တားမြစ် ဇုန်။
Vol. 76 Ch. 1059
လင်းယွန်ကို ခုနှစ်ရက်ကြာ လိုက်ဖမ်း နေသော ဖြစ်ရပ် နောက်သို့၊ လူအများ အပြား လိုက်ပါ လာခဲ့သည်။
ထို့ကြောင့် နဂါး တားမြစ် နယ်မြေ အတွင်း ဝင်သွား သည်ကို မြင်သော အခါ၊ ဆက်လိုက်ရန် တွန့်ဆုတ် ကုန်၏။
“ နဂါး တားမြစ် နယ်မြေ … ။ ”
ဧကရာဇ် သခင်ငယ် မျက်လုံး များတွင်၊ တွန့်ဆုတ် မှုများ ပြည့်နှက် သွား၏။ ယင်းမှာ ပြန်လည် ပျောက်ကွယ် နေသော လျှို့ဝှက် နယ်မြေ တစ်ခု ဖြစ်သည်။
ဝင်ပေါက်မှာ အချိန် ပျောက်ကွယ် သွားနိုင်ပြီး၊ ပြန်ပွင့်ရန် ထောင်စုနှစ် တစ်ခုခန့် စောင့်ရ ဦးမည် ဖြစ်သည်။
ဤ လျှို့ဝှက် နယ်မြေမှ တန်ဖိုး ရှိသော၊ ရတနာမျာ မည်မျှပင် ရှိစေ ကာမူ၊ ထောင်စုနှစ် တစ်ခု တိုင်တိုင် အသက် ရှင်ရန် မဖြစ် နိုင်ချေ။
ကံကောင်း ထောက်မ စွာဖြင့် အသက်ရှင် ခဲ့သော်မှ၊ ကောင်းကင် လမ်းမှာ ပိတ်သွားမည် ဖြစ်သည်။
ငရဲ နတ်ဘုရား သခင်ငယ်တို့ သုံးဦးမှာ၊ ရန်ငြိုးကြောင့် ထိုအချက်ကို လျစ်လျူရှုပြီး၊ တံခါး အတွင်း တိုးဝင် လိုက်သည်။
လင်းယွန်မှာ သူတို့၏ ကျေးကျွန် များကို သတ်ရုံ သာမက၊ ပါးရိုက်ပြီး နှစ်ကြိမ် တိုင်တိုင် ဒူးထောက် ခိုင်း ခဲ့သည်။
ဤအရှက် တရားမှာ၊ လင်းယွန်အား သတ်နိုင်ခဲ့ လျှင်ပင်၊ မလွတ်မြောက် နိုင်သေး ချေ။
လူတိုင်း ရင်ထဲ၌ စွဲထင် နေပြီး၊ အရိပ် တစ်ရိပ် ကဲ့သို့၊ သူတို့နောက် လိုက်နေမည် ဖြစ် သည်။ အချိန်မှ ကုစားပေး ရန်သာ မျှော်လင့် နိုင်၏။
လူအားကြီး အမြင် အရ၊ နောက်ဆုံး တိုက်ပွဲ၌၊ လင်းယွန်မှာ သခင်ငယ်များ အတွက်၊ ပြဿနာ အိုး ဖြစ်သည်။
အဘယ့်ကြောင့် ဆိုသော် ငရဲ နတ်ဘုရား သခင်ငယ်တွင်၊ ကြယ်မိစ္ဆာ ပန်း (၃)ပွင့် စိုက်ပျိုး ထားနိုင်သည်။ လင်းယွန် ၌မူ၊ (၁၀) ပွင့် အထိ၊ ရှိနေ ချေ၏။
ထို့ကြောင့် ဒဏ်ရာ ရခဲ့ လျှင်ပင်၊ လေးမျက်နှာ မြို့သို့ ရောက်ရန်၊ အခက် အခဲ မရှိ သင့်ကြောင်း၊ လူအုပ် ကြီးက ယူဆ မိသည်။
သို့သော် လေတောင်ကုန်း မြို့မှ ထွက်ခွာ သွားစဉ်၊ လင်းယွန်၏ အရှိန် အဝါ ရုတ်တရက် ကျဆင်း သွားသည်ကို၊ သတိထား မိသည်။
နောက်ကွယ်မှ တစ်စုံ တစ်ဦးသည် ငရဲနတ်ဘုရား သခင်ငယ် အပေါ်၊ ကူညီနေပုံ ရသည်။ ၎င်းမှာ အခြေ အမြစ် မရှိသော ထင်ကြေး မျှသာ ဖြစ်သော်လည်း၊ သေချာ သလောက် ရှိ၏။
သူတို့သာ ဆိုပါ ကလည်း၊ လင်းယွန်အား သတ်ရန် နည်းလမ်းပေါင်း စုံကို၊ အသုံး ပြုမည် ဖြစ်သည်။ ထို့ကြောင့် နဂါး တားမြစ် နယ်မြေ ထဲသို့ လိုက်သွား ကြခြင်း ဖြစ်သည်။
“ နဂါး တားမြစ် နယ်မြေ ထဲမှာ ... ၊ အန္တရာယ် ဇုန်တွေ အများကြီး ရှိတယ်၊ သူ အဲ့ဒီ ဇုန်ထဲက တစ်နေ ရာရာကို ဝင်ပြီး၊ သေဖို့ စီစဉ် နေတာပဲ၊ ဒါမှသာ သူ့ ဆီက ရတနာ တွေကို ဘယ်သူမှ မရ နိုင်မှာ … ။ ”
ဧကရာဇ် သခင်ငယ်က၊ သုံးသပ် ရေရွတ် လိုက်သည်။ သူ့ အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ လူတိုင်း ကြားရန် လုံလောက်၏။ ထို့ကြောင့် သဘောတူ သူ များက၊ ခေါင်းညိတ် လိုက်ကြသည်။
လင်းယွန်၌ နဂါး အရိုး အပြင်၊ ရတနာ များစွာ ရှိမှန်း၊ သူတို့ သိသည်။ ဝိညာဉ်တော် နှစ်ပါးမှာ၊ အဆွဲဆောင် နိုင်ဆုံး ဖြစ်၏။
ထို့ကြောင့် လင်းယွန်၏ အလောင်းကို ကောက်နိုင် လျှင်ပင်၊ စစ်မက် နယ်မြေ သုံးရပ် အတွက်၊ များစွာ အကျိုးရှိ နိုင်မည်။
သို့သော် မာနနှင့်၊ စိတ်နေ စိတ်ထား အရ လင်းယွန်မှာ၊ အန္တရာယ် ရှိသော တားမြစ် ဒေသ တစ်ခု ခုသို့ ဦးတည် သွားနိုင်သည်။
ထိုအန္တရာယ် ဇုန်များ၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို၊ သိရှိ ထားသော ဖေးရွယ် ခမျာ မျက်နှာ သိသိ သာသာ ပြောင်းလဲ သွားပြီး၊ တံခါး ဝသို့ ချက်ချင်း ပျံသန်း လိုက်သည်။
“ တောက် သေစမ်း ... ။ ”
ဧကရာဇ် သခင်ငယ်၏ မျက်ဝန်းများ ကျဉ်းမြောင်း သွားသည်။ ဤလင်းယွန်မှာ ငြိမ်းချမ်းစွာ သေသင့်ပြီ ဖြစ်သည်။ သူ့အား အဘယ်ကြောင့် ဤမျှ အထိ၊ ဒုက္ခပေး နေရ သည်ကို၊ နားမလည် နိုင်တော့ချေ။
ထို့နောက် ဖေးရွယ် နောက်သို့ အလျင် အမြန် ပြေးလိုက် သွားမိသည်။ ခွန်လွန် နယ်မြေ ရောက်ပါက၊ သူမ ခန္ဓာကိုယ် ထဲရှိ နတ်ဘုရား အသွေးတော်ကို ထုတ်ယူကာ၊ ခွဲဝေပေး မည်ဟု ကတိပြု ထားသည်။
မည်သို့ပင် ဆိုစေ ကာမူ၊ ဖေးရွယ်အား အသေ မခံ နိုင်ချေ။ ဤအခိုက် အတန့်တွင်၊ နဂါး တားမြစ် နယ်မြေ ထဲသို့ ဝင်ရောက် သူများ ပို၍ များပြား လာသည်။
ဧကရာဇ် နယ်မြေ သခင်ငယ်၏ ပထမဆုံး စကားကြောင့်၊ ဆက်မလိုက် တော့ရန် ဆုံးဖြတ် လိုက်ကြသည်။
သို့သော် စကားဆုံး သည်နှင့်၊ တံခါးထံ ပျံသန်း သွားသော လုပ်ရပ်အား မြင်ရ ချိန်၌၊ သူတို့ အပေါ် ရည်ရွယ်ချက် ရှိရှိ လှည့်စား နေသည်ဟု၊ ယူဆကာ၊ စိတ်ပြောင်း ကုန်ကြသည်။
ထိုအချိန်တွင် အန္တရာယ် ရှိသော တားမြစ်ဇုန် တစ်ခု ရှေ့တွင် ရပ်ကာ၊ လင်းယွန်က ယွဲ့ဝေဝေ ထံ ပြန်ကြည့်သည်။
ဤ တားမြစ် ဇုန်သည် ယုဟိုရှင်း သေဆုံး ခဲ့သည့် နေရာ ဖြစ်ပြီး၊ မည်မျှ ကြောက်စရာ ကောင်းကြောင်း၊ သူ သိ၏။
မြေပြင် အနှံ့ အလောင်းများ ပျံ့ကျဲကာ၊ မြူခိုးများ ဖုံးလွှမ်း နေသည်။ ထို့ကြောင့် ၎င်း အတွင်း မည်သည့် အရာများ ရှိနေ မည်ကို၊ မည်သူမျှ မစူးစမ်း ရဲချေ။
“ ဒီနေရာက အရမ်း အန္တရာယ် များတယ်၊ အစ်ကိုကြီး ယွန် ငါတို့ ဝင်သွား ပြီးရင် ပြန်ထွက် နိုင်ဖို့၊ မသေချာ လောက်ဘူး။ ”
ယွဲ့ဝေဝေက လင်းယွန် အကြည့်ကို နားလည် ဟန်ဖြင့်၊ လိမ္မာ ပါးနပ်စွာ သတိပေး လေသည်။
“ ဟုတ်တယ် ... ဒါကြောင့်လည်း၊ မင်းကို ငါနဲ့ အတူ၊ လိုက်၀င် မလာ စေချင်ဘူး။ ”
သက်ပြင်း ချလျက် လင်းယွန်မှ ပြန်ပြော၏။
“ မဟုတ်ဘူး ... ။ ”
ယွဲ့ဝေဝေ မျက်ဝန်း၌ မျက်ရည်များ ရစ်သိုင်း လာပြီး၊
“ သေရမယ် ဆိုရင်တောင်၊ ငါတို့ အတူတူ သေချင်တယ်၊ ငါ့ကို မထားခဲ့ ပါနဲ့ အစ်ကိုကြီး ယွန် ... ။ ”
“ မထားခဲ့ ပါဘူး၊ တခြား သူတွေ ဝင်ရင် သေမှာ သေချာ ပေမယ့် ... ၊ ငါက သူတို့ မဟုတ် ဘူး၊ အခွင့် အရေး ရှိနိုင် ပါသေးတယ်။ ”
တားမြစ် ဇုန်၏ ပင်မ ဒေသ များထံ ဦးတည်ခြင်း မရှိ သ၍၊ အသက်ရှင် နိုင်မည်ဟု၊ ယုံကြည် သည်။
နဂါး သခင် ထံမှ အမွေ ရရှိထား သဖြင့်၊ ဤသည်မှာ သူ့အိမ် ဖြစ်သည်။ ကံတရား အရ မည်သူမျှ သူအား မယှဉ် နိုင်ချေ။
နဂါး နန်းတော်နှင့် အနီး တစ်ဝိုက်သို့၊ သွားနိုင်ပါက၊ နဂါး ဝိညာဉ်မှ အကာ အကွယ် ပေးလိမ့် မည်ဟု၊ ယုံကြည်သည်။
“ ငါ ယုံတယ် အစ်ကိုကြီး ယွန်၊ ငါတို့ ဒီမှာ မသေဘူး။ ”
ယွဲဝေဝေက တောက်ပစွာ ပြုံးလိုက်သည်။
“ ဒါဆို ... ၊ သွား ရ အောင်။ ”
ထို့နောက် သုံးယောက်သား တားမြစ်ဇုန် အတွင်းသို့ လှမ်းဝင် လိုက် ကြသည်။ မြူခိုးများ အဆက် မပြတ် ကျဆင်းနေ သော်လည်း၊ သူတို့ ဆုံးဖြတ် ချက်အား၊ မယိုင်နဲ့ စေခဲ့ချေ။
သို့သော် အကြောက် တရားက လင်းယွန် ရင်ထဲ ဝင်လာသည်။ တစ်ချိန်က ယုဟိုရှင်းအား ဤနယ်မြေ ထဲသို့ အတင်း အကြပ် ဝင်ရောက် စေခဲ့သည်။
သံသရာ တပါတ် လည်လာပြီ ဖြစ်၏။ ဓားသမား အဖြစ် ရွေးချယ် ထားသော သူ့ နှလုံး သားမှာ၊ ထိုအတွေးကို ချက်ချင်း ဖျက်ဆီး သည်။
သံသရာကို မယုံ သင့်ချေ။ သူ့ လက်ထဲ၌ ဆုပ်ကိုင် ထားသော ဓားပေါ်သာ ယုံကြည်သင့် လေပြီ။
မမြင် ရသော အရာထက်၊ မြင်ရသော ဓားပေါ်သာ၊ အလုံးစုံ ပုံအပ် ထားခြင်းသည်၊ လက်တွေ့ ကျပေမည်။
တစ်နာရီ အကြာတွင်၊ သခင်ငယ် များမှာ၊ ထိုတားမြစ် ဇုန် အပြင် ဘက်သို့ ရောက်ရှိလာ ကြသည်။
လင်းယွန်မှာ သူ့တို့ အကျိုးရှိ သွားမည်ကို လိုလားပုံ မရချေ။ ဝေးရာသို့ သွားကာ၊ သေရန် ကြိုစား နေမှန်း နားလည် လိုက်သည်။
သူ့ လက်နှင့်၊ ကိုယ်တိုင် ကိုယ်ကျ သတ်လိုသော ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ မျက်နှာ တပြင်လုံး မည်မှောင် နေသည်။
“ သူတို့က တားမြစ် ဇုန်ထဲ တကယ် ဝင်သွားပြီ။ ”
“ ဧကရာဇ် နယ်မြေ သခင်ငယ် ပြောတာ မှန်တယ်၊ လင်းယွန်က လူတိုင်းကို သူနဲ့ အတူ ဆွဲခေါ် လိုပုံပဲ။ ”
တိုက်ပွဲအား ကြည့်ရှု လိုသော လူများမှာ၊ စိတ်ပျက် သွား၏။ စစ်မက် နယ်မြေများ အရှက် ခွဲခံ ရမည့် မြင်ကွင်းမျိုး၊ မတွေ့ ရတော့ချေ။
“ အား ... ။ ”
ထိုအချိန်တွင် တားမြစ်ဇုန် အတွင်းသို့ လိုက်ပါ ခဲ့သော ကျေးကျွန် များထံမှ၊ အော်ဟစ် သံများ ဆက်တိုက် ထွက်ပေါ် လာသည်။
လူ အနည်းငယ် မျှသာ ပြန်၍ ထွက်ခွာ လာနိုင်ခဲ့ သော်လည်း၊ သွေးသား စွမ်းအင်များ လျင်မြန်စွာ ခမ်းခြောက်လျက်၊ သေဆုံး ကုန်ကြသည်။
“ ဒီတားမြစ် ဇုန်က အသက်ဓာတ်ကို ဝါးမြို နိုင်တာပဲ၊ … ။ ”
တော်ဝင် နဂါး သခင်ငယ်က၊ အလောင်း အချို့ကို စစ်ဆေး ပြီးနောက်၊ မျက်နှာ ဖြူဖျော့ သွားသည်။
ရုတ်တရက် ပတ်ဝန်းကျင် လေထုမှာ၊ အက်ကွဲ ကြောင်းများ ထင်လာပြီး၊ မြေပြင် တစ်လျှောက် တုန်လှုပ်စ ပြုလာ၏။
“ ဝင်ပေါက်က ပြိုတော့မယ်၊ မြန်မြန် ပြန်ထွက် ရအောင် ... ။ ”
လူများ စွာက တုန်လှုပ် သွားသည်။ သည်ထက် ပို၍ အချိန် မဖြုန်း လိုကြ တော့ချေ။
“ သွား ရ အောင် ... ။ ”
ဧကရာဇ် သခင်ငယ်က ဖေးရွယ်အား၊ အတင်း အကြပ် ဆွဲခေါ်ကာ၊ တံခါးဝ ဆီသို့ အမြန် ပျံသန်း လိုက်သည်။
အက်ကွဲ ကြောင်းများ ပို၍ များပြား လာသည် နှင့်အမျှ၊ ငရဲ နတ်ဘုရား သခင်ငယ် မျက်နှာမှာ၊ မည်းမှောင် လာ၏။
“ သွား ကြ မယ် ... ၊ အပြင် ရောက်ရင် ဝင်ပေါက်ကို၊ အပြီး အပိုင် ဖျက်ဆီး ပစ်လိုက်၊ မတော် တဆ ဆိုတာ မရှိစေနဲ့ ... ။ ”
***