင်းယွန်က ရွှေကျီးကန်း အသွင် ပြောင်းခြင်း (၉) မျိုးအား ကန့်သတ်ချက် အထိ တွန်းပို့ လိုက်ပြီး၊ အတောင်ပံ များကို တစ်ခတ် လိုက်ရုံဖြင့်၊ မြင်ကွင်းမှ ပျောက်ကွယ် သွား တော့သည်။

ထိုကြောင့် သခင်ငယ် နှစ်ယောက်၏ တိုက်ခိုက်မှု များမှာ၊ နောက်ဆက်ပွဲ ပုံရိပ်များ ပေါ်သာ၊ ထိမှန် သွားရသည်။

သို့သော် လင်းယွန်မှာ မလွတ်မြောက် နိုင်သေးချေ။ နောက်ပါးမှ ဆက်၍ လိုက်ပါလာ နေဆဲ ဖြစ်သဖြင့်၊ အန္တရာယ်ရှိ နေဆဲ ဖြစ်သည်။

ဝိညာဉ်တော် အရှိန် အဝါဖြင့်၊ ကန့်သတ် လာသော ဧရိယာသည်၊ တရွေ့ရွေ့ ကျဉ်းမြောင်း လာ သောကြောင့်၊ လင်းယွန် အတွက် နောက်ဆုတ် စရာ နေရာ မရှိ တော့ချေ။

“ ဒီကောင့်ကို ... လိုက်မမိ သေးဖူးလား ... ။ ”

စစ်မက် နယ်မြေမှ ကျေးကျွန် များမှာ၊ လင်းယွန်အား လိုက်ဖမ်း နေသော တိုက်ပွဲအား ဒေါသ တကြီး စိုက်ကြည့် နေသည်။

အခွင့် အရေး ရပါက ဝင်ရောက် တိုက်ခိုက်ရန် အသင့်ပြင် ထား၏။ ထို့စဉ် လင်းယွန် ခန္ဓာ ကိုယ်၌ ခရမ်း ရွှေရောင် ရူရ်များ တောက်ပ လာသည်ကို မြင်လိုက် ရသည်။

သခင်ငယ် နှစ်ပါး၏၊ တိုက်ခိုက်မှု နှစ်ခုက၊ သူ့အပေါ် လိုက်မီ လာပြီ ဖြစ်သည်။ ပြေးနေရ သဖြင့်၊ ယင်းကို ထိပ်တိုက် ရင်ဆိုင်ရန်၊ အသင့် မဖြစ် သေးချေ။

သို့သော် ရုတ်တရက် နဂါး သခင်မှ၊ ကောင်းကင် ကြာပန်းအား ဖမ်းဆုပ် လိုက်သည့် မြင်ကွင်းအား သတိရ မိသည်။

လက်ရှိ အခြေ အနေ အရ၊ ၎င်းကဲ့သို့ သေသပ်စွာ လုပ်ဆောင် နိုင်မည် မဟုတ်သော် ငြားလည်း၊ အသက် ရှင်ရန် အခွင့် အရေး ရှိလာ ပြီကို၊ နားလည် လိုက်သည်။

“ ဟိတ် ... ။ ”

အလွယ် တကူ အရှုံး မပေး နိုင်ချေ။ ကြုံးဝါး သံအား ကျယ်လောင်စွာ ပြုလျက်၊ သူတော်စင် နဂါး ချပ်ဝတ်ကို၊ ပြန်၍ ဖွဲ့စည်း လိုက်သည်။

အဝတ် အစားနှင့် ဆံပင်များ တဖျပ်ဖျပ် လွင့်လာစဉ်၊ သူ့လက်အား ဆန့်လျက် လေဟာ နယ်ထဲ ဖမ်းဆုပ် လိုက်သည်။

နဂါး လက်သည်းနှင့်၊ ဆင်နဂါး ကြီးမှာ အမြင် နိုင်သော အရာ တစ်ခုဖြင့် ဖုံးအုပ်သွား သကဲ့သို့၊ ပျောက်ကွယ် သွားသည်။

လုံးဝ မဖြစ်ပေါ် ခဲ့ဖူးသော အသွင်ဖြင့်၊ ထူးခြား ဖြစ်စဉ်များ ချက်ချင်း ပျောက်ကွယ် သွား သောကြောင့်၊ လူတိုင်း မျက်လုံး ပြူး ကုန်၏။

( ဘာ ဖြစ်သွား တာလဲ။ )

( ဘယ်ရောက် ကုန်တာလဲ။ )

( လင်းယွန် မသေ သေးဖူးလား။ )

လေထု အလယ် ရပ်တန့်နေသော လူငယ်ကို ကြည့်ကာ၊ ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် သွားသည်။

ယင်းယွန်၏ မျက်နှာမှာ ဖြူဖျော့ နေပြီး၊ မျက်လုံးအိမ်မှ သွေးများ စီးကျ လာသော်လည်း၊ သူ့ကိုယ်သူ မစစ်ဆေး နိုင်ချေ။ နဂါးသွေး ကြောင်ထံ လှည့်ကာ၊

“ သွား ... ။ ”

-ဟု အားနည်းသော အသံဖြင့်၊ အမိန့်ပေး လာလေသည်။

“ ဝှစ် ... ။ ”

နဂါးလေးက အနက်ရောင် အလင်းတန်း အသွင်ပြောင်း သွားပြီး၊ ယွဲ့ဝေဝေ ဆီသို့ ပြေးဝင် သွားသည်။ သူ့ လမ်း တစ်လျှောက် ဟန့်တား လာသော ကျေးကျွန် များကို ပါးရိုက် ချသွား၏။

“ ဖြန်း ... ၊ ဖြန်း ... ၊ ဖြန်း ... ။ ”

“ မင်း သေချင် နေတာပဲ တိရိစ္ဆာန် အကောင်။ ”

သူတို့၏ တိုက်ခိုက် မှုများ၊ တည်နေရာ ရွေ့ပြောင်း ခံလိုက်ရ သကဲ့သို့၊ ရုတ်တရက် ပျောက်ကွယ် သွားသဖြင့်၊ သခင်ငယ် နှစ်ပါးမှာ၊ လေထု အလယ် ရပ်တန့် လိုက်ပြီး၊ နားမလည် နိုင်စွာနှင့်၊ အချင်းချင်း ပြန်ကြည့် လိုက်သည်။

ထို့စဉ် ကြောင် တစ်ကောင်မှ၊ ထင်တိုင်းကြဲ နေသည့် ဖြစ်စဉ်အား မြင်လိုက် ရချိန်တွင်၊ ယင်း အပေါ် ဆက်၍ မတွေးနိုင် တော့ဘဲ၊ ဒေါသ ထွက်လာ၏။

“ နေဦး ... ၊ ဒီမှာ မင်းတို့ ပေးထားတဲ့ အရာကို၊ မင်းတို့ ပြန်ယူလို့ ရပြီ။ ”

လင်းယွန်က ဆုပ်ကိုင် ထားသော သူ့ လက်သီးကို၊ ဖြေလျှော့ လိုက်ပြီး သခင်ငယ် နှစ်ဦးထံ ပြန်ပစ် ထုတ်လိုက်၏။

“ ဝှစ် ... ။ ”

“ ဘာကြီးလဲ ... ။ ”

“ မင်း ... အရိုင်း အစိုင်းကောင်။ ”

သခင်ငယ် နှစ်ပါးမှာ၊ ထိတ်လန့် စွာဖြင့် ဆဲနည်းပေါင်း (၁၀၀၀)ကို ရွတ်ဆိုလျက် အမြန် ဆုတ်ခွာ ပေးလိုက် ရသည်။

ထို့စဉ် လင်းယွန်က အသက် ပြင်းပြင်း ရှူကာ၊ ရွှေကျီးကန်းနှင့် ငွေဖီးနစ် တို့အား ပြန်၍ ရုတ်သိမ်းလျက်၊ ဒဏ်ရာ များကို ကုသ လိုက်မိ တော့သည်။

***

All Chapters