← Chapters

နတ်ဘုရား များ၏ တိုက်ပွဲ နယ်မြေ။

Vol. 76 Ch. 1060

နတ်ဘုရား များ၏ တိုက်ပွဲ နယ်မြေ။

Vol. 76 Ch. 1060

တံခါးရွက် ပေါ်ရှိ မီးတောက်များ ဖြည်းညှင်းစွာ ငြိမ်းသွားပြီး၊ နဂါး တားမြစ် နယ်မြေ ဝင်ပေါက် ပိတ်သွားသည်။

ထိုနောက် ပြန်ပိတ် သွားသော တံခါးရွက်အား ငရဲ နတ်ဘုရား သခင်ငယ်မှ၊ ငြိမ်သက်စွာ စိုက်ကြည့် နေ၏။

“ သခင်ငယ်၊ ဒီတားမြစ် နယ်မြေ ထဲမှာ သေချာပေါက် လင်းယွန် သေသွားပါ လိမ့်မယ်၊ ကောင်းကင် လမ်းရဲ့ သူ့ ခရီးစဉ်က ပြီးဆုံး သွားပါပြီ။ ”

စစ်မက် နယ်မြေ၏ ကျေးကျွန် တစ်ဦးက ပြောသည်။ သို့သော် ငရဲ နတ်ဘုရား သခင်ငယ် က၊ ခေါင်းယမ်း လိုက်ပြီး၊

“ သူ့မှာ နဂါး အရိုး ရှိတဲ့ အတွက်၊ မသေ နိုင်ဖူးလို့၊ ငါခံစား ရတယ်။ ”

-ဟု တုန့်ပြန် လိုက်၏။

“ မသေ တော့ရော ဘာဖြစ်လဲ၊ အဲဒီ အန္တရာယ် ဇုန်က၊ သူ ထွက်လာ နိုင်ရင်တောင်၊ တံခါးပေါက် မရှိ တော့ ပါဘူး၊ ... ”

“ ... ဘယ်လောက် ကြာတဲ့ အထိ၊ နဂါး အရိုးက သူ့ကို ရှင်သန်ခွင့် ပေးထား နိုင်မှာလဲ၊ အနှေးနဲ့ အမြန် သေလိမ့်မယ် ဆိုတာ၊ သိသာ ပါတယ်။ ”

တော်ဝင် နဂါး သခင်ငယ်က ပြုံးလျက် ဆိုသည်။ ယခု အချိန်တွင် ရန်သူမှာ အသက်ရှင် ခွင့်၊ နည်းပါး သွားပြီ ဖြစ်သည့် အတွက်၊ အလွန် ကျေနပ် စရာ ပေပင်။

သူနှင့် မတူ သည်မှာ၊ ယင်ယန် သုခဘုံ သခင်ငယ် ဖြစ်သည်။ သူက ငရဲ နတ်ဘုရား သခင်ငယ် စိတ်ကို ဖတ်နိုင်၏။

လင်းယွန်ထက် ယွဲ့ဝေဝေ အပေါ်၊ အလေး ထားကြောင်း၊ သူ သိသည်။ ကံမကောင်း စွာဖြင့်၊ ယွဲ့ဝေဝေမှာ လင်းယွန် နှင့်အတူ သေရန်၊ ဆန္ဒ ရှိနေ ခဲ့သည်။

လက်ရှိ အချိန်၌၊ ငရဲ နတ်ဘုရား သခင်ငယ်၏၊ နှလုံးသား ထဲရှိ ဆူးမှာ၊ မည်မျှ ကြီးထွား နေမည်ကို၊ သူ မသိချေ။

သူ့ ကဲ့သို့ မာန ကြီးသူ တစ်ယောက် အနေဖြင့်၊ နှလုံး သားချင်း ယှဉ်ရာ၌ ရှုံးနိမ့်သည့် အပြင်၊ ခွန်အား တွင်လည်း နိမ့်ကျ ခဲ့ခြင်း အပေါ်၊ လက်မခံ လိုသည်မှာ သဘာဝ ဖြစ်သည်။

“ လင်းယွန် သေပြီ ... ။ ”

ငရဲ နတ်ဘုရား သခင်ငယ်မှ၊ ကျယ်လောင်သော အသံဖြင့် ရုတ်တရက် ကြေငြာ လာသည်။

“ အခု ချိန်က စပြီး၊ လင်းယွန် ဆိုတာ မရှိတော့ဘူး၊ ဒါက ငရဲ နတ်ဘုရား နယ်မြေကို စိန်ခေါ် သူတိုင်းရဲ့ ရလဒ်ပဲ။ ”

အောင်ပွဲ အကြောင်း၊ ကြေငြာ နေသော သူ့အသံမှာ၊ တည်ကြည် လေးနက် နေခဲ့သည်။ မျက်မြင် ကွယ်တွေ့ မဟုတ် ပါက အမှန်ပင်၊ လင်းယွန်အား အနိုင်ယူ နိုင်ခဲ့သူ တစ်ဦး အဖြစ် ယုံမှား မိပေမည်။

ထိုအပြု အမူကြောင့်၊ လူတိုင်း သူ့ကို အထင်သေး မိကြ သော်လည်း၊ မည်သူမျှ စကား တစ်ခွန်းမှ မဆိုဝံ့ ကြချေ။

နောက်ဆုံးတွင် လင်းယွန်မှ အသက်နှင့် ရင်းပြီး၊ စစ်မက် နယ်မြေ များကို အပြစ် မပြု သင့်ကြောင်း၊ သက်သေပြ ခဲ့သည်။

ငရဲ နတ်ဘုရား သခင်ငယ် အတွက်မူ၊ ယွဲ့ဝေဝေ သေဆုံးခြင်း အပေါ်၊ နှမျော မိ၏။ သို့သော် ခွန်လွန်ဘုံ၌၊ ထိုသို့သော အမျိုးသမီး များစွာ ရှိသည်။

လင်းယွန်မှ သူ့အား ပါးရိုက် ခဲ့လျှင်ပင်၊ သူ့အား အနာဂါတ်တွင် မည်သူမျှ အရှက်ခွဲ ဝံ့ တော့မည် မဟုတ်ချေ။

ထိုအတွေးဖြင့် သူ့ကိုယ်သူ လှည့်စားကာ၊ တံခါး ရွက်ထံ တစ်ချက် ပြန်ကြည့်ပြီး၊ ထွက်ခွာ သွား တော့သည်။

လင်းယွန် အနေဖြင့်၊ အောက်တန်း နယ်မြေ၌ မွေးဖွား ခဲ့သော သူ့ကိုယ် သူသာ အပြစ်တင် ရ ပေမည်။

တစ်ဖက်တွင် အန္တရာယ် ရှိသော တားမြစ် ဇုန်မှာ၊ လင်းယွန် စိတ်ကူးထား သည်ထက် ပို၍ ကြောက်စရာ ကောင်းကြောင်း သိလိုက်သည်။

သွေးသား စွမ်းအင်မှာ၊ လျင်မြန်စွာ ခမ်းခြောက် လာသည်။ သို့သော် သူ့ အတွေးမှာ မှန်ကန် နေသည်။

နဂါး အရိုးမှ ပါးလွှာသော စွမ်းအင် အလွှာ တစ်ခု ထွက်ပေါ် လာပြီး၊ သူ့အား ကာကွယ်ပေး လေသည်။

ထိုအလွှာသည် နဂါး လေးနှင့်၊ ယွဲ့ဝေဝေတို့ နှစ်ဦး ကိုပါ ဖုံးအုပ် ကာကွယ်ရန် လုံလောက်ခေျ ၏။

ထို့ကြောင့် သူတို့ နှစ်ဦး၏ သွေးသား စွမ်းအင် ကုန်ဆုံးမှု မှာလည်း၊ များစွာ နှေးကွေး လာခဲ့သည်။ သို့သော် လုံးဝ အသက် ရှင်နိုင် မည်ဟု၊ အာမ မခံ နိုင်သေးချေ။

နဂါး အရိုး၏ ပထမ အလွှာ ကိုသာ၊ ဖွင့်ထားနိုင် သဖြင့်၊ အချိန်ကြာ လာပါက၊ သေဆုံး သွားရ ပေဦးမည်။

“ ဝင်ပေါက် ပိတ်သွားပြီ ထင်တယ် … ။ ”

ယွဲ့ဝေဝေက နောက်လှည့် ကြည့်ကာ ဆိုလိုက်သည်။

“ အင်း ... ၊ ဟုတ်မယ် ... ။ ”

လင်းယွန်မှ ထောက်ခံ မိ၏။ ရုတ်တရက် ပြောင်းလဲ သွားသော လေထုကို၊ သူလည်း ခံစား မိသည်။

“ သွား ရအောင်၊ ငါတို့ ဆက်သွားဖို့ လိုပြီ။ ”

ရန်သူများ ထွက်ခွာ သွားပြီ ဖြစ်သဖြင့်၊ ဤနေရာ၌ အကြာကြီး မနေလို တော့ခေျ။ နဂါး နန်းတော်ထံ ဦးတည် လိုက်သည်။

နောက်ဆုံးတွင် သူ ဟူသည် နဂါး သခင်၏၊ အသိ အမှတ် ပြုခြင်းကို၊ ခံထားရ သူ ဖြစ်သည်။ ထို့ကြောင့် နဂါး ဝိညာဉ်မှ၊ ကူညီ လိမ့်မည်ဟု ယုံကြည်၏။

သို့သော် သူ မျှော်လင့်ထား သကဲ့သို့၊ တားမြစ် ဇုန်၏ ထွက်ပေါက်အား ရှာမတွေ့ နိုင် တော့ချေ။ လျှော့တွက် မိခဲ့ ပုံရသည်။

“ အဟွတ် ... ဟွတ် ... ဟွတ် ... ။ ”

တားမြစ်ဇုန် အတွင်း၊ ဝဲလည်လည် နှင့်၊ ပိတ်မိ နေစဉ်၊ ယွဲ့ဝေဝေ ထံမှ ချောင်းဆိုးသံ တစ်သံ ထွက်ပေါ် လာသည်။

လှည့်ကြည့် လိုက်ရာ၊ ဒဏ်ရာကြောင့် မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ နေပြီး၊ နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျ နေ၏။

“ မင်းရဲ့ ဒဏ်ရာကို၊ ကြည့်ပေးမယ်။ ”

ယွဲ့ဝေဝေ၏ ဒဏ်ရာ အပေါ်၊ ရုတ်တရက် သတိရ သွားသည်။ ထို့ပြင် သူမ၏ မူလ စွမ်းအင် ကိုလည်း၊ ပိတ်ဆို့ ခံထား လေပြီ။

ထို့ကြောင့် သာမန် လူ နီးပါး၊ အားနည်း လာပြီ ဖြစ်၏။ တစ်ချိန်လုံး ထွက်ပြေး နေရ သဖြင့်၊ ယင်းကို အာရုံ မစိုက် နိုင်ခဲ့ချေ။

“ ဒီနေရာမှာ မူလ စွမ်းအင်ကို သုံးရင်၊ အကျိုး ဆက်တွေ ရှိ လာလိမ့်မယ်။ ”

လေထု ထဲတွင် ဆန်းကြယ်စွာ စီးဆင်း နေသော ရောင်ဝါ တစ်မျိုးကို သူမ ခံစားနိုင် လေသည်။

“ ငါ ... ၊ အဆင်ပြေ ပါတယ်။ ”

လင်းယွန်က သူမ စကား အပေါ်၊ အလေး ထားပုံ မရဘဲ၊ နဂါလေး ပေါ်မှ ပွေ့ယူ လိုက်ကာ၊ ဒဏ်ရာ များကို စစ်ဆေး တော့သည်။

ဒဏ်ရာ များမှာ မပြင်းထန် သော်လည်း၊ မူလ စွမ်းအင်ကို ပိတ်ဆို့ ထားသော ခန္ဓာကိုယ် ပေါ်ရှိ အပ်ငယ် များမှာ၊ အလွန် အဆင့်မြင့် ချေ၏။

မူလ စွမ်းအင် ဖြန့်ဝေ မိသည့် အကြိမ် တိုင်း၌၊ အဆိုပါ အပ်ငယ်များ ထံမှ အဆိပ်များ ထုတ်လွှတ် ပေလိမ့်မည်။ ယင်းက မခံစား နိုင် လောက်အောင် နာကျင် စေမည် ဖြစ်သည်။

ထို့ကြောင့် အကြိမ်ကြိမ် ရုန်းကန် ပြီး နောက်တွင်၊ အပ်စိုက်မှတ် များ၌ ဒဏ်ရာများ ရရှိ ကုန်သည်။နာကျင်မှုမှာ မည်မျှ ပြင်းထန်နိုင် မည်ကို၊ သူပင် မမှန်းဆ နိုင်တော့ချေ။

“ ငရဲ နတ်ဘုရား သခင်ငယ် ... ။ ”

လင်းယွန် မျက်လုံး များက၊ သတ်ဖြတ် လိုသော ရောင်ဝါဖြင့် လင်းလက် သွားသည်။ အထက်ပါ အချင်း အရာ များအား သိခဲ့ ပါက၊ တိုက်ပွဲ၌ အယုတ် တမာ ကောင်ကို၊ ရအောင် သတ်မိ ပေမည်။

“ နည်းနည်း သည်းခံ ပေးပါ။ ”

အသက် ပြင်းပြင်း ရှူလိုက်ပြီး၊ ယွဲ့ဝေဝေအား သတိပေး လိုက်သည်။ အဆိပ် အပ်များမှာ၊ အခြား သူများ အတွက် ပြဿနာ ရှိနိုင် သော်လည်း၊ ကောင်းကင်ဓား ရှေ့တွင်၊ အလုပ် မဖြစ်ချေ။

နာကျင်မှုကို ခံနိုင် နေသ၍၊ ဆွဲထုတ် ပေးရန် လွယ်ကူသည်။

“ စိတ်မပူ ပါနဲ့ ... အစ်ကိုကြီး ယွန်၊ ငါ ခံနိုင် ပါတယ်။ ”

“ ဒီလို အခြေ အနေ ... ၊ ရောက်နေ တာတောင်၊ မင်းက ပြုံးနိုင် နေတုန်းနော် ... ။ ”

ယွဲ့ဝေဝေ ထံမှ သိမ်မွေ့သော အပြုံးအား ပြန်မြင် လိုက်ရ သောကြောင့်၊ လင်းယွန်မှ ဆို မိသည်။ ဒုက္ခ များကို အပြုံးဖြင့်၊ ရင်ဆိုင် နိုင်ခြင်းမှာ၊ လေးစား စရာ ပေပင်။

“ အစ်ကိုကြီး ယွန်သာ ... ၊ ငါ့ အနားမှာ ရှိနေရင်၊ အဆင်ပြေ ပါတယ်၊ ဒီလောက်လည်း မနာကျင် ပါဘူး၊ ခစ် ခစ် ခစ် ... ။ ”

ယွဲ့ဝေဝေက မျက်ဝန်းများ မှေးကျ သွားသည် အထိ၊ ဖြည်းဖြည်းချင်း ရယ်မောလာ တော့သည်။

သူအား ထိုင်ခိုင်းကာ၊ ကျောပြင်ပေါ် လက်ဖဝါး တင်လျက်၊ ကောင်ကင် ဓားကို ခန္ဓာ ကိုယ်ထဲ၊ ပို့လွှတ် လိုက်သည်။

ထိန်းချုပ် နေသည့် ကြားမှပင်၊ ရှုပ်ပွ နေသော အပ်စိုက်မှတ် များကြောင့်၊ ယွဲ့ဝေဝေ အား နာကျင် သွားစေ၏။

သို့သော် နာကျင်မှုမှာ မကြာ မြင့်ချေ။ အဆိပ်အပ် များကို လင်းယွန်မှ လျင်မြန်စွာ ဖျက်ဆီး ပစ်နေ ခြင်းကြောင့် ဖြစ်သည်။

ထို့နောက် ကျန်ရှိခြင်း ရှိ-မရှိ၊ ခန္ဓာကိုယ် အနှံ့သို့၊ စေ့စေ့ စပ်စပ် အပြန်ပြန် အလှန်လှန် ရှာဖွေ နေမိသည်။

“ ငါ အဆင် ပြေပြီ ... အစ်ကိုကြီး ယွန်။ ”

ယွဲ့ဝေဝေ၏ ရှက်ဝဲဝဲ ဟန့်တားသံ ထွက်လာမှ သာလျှင်၊ သတိဝင် လာ၏။ သူမ အတွက် ဆန့်ကျင်ဘက် လိင်နှင့်၊ ဤမျှ ရင်းနှီးသော အထိ အတွေ့မျိုး၊ ပထမဆုံး အကြိမ် ကြုံရခြင်း၊ ဖြစ်နိုင် ပေမည်။

တနည်း အားဖြင့် ကောင်းကင် ဓားကို ဖြတ်သန်းခွင့် ပေးခြင်းသည်၊ သူမ ခန္ဓာကိုယ် အနှံ့၊ မြင်ခွင့် ပေးခြင်းနှင့် အတူ တူပင် ဖြစ်၏။

ယွဲ့ဝေဝေ ခန္ဓာ အတွင်း၊ ထူးဆန်းသော တံဆိပ် တစ်ခုကို၊ တွေ့ရှိခဲ့ သော်လည်း၊ ၎င်းမှာ အန္တရာယ် ပေးမည့်ပုံ မရချေ။

ကျင့်ကြံ မှုအား ဖိနှိပ် ထားသည့်၊ တံဆိပ် ဖြစ်ပုံ ရသည်။ ကောင်းကင် ဓားကို ရုတ်လျက်၊ လင်းယွန် မျက်လုံးများ ပွင့် လာသည်။

“ အစ်ကိုကြီး ယွန်၊ ငါ အရမ်း ပင်ပန်း နေပြီ။ ”

“ ကောင်းပြီ ... ၊ အနား ယူလိုက်ပါ။ ”

လင်းယွန်က နဂါးလေး ကျောပေါ်၊ ပွေ့တင် ပေးလိုက်ပြီး၊ ညင်သာစွာ ဆိုသည်။ ယခု သူမ အိပ်ဖို့ လို၏။ အိပ်ယာမှ နိုးချိန်၌၊ လုံးဝ ပြန်လည် ကောင်းမွန် သွားမည် ဖြစ်သည်။

ယွဲ့ဝေဝေ အိပ်ပျော် သွားသည်နှင့်၊ တားမြစ်ဇုန်အား ဆက်၍ ဖြတ်သန်း လာမိ သည်။

မြူ အတွင်း၌၊ တစ်စုံ တစ်ရာ ရှိနေသည် ဟူသော ခံစား ချက်ကြောင့်၊ သတိ ထားကာ၊ လျှောက်လှမ်း နေရ သဖြင့်၊ ခရီး မတွင်ချေ။

နောက်ကြောင်း ပြန်လှည့်ရန် မှာလည်း၊ လမ်း မမှတ်မိ တော့ချေ။ ထို့ကြောင့် ရှေ့သို့သာ ဆက်လျှောက် နေရခြင်း ဖြစ်သည်။

ရုတ်တရက် အဝေးမှ ရင်းနှီးသော ဆူညံသံ တစ်သံ ပျံ့လွင့် လာသည်။ ယင်းမှာ ဓားရည်ရွယ် ချက် ဖြစ်၏။

တိတိ ပပ ဆိုရ ပါမူ၊ ကောင်းကင်ဓား ဖြစ်သည်။ တစ်ယောက် ယောက်မှ၊ သူ့အား ဖျားယောင်း နေခြင်း ဖြစ်ပေမည်။

“ ငါ့ ဓား လား ... ။ ”

အချိန် အတော်ကြာ တုံ့ဆိုင်း နေစဉ်၊ ကြားနေ ရသော ဆူညံ သံမှာ၊ အရင် ကထက် ပို၍ ကျယ်လောင် ပြတ်သား လာသည်။

“ သွား ကြည့် ရအောင်။ ”

တစ်နာရီ အကြာ၌၊ ရိုးရှင်း လှသည့်၊ သံချေးတက် နေသော၊ သာမာန် ရတနာ ဓား တစ်လက်အား လှမ်းမြင် လာရသည်။ ၎င်းက အလောင်း ကောင်၏ နဖူးထံ၊ ထိုးဖောက် ဝင်ရောက် နေသည်။

ရုတ်တရက် ယုဟိုရှင်းအား သတိရ လာစေ၏။ ၎င်း၏ သေဆုံး မှုအား အတည်ပြု နိုင်ရန် နဖူးအား၊ သူကိုယ်တိုင် ဓားနှင့် ပစ်ဖောက် ခဲ့ခြင်း ဖြစ်သည်။

“ ဒါ နတ်ဘုရား တွေရဲ့ ... ၊ စစ် မြေပြင်ပဲ။ ”

ရုတ်တရက် ယွဲ့ဝေဝေမှ နိုးလာပြီး၊ ပတ်ဝန်းကျင်ထံ ဝေ့ကြည့်ကာ၊ လေးနက်သော အမူ အရာဖြင့်၊ ပြောလာ တော့သည်။

***

All Chapters