ငြိမ်းအေးခြင်း ဆေးလုံး။
Vol. 76 Ch. 1057
ငရဲ နတ်ဘုရား သခင်ငယ်ကို ပါးရိုက် ပြီးနောက်၊ နဂါး မျောက်ဝံမှာ လင်းယွန်အား သယ်ဆောင်လျက် ဆက်၍ ထွက်ခွာ သွားသည်။
လင်းယွန်၏ သတိပေး စကား များက လေထဲ ပဲ့တင်ပြီး၊ လူတိုင်း နားစည်ထံ ရိုက်ခတ် လာသည်။
ယနေ့ ရလာဒ်သည် လင်းယွန် အတွက်၊ ကျေနပ်ဖွယ် အဆုံး သတ်မျိုး မဟုတ် သေးချေ။ ဆိုလို သည်မှာ သူနှင့်၊ စစ်မက် နယ်မြေကြား၊ တိုက်ပွဲ မပြီး သေးဟု အဓိပ္ပါယ် ရသည်။
“ မဖြစ် နိုင်တာ … ။ ”
ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ မယုံကြည် နိုင်သေးချေ။ စတုတ္ထ ကောင်းကင် ဝိညာဉ်ဖြင့်၊ ကြယ်မိစ္ဆာ ပန်း (၈) ပွင့်ကို စိုက်ပျိုးရန်၊ သူပင် မဝံ့ကြောင်း ဝန်ခံ နိုင်သည်။
ထိုပန်း များ၏ သဘော သဘာဝကို၊ နားလည်ထား သူ များပင်၊ သတိ ကြီးကြီးထား ရလေသည်။
ထို့ကြောင့် ကြယ်မိစ္ဆာ ပန်းများကို ထိန်းချုပ်ရန် သွေး ကျောက်စိမ်း များအား၊ သူတို့မှ ရောင်ဝါ သမုဒ္ဒရာ အတွင်း ထည့်သွင်း ထားခြင်း ဖြစ်သည်။
တနည်း အားဖြင့် သခင်ငယ် ဟူသော သူတို့မှ လွဲ၍ မည်သူမျှ ကြိုးစားရန်၊ သတ္တိရှိမည် မဟုတ်ချေ။ ပို၍ အရေးကြီး သည်မှာ၊ အရေ အတွက် ဖြစ်သည်။
“ ကလန် ... ကလန် ... ကလန် ... ။ ”
ယင်းကို သတိ ရသွားပြီး၊ စိတ်ပျက် အားငယ်မှုများ စတင် ဝင်ရောက် လာသည်။ ထိုစဉ် ဓား အချင်းချင်း ခုတ်ပိုင်းနေ သကဲ့သို့၊ ဓားသံများ ရုတ်တရက် ညံ လာ၏။
သည့်နောက် အဝေးရှိ လင်းယွန်၏ ရောင်ဝါမှာ၊ ရုတ်ချည်း ယို့ယွင်း လာသည်ကို၊ မြင်လိုက် ရသည်။
“ ဘာ ဖြစ်တာလဲ။ ”
တော်ဝင် နဂါး သခင်ငယ်နှင့်၊ ယင်ယန် သုခဘုံ သခင်ငယ်က၊ ဝေခွဲ မရသော မျက်ဝန်း များနှင့် အချင်းချင်း ပြန်ကြည့် လိုက်သည်။
ယခု ချိန်၌ သူတို့၏ ဒဏ်ရာ များမှာ၊ မသက်သာ လှချေ။ ရင်ဘတ် တစ်ခုလုံး ထိုးဖောက် ခံလိုက်ရ သကဲ့သို့ နာကျင် နေပြီး၊ နက်ရှိုင်းသော အုတ်မြစ် ကြောင့်သာ၊ အသက်ရှင် နိုင်ခြင်း ဖြစ်သည်။
“ တစ်ခု ခုတော့ ... ၊ မူ မမှန်ဘူး။ ”
တော်ဝင် နဂါး သခင်ငယ်က ဆိုသည်။
“ သူ့ ဓားရည် ရွယ်ချက်၊ ပြိုကျ သွားပုံပဲ … ။ ”
ယင်ယန် သုခဘုံ သခင်ငယ်မှ၊ တွေးတွေး ဆဆဖြင့်၊ ကောင်းကင်ပေါ် မော့ကြည့်၏။ ငရဲ နတ်ဘုရား သခင်ငယ် မှာမူ၊
“ ဘာပဲ ဖြစ်ဖြစ် ... ၊ သူ ဒဏ်ရာ ရသွားပြီ၊ ဒီနေ့ သူ့ အသက်ကို ရအောင် ယူရမယ်။ ”
-ဟု အဆိုပြု လိုက်တော့သည်။
သူ့ စကားကြောင့်၊ စင်ကြယ်သော ဝိညာဉ် တော်များ၊ ကွဲအက် သွားသည့် ယင်ယန် သုခဘုံ သခင်ငယ်နှင့်၊ တော်ဝင် နဂါး သခင် ငယ်တို့ နှစ်ဦးမှာ၊ မျက်လုံး ပြုးလာ ရ၏။
သူတို့ သုံးဦးလုံး ဒဏ်ရာ ပြင်းစွာ ရရှိ ထားသည်။ မည်သူ မဆို တစ်ဖက် လူ၏ ‘ကောင်းကင်နှင့် မြေကြီး တစ်သားတည်း’ ကို ရင်ဆိုင် ရပါက၊ သေဆုံး သွားမည် ဖြစ်သည်။
အဆုံးတွင် ၎င်းလက်သီးမှ လာသော စွမ်းအင် အတက် အကျ လှိုင်း ဖြင့်ပင်၊ ရွှေ အဆင့် ထူးချွန်သူ များကို၊ ပြာ အဖြစ်သို့ ပြောင်းလဲ နိုင်၏။
ထို့အတူ လင်းယွန် သည်လည်း၊ သူတို့ သုံးဦးကို တစ်ပြိုင် နက်တည်း၊ ရင်ဆိုင် လိုက်ရ မည် ဖြစ်သဖြင့်၊ အဆင် ပြေနိုင် စရာ နည်းလမ်း မရှိချေ။
ငရဲ နတ်ဘုရား သခင်ငယ် အနေဖြင့်၊ တစ်ဦးချင်း တိုက်ခိုက်ရန် စိန်ခေါ် ရခြင်းမှာ၊ လင်းယွန်၌ ဒဏ်ရာရှိ- မရှိကို သိချင် သောကြောင့် ဖြစ်သည်။
“ သူ့ ဒဏ်ရာ ပြင်းတယ်၊ အခွင့် အရေး ရှိတုန်း သတ်ရအောင်၊ မဟုတ်ရင် သူက ငါတို့ကို နောက်ဆုံး တိုက်ပွဲမှာ၊ နင်းတက် သွားလိမ့်မယ်။ ”
သိုလှောင်အိတ် အတွင်းမှ၊ သေသပ် လှပသော ကျောက်စိမ်း သေတ္တာ တစ်လုံးကို ထုတ်ယူလျက်၊ ငရဲ နတ်ဘုရား သခင်ငယ်မှ ဆိုသည်။
ကျောက်စိမ်း သေတ္တာအား ဖွင့်လိုက် သည်နှင့်၊ အကန့် အသတ်မဲ့ အသက်ဓာတ်များ ထွက်ပေါ် လာသည်။
“ အဲဒါ ဘာလဲ ... ။ ”
“ အဲဒါက ‘နိဗ္ဗာန် ဆေးလုံး’ပဲ၊ ‘ပြန်လည် ရှင်သန်ခြင်း’ ဆေးလုံး တွေထက် သာလွန်တယ်၊ သူ့ကို ... ”
“ ... ‘ငြိမ်းအေးခြင်း ဆေးလုံး’ လို့လည်း ခေါ်ကြတယ်၊ မှတ်တမ်းတွေ အရတော့ ဒဏ်ရာ ဘယ်လောက် ပြင်းပါစေ၊ လုံးဝ မသေ နိုင်ဘူး။ ”
“ အို့ ... ဒါဆို ၊ သူတို့ လင်းယွန် နောက်ကို လိုက်မို့ ဖြစ်မယ် ။ ”
“ ဟုတ်မယ် ကြည့်ရတာ ... ၊ လင်းယွန် ဒဏ်ရာ သွားပြီ၊ မဟုတ်ရင် ... သူတို့က ဒီလို တန်ဖိုး ရှိတဲ့ ဆေးလုံးကို၊ အခုလို ဖြုန်းတီး ကြမှာ မဟုတ်ဘူး။ ”
သခင်ငယ် သုံးပါး၏ လုပ်ရပ် အပေါ်၊ လူတိုင်း စိတ်ဝင် စားလာသည်။
“ ငြိမ်းအေးခြင်း ဆေးလုံးကို ... ၊ တကယ် သုံးလိုက် တာပဲ။ ”
ဧကရာဇ် သခင်ငယ်က မျက်လုံးများ မှေးစင်းလျက်၊ ပြုံးကာ ဆိုသည်။ ငြိမ်းအေးခြင်း ဆေးလုံး ဟူသည် စစ်မက် နယ်မြေများ အတွက် ပင် ရှားပါး လှပြီး၊ အကြီးအကဲ များအား၊ တစ်လုံး စီသာ ပေးအပ် နိုင်သည်။
အင်ပါ ရီယန် များသာ မက၊ ပင်မ နတ်ဘုရား နယ်ပယ် ကျွမ်းကျင် သူများ အတွက်ပင်၊ အသုံး ဝင် လှ၏။
ထို့ကြောင့် ဧကရာဇ် သခင်ငယ်က၊ ဖြစ်ရပ်များ အပေါ်၊ အလေး အနက် ပြန်လည် သုံးသပ် နေမိသည်။
ငရဲ နတ်ဘုရား သခင် ငယ်၏၊ စိန်ခေါ် မှုသည်၊ လင်းယွန် ခွန်အား အပေါ်၊ စစ်ဆေး လိုခြင်း ဖြစ်ပေမည်။ သတ်ရန် မသေချာ ပါက၊ ဤဆေးလုံးအား အသုံး ပြုမည် မဟုတ်ချေ။
ကြည့်နေစဉ် မှာပင်၊ သုံးယောက်သား တစ်လုံးစီ ယူပြီး၊ သောက်သုံးလိုက် ကြသည်။ ချက်ချင်းပင် အသက်ရှု သံများ တည်ငြိမ် သွား၏။
“ ဒီနေ့ ... လင်းယွန်ရဲ့ လက်မှာ၊ အရှက် ရစရာ ဖြစ်ကုန်တဲ့ အတွက်၊ သူတို့မှာ ရွေးချယ် စရာ၊ နည်းလမ်း မရှိ တော့ဘူး။ ”
အခြား သခင်ငယ် တစ်ဦးမှ ပြုံးပြီး၊ သူ့ အမြင်ကို၊ ထုတ်ဖော် ပြောဆို လာ၏။ ထို့နောက် ဧကရာဇ် သခင်ငယ် ဘေးရှိ၊ ဖေးရွယ်ထံ ကြည့်လိုက်သည်။
ယင်း အကြည့်ကြောင့် ဧကရာဇ် သခင်ငယ်မှာ၊ အလို မကျ ဟန်ဖြင့် မျက်မှောင် ကြုတ် လိုက်သည်။
ထိုလူငယ်သည် စစ်မက် နယ်မြေ၏ သခင်ငယ်များ အနက် ဖေးရွယ် သည်ပင်၊ သတိထား ရသူ ဖြစ်သည်။
နာရီ ဝက်ခန့် အကြာ၌၊ ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ သခင်ငယ် နှစ်ပါးကို ဦးဆောင် ပြီး၊ လင်းယွန်နောက် လိုက်ပါ သွားသည်။
သူတို့ သုံးယောက် စလုံးတွင်၊ ဖီးနစ် တစ်ကောင်၏ ပုံရိပ် အချို့ ကပ်ညိ လိုက်ပါ သွားသည်။ ယင်းမှာ ဆေးလုံး၏ အကြွင်း အကျန် အငွေ့ အသက်များ ဖြစ်သည်။
“ ဝှစ် ... ။ ”
ငရဲ နတ်ဘုရား သခင်ငယ်က၊ ပျံသန်း နေလျက်မှ၊ ကျောက်စိမ်းတုံး တစ်တုံးအား ထုတ်ယူကာ၊ သတင်း အချက် အလတ် များကို အမြန် ပေးပို့ နေခဲ့သည်။
“ ဝှစ် ... ။ ”
များမကြာမီ ပွဲကြည့် ပရိတ်သတ် လုပ်နေသော စစ်မက် နယ်မြေ (၅) ခုမှ၊ သခင် ငယ်များ မှာလည်း၊ ကောင်းကင် ပေါ် ပျံတက် သွားကုန်၏။
ဧကရာဇ် နယ်မြေနှင့်၊ အင်ပါယာ ငှက်မွှေး နယ်မြေ သခင်ငယ် တို့သည်သာ ကျန်ရစ် ခဲ့၏။ အစောပိုင်း ကာလ၌ ဖေးရွယ်ထံ လှည့်ကြည့် လာသော လူငယ်မှာ၊ အပြာရောင် အ၀တ် အစားကို သေသပ်စွာ ဝတ်ဆင် ထားသည်။
၎င်းမှာ အင်ပါယာ ငှက်မွှေး သခင်ငယ် ဖြစ်ပြီး၊ အငွေ့ အသက်ကို ခပ်ပါးပါး ထုတ်လွှတ် ထားသည်။
တတိယ နတ်ဘုရား အသွေးတော် သစ်သီးကို၊ ရရှိ ထားသော နောက်ဆုံး လူဖြစ် ၏။ ထိုရတနာအား ရယူ ရာတွင် ယွဲ့ဝေဝေနှင့်၊ ဖေးရွယ် တို့ကဲ့သို့၊ ဒဏ်ရာ ရရှိခြင်း မရှိ ခဲ့ချေ။
အလွန် လျှို့ဝှက် လှပြီး၊ စစ်မက် နယ်မြေ ဆယ်ရပ်တွင်၊ အမြင့့်မြတ် ဆုံးသော သခင်ငယ် တစ်ဦး အဖြစ် သတ်မှတ် ထားကြသည်။
“ အင်ပါယာ ငှက်မွေး သခင်ငယ်၊ နဂါး အရိုးကို မင်း ... စိတ်မ၀င်စား ဖူးလား။ ”
နှစ်ယောက်တည်း ကျန်သည့် အချိန်၌၊ လေထုအား ပြေလျော့ လာစေရန်၊ ဧကရာဇ် သခင်ငယ်မှ၊ စကား စလိုက်သည်။
“ စင်ကြယ်သော ဝိညာဉ်တော် တွေကို ဒုတိယ အကြိမ် ထုတ်ဖော် လိုက်တဲ့ အချိန်က၊ အရိုးရဲ့ စွမ်းအားကို သူ ထုတ်ယူ ခဲ့တယ်၊ ... ”
“ ... နဂါး အရိုးကို၊ အလွှာ တစ်ခုနဲ့ အနည်းဆုံး ကန့်သတ် ထား မှာပဲ၊ ဒါကို ဖွင့်နိုင် ပြီ ဖြစ်တဲ့ အတွက်၊ အရိုးနဲ့ သူ တစ်သားတည်း ဖြစ်နေ လောက်ပြီ၊ ... ”
“ ... ဒါကြောင့် သူ့ဆီ ကနေ၊ နှိုက်ထုတ် နိုင်ရင် တောင်မှ၊ အရိုးက ငါ့အတွက် အသုံးမဝင် တော့ဘူး။ ”
အင်ပါယာ ငှက်မွှေး သခင်ငယ်မှ ပြုံးလျက် ဆိုသည်။ ထိုစကား အပေါ်၊ ဧကရာဇ် သခင်ငယ် မှ မအံ့သြ ချေ။
“ ဒါပေမယ့် ... သူ့မှာ၊ ဝှက်ဖဲတွေ အများကြီး ရှိပါ သေးတယ်၊ စင်ကြယ်သော ဝိညာဉ်တော်က သက်သေပဲ မဟုတ်လား။ ”
“ ဒါက ... စစ်မက် နယ်မြေ သုံးရပ်ကို ရင်ဆိုင်ဖို့ အထိ၊ မထိုက်တန် ပါဘူး။ ”
အင်ပါယာ ငှက်မွှေး နယ်မြေ သခင်ငယ်က၊ ခေါင်းကာ ငြင်းဆန်သည်။ လင်းယွန်မှာ စစ်မက် နယ်မြေ သုံးရပ်ကို၊ လုံးဝ အရှက် ရစေသူ ဖြစ်သည်။
ထို့ကြောင့် မည်သူ မဆို၊ လင်းယွန်အား ထိဝံ့ပါက၊ စစ်မက် နယ်မြေ သုံးရပ်မှ ရန်ပြုလာ နိုင်၏။ ရုတ်တရက် သူ့ မျက်နှာရှိ၊ အပြုံးများ ပျောက်ကွယ် သွားပြီး၊
“ လင်းယွန် သေမှာ သေချာတယ်။ ”
-ဟု ဆိုလိုက် တော့သည်။
“ နင့်ရဲ့ လေသံက၊ အရမ်း သေချာ နေပုံ ရတယ်၊ သခင်ငယ် သုံးပါးမှာ ငြိမ်းအေးခြင်း ဆေးလုံး ရှိသလို၊ လင်းယွန် မှာလည်း၊ ... ”
“ ... နဂါး မျောက်ဝံ ရှိပါတယ်၊ သူ ရှိနေ သရွေ့၊ လေးမျက်နှာ မြို့ကို ဘေးကင်းအောင် ပို့ပေး လိမ့်မယ်။ ”
ဖေးရွယ်မှ အလိုမကျ ဟန်ဖြင့်၊ ငြင်းဆို လိုက်သည်။
“ သူ့ ဓား ရည်ရွယ်ချက် ... ၊ ကျိုး သွားပုံ ရတယ်၊ ငါသာ မမှားရင် အဲဒီ သခင်က၊ အဝေး ကနေ လှမ်းကြည့် နေရမယ်။ ”
အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ အဝေး တစ်နေ ရာသို့ ပြုံးလျက် မေးဆက်ပြ လိုက်၏။ သူ ရည်ရွယ်သော ‘အဲဒီ သခင်’ ဆိုသူသည်၊ မဟာ ဂိုဏ်းကြီး တစ်ဂိုဏ်းမှ၊ အကြီး အကဲ တစ်ဦး ဖြစ်ချေမည်။
ငရဲ နတ်ဘုရား သခင်ငယ် နှင့်၊ အဆက် အသွယ် ရှိပုံ ရ၏။ ထိုစကားကြောင့် ဖေးရွယ်မှာ မျက်နှာ ဖြူဖျော့ သွားသည်။
“ မိတ်ဖွဲ့ဖို့ ... ၊ အစီ အစဉ် ရှိနေ တာလား။ ”
အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ သူ့ စကားကို ရပ်လိုက်ပြီး၊ ဧကရာဇ် သခင်ငယ်ထံ အဓိပ္ပါယ် ပါပါ တစ်ချက် ပြန်ကြည့်ကာ၊
“ ... အတွေး မမှားနဲ့ ... ၊ သူ့မှာ အလား အလာ ကောင်းတွေ ရှိတယ်၊ မသေ သရွေ့တော့ ခွန်လွန် ဘုံမှာ၊ မုချ ကျော်ကြား လာလိမ့်မယ်၊ ဟား ဟား ဟား ... ။ ”
-ဟု ဆိုလျက် ရယ်ကာ မောကာဖြင့်၊ ထွက်ခွာ သွားလေသည်။ ဧကရာဇ် သခင်ငယ် မျက်နှာမှာ၊ ချက်ချင်း မည်းမှောင် လာ၏။
တစ်ဖက် လူ၏ စကား များသည်၊ ဖေးရွယ်နှင့် သူ့အကြား ပဋိပက္ခ ဖြစ်လာနိုင် ချေမည်။ သူ၌ လင်းယွန်နှင့် မိတ်ဖွဲ့ရန် အမြင် ကောင်း မရှိချေ။
အချိန် အတော်ကြာ သုံးသပ် ပြီးနောက်၊ ဧကရာဇ် သခင်ငယ်က ဆုံးဖြတ်ချက် တစ်ခုကို လေးလံစွာ ချ လိုက်ပြီး၊ “ ငါတို့ သွားကြည့် ရအောင်၊” -ဟု အကြံပြု တော့သည်။
သည်အတိုင်း လှည့်ထွက် သွားပါက၊ ဖေးရွယ်မှာ သူ့ အပေါ် အမြင် ကြည် တော့မည် မဟုတ်ချေ။
ဖေးရွယ် မှာမူ ကျေနပ်ပုံ မရ သေးဘဲ၊ မြို့ပြင်သို့ ပျံသန်း နေသော အင်ပါယာ ငှက်မွေး သခင် ငယ်ထံ၊ စိုက်ကြည့် နေမိသည်။
“ သူ ပြောတာလည်း မမှား ပါဘူး၊ အကြီးအကဲ တွေေတောင် ပါလာ နေပြီ ဆိုတော့ ... ၊ လင်းယွန်က ဘယ်လိုလုပ် အသက်ရှင် နိုင်တော့ မှာလဲ။ ”
ဧကရာဇ် သခင်ငယ်က ခေါင်းယမ်းကာ၊ သက်ပြင်း ချလျက် ခပ်တိုးတိုး ရေရွတ် မိလေ သည်။ ထိုအကြီး အကဲမှာ၊ တစ်ချိန်လုံး စောင့်ကြည့် နေမည် ဖြစ်၏။
ကောင်းကင်ဓား ရည်ရွယ် ချက်ကို ဖြိုခွဲရုံ သာမက၊ ကောင်းကင်လမ်း အဆုံးရှိ လင်းယွန် ၏ ကံကြမ္မာ ပေါ်တွင်လည်း၊ ဟန့်တား လိုပုံ ရသည်။
သူ့ အမြင်တွင် လင်းယွန် ကဲ့သို့၊ သေလူ တစ်ယောက်သည် မိတ်ဖွဲ့ရန် မထိုက် တန်တော့ ချေ။ သို့သော် ... ။
***