← Chapters

ငါ့ ဓားက မင်းကို စောင့်နေတာ ကြာပြီ။

Vol. 76 Ch. 1054

ငါ့ ဓားက မင်းကို စောင့်နေတာ ကြာပြီ။

Vol. 76 Ch. 1054

ရှေးဟောင်း သားရဲ တစ်ကောင်၏ အသွင် အပြင်ဖြင့်၊ ဖုံးအုပ် ထားသော နဂါးလေးကို မည်သူမျှ မတားဆီး နိုင်ပေ။

သူ့ မျက်လုံးဖြင့် ဆုံ သူတိုင်းမှာ သွေးလည်ပတ် မှုများ ရပ်တန့် ကုန်ပြီး၊ ပါးရိုက် ခံလိုက် ရ၏။

ထိုမျက်ဝန်း တစ်စုံက ဘုရင် အဆင့် သားရဲကြီး တစ်ကောင်မှ စိုက်ကြည့် သကဲ့သို့၊ အကြောက် တရားများ ဝင်ရောက်လာ စေသည်။

ထို့အပြင် နဂါးလေး၏ ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်သည်၊ သူတို့ ဖြေရှင်း နိုင်သော ဖိအားမျိုး မဟုတ်ချေ။

၎င်းသည် တာအို လက်နက် များ၏ နယ်နိမိတ် ကိုပင်၊ ဖြတ်ကျော် တော့မည့် အရိပ် အယောင်များ ပြသ လာသည်။

သားရဲ တစ်ကောင်မှာ ဤမျှ သန်မာ အားကောင်း နေမည်ဟု မည်သူမျှ မထင် ထား သည်မှာ အမှန် ပေပင်။

ရင်ပြင် အနှံ့ အော်ဟစ် ညည်းညူ သံများ ပြည့်နှက် လာသည်။ ပါးရိုက်၍ တဖုံ၊ တုတ်ဖြင့် ရိုက်၍ တနည်း၊ အလျင်း သင့်ရာ ရိုက်နှက် သွားခဲ့၏။

ဤကြောင် တိုက်ပွဲဝင် ပုံစံမှာ၊ လင်းယွန် ထက်ပင် မောက်မာပြီး၊ ရွံ့ရှာဖွယ် ကောင်းလှ ၏။

အများစုမှာ သေဆုံး ကုန်လျက်၊ ခဏချင်း မြို့ ရင်ပြင်အား၊ အပျက် အစီး နယ်မြေ အဖြစ် ပြောင်းလဲ သွားခဲ့သည်။

ယင်ယန် သုခဘုံ သခင်ငယ်နှင့် တော်ဝင် နဂါး သခင်ငယ် တို့မှာ၊ ဆိုးရွားသော အသွင်ဖြင့်၊ လင်းယွန်ထံ ကြည့်မိ ကြသည်။

လင်းယွန် အသား အရေမှာ၊ ပြန်၍ သွေးရောင် လွှမ်းလာ သဖြင့်၊ ပြန်လည် ကုစား နိုင်နှုန်းမှာ၊ ထိတ်လန့် စရာ ဖြစ်မှန်း သတိထား မိလိုက်၏။

ဝိညာဉ်တော် ပညာရပ်ကို ထုတ်ဖော်ရန် မည်မျှ ပင်ပန်း သည်ကို၊ သူတို့ သိ သောကြောင့် ဤသို့ ပြန်လည် ကောင်းမွန် လာနှုန်းသည် မနာလို စရာ ပေပင်။

စုတ်ပြတ် နေသော နဂါး ချပ်ဝတ်မှာ၊ တရွေ့ရွေ့ ပြန်လည် ကောင်းမွန် လာ သည်ကို ထပ်၍ မြင်လိုက်ရ သဖြင့် ခံစားချက်မှာ၊ ဆိုဖွယ် မရှိ တော့ချေ။

“ ဒီကောင် ... ။ ”

ထိုချပ်ဝတ်အား ခွဲရန်၊ တော်ဝင် နဂါး သခင်ငယ်မှာ၊ သူ့နံရိုး ကျိုးလု နီးပါး ပေးဆပ် လိုက်ရသည်။ ပေးရ သည်နှင့် မကာမိ သဖြင့်၊ အံကြိတ် မိ၏။

လင်းယွန်၏ ပြန်လည် ကုသ နိုင်စွမ်းမှာ၊ မယုံ နိုင်ဖွယ် ကောင်းသည့် အလား အလာများ ပေပင်။

“ သူကို သေအောင် သတ်ရမယ် ... ၊ မဟုတ်ရင် သူ့ရဲ့ အလား အလာက အရမ်း ဒုက္ခ ပေးလိမ့်မယ်။ ”

ယင်-ယန် သုခဘုံ သခင်ငယ်မှ သတိပေး စကား ဆိုသဖြင့်၊ တော်ဝင် နဂါး သခင်ငယ်က ခေါင်းညိတ် လိုက်သည်။ သူ့ တွင်လည်း တူညီသော အမြင် ရှိ၏။

တစ်ဖက်တွင် ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ သေဆုံးသွား သကဲ့သို့ မည်သည့် အငွေ့ အသက် ကိုမျှ၊ မခံစား မိတော့ချေ။

ထိုစဉ် နဂါးသွေး ကြောင်၏၊ ကြီးစိုး သတ်ဖြတ် နေသော မြင်ကွင်းမှာ၊ စိတ်ဆိုး စရာ ဖြစ်သည်။

“ မင်းတို့ နှစ်ယောက် ရောက်တဲ့ နေရာမှာ၊ ရပ်နေ လိုက်တာ ပိုကောင်းမယ်။ ”

လင်းယွန်က ဓားရည်ရွယ် ချက်ကို သူတို့ နှစ်ဦးထံ ဖုံးအုပ် လိုက်သည်။ ယခု တစ်ကြိမ်၌ လင်းယွန် အပေါ် မည်သူမျှ မထီမဲ့မြင် မပြုဝံ့ တော့ချေ။

“ ဒီကောင် ... ။ ”

ဒေါသများ ပြည့်နှက် သွားသော်လည်း၊ တုန့်ခနဲ့ ရပ်လိုက် မိသည်။ နဂါးသွေး ကြောင် နှင့် လင်းယွန်ထံ တစ်လှည့်စီ ကြည့်လျက်၊ ဝေခွဲ မရ တော့ချေ။

“ လင်းယွန် ... ၊ မင်း ငါတို့ကို ဒီလောက် အထိ၊ ဖိအား ပေးနိုင် ခဲ့တာ အံ့သြ စရာ ပါပဲ၊ ဒါပေမယ့် မင်း အခု စစ်မက် နယ်မြေ သုံးရပ်ကို စော်ကား နေတယ် ဆိုတာ သတိ ရပါ။ ”

ထိုစကား များကို လင်းယွန်က စိတ်မ၀င် စားပေ။ နဂါး လေးမှ ယွဲ့ဝေဝေကို ကယ်တင်နိုင် ရန်သာ အာရုံစိုက် ထားသည်။

ထို့ကြောင့် သခင်ငယ်များ ဝင်ရောက် စွက်ဖက်ခြင်း မရှိ စေရန် ဟန့်တား ခြိမ်းခြောက် လိုက်ခြင်း ဖြစ်သည်။

သခင်ငယ် များတွင် ကြောက်မက်ဖွယ် ဝှက်ဖဲများ ရှိနေ သေးသည်။ မုန်တိုင်း မကျခင် ငြိမ်သက်ခြင်း ကဲ့သို့သော အခြေ အနေ အပေါ် လူအုပ် ကြီးက အသက် အောင့်လျက်၊ စောင့်ကြည့် လာကြသည်။

ငရဲ နတ်ဘုရား သခင်ငယ် သည်လည်း၊ မသေ သေးကြောင်း ပြောနိုင်သည်။ ထို့ကြောင့် အပြောင်း အလဲမှာ ချက်ချင်း ဖြစ်ပျက် လာနိုင်၏။

ယင်းကို လင်းယွန် မှလည်း သိသည်။ သူ့ လက်သီးသည်၊ ငရဲ နတ်ဘုရား သခင်ငယ် ဆိုသူ ၏၊ စင်ကြယ်သော ဝိညာဉ် တော်ကို၊ ပျောက်ကွယ် သွား ရုံသာ ရှိသည်။

ထို့ကြောင့် နဂါးလေးသာ ယွဲ့ဝေဝေကို အမြန်ဆုံး ကယ်တင် နိုင်ခဲ့ ပါက၊ အကောင်းဆုံး ဖြစ်ပေမည်။

ရုတ်တရက် ကောင်းကင်၌ အကန့် အသတ်မဲ့ ရွှေရောင် အလင်းများ ထွန်းလင်း လာပြီး၊ လေဟာနယ်၊ တုန်ခါ လာသည်။

“ ဂါး ... ။ ”

နဂါးလေးက လက်ကိုင် တုတ်ကို ဝှေ့ယမ်းလျက်၊ ဧရာမ နဂါး မျောက်ဝံကြီးကို ဆင့်ခေါ် လိုက်ခြင်း ဖြစ်သည်။

ထိုနောက် သူ့အား ဟန့်တား လာသော ရွှေအဆင့် ပါရမီရှင် လေးယောက်ကို သွေးမြူ အဖြစ်၊ ချက်ချင်း ရိုက်ခွဲ ပစ်လိုက် တော့၏။

လင်းယွန်မှာ မျက်နှာ ပြောင်းလဲ ကုန်သော သခင်ငယ် နှစ်ပါးကို၊ အဆက် မပြတ် သတိထား နေမိသည်။

ဤသခင်ငယ် များမှ ဝှက်ဖဲ များကို ထုတ်ဖော် လာသည် အထိ၊ နဂါးလေးက ကြမ်းတမ်း ပြနိုင် လိမ့်မည်ဟု၊ သူ မျှော်လင့် ထားသည်။

ပို၍ ရမ်းကား လာသော ဤသားရဲ အပေါ်၊ တော်ဝင် နဂါး သခင်ငယ်မှာ သည်းမခံ နိုင်တော့ ချေ။

“ တိရိစ္ဆာန် တစ်ကောင်က သူမကို ကယ်တင်နိုင် လိမ့်မယ်လို့၊ တကယ်ထင် နေတာလား၊ ဟမ့် ... ။ ”

“ မင်း ပါးစပ် ပိတ်ထားစမ်း၊ အရိုက် ခံချင် နေတာလား။ ”

လင်းယွန်က လှမ်း၍ ငေါက်လိုက်သည်။

“ ငါ ပြောတာ ဘာမှား လို့လဲ၊ အိပ်မက် မက် မနေနဲ့၊ နဂါး အကျဉ်း ချခြင်း လှောင်အိမ် ... ။ ”

တော်ဝင် နဂါး သခင် ငယ်က ငေါက်ငမ်း လိုက်သည်။ သူ့ လက်၌ သံကြိုး ကိုးချောင်းပါ လက်သည်း တစ်ဖက် ထွက်ပေါ် လာကာ၊ လေဟာနယ် တုန်ခါ သွား၏။

“ ချွင် ... ၊ ချွင် ... ၊ ချွင် ... ။ ”

သည်စဉ် ယွဲ့ဝေဝေ ခြေချင်း ဝတ်အား တုတ်နှောင် ထားသော ဧရာမ သံကြိုးကြီး (၉) ချောင်းက၊ ရုတ်တရက် အသက်ဝင် လာသည်။

သံကြိုး တစ်ချောင်း စီသည်၊ အဆိပ် ပြင်းသော မြွေပွေး တစ်ကောင် ကဲ့သို့ ပြောင်းလဲ သွားကာ၊ ယွဲ့ဝေဝေကို ပိတ်လှောင် ပစ်လိုက်၏။

သံကြိုးများက မြွေလှောင်အိမ် အဖြစ် ပြောင်းလဲ လာသဖြင့်၊ နဂါး လေးမှာ နောက်ပြန် ဆုတ်လိုက် ရသည်။

“ ရွှပ် ... ။ ”

ထို့စဉ် တော်ဝင် နဂါး သခင်ငယ်က၊ နဂါးလေးထံ လက်ညှိုးအား တောက်ထုတ် လိုက်ရာ၊ အနက်ရောင် အလင်း တန်းက၊ စပါးအုံး မြွေကြီး အဖြစ်၊ ပြေးဝင် သွားသည်။

ဤသည်မှာ လင်းယွန် အတွက်၊ ဆင်ထားသော ထောင်ချောက် တစ်ခု ဖြစ်၏။ နဂါး လေးကြောင့် သည်းမခံ နိုင်တော့ဘဲ၊ ထုတ်ဖော် လိုက်ရပုံ ရသည်။

“ ကောင်းကင် ဝိညာဉ် နယ်ပယ်မှာ ရှိတဲ့ ဘယ်သူ မဆို၊ နဂါး အကျဉ်း ချခြင်း လှောင်အိမ် ကို၊ ဖြိုခွဲ နိုင်မှာ မဟုတ်ဘူး၊ လင်းယွန် ... သူမကို ကယ်တင်မဲ့၊ မင်းရဲ့ စိတ်ကူးကို စွန့်လွှတ် လိုက်ပါ။ ”

“ ကဲ ... ကစား ပွဲကို၊ အဆုံးသတ် ရအောင်၊ ငရဲ နတ်ဘုရား သခင်ငယ်၊ မင်း ထွက်မလာ သေးဖူး လား၊ သူများတွေ ရှေ့မှာ ငါတို့ကို လူပြက် ဖြစ်အောင် မလုပ်နဲ့။ ”

ယင်ယန် သုခဘုံ သခင် ငယ်၏ အော်ဟစ် သံကြောင့်၊ လူအုပ် ကြီးမှာ ၎င်းသခင် ငယ်ကို သတိရ သွားသည်။

ငရဲ နတ်ဘုရား သခင် ငယ်တွင်၊ လင်းယွန်အား သတ်ရန် မည်သို့သော အကြံ အစည်များ၊ ထပ်၍ ရှိနေ မည်နည်း။

လူတိုင်းက သို့လော၊ သို့လော အတွေးများ၊ ဝင်ရောက် လာသည်။ ထိုအချိန်တွင် ချိုင့်ဝှမ်း အတွင်းမှ၊ မီးလျှံများ တောက်လောင် လာ၏။

“ ဘယ်လောက်တောင် ... ၊ ကြောက်စရာ ကောင်း လိုက်တဲ့ မီးရည်ရွယ်ချက်။ ”

“ စစ်မက် နယ်မြေ တွေရဲ့ အခြေခံ အုတ်မြစ်က မယုံနိုင် စရာပါ၊ သူ့ ရောင်ဝါကို ကြည့်စမ်း ဘယ်လောက်တောင် သိပ်သည်း လိုက်လဲ။ ”

နောက်ဆုံးတွင် စစ်မက် နယ်မြေ များမှ၊ ကောင်းကင်လမ်း အနှံ့၊ စိတ်ကူး မယဉ် နိုင်သော အမွေ အနှစ် များကို စုဆောင်း သိမ်းဆည်း ထားနိုင် ခဲ့သည်။

“ လင်းယွန် ... ၊ ဒီအထိ ငါ့ကို ဘယ်သူမှ အတင်း အကြပ် မလုပ်နိုင် ခဲ့ဘူး၊ မင်းက ပထမ ဆုံးပဲ၊ ဒါပေမယ့် ... ဒါက နောက်ဆုံး ဖြစ်မှာပါ။ ”

အေးစက်သော အသံ တစ်သံနှင့် အတူ၊ ချိုင့်ဝှမ်း အတွင်းမှ၊ အလင်း တန်းများ ပေါက်ကွဲ ထွက်လာပြီး၊ စင်ကြယ်သော ဝိညာဉ် တော်က သက်တံ ကဲ့သို့၊ ထပ်မံ ထွက်ပေါ် လာ၏။

စင်ကြယ်သော ဝိညာဉ်တော် အတွက်၊ သုံးစွဲရသော သွေးသား စွမ်းအင် ပမာဏသည်၊ တစ်စုံ တစ်ဦး၏ ရုပ်ခွန် အားကို၊ ကုန်ခမ်း သွားစေသည် အထိ၊ ချုံးချုံးကျ စေသည်။

သို့သော် အဆိုကို ငရဲ နတ်ဘုရား သခင်ငယ်မှ ချိုးဖျက် ပြလာ၏။ ဒဏ်ရာများ ကြားမှပင်၊ နောက်တစ်ကြိမ် ထုတ်ဖော် လိုက်သည်။

ရောင်စင် ခုနှစ်သွယ် ဒေါင်း၏ ရောင်ဝါ အောက်တွင်၊ ကောင်းကင်နှင့် မြေကြီး တုန်ခါ လာသည်။ ဤသည်မှာ အဆင့်သစ် တစ်ခုသို့ တွန်းပို့ ထားခြင်း ဖြစ်မှန်း မြင်သာ စေသည်။

ဒေါင်းထံမှ မယုံ နိုင်စရာ ကောင်းသော အလင်းများ ဖြာထွက် လာပြီး၊ လင်းယွန်အား ငုံ့ကြည့် လာသည်။

ငရဲ နတ်ဘုရား သခင်ငယ်သည်၊ အရှက် တရား အတွက် တန်ကြေး ကြီးကြီး ပြန်၍ ရယူ လို သည်မှာ ထင်ရှား ပေ၏။

“ လင်းယွန် ဒူးထောက်စမ်း။ ”

ငေါက်သံ တစ်သံ နှင့်အတူ၊ ငရဲ နတ်ဘုရား သခင် ငယ်က၊ ဖီးနစ် ကဲ့သို့ ကောင်းကင်ပေါ် ပျံတက် လာသည်။

“ ဝှစ် ... ။ ”

သူ သည်လည်း ဝိညာဉ်တော် နှစ်ပါးကို ဆုပ်ကိုင် ထားပေ၏။ ရောင်စင် (၇)သွယ် ဒေါင်း ဘေး၌၊ ရောင်စင် (၇)သွယ် ဖီးနစ် တစ်ကောင် ထွက်ပေါ် လာသည်။

“ ဟား ဟား ဟား ... ။ ”

ဖီးနစ်၏ ဖိအားသည် ဒေါင်းထက် ပို၍ ပြင်းထန်သည်။ ယင်ယန် သုခဘုံ သခင်ငယ်နှင့် တော်ဝင် နဂါး သခင်ငယ်က ခပ်ဝေးဝေးမှ နေ၍၊ ဤမြင်ကွင်းကို ကြည့်ပြီး၊ ရယ်မော လိုက်ကြသည်။

ငရဲ နတ်ဘုရား သခင်ငယ်တွင်၊ သည်ဝှက်ဖဲ ရှိနေသေး ကြောင်းကို၊ သူတို့ နှစ်ယောက် စလုံး သိထား ပေ၏။

၎င်းအား ငရဲ နတ်ဘုရား မျိုးနွယ်စု၏၊ စီနီယာ တစ်ဦးမှ လက်ဆောင် ပေးထားခြင်း ဖြစ်သည်။

အလွန် အစွမ်း ထက်ပြီး၊ အင်ပါ ရီယန် တစ်ပါး၏ တိုက်ခိုက်မှု တစ်ခု ကိုပင်၊ အပြည့် အဝ ခံနိုင်ရည် ရှိ၏။

“ ရွှပ် ... ။ ”

ထို့ကြောင့် သူတို့ နှစ်ဦးက လင်းယွန်ကို အချိန်ဆွဲ နေရခြင်း ဖြစ်သည်။ သို့သော် သူတို့ အပြုံးများ ပီပီ ပြင်ပြင် မထုတ်ပြ နိုင်ခင်၊ ဒေါင်း မှာ၊ ဓား အလင်းများ ဖြာထွက် လာပြီး၊ အပိုင်းပိုင်း ကွဲသွားသည်။

“ ဝေါ့ ... ။ ”

ထို့နောက် ဖီးနစ် အလှည့် ဖြစ်၏။ ဖီးနစ် သည်ပါ ပေါက်ကွဲ ပြီးနောက်၊ ငရဲ နတ်ဘုရား သခင်ငယ် တစ်ယောက် သွေးအန်လျက် ကောင်းကင်မှ ပြုတ်ကျ သွားသည်။

လင်းယွန်မှ ဓားဆွဲ လိုက်ခြင်း ဖြစ်၏။ ယင်းကို မည်သူမျှ မမြင် လိုက်ချေ။ လက်ထဲရှိ ပန်းသင်္ချိုင်း ဓားကို မြင်မှသာ၊ ဓားဆွဲ လိုက်မှန်း သိရခြင်း ဖြစ်သည်။

သူ့ခေါင်း ထက်တွင် နေနှင့် လက၊ တောက်ပစွာ ထွန်းလင်း နေသည်။ ဤသည်မှာ ‘နေလ ဓား’ ဟူသော၊ ကောင်းကင်ဘုံ သုံးပါး၏ နောက်ဆုံး ဓား ချက် ဖြစ်သည်။

ငရဲ နတ်ဘုရား သခင်ငယ်က၊ လဲကျသွား ရာမှ အံကြိတ်လျက်၊ ထရပ်ရန် ကြိုးစား လိုက် သော်လည်း၊ ဓားက သူ့ကို ဒူးထောက် ခိုင်း ပြန်သည်။

“ မဟုတ် ဘူး ... ။ ”

“ ဒုန်း ... ဒုန်း ... ။ ”

လင်းယွန်က ကောင်းကင်မှ နေ၍၊ ငရဲ နတ်ဘုရား သခင်ငယ်အား အေးစက်စွာ ငုံ့ကြည့် ပြီး၊

“ ငါ့ ဓားက မင်းကို ... ၊ စောင့်နေတာ ကြာပြီ။ ”

-ဟု ပြောလိုက် တော့သည်။

“ လင်းယွန် ၊ မင်း ... မင်း ... ၊ အရမ်း လွန် သွားပြီ၊ ဝေါ့ ... ။ ”

သွေး တစ်လုတ်အား ထွေးထုတ်လျက်၊ ဗလုံးဗထွေးဖြင့်၊ အော်ဟစ် လိုက်သည်။ ဒေါသ အားလုံး လွှတ်ထုတ် ချင်ခဲ့ သော်လည်း၊ သည်းခံ နေရသည်။

သခင်ငယ် တစ်ဦး အနေဖြင့်၊ လင်းယွန် ရှေ့တွင် နှစ်ကြိမ် တိုင်တိုင်၊ ဒူးထောက် ရလိမ့် မည်ဟု၊ ယောင်၍ မျှပင် မတွေးမိ ဖူးချေ။

“ လွှတ် လိုက် စမ်း ... တိရိစ္ဆာန်ကောင် ။ ”

တော်ဝင် နဂါး သခင် ငယ်နှင့်၊ ယင်ယန် သုခဘုံ သခင်ငယ်မှာ၊ သူတို့၏ စင်ကြယ်သော ဝိညာဉ် တော်ကို၊ ထုတ်ဖော် လိုက်၏။

“ ဝှစ် ... ။ ”

ပြေးဝင် လာပြီ ဖြစ်သော၊ သခင်ငယ် နှစ်ပါးအား တစ်ချက် ကြည့်ကာ၊ ပန်းသင်္ချိုင်း ဓားကို၊ ငရဲ နတ်ဘုရား သခင် ငယ်ထံ၊ ချက်ချင်း ပစ်ပေါက် လိုက်သည်။

ပန်းသင်္ချိုင်း ဓားမှာ၊ အလင်းတန်း အသွင် ပြောင်းလဲ သွားပြီး၊ ငရဲ နတ်ဘုရား သခင်ငယ် ရင်ဘတ်ကို ထိုးဖောက်လျက်၊ သပ် တစ်ချောင်း ကဲ့သို့၊ ကျောက်နံရံကြီး ထက်တွင်၊ ရိုက်သွင်း လိုက်သည်။

ထို့နောက် အတောင်ပံကို ခတ်လျက်၊ တော်ဝင် နဂါး သခင်ငယ်နှင့်၊ ယင်ယန် သုခဘုံ သခင်ငယ် တို့အား ရင်ဆိုင်ရန်၊ ကောင်းကင်ပေါ် ပျံတက် မိလေသည်။

***

All Chapters