← Chapters

ငါ့ မှာလည်း ဒေါသ ရှိတယ်။

Vol. 76 Ch. 1056

ငါ့ မှာလည်း ဒေါသ ရှိတယ်။

Vol. 76 Ch. 1056

အဝတ် အစားများ ဖွာလန်ကျဲ နေသော အသွင်ဖြင့်၊ လင်းယွန်က ပြုံးပြ မိသည်။ ကတိ အတိုင်း လူများစွာကို၊ သူ သတ်ပစ် ခဲ့၏။

ယင်းကို ကြည့်ကာ၊ ယွဲ့ဝေဝေ ခမျာ မျက်ရည်များ စီးကျ လာပြီး၊ နှုတ်ခမ်းအား ကိုက် လိုက်သည်။

သည်မတိုင်မီ သူမ ဟူသည် ပြဿနာ များအပေါ်၊ အပြုံးဖြင့် ပေါ့ပေါ့ ပါးပါး ရင်ဆိုင် နိုင်သူ တစ်ဦး ဖြစ်သည်။

ထို့နောက် စကား တစ်ခွန်းမျှ မဆို တော့ဘဲ၊ လင်းယွန် လက်အား ခပ်တင်းတင်း ပြန်၍ ဆုပ်ကိုင် လိုက်သည်။

နဂါး လေးမှာ ဟောက်သံ ပြုလျက်၊ ပေသုံးဆယ် ကျော်ခန့် ရှိသော နဂါး မျောက်ဝံ အဖြစ်၊ ပြောင်းလဲ သွားသည်။

အမွေး အမှင် များက ကြမ်းရှ လှပြီး၊ အရိုင်းဆန်သော ရောင်ဝါကို ထုတ်လွှတ်လာ သဖြင့်၊ လူ များစွာမှ ကြောက်ရွံ့ ကုန်သည်။

“ ဂါး ... ။ ”

ဒရာ ကိုပီ အသွင်ကြောင့်၊ စပါးအုံး မြွေ ကြီးမှာ၊ သိသိ သာသာ သေးငယ် သွားသည်။ ထို့ကြောင့် နဂါး မျောက်ဝံက၊ စပါးအုံး မြွေကို ဖမ်းကိုင်ကာ၊ နှစ်ပိုင်း ဖြဲပစ် လိုက်၏။

ယင်းက လင်းယွန် ကိုပင်၊ အံ့အားသင့် သွားစေသည်။ နဂါး လေးတွင် ပုံစံ သုံးမျိုး ရှိမှန်း သူ သိသော်လည်း၊ ဒရာကိုပီ ဖြစ်နေ လိမ့် မည်ဟု၊ မထင် မိချေ။

“ အစ်ကိုကြီး ယွန်၊ ငါတို့ အခု ချက်ချင်း ထွက်သွား သင့်တယ်။ ”

ယွဲ့ဝေဝေက ပတ်ဝန်း ကျင်ကို၊ အကဲခတ် ကြည့် ပြီးနောက် စိုးရိမ်စွာ ဆိုသည်။ လင်းယွန် မှာ သွေးသား စွမ်းအင်များ ကုန်ဆုံး နေပြီ ဖြစ်သည်။

နဂါး အရိုး၏ စွမ်းအင် ကိုပင်၊ အသုံးပြု ခဲ့ရသည်။ ထို့ကြောင့် ယခု အချိန်မှာ အန္တရာယ် အရှိဆုံး ဖြစ်၏။

တစ်ဖက်တွင် သခင်ငယ် များ၏ အခြေ အနေ မှာလည်း၊ လင်းယွန်ထက် ဆယ်ဆ ပိုဆိုး နေသည်။

လက်ရှိ အချိန်၌ ကျန်သော သခင်ငယ် များကို၊ ပို၍ သတိထား ရမည် ဖြစ်သည်။ ၎င်း တို့က တိုက်ပွဲ အပေါ်၊ တစ်ချိန်လုံး မျက်နှာ အမူ အရာ အမျိုး မျိုးဖြင့်၊ စောင့်ကြည့်နေ ကြသည်။

ယင်းကို လင်းယွန်လည်း သိသည်။ ထို့ကြောင့် ခေါင်းညိတ်ကာ နဂါးလေးပေါ် ခုန်တက် လိုက်၏။

“ နဂါးလေး သွားရအောင်။ ”

နဂါးလေးက သူ့ ပြိုင်ဘက်၊ မြွေကြီးကို လက်စ သတ်ပြီး ဖြစ်ရာ၊ တိုက်ပွဲ မြေပြင်အား ဝရုန်း သုန်းကား ဖြစ်သွား စေရန်၊ စွမ်းအား ပြင်းသော လက်သီး တစ်ချက်၊ ပစ်လွှတ် လိုက်သည်။

“ ဂါး ... ။ ”

ထိုလက်သီးက နဂါး အရိုး အကြောင်း တွေးနေကြ သူများကို၊ ကြောက်လန့် သွားရန် လုံလောက် လေသည်။

“ ဒါက ကြက်သွေးရောင် သွေးနဂါး မျောက်ဝံပဲ ။ ”

ဧကရာဇ် သခင်ငယ်က၊ တုန်လှုပ် ခြောက်ခြား စွာဖြင့် ရေရွတ် မိသည်။ အထူး သဖြင့် မျက်ဝန်းများ အတွင်း၊ တောက်လောင် နေသော ကြက်သွေးရောင် မီးတောက်များ ဖြစ်၏။

လင်းယွန် ထံမှ ရတနာများ ရယူ လိုသော်၊ ဤသွေးနဂါး မျောက်ဝံ ကြီးနှင့် ဦးစွာ တိုက်ခိုက် ရမည် ဖြစ်သည်။

“ ဝှစ် ... ။ ”

ထို့နောက် နဂါးလေးက လင်းယွန်နှင့် ယွဲ့ဝေဝေအား ခေါ်ဆောင်ကာ၊ ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။

ဤအခိုက်တွင် ရွှေအဆင့် ပါရမီ ရှင်များ ဟူသည်၊ လင်းယွန် ရှေ့၌၊ ပုရွက်ဆိတ် များသာ ဖြစ်ကြောင်း၊ လူတိုင်း သိလိုက် ရသည်။

ထို့အပြင် ငရဲ နတ်ဘုရား သခင်ငယ်အား နှစ်ကြိမ် တိုင်တိုင် ဒူးထောက် ခိုင်းပြီး၊ ကျောက် နံရံတွင်၊ ဓားဖြင့် ချိတ်ဆွဲ ပြခဲ့သည်။ ယင်းက မယုံ နိုင်ဖွယ် ရလာဒ်မျိုး ပေပင်။

“ ဓားတာအိုမှာ လင်းယွန်ကို ဘယ်သူက ယှဉ်နိုင် မှာလဲ ... ။ ”

“ ဒါပေမယ့် သူ ဒဏ်ရာရ သွားပြီ။ ”

“ အဲ့ဒီ နဂါး မျောက်ဝံကြောင့်၊ သူ ဒဏ်ရာရ ရင်တောင် ဘယ်သူမှ မစမ်းသပ် ရဲဖူး ဆိုတာ ... ၊ ငါ လောင်းရဲတယ်။ ”

လူတိုင်းက လင်းယွန် နောက်ကျောထံ၊ လေးစားစွာ ကြည့်မိ လိုက် ကြပြီး၊ အချင်းချင်း ဆွေးနွေး နေကုန်သည်။

ကောင်းကင်လမ်း သမိုင်း တစ်လျှောက်၊ စစ်မက် နယ်မြေ များကို ရန်စ ဝံ့သည့်၊ တစ်ဦး တည်းသော ပုဂ္ဂိုလ် ဖြစ်၏။

သတ်ရန် ဓား တစ်ချက်သာ လိုသည် ဟူသော သူ့ စကားမှာ၊ ဟာသ မဟုတ်ကြောင်း လူတိုင်းကို သိစေ ခဲ့သည်။

“ ဟမ့် ... ၊ မင်းကို ဘယ်သူက ထွက်သွားခွင့် ပေးလို့လဲ၊ လင်းယွန် ... ။ ”

ငရဲ နတ်ဘုရား သခင်ငယ်က၊ အော်ဟစ် လိုက်၏။ ထို့ကြောင့် နဂါး မျောက်ဝံမှာ လေထု အလယ် ရပ်သွားပြီး၊ ဖြူဖျော့ နေသော မျက်နှာ ဖြင့်၊ လင်းယွန် ထွက်ပေါ် လာသည်။

နဂါးလေး မှာမူ၊ စိတ် အနှောက် အယှက် ဖြစ်လာ ချေပြီ။ သတ်ဖြတ် လိုသော မျက်ဝန်း တစ်စုံနှင့်၊ ငရဲ နတ်ဘုရား သခင်ငယ်ထံ ပြန်ကြည့် လိုက်၏။

အကြည့် ခံရသည့် ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ ဒဏ်ရာမှ မသက်သာ သေးသော အခြေ အနေကြောင့်၊ ကြောက်ရွံ့ သွားသည်။

“ ..... ။ ”

လင်းယွန်က အေးစက်စွာ ငုံ့ကြည့် လိုက်သည်။ သူ့တွင် ဒဏ်ရာ များသာ မရှိသော်၊ ပျော်ပျော်ကြီး အချိန်ဖြုန်း မိမည် ဖြစ်သည်။

“ ဘာလဲ မင်းက ထပ်ပြီး၊ ဒူးထောက် တောင်းပန် ဦး မလို့လား။ ”

သူ့ စကားကြောင့်၊ ငရဲ နတ်ဘုရား သခင်ငယ်၏ နဖူးမှ ဆံချည်မျှဉ် သွေးကြောများ ပေါက်ထွက်ကာ နီရဲ သွား၏။ သို့သော် ... ၊

“ လင်းယွန် ... မင်း ငါ့ကို မျှမျှ တတ တိုက်ရဲလား။ ”

-ဟု အံကြိတ်ကာ မေးချ လိုက်တော့သည်။

“ ဟား ... ဟား ... ဟား ... ၊ မင်း အရည် တော်တော် ထူမှန်း ငါ မသိ ခဲ့ဘူး၊ မင်းလို လူက တရား မျှတမှု အကြောင်းကို ပြောချင်နေ တာလား ၊ ဟာသပဲ ... ။ ”

ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ နဂါးလေးကို ကြောက်ရွံ့ နေမှန်း လင်းယွန် သိသည်။

“ စကား မများနဲ့ ... ၊ မင်း ရဲလား ... မရဲဖူး လားပဲ ဖြေ ... ။ ”

နှစ်ကြိမ် တိုင်တိုင် ဒူးထောက် ခဲ့ရ သည်ကို မမေ့နိုင် သေးချေ။ ထို့ကြောင့် ပြန် မဖြေသော လင်းယွန်အား အံကြိတ်လျက်၊

“ လင်းယွန် ... ၊ မင်းကို ငါမေး နေတာ မကြား ဖူးလား။ ”

-ဟု ငေါက်ငမ်း လိုက်သည်။ ယင်းက လင်းယွန် မျက်နှာကို၊ အနည်းငယ် ပြောင်းသွား စေသည်။

ဤစိန်ခေါ်မှုကို လက်မခံ ပါက သူ ကြောက်နေ သည်ဟု ထင်ကြပေ လိမ့်မည်။ ထို အချိန်တွင် ကျန် သခင်ငယ် များမှာ၊ အကြောင်း ပြချက် ရှာပြီး၊ ဝင်ရောက် စွက်ဖက် လာနိုင်၏။

“ ကောင်းပြီ ... ၊ ကိုယ့်အရှက် ကိုယ် ခွဲချင် နေတဲ့ မင်းရဲ့ ဆန္ဒကို၊ ပါးရိုက်ပြီး၊ ငါ ဖြည့်ဆည်း ပေးရ သေးတာပေါ့။ ”

“ ဟား ... ဟား ... ဟား ... ၊ ပြောတာ ကောင်းတယ်၊ ငါ့ မျက်နှာကို ရိုက်ချင် လို့လား၊ မစဉ်းစားနဲ့။ ”

ငရဲ နတ်ဘုရား သခင်ငယ်က ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ် လိုက်သည်။ လင်းယွန်မှာ သူ့ နှလုံးသား၏ ဆူး တစ်ချောင်း ဖြစ်၏။

ရောင်ဝါ သမုဒ္ဒရာကို ဖွင့် လိုက်ပြီး၊ သွေးကျောက်စိမ်း အချို့နှင့် ကြယ်မိစ္ဆာ ပန်း များအား လောင်ကျွမ်း စေလိုက်သည်။

“ ကြယ်မိစ္ဆာ ပန်း ... ။ ”

လူ အချို့က ကြယ်မိစ္ဆာ ပန်းများထံ စိုက်ကြည့်ကာ၊ ထိတ်လန့် ကုန်သည်။ ရောင်ဝါ သမုဒ္ဒရာ ထဲတွင်၊ ၎င်းတို့အား စိုက်ပျိုး နိုင်ပါက၊ မယုံ နိုင်ဖွယ် အစွမ်းထက် လာမည် ဖြစ်၏။

“ ဟား ... ဟား ... ဟား .... လင်းယွန်၊ မင်းကို အနိုင်ကျင့် နေတယ်လို့၊ ငါ့ကို အပြစ် မတင် ပါနဲ့ ... ။ ”

ကြယ်မိစ္ဆာ ပန်းများ လောင်ကျွမ်း လာသည်နှင့် အမျှ၊ ငရဲ နတ်ဘုရား သခင်ငယ်က ရယ်မော လိုက်သည်။ စုစုပေါင်း သုံးပွင့် ဖြစ်၏။

နောက်ဆက်တွဲ ပုံရိပ်များ ချန်လျက်၊ အလင်းတန်း အဖြစ်သို့ ပြောင်းလဲ သွားကာ၊ လင်းယွန်ထံ ဦးတည် လိုက်သည်။

နဂါး မျောက်ဝံ ပေါ်တွင်၊ ရပ်နေသော လင်းယွန်၏ မျက်ဝန်းများ မှေးစင်း သွားပြီး၊ ငရဲ နတ်ဘုရား သခင်ငယ်အား လာခွင့် ပြုမိသည်။

သို့သော် အနား မရောက်ခင်၊ ရောင်ဝါ သမုဒ္ဒရာ လေးခုအား ဖွင့်ကာ၊ ကြယ်မိစ္ဆာ ပန်း (၈) ပွင့်အား လောင်ကျွမ်း စေလိုက်၏။

ဤမြင်ကွင်းက ပျံသန်း လာသော ငရဲ နတ်ဘုရား သခင်ငယ်ကို မျက်လုံးပြူး သွားစေ သည်။

စတုတ္ထ ကောင်းကင် ဝိညာဉ် ၌သာ ရှိသော လင်းယွန်တွင်၊ ကြယ်မိစ္ဆာ ပန်းများ ရှိနေလိမ့် မည်ဟု၊ သူ မထင် ထားချေ။ ထို့ပြင် (၈) ပွင့် ဖြစ်သည်။

တုန်လှုပ် ချောက်ချား စွာဖြင့်၊ နောက်ပြန် ဆုတ်ရန် ပြင်နေစဉ်၊

“ နေ ပါ ဦး ... ။ ”

-ဟု ဆိုကာ လင်းယွန်က လက်ကို မြှောက်လျက်၊ လေထဲ လှမ်းရိုက် ချ လိုက်သည်။

“ ဖြန်း ... ။ ”

ငရဲ နတ်ဘုရား သခင်ငယ်၏ ပါးပြင်၌ လက်ငါးချောင်း ရာကြီး၊ ချက်ချင်း ထင်ဟပ် လာပြီး၊ မြေပြင်ပေါ် ဇောက်ထိုး ပြုတ်ကျ သွားသည်။

“ ငါ့ မှာလည်း ... ၊ ဒေါသ ရှိတယ် ဆိုတာ သတိ ရပါ၊ နောက် တစ်ခါဆို မင်းရဲ့ အသက်ကို ငါ ယူမယ်။ ”

မြေပြင်၌ သွေးများ အန်နေသော ငရဲ နတ်ဘုရား သခင်ငယ် ထံသို့ ငုံ့ကြည့်ကာ၊ ကြိမ်းဝါး လိုက်တော့သည်။

***

All Chapters