နဂါး တားမြစ် နယ်မြေသို့ ပြန်ခြင်း။
Vol. 76 Ch. 1058
“ လင်းယွန် ဒဏ်ရာက ပြင်းထန်ပုံ ရတယ်၊ သူ လေးမျက်နှာ မြို့ကို ရောက်နိုင်ပါ့ မလား။ ”
“ ဘယ်ရောက် မလဲ၊ သခင်ငယ် တွေက ခွင့်ပြုမှာ မဟုတ်ဘူး၊ မဟုတ်ရင် ငြိမ်းအေးခြင်း ဆေးလုံး တွေက အလကား ဖြစ်ကုန်မယ်။ ”
သခင်ငယ်များ ထွက်ခွာ သွားကုန် ပြီးနောက်၊ လေတောင်ကုန်း ရင်ပြင်၌ ဆွေးနွေး မှုများ ရုတ်ချည်း ဖြစ်ပေါ် လာသည်။
ငရဲ နတ်ဘုရား သခင် ငယ်အား ပါးရိုက် လိုက်သော အခါတွင်၊ လင်းယွန် အပေါ် လူတိုင်း အမြင် သစ်ဖြင့် ကြည့်လာ မိကြသည်။
သို့သော် သခင်ငယ် များက၊ ငြိမ်းအေးခြင်း ဆေးလုံးအား သောက်သုံးကာ ဆက်၍ လိုက်ပါ သွားသဖြင့်၊ လင်းယွန် ခမျာ လေးမျက်နှာ မြို့သို့ ရောက်ရန် မသေချာ တော့ချေ။
သူတို့ ယူဆထား သလိုပင်၊ လင်းယွန် မျက်နှာမှာ ဖြူဖျော့ နေပြီး၊ ရင်ဘတ်အား ဆုပ်ကိုင် ထားသည်။
သူ့ ဘဝ တစ်လျှောက် အဆိုးဆုံး အခြေ အနေ ဖြစ်၏။ နှုတ်ခမ်းမှ သွေးများ စီးကျကာ၊ ပြိုလဲချင် စိတ်များ ဝင်ရောက် လာသည်။
အဝေးမှ ကြောက်မက်ဖွယ် ကောင်းသော အကြည့် တစ်ချက်ဖြင့်၊ သူ့ ကောင်းကင် ဓားကို ဖြိုခွဲ လာသည်။
ယင်းကြောင့် အပ်စိုက်မှတ် များတွင် အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာကာ၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိ သွားသည်။
၎င်းသည် အင်ပါ ရီယန် သို့မဟုတ် ပင်မ နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူ ဖြစ်နိုင်၏။ အလွန် သန်မာသော တည်ရှိ မှုကြောင့်၊ ခုခံရန် နည်းလမ်း မရှိ ခဲ့ချေ။ ဆန္ဒရှိ ပါက သတ်ပစ် နိုင်လေသည်။
ထိုအကြည့် ပိုင်ရှင်သည် လေတောင်ကုန်း မြို့နှင့် အနီးတွင် ရှိနေ သည်ဟု၊ ခံစားရ သဖြင့်၊ တတ်နိုင် သမျှ မြန်မြန် ထွက်ခွာ ရ ပေမည်။
“ ဝေါ့ ... ။ ”
ရုတ်တရက် သွေးအန်ချ လိုက်ပြီး၊ နာကျင်မှုအား မထိန်းနိုင် တော့ဘဲ၊ ဒူးညွှတ်ကျ သွား သည်။
“ အဲဒါက ဟိုလူကြီးပဲ ... ။ ”
ယွဲ့ဝေဝေ မျက်ဝန်း များက၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ နောက်ကြောင်း စိုက်ကြည့် လိုက်သည်။ ထိုအချိန်တွင် အကြည့် မှာ ပျောက်ကွယ် သွားသည်။
“ သူက မင်းကို ... ၊ တိုက်ခိုက် ခဲ့သေး တာလား။ ”
ယွဲ့ဝေဝေ ခွန်အားကို သိဆုံး ဖြစ်သော လင်းယွန်မှ မေး မိသည်။ သခင်ငယ် ဟူသည့် အမှိုက် များမှာ၊ သူမအား ဖမ်းဆီး နိုင်သည် အထိ၊ အရည် အချင်း မရှိချေ။
“ ဟုတ်တယ်၊ သူက ငရဲ နတ်ဘုရား နယ်မြေက လာတဲ့ ခွေးအိုကြီးပဲ၊ ကောင်းကင် ဂိုဏ်းမှာ၊ အကြီး အကဲ ရာထူးကို ရထားတယ်။ ”
“ ငါ နားလည်ပြီ၊ ဒါပေမယ့် သူ ဝင်ရောက် စွက်ဖက် နိုင်တဲ့၊ အခြေ အနေက ကန့်သတ်ချက် ရှိပုံ ရမယ်၊ မဟုတ်ရင် ငါ သေတာ ကြာပြီ။ ”
လင်းယွန်က ထိုအကြီး အကဲ၏ လုပ်ရပ်ပေါ် သုံးသပ် မိသည်။
အင်အားကြီး ဂိုဏ်း များ၏ အကြီး အကဲ များသည် ကောင်းကင် လမ်းအား၊ စောင့်ကြည့် ရသော တာဝန်ရှိ ပုဂ္ဂိုလ်များ ဖြစ်သည်။
ထို့ကြောင့် သမာ သမတ် ရှိရ ပေ၏။ သို့သော် ဤအကြီး အကဲသည် ငရဲ နတ်ဘုရား သခင် ငယ်ကို စောင့်ရှောက်နေ သည်မှာ ထင်ရှားသည်။
ထို့ကြောင့် လွန်လွန် ကြူးကြူး စွက်ဖက် နိုင်ပုံ မရချေ။ မဟုတ် ပါက တခြားသော လူများ မှလည်း၊ ထိုနည်းတူ ဝင်ပါလာ နိုင်သည်။
အကြည့် တစ်ချက်ဖြင့်၊ ကောင်းကင် ဓားကို ဖျက်ဆီး လိုက်ခြင်း မျှသာ ဖြစ်သော်လည်း၊ ဓား ရည်ရွယ် ချက်မှာ အစွမ်းထက် သောကြောင့်၊ အကျိုး ဆက်က၊ ပြင်းထန် ခဲ့သည်။
ဤဒဏ်ရာက သူ့အား အသက် ရှင်ရန်၊ လုံလောက် သော်လည်း၊ သခင်ငယ်များ လက်မှ လွတ်ရန် မသေချာ တော့ချေ။
ယင်းက အနည်းငယ် အားကိုးရာ မဲ့ သွားသလို ခံစား လိုက်ရသည်။ မည်မျှပင် သန်မာ စေ ကာမူ၊ နောက်ကွယ်၌ ပုန်းအောင်း နေသည့်၊ ထိုအရှက်မဲ့ ခွေးအို ကြီးကို မကိုင်တွယ် နိုင်သေးချေ။
“ ဟား ဟား ဟား ... ၊ လင်းယွန် ဒူးထောက်ပြီး တောင်းပန်ပါ၊ ဒါဆို မင်းကို ငါ လွယ်လွယ်နဲ့ သေခွင့် ပေးနိုင်တယ်။ ”
ရုတ်တရက် ရယ်မော ခြိမ်းခြောက်သံ များနှင့် အတူ၊ အားကောင်း မောင်းသန်သော ရောင်ဝါများ ကောင်းကင်ပေါ် ထိုးတက် လာသည်။
“ ငြိမ်းအေးခြင်း ဆေးလုံး။ ”
ဖီးနစ် တစ်ကောင်ဖြင့် ဖုံးအုပ် ထားသော၊ အဝေးမှ ငရဲ နတ်ဘုရား သခင်ငယ်ထံ လှမ်း ကြည့်ကာ၊ ယွဲ့ဝေဝေမှ ရေရွတ် လိုက်၏။
“ ..... ။ ”
ငြိမ်အေးခြင်း ဆေးလုံးကို၊ နိဗ္ဗာန်န ဆေးလုံး ဟုလည်း ခေါ်ဆိုကြောင်း၊ လင်းယွန် ကြားထား ဖူးသည်။
ယင်းသည် အသက် တစ်ချောင်း၊ အပို ဆောင်ထား ခြင်းနှင့် တူ၏။ အသက် ရှင်နေ သမျှ မည်သို့သော ဒဏ်ရာ များမှ မဆို၊ ပြန်၍ ကောင်းမွန် လာနိုင်သည်။
သုံးယောက်သား လင်းယွန်ထံ စိုက်ကြည့်ကာ၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ၊ ထုတ်လွှတ် လိုက်ကြသည်။
“ ငါတို့ သူတို့ကို လွှတ်ထားလို့ မရဘူး၊ ဘာပဲ ဖြစ်ဖြစ် ဒီနေ့ ရအောင် သတ်။ ”
စကားဆုံး သည်နှင့်၊ ဖီးနစ် ဝိညာဉ်တော်ကို ဆင့်ခေါ်ကာ၊ လင်းယွန်ထံ လက်ဖဝါး တစ်ချက် ရိုက်လွှတ် လိုက်သည်။
“ ဖီးနစ် မီးလျှံ ... ။ ”
စင်ကြယ်သော ဝိညာဉ် တော်၏ ဖိအားကြောင့်၊ ပျံသန်း နေသော နဂါးလေး အဟုန်မှာ၊ ချက်ချင်း နှေးကွေး လာသည်။
“ မင်း သေ လိုက်တော့ လင်းယွန် ... ။ ”
ဖီးနစ်က မီးတောက် လောင်နေသော အတောင်ပံ များကို ခတ်လိုက်စဉ် လက်ဖဝါးမှာ၊ ကောင်းကင်မှ ဆင်းသက် လာ၏။
ကြောက်မက်ဖွယ် ကောင်းသော မီး ပင်လယ်ကြီး တစင်း ချက်ချင်း ဖြစ်တည်ပြီး၊ နဂါးလေး ခများ ပိတ်မိ သွားသည်။
လင်းယွန်က လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လျက် စိုက်ကြည့် မိ၏။ သူ့တွင် သွေးသား စွမ်းအင်များ ကုန်ဆုံး နေခဲ့သည်။
ထို့ပြင် ကောင်းကင် ဓားကြောင့်၊ အပ်စိုက်မှတ် များ ရှုပ်ပွလျက်၊ မူလ စွမ်းအင် အား၊ ကောင်းစွာ မလည်ပတ် နိုင်တော့ချေ။
ကောင်းကင် ဂိုဏ်း၏၊ ခွေးအိုကြီး အကြံ အစည်မှာ ထိရောက် ပေသည်။ သူ့ ဓားအား ဖျက်ဆီး လိုက်ရုံဖြင့်၊ ဒဏ်ရာ များကို၊ ပို၍ ဆိုးရွား စေ၏။
“ ဂါး ... ။ ”
“ ဝုန်း ... ။ ”
ထို့ကြောင့် နဂါးလေးက သူ့အစား လက်သီးဖြင့်၊ ပြန်လည် ထိုးနှက် ဟန့်တား လိုက်ရသည်။
ခွန်အားမှာ အလွန် ပြင်းထန် လှပြီး၊ ငရဲ နတ်ဘုရား သခင်ငယ်ကို နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျလာ စေတော့၏။ အကျိုးဆက် အနေနှင့်၊ နဂါးလေးမှာ၊ ပို၍ နှေးကွေး သွားသည်။
“ မင်း အဆင်ပြေ ရဲ့လား။ ”
ယင်ယန် သုခဘုံ သခင်ငယ်က၊ ငရဲ နတ်ဘုရား သခင်ငယ်အား အမြန် ဖေးမလိုက် ရပြီး၊ နဂါး မျောက်ဝံ ကြီးထံ တစ်ချက် ကြည့်သည်။
“ ပြေ တယ် ... ၊ ဒီသားရဲ ဒဏ်ရာရ သွားပြီ၊ သူတို့ နောက်ကို ဆက်လိုက် ... ။ ”
ငရဲ နတ်ဘုရား သခင်ငယ်က နှုတ်ခမ်းမှ သွေးစကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း သုတ်ကာ ပြန်ဖြေ၏။
နဂါး မျောက်ဝံ ကြီး၏ အသက်ရှူ သံမှာ ပြင်းထန် လာပြီး၊ ကြမ်းကြုတ်သော ရောင်ဝါက၊ တဖြည်းဖြည်း ပျောက်ကွယ် လာ၏။ သူ့ ပုံစံကို မထိန်းနိုင် တော့သည့် လက္ခဏာ ပေပင်။
“ အစ်ကိုကြီး ယွန်၊ ငါတို့ လေးမျက်နှာ မြို့ကို မရောက်နိုင် တော့ဘူး။ ”
ယွဲ့ဝေဝေက နောက်မှ လိုက်လာသော ရောင်ဝါ များထံ တစ်ချက် လှည့်ကြည့် မိပြီး၊ ဆို၏။ လက်ရှိ အခြေ အနေ အရ၊ လေးမျက်နှာ မြို့သို့၊ မရောက် နိုင်သော်၊ သေရ ပေမည်။
“ နဂါးလေး ။ ”
ရုတ်တရက် လင်းယွန် ခေါ်သံကြောင့် နဂါးလေးက လှည့်ကြည့် လာသည်။ ထို့နောက် ခေါင်းတစ်ချက် ညိတ်ပြကာ၊ နဂါး တားမြစ် နယ်မြေသို့ ဦးတည် လိုက်တော့၏။
တစ်ချိန် တည်းမှာပင်၊ မြင်း အသွင်သို့ ပြောင်းလဲ သွားပြီး၊ ရန်သူ သုံးဦး၏ နောက်မှ ပို့လွှတ် လာသော တိုက်ခိုက်မှု များကို ရှောင်ရှား၍ ဆက်ပြေး တော့သည်။
“ သေစမ်း ... ၊ ဒီတိရစ္ဆာန် ကောင်က မြန်လိုက်တာ ... ။ ”
“ မျိုးမစစ် ... မင်း ရပ်စမ်း ... ။ ”
ကျိန်ဆဲ သံများ မိုးမွှန် သွားသည်။ နဂါး လေးမှာ ဒဏ်ရာ ပြင်းစွာ ရရှိ ထား သော်လည်း၊ အမြန် နှုန်းကြောင့် ရှဉ့် တစ်ကောင်လို လွတ်မြောက် နိုင်ခဲ့သည်။
ဤနည်းဖြင့် မကြာ ခဏ ဆိုသလို၊ လိုက်မီလိုက်၊ လွတ်မြောက် လိုက်နှင့် မျက်စိ တစ်မှိတ် အတွင်း၊ ခုနစ်ရက် ကုန်ဆုံး သွား၏။
ထိုအတော အတွင်း ဒဏ်ရာများ အနည်းငယ် သက်သာ လာသည်နှင့်၊ နဂါး လေး၏ အဟုန်ကို အနှောက် အယှက် မဖြစ် စေရန်၊ လင်းယွန်မှ သခင်ငယ် များအား ပြန်လည် ခုခံပေး ခဲ့သည်။
ထို့ကြောင့် လင်းယွန် ဒဏ်ရာ များမှာ၊ တစ်နေ့ထက် တစ်နေ့ ပို၍ ဆိုးရွား လာခဲ့ပြီး၊ မလှုပ်ချင် လောက်အောင် ပွဲပန်း သွားသည်။
နှုတ်ခမ်းများ ဖြူဖျော့လျက်၊ မျက်လုံး မဖွင့်နိုင် တော့ချေ။ ယွဲ့ဝေဝေ ရင်ခွင် ထဲမှ နေ၍၊ သူ့အသိ စိတ်များ၊ မှုန်ဝါး လာသည်။
ယွဲ့ဝေဝေက လင်းယွန် လက်ကောက် ဝတ်ကို ကောက်ကိုင်ကာ၊ သွေး ခုန်နှုန်းအား စမ်းလျက်၊ အကြိမ်ကြိမ် အံကြိတ် နေမိသည်။
ဤအချိန်၍ ရိုးသား ဖြူစင်သော သူမ အသွင်မှာ၊ ပျောက်ကွယ် သွားပြီ ဖြစ်၏။ စိုးရိမ် စိတ်က အတိုင်း အစ မရှိချေ။
“ နဂါးလေး မြန်မြန် ... ။ ”
ဤမတိုင်မီ လင်းယွန်မှ ဓားဆွဲကာ၊ ဟန့်တား ပေးသော ကြောင့်သာ သူတို့ ဆက်ပြေး နေနိုင်ခြင်း ဖြစ်သည်။
ရန်သူများ လိုက်မီသော် ခက်ချေမည်။ သို့သော် ရင်းနှီးသော ပတ်ဝန်းကျင် တစ်ခု အတွင်း၊ ချည်းနင်း ဝင်ရောက် လာမိ သည်ကို၊ နဂါးလေးမှ သတိ ထားမိ လိုက်သည်။
“ ဟီး ဟစ်ဟစ် ... ။ ”
ကျယ်လောင်စွာ အသံပြုလျက်၊ နဂါး တားမြစ် နယ်မြေ ထံသို့ ဦးတည် နေသော နဂါး လေးကြောင့်၊ ယွဲ့ဝေဝေ ခမျာ မျက်လုံးပြူး သွားသည်။
ဝင်ပေါက် ထံမှ၊ မတည် ငြိမ်သော လေဟာနယ် အတွန့် အခေါက် များကို မြင်နိုင် ၏။ ဝင်ပြီးနောက် ပြန်၍ ထွက်ခွာ နိုင်ရန်၊ မသေချာ တော့ချေ။
“ သတိထား ... ။ ”
နောက်ဆုံးတွင် နောက်ကြောင်း ပြန်လှည့် ကြည့်ကာ၊ အံကြိတ်လျက် နဂါးလေးအား သတိ ပေး လိုက်သည်။
အစ်ကိုကြီး ယွန်၏ ဆုံးဖြတ် ချက်ကို အကြွင်းမဲ့ ယုံကြည် ပေ၏။ ဤတစ်ကြိမ်သည် ပထမဆုံး မဟုတ်ချေ။
ယင်လေ စီးကြောင်း အတွင်း၊ သူမအား ပွေ့ချီကာ ခုန်ချခဲ့ ဖူးသော ပုံရိပ်များ တဖွားဖွား ပြန်၍ မြင် လာသည်။
ဝင်ပေါက် မီးတံခါးမှာ၊ ပြိုကျ မှေးမှိန် လာပြီး၊ လေဟာနယ်ကို လှိုင်း အနည်းငယ် သက်ရောက် နေသော မြင်ကွင်းအား၊ အဝေးမှ မြင်နိုင်၏။
“ နဂါး တားမြစ် နယ်မြေ။ ”
ယင်းကို ခံစားမိ သဖြင့်၊ လင်းယွန်က အားယူလျက် ခေါင်းထောင် ကြည့်လာသည်။ ထုံးစံ အတိုင်း ယုဟိုရှင်း သေဆုံး ခဲ့သည့် နေရာကို ထပ်မံ ဦးတည် စေ၏။
သူ့ အသက်အား ဤမျှ လွယ်လွယ်ဖြင့်၊ မပေး နိုင်ချေ။ လိုချင် ပါက တန်ကြေး တစ်ခု ပေးဆပ် ရချေမည်။
မီးတံခါး အဝသို့ ဦးစွာ ရောက်ရှိ လာသော တော်ဝင် နဂါး သခင်ငယ်နှင့်၊ ယင်ယန် သုခဘုံ သခင်ငယ် တို့ နှစ်ဦးမှာ၊ စိတ်ရှုပ် ထွေးသော အသွင်ဖြင့်၊ ရပ်လိုက် မိသည်။
တားမြစ် နယ်မြေ အတွင်း၊ ဝင်ရောက် သွားသော လင်းယွန် တို့အား ကြည့်ကာ၊ မည်သို့ ဆက်လုပ် ရမည်မှန်း မသိ တော့ချေ။
“ ဝင်သွား သူ့ နောက်ကို ဆက်လိုက်၊ သူ သေရင်တောင် အလောင်းကို ငါတို့ ကိုယ်တိုင် မြင်ရအောင် လုပ်ရမယ်။ ”
ငရဲ နတ်ဘုရား သခင်ငယ်က နောက်မှ လှမ်းအော် လာသဖြင့်၊ သခင်ငယ် နှစ်ဦးမှာ၊ အချင်းချင်း ပြန်ကြည့်ပြီး၊ မီးတံခါး ဆီသို့ ဆက်၍ ပျံသန်း လိုက်ကြသည်။
***