← Chapters

ယွဲ့ဝေဝေ၊ ငါ ရောက်ပြီ။

Vol. 76 Ch. 1055

ယွဲ့ဝေဝေ၊ ငါ ရောက်ပြီ။

Vol. 76 Ch. 1055

စင်ကြယ်သော ဝိညာဉ်တော် နှစ်ပါးနှင့် အတူ၊ သခင်ငယ် နှစ်ပါး ရောက်ရှိ လာသည်။ ၎င်းဖိအား ကြောင့် ရင်ပြင်မှာ၊ ကြေမွ သွားပြီး၊ အပိုင်း အစများ စင်ထွက် ကုန်၏။

တစ်ဖက်တွင် ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ ကျောက်ဆောင် တစ်ခု၌ ပန်းသင်္ချိုင်း ဓားဖြင့် ထိုးစိုက်ခြင်း ခံထား ရသည်။

သူ့ မျက်လုံး များ၌ မကျေ မနပ်ဖြစ် နေသော်လည်း၊ လုပ်နိုင်စရာ မရှိချေ။ ရန်သူအား နှစ်ကြိမ် တိုင်တိုင်၊ ဒူးထောက် လိုက်ရ ခြင်းမှာ၊ သူ့ဘဝ အတွက် အရိပ် မည်းကြီး ဖြစ်လာပြီ ဖြစ်သည်။

ထို့ကြောင့် သခင်ငယ် နှစ်ပါးကို ရင်ဆိုင်ရန်၊ ကောင်းကင်ပေါ် ခုန်တက် သွားသော လင်းယွန် ထံ ကြည့်လျက်၊ ကျိန်ဆဲ ရုံသာ တက်နိုင်သည်။

“ မင်း သေချင် နေတာပဲ။ ”

“ အနန္တ တန်ခိုးရှင်၊ နဂါး နှိမ်နင်းရေး လက်။ ”

“ ကြယ်စင် မိစ္ဆာ ဆင်နဂါး။ ”

သခင်ငယ် နှစ်ယောက်က ဟောက်ပြီး၊ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်ကို ကန့်သတ်ချက် အထိ တွန်းပို့ လိုက်၏။

ပတ်ဝန်း ကျင်ကို ကန့်သတ် ပိတ်လှောင် ပစ်သော၊ နဂါး တစ်ကောင်က တော်ဝင် နဂါး သခင်ငယ် နောက်တွင်၊ ရုတ်တရက် ပေါ်လာ သည်။

တစ်ချိန် တည်းမှာပင် မိစ္ဆာ ရောင်ဝါများ ဖုံးလွှမ်း နေသည့်၊ ဆင်နဂါးကြီး တစ်ကောင်က တရွေ့ရွေ့ ဖြစ်တည် လာ၏။

ကမ္ဘာ ပေါ်ရှိ အရာရာ တိုင်းမှာ၊ ထိုဝိညာဉ် များနှင့် ယှဉ်ပါက၊ အသက် ဓာတ်များ လျော့ရဲ နေ ချေပြီ။ ထို့စဉ် မှာပင် ကောင်းကင်ဓား ထွက်ပေါ် လာ၏။

“ အိုး ... ကောင်းကင် ဓားတောင်၊ အလုပ် မဖြစ် ဖူးလား၊ စင်ကြယ်သော ဝိညာဉ် တော်က ကြောက်စရာ ကောင်းလိုက်တာ ... ။ ”

“ ကောင်းကင်ဓား ဆိုတာ အင်ပါ ရီယန် တွေသာ ဆုပ်ကိုင် နိုင်တဲ့ အရာ ဖြစ်ပေမယ့်၊ ဝိညာဉ်တော် တွေကလည်း မညံ့ ပါဘူး၊ ... ”

“ ... ဝိညာဉ်တော် တစ်ပါး တည်း ဆိုရင်တော့ ... ၊ လင်းယွန်မှာ အခွင့် အရေး ရှိနိုင်တယ်၊ အခုတော့ မလွယ်ဘူး။ ”

တစ်စုံ တစ်ယောက်က၊ အက်ကြောင်း ထင်ဟပ် လာသော ကောင်းကင် ဓားထံ မော့ ကြည့်လျက်၊ တိုက်ပွဲအား သုံးသပ် နေသည်။

လက်ရှိ အခြေ အနေ အရ၊ လင်းယွန်မှာ အနိမ့်ပိုင်း ရောက်နေ လေရာ၊ သူ့ စကား အပေါ်၊ ဆန့်ကျင် ငြင်းဆို ဝံ့ သူများ မရှိချေ။

“ လင်းယွန်က ဓား မရှိဘဲ၊ ရန်သူ နှစ်ယောက်ကို တစ်ပြိုင် နက်တည်း ရင်ဆိုင်ဖို့ စဉ်းစား နေတာလား၊ ရူးသွပ် စရာပဲ။ ”

ဤမြင်ကွင်းမှာ လူတိုင်းကို၊ စိတ်လှုပ်ရှား လာစေသည်။ ယခု အချိန်၌ သွေးသား စွမ်းအင် ကုန်ဆုံး နေပြီ ဖြစ်သဖြင့်၊ လင်းယွန်မှ ဝိညာဉ် တော် များကို၊ မထုတ် နိုင်တော့ချေ။

“ စိတ်မကောင်း စရာပဲ၊ ဒါက အဆုံး သတ်သွားပြီ။ ”

ဧကရာဇ် သခင်ငယ်က ဝမ်းမြောက် စွာဖြင့်၊ ဆိုသည်။ လင်းယွန် တစ်ယောက် ကစား ပွဲကို လှည့်ရန် အရိပ် အယောင်များ ပြသ ချိန်၌၊ သူ မပေျာ် ခဲ့ချေ။

ယခုမူ ဝိညာဉ်တော် နှစ်ပါးကြောင့်၊ ကောင်းကင် ဓားသာ ကျိုးသွားသော်၊ နည်းလမ်း ရှိတော့မည် မဟုတ်ကြောင်း၊ သူပြော နိုင်သည်။

လင်းယွန် သေဆုံး ခြင်းဖြင့်၊ နဂါး အရိုးမှာ၊ ပိုင်ရှင်မဲ့ သွားနိုင်သည်။ ယင်းက သူ့ အတွက် လှုပ်ရှားရန်၊ အခွင့် အရေး ရှိလာမည် ဖြစ်သည်။

လူတိုင်း တွေးနေ သကဲ့သို့၊ ကောင်းကင် ဓားမှာ၊ ပြိုပျက် သွားသည်။ ထို့ကြောင့် ဝိညာဉ် တော် နှစ်ပါးအား ခုခံရန်၊ စွမ်းအား မရှိ တော့ချေ။

“ ကျွတ် ... ကျွတ် ... ကျွတ် ... ။ ”

ငရဲ နတ်ဘုရား သခင်ငယ်က စုပ်သပ်ကာ၊ ပြုံးလိုက်သည်။ ထို့နောက် ပန်းသင်္ချိုင်း ဓားကို ဆွဲနှုတ်ရန် ကြိုးစား မိ၏။

ဤဓားသည် သူ့ အရှက်အား ခွဲရာ ရောက်နေသည်။ ဒဏ်ရာ ကြီးကြီး မားမား ရမည် ဆို လျှင်ပင်၊ ဆွဲထုတ် သင့်၏။ သို့သော် မအောင် မြင်ချေ။

တစ်ဖက်တွင် သခင်ငယ် နှစ်ပါးက၊ လင်းယွန်အား သတ်ရန်၊ တရွေ့ရွေ့ ချဉ်းကပ် လိုက် ကြသည်။

လင်းယွန်မှ မျက်လုံး များကို ရုတ်တရက် မှိတ်ချ လိုက်ပြီး၊ ကောင်းကင် ဓားအား ပြန်ရုတ် သည်။

သူတော်စင် နဂါး ခန္ဓာကို၊ အသက်သွင်း ပြီးနောက်၊ တံဆိပ် များအား ဖန်တီး မိ၏။ ထို အချိန်တွင် ငွေဖီးနစ်နှင့် ရွှေကျီးကန်မှာ၊ တဖန် ထွက်ပေါ် လာပြန်သည်။

“ လာပြန် ပြီလား။ ”

လူတိုင်း မယုံနိုင် တော့ချေ။ အခြားသော ပွဲကြည့် သခင်ငယ် များသည်ပင်၊ သူတို့ အမြင် အာရုံများ အပေါ်၊ သံသယ ဝင်လာ ကြ၏။

ဤလင်းယွန် ရူးနေ သည်လော။ ဝိညာဉ်တော် နှစ်ပါးကို ကျွေးမွေး ရခြင်းကြောင့်၊ သွေးသား စွမ်းအင် ကုန်ဆုံး မှုမှာ၊ အလွန် မြင့်မား ချေသည်။

သို့သော် ထပ်၍ ဆင့်ခေါ် လာပြန်သည်။ ပြိုင်ဘက် နှစ်ယောက် လုံးအား တားဆီး နိုင်ခဲ့ သော်မှ၊ သွေးသား စွမ်းအင် ကုန်ခမ်း သွားမည် ဖြစ်၏။

ဤသည်မှာ သူတို့ အမြင် ဖြစ်သည်။ လင်းယွန် အတွက်မူ၊ နဂါး အရိုး ထံမှ နဂါး စွမ်းအင်များ ရုတ်တရက် ထွက် လာသည်။

၎င်း၏ ဖြည့်တင်း မှုကြောင့်၊ ဝိညာဉ်တော် နှစ်ပါးမှာ၊ ပို၍ ထင်ရှား လာသည်။ အချို့ နေရာ များ၌ သွေးကြော မျှဉ်များ ကဲ့သို့၊ စွမ်းအင်ကြိုး များပင် ဖြစ်တည် နေ၏။

သူ့ အသား အရေမှာ၊ ချက်ချင်း ဖြူဖျော့ပြီး၊ အချိန် မရွေ့ ပြိုလဲ နိုင်သည့် အသွင်များ ပြသ လာသည်။

သို့သော် သူ့ဆုံးဖြတ် ချက်အား၊ မယိုင်လဲ စေချေ။ လေးစားဖွယ် ဖြစ်၏။ ယွဲ့ဝေဝေမှာ နောင်တ ရသော မျက်ဝန်း များဖြင့်၊ လင်းယွန် ထံ ငေးစိုက် ကြည့်နေသည်။

“ ချွင် ... ၊ ချွင် ... ၊ ချွင် ... ။ ”

သံကြိုး (၉) ချောင်းမှ၊ နာကျင်မှုကို လျစ်လျူရှုကာ ရုန်းကန် မိသည်။ လက်ရှိ အခြေ အနေ၌ သူမကိုယ် သူမ မုန်းမိ ချေ၏။

တစ်ကြိမ်မျှ ပေါ့လျော့ မိခြင်းသည်၊ အစ်ကိုကြီး ယွန်၏ အသက်အား ပေးရန် အထိ၊ ကြုံလာ ရသည်။

“ မစဉ်း စားနဲ့ ... ။ ”

ယင်ယန် သုခဘုံ သခင်ငယ်က လှောင်ပြောင် လိုက်ပြီး၊ တိုက်စစ်ကို ထပ်မံ မြှင့်တင် သည်။

သူ့ခန္ဓာ ကိုယ်၌ မိစ္ဆာ ရောင်ဝါများ ထုတ်လွှတ် နေသည့်၊ ရူရ်များ ပို၍ တောက်ပ လာ၏။

သူနှင့် တော်ဝင် နဂါး သခင်ငယ်မှာ၊ ဝိညာဉ်တော် များကို ဆင့်ခေါ် ထားရ သဖြင့်၊ ပင်ပန်း နေပြီ ဖြစ်သည်။ ထို့ကြောင့် လင်းယွန် မှာ သာ၍ ဆိုးနိုင်၏။

“ ကောင်းကင်နဲ့ တူသော ရွှေကျီးကန်း။ ”

ထို့စဉ် လင်းယွန် မျက်လုံးများ ပွင့်လာပြီး၊ ကြုံးဝါး လိုက်သည်။ သည့်နောက် ရွှေကျီးကန်း တစ်ကောင် ကောင်းကင်ပေါ်၊ ပျံတက် လာ၏။

“ ဘယ်လိုတောင် နုံအ လိုက်လဲ၊ စင်ကြယ်သော ဝိညာဉ်တော်နဲ့ ဆက်ပြီး တိုက်ချင် နေတာလား။ ”

“ ဟား ... ဟား ... ဟား ... ၊ ကောင်းပြီ လာခဲ့ ... ၊ မင်းရဲ့ ငှက်စုတ် နှစ်ကောင်ကို၊ အမွေး နှုတ်ပြီး ကြော်စား ပြမယ်။ ”

ထက်ရှ လှ ပါသည် ဟူသော၊ ကောင်းကင်ဓား သည်ပင်၊ မှိတ်ဖျော့ နေပြီ ဖြစ် သဖြင့်၊ သည်ငှက်မှာ အသုံး မဝင်ချေ။

တော်ဝင်နဂါး သခင်ငယ်နှင့် ယင်ယန် သုခဘုံသခင်ငယ်က ကျေနပ်စွာ ပြုံးလိုက် သည်။ နိုင်ပွဲမှာ မဝေး တော့ချေ။

တစ်ဖက် လူမှာ မထူးဇာတ် ခင်း လာခြင်း ဖြစ်သည်။ သူတို့အား ဒဏ်ရာ ပေးနိုင် လျှင်မှ၊ လင်းယွန် သေရမည် ဖြစ်သည်။

လင်းယွန်က သူတို့အား လျစ်လျူရှုပြီး နောက်ထပ် တံဆိပ် တစ်ခုကို ဆက်၍ ဖန်တီး လိုက်သည်။

“ ကျီး ... ။ ”

ချက်ချင်းပင် ငွေရောင် ဖီးနစ် တစ်ကောင် ထွက်ပေါ် လာပြီး၊ မြေပြင်နှင့် ပေါင်းစပ် သွား၏။ ရေကန် အလယ်၌ ချွေးများ ရွဲနစ် နေသော အသွင်ဖြင့်၊ လင်းယွန်က ရပ်လျက်၊

“ မြေကြီးနှင့် တူသော ငွေဖီးနစ်။ ”

-ဟု ကြုံးဝါး လိုက်သည်။

နောက်စက္ကန့်တွင် သူ၏ သွေးသား စွမ်းအင်များ ကုန်ဆုံးသွား သည်ကို ခံစားလိုက် ရသည်။

ဤအရာသည် ဝိညာဉ်တော် နှစ်ပါးကို တစ်ပြိုင် နက်တည်း၊ ကျွေးမွေးရသော တန်ဖိုး ဖြစ်ပြီး၊ သူ့တွင် ရွေးချယ် စရာ မရှိပေ။

ခန္ဓာကိုယ် တုန်ယင်လျက်၊ လဲကျလု နီးပါး အချိန်၌၊

“ ကောင်းကင်နှင့် မြေကြီး ပေါင်းစပ်။ ”

-ဟု အံကြိတ်ကာ ကြွေးကြော် လိုက်သည်။

ငှက် နှစ်ကောင်မှာ၊ လင်းယွန် လက် အတွင်းသို့၊ ဖရိုဖရဲ စွမ်းအင်များ ချက်ချင်း ပေးပို့ လာသည်။

နှလုံးခုန် နှုန်းများ မြန်လာပြီး၊ စီးဝင် လာသော၊ ဖျက်ဆီးခြင်း စွမ်းအားများ အပေါ်၊ ဖိသိပ် ပစ်လိုက်၏။

ကောင်းကင်နှင့် မြေကြီး ပြိုပျက်လာ သကဲ့သို့၊ လှိုင်းများ ရိုက်ခတ် သဖြင့်၊ လူတိုင်း၏ ဆံချည်မျှဉ် သွေးကြောများ ပေါက်ထွက်ကာ၊ နှာခေါင်းမှ သွေးများ စီးထွက် လာသည်။

သန်မာသော သူများပင်၊ နှလုံးသား တဆက်ဆက် ခုန်လျက်၊ သွေးကြော များထံ စွမ်းအင်များ၊ အမြန် ပေးပို့ ကာကွယ် လိုက်ရ၏။

“ ဒါ ဒါ ... ဘာဖြစ်တာလဲ။ ”

သတိဝင် လာချိန်၌ မူလ စွမ်းအင်များ ထုတ်ဖော်ကာ၊ နောက်ထပ် လှိုင်း များကို၊ ကာကွယ် လိုက်ရသည်။

ထိုလှိုင်း၏ ဦးတည်ရာ အရပ်ရှိ၊ တော်ဝင် နဂါး သခင်ငယ်နှင့် ယင်ယန် သုခဘုံ သခင်ငယ် တို့မှာ၊ ဆိုဖွယ် မရှိချေ။ နှစ်ယောက်သား မျက်လုံး ပြူး ကုန်၏။

ဤသည်မှာ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်၏ စွမ်းအား အစစ် အမှန် ပေပင်။ သူတို့ နှစ်ဦးမှ နားလည် နိုင်စရာ နည်းလမ်း မရှိ သေးချေ။

“ ဆင်း လာ ခဲ့ ... ။ ”

လင်းယွန်က နေလ လက်သီးကို ပစ်ထုတ် လိုက်၏။ စက္ကန့်ပိုင်း အတွင်း သူတို့ နှစ်ဦး၏ ဝိညာဉ်တော် နှစ်ပါးမှာ၊ အပိုင်းပိုင်း ကွဲသွား သည်။

ခုခံ ကာကွယ်ရေး ချပ်ဝတ်အား အသက်သွင်း လိုက်သော်လည်း၊ နောက်ကျ သွားကာ၊ နှစ်ဦးသား သွေးအန် လိုက်ရသည်။

ထို့စဉ် အလင်း အမှောင် တစ်လှည့်စီ ထင်ဟပ် လာပြီး၊ နောက်ဆုံး မှောင်ကျသည့် အချိန်၌ လက်သီး တစ်လုံးက၊ ထိုချပ်ဝတ် များကို ခွဲချ သွားတော့သည်။

နောက်ကွယ်မှ စွမ်းအားမှာ၊ ချပ်ဝတ် အကျိုးအပဲ့ များကို ဖြတ်လျက်၊ ရင်ဘတ်ပေါ် ကျရောက် လာသည်။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်က ဆက်၍ မတိုက် တော့ဘဲ၊ ထိုမျှနှင့် ရပ်သွားပြီး၊ နဂါး လှောင်အိမ် ထံ ဦးတည် ပျံသန်း သွားသည်။

သည်တစ်ကြိမ်၌ သူ့အား ဟန့်တား မည့်လူ မရှိ တော့ချေ။ အံ့ဩ ထိတ်လန့်ခြင်း သည်သာ၊ လူတိုင်း ရင်ထဲ ဝင်ရောက် လာသည်။

ပယင်း နယ်မြေမှ ဓားသမား တစ်ဦး အနေဖြင့်၊ စစ်မက် နယ်မြေ များ၏ သခင်ငယ် သုံးပါးကို၊ အနိုင်ယူ နိုင်သည်မှာ၊ ပုံပြင် မဟုတ်ချေ။

“ ဓား ... ။ ”

နဂါး အကျဉ်း ချခြင်း လှောင်အိမ် အနား မရောင်ခင် ၌ပင်၊ လက်ဝှေ့ယမ်းကာ ပန်းသင်္ချိုင်း ဓားအား လှမ်းခေါ် လိုက်၏။

“ ချွင် ... ။ ”

ငရဲ နတ်ဘုရား သခင်ငယ် ရင်ဘတ်တွင်၊ စိုက်ဝင် နေသော ပန်းသင်္ချိုင်း ဓားက၊ ချက်ချင်း ပျံသန်း သွားသည်။

ဓားကို ဆုပ်ကိုင် လိုက်သည်နှင့်၊ မှိန်ဖျော့ နေသော လင်းယွန်၏ ကောင်းကင် ဓားမှာ၊ ပြန်လည် တောက်ပ လာသည်။

ထို့နောက် ခရမ်းရောင် ပန်းများ ပွင့် နေသည့်၊ အပြာရောင် သစ်ပင်ကြီး ဝေဟင်၌ ထွက်ပေါ် လာ၏။

“ ဟိတ် ... ။ ”

မဆိုင်း မတွဘဲ၊ ဓားကို နဂါး အကျဉ်းချ လှောင်အိမ်ထံ ခုတ်ချ ပစ်လိုက် တော့သည်။ သံကြိုး ပြတ်တောက်သံ များနှင့် အတူ၊ သူ့ မျက်နှာမှာ၊ ချက်ချင်း ဖြူဖျော့ လိုက်လာ၏။

သို့သော် ယွဲ့ဝေဝေ လက်အား လှမ်းဆွဲ လိုက်ပြီး၊ ပြုံး လျက်ဖြင့်၊

“ ယွဲ့ဝေဝေ ... ၊ ငါ ရောက်ပြီ။ ”

-ဟု ဆိုလိုက် မိတော့သည်။

***

All Chapters