← Chapters

ကနဦး ဓား။

Vol. 76 Ch. 1061

ကနဦး ဓား။

Vol. 76 Ch. 1061

‘နတ်ဘုရား စစ်တလင်း ဒေသ’ ဟူသော အသုံး အနှုန်းကြောင့်၊ လင်းယွန် တစ်ယောက် အနည်းငယ် အံ့အားသင့် သွား၏။ ထို့နောက် သတိရ သွားကာ၊ ပြန်ကြည့်ပြီး၊

“ ဝေဝေ၊ မင်း ... နိုးပြီလား။ ”

-ဟု နှုတ်ဆက် လိုက်သည်။

“ ဟမ့် ... ၊ နောက်ဆုံးတော့ ငါ့ကို ဝေဝေလို့ ခေါ်ပြီပေါ့။ ”

ယွဲ့ဝေဝေက ရွှင်မြူး စွာဖြင့်၊ ဆိုသည်။ ချစ်စရာ ကောင်းပြီး၊ အရာရာ အပေါ်၊ အလေး အနက် မထား တက်သော အသွင်မျိုး ပြန်ပေါ် လာသည်။

ယွဲ့ဝေဝေနှင့် ဝေဝေ ဟူသော နာမ်စား အကြား၊ ခြားနား ချက်ကို လင်းယွန် သိသဖြင့် ပြုံးရုံသာ ပြုံးပြ လိုက်မိသည်။

“ ဒါဆို အရင် အတိုင်း ... ၊ ပြန်ခေါ် လိုက်တာ ကောင်းမယ် ထင်တယ်။ ”

“ ဟမ့် ... မရ ပါဖူး၊ လုံးဝ ပြန် မခေါ်နဲ့၊ အဲဒီလို ခေါ်ရင် မင်းကို အစ်ကိုကြီး ယွန်လို့ မသတ်မှတ် တော့ဘူး။ ”

ယွဲ့ဝေဝေက ပြုံးလျက် နဂါးလေး ပေါ်မှ ခုန်ချ လိုက်သည်။ ထို့နောက် ဓားစိုက် နေသော အလောင်းထံ ငုံ့ ကြည့်ကာ၊

“ ဒါ ... ၊ ဘယ်သူ့ အလောင်းလဲ။ ”

“ ယု ဟို ရှင်း ... ။ ”

“ ကောင်းတယ်၊ သူသာ မသေရင် အနာဂတ်မှာ၊ ကြောက်စရာ ကောင်းတဲ့ ရန်သူ ဖြစ်လာ လိမ့်မယ်၊ အမှန်ဆို ပယင်း ကမ္ဘာမှာ ထဲက သေသင့်တာ၊ ဒီလောက် ဝေးဝေး ရောက်လာ တာကိုက မယုံ နိုင်စရာပဲ။ ”

ယုဟိုရှင်းနှင့် ပတ်သတ်ပြီး၊ သူမတွင် ကောင်းမွန်သော အမြင် မရှိချေ။ အစ်ကိုကြီး ယွန်၏ ရန်သူသည် သူမ ရန်သူ ဖြစ်၏။

ခဏမျှ တိတ်ဆိတ်သွား ပြီးနောက်၊ ယွဲ့ဝေဝေက ရှေ့သို့ မျှော်ကြည့်ကာ၊

“ အစ်ကိုကြီး ယွန်၊ နတ်ဘုရား စစ်တလင်း ဒေသ ဆိုတာ ကြားဖူးလား။ ”

-ဟု မေးလိုက်သည်။

“ အင်းနည်းနည်း ကြားဖူးတယ်၊ နတ်ဘုရားတွေ ကြားက စစ်ပွဲ ဖြစ်ရာ၊ မြေပြင် မဟုတ်လား၊ အဲဒီလို နေရာ မျိုးမှာ၊ နတ်ဘုရား အသွေးတော် သစ်သီးကို မွေးဖွား ပေးနိုင်တယ်။ ”

ယင်းကို ဖေးရွယ် ထံမှ အနည်းငယ် ကြားထား ဖူးချေသည်။ သူ့ အဖြေကြောင့် ယွဲ့ဝေဝေက၊

“ ငါ့ရဲ့ အစ်ကိုကြီး ယွန်က၊ နတ်ဘုရား စစ်တလင်း ဒေသနဲ့ ပါတ်သတ်ပြီး၊ ဗဟုသုတ နည်းနည်း ရှိပုံ ရတယ်၊ ဟုတ်တယ် ... ”

“ ... ဒါပေမယ့် စစ်တလင်း တိုင်းက၊ နတ်ဘုရား အသွေးတော် သစ်သီးကို မွေးဖွား ပေးနိုင် တာတော့ မဟုတ်ဘူး၊ ဒါက နတ်ဘုရား တွေရဲ့ သွေး လိုအပ်တယ်။ ”

“ ... ပြီးတော့ နတ်ဘုရားတွေ ကြားက၊ တိုက်ပွဲ ဆိုတာ အရမ်း ရှုပ်ထွေးတယ်၊ သူတို့ အတွက် သွေးထွက်ဖို့ ဆိုတာ ရှားတယ်၊ ... ”

“ ... သေဆုံး ဖို့ဆို ပိုဝေး သွားပြီ၊ ဒါကြောင့် သူတို့ရဲ့ သွေးထဲမှာ ရှိတဲ့ ဆန္ဒက၊ အချိန် ကြာတဲ့ အထိ၊ မပျောက် ကွယ်ပဲ ကျန်ရစ် နိုင်တာ ... ။ ”

-ဟု စိတ်ရှည် လက်ရှည် ရှင်းပြ လေသည်။

“ အိုး ... ၊ နတ်ဘုရား တွေရဲ့ ဆန္ဒက မပျောက်ကွယ် ဖူးလား၊ သူတို့ ဘယ်လောက် တောင် သန်မာခဲ့ ကြလဲ ... ။ ”

“ ငါ မသိဘူး၊ ... ”

လင်းယွန် မေးခွန်းကို ယွဲ့ဝေဝေက ပြတ်ပြတ် သားသား ပြန်ဖြေသည်။ ထို့နောက် လေးနက်သော အသွင်ဖြင့်၊

“ ရွှေခေတ် ကုန်ဆုံးတဲ့ အချိန် တုန်းက နောက်ဆုံး နတ်ဘုရား သေဆုံး သွားတယ်၊ အဲဒီ ကတည်းက နတ်ဘုရား အသစ်၊ တစ်ပါးမှ မွေးဖွား မလာ တော့ဘူး၊ ... ”

“ ... ဒါကြောင့် သူတို့ ဘယ်လောက် တန်ခိုး ကြီးလဲ ဆိုတာ၊ ရှေးဟောင်း မှတ်တမ်းတွေ မှာပဲ ရှိ တော့တယ်။ ”

စကားပြော နေစဉ် သူမ လက်ကောက် ဝတ်ရှိ ငွေလက်ကောက် လေးမှာ၊ အလင်းများ တောက်ပ လာသည်။

ဤသည်မှာ သိုလှောင်အိတ် ထက် သာလွန်သော သိုလှောင် လက်ကောက် တစ်ကွင်း ဖြစ်၏။

၎င်းတွင် ပို၍ ကျယ်သော သိုလှောင်ခန်း ပါရှိသည်။ ထို့အပြင် အသုံး ပြုရန် မူလ စွမ်းအင် လိုအပ်ပြီး၊ သူတော်စင် ရူရ် များဖြင့်၊ အစီရင် ငယ် တစ်ခု၊ ရေးထွင်းပေး ထားသည်။

ထို့ကြောင့် သူမ၏ အပ်စိုက်မှတ် များကို ပိတ်ဆို့ လိုက်သော် လက်ကောက်အား မသုံးနိုင် တော့ချေ။

ထို့အတူ မည်သူ မျှလည်း ချွတ် မယူနိုင်။ ချွတ်ယူ လိုပါက လက်ကောက် ပေါ်ရှိ အစီရင် ငယ်ကို ဦးစွာ ကိုင်တွယ် ဖြေရှင်း ရပေမည်။

ယွဲ့ဝေဝေက ၎င်း အတွင်းမှ၊ ကြည့်မှန် တစ်ချပ်အား ထုတ်ယူကာ၊ မူလ စွမ်းအင်ကို လောင်းထည့် လိုက်၏။ ချက်ချင်းပင် အတက် အကျ လှိုင်းများ၊ ဖြစ်ပေါ် လာလေသည်။

“ ဒါက အချိန်-လှည့်မှန်ပါ၊ အတိတ်ကို ကြည့်နိုင်တယ်၊ ဒီနေရာသာ နတ်ဘုရား တွေရဲ့ စစ်တလင်း အမှန် ဆိုရင်၊ အနှစ် တစ်သိန်း ကျော်လွန် သွားရင်တောင်၊ ... ”

“ ... ပုံရိပ် တွေကို၊ ပြန်ဖမ်း ယူလို့ ရတယ်၊ ဒါကနတ်ဘုရား အသွေးတော် သစ်သီးကို ရှာဖို့ အတွက်၊ အသုံးဝင် လိမ့်မယ်။ ”

ယွဲ့ဝေဝေက ရှင်းပြ လာသည်။ သူမ စကားကြောင့်၊ လင်းယွန် မျက်လုံးများ တောက်ပ လာ၏။

“ ဒီဒေသရဲ့ လေထု အရဆို၊ စစ်တလင်း ဖြစ်နိုင်ချေ များတယ်၊ ဒီလိုသာ ဖြစ်ရိုး မှန်ရင် သေချာပေါက် ရှိရမယ်။ ”

ထို့နောက် မှန်အား ညင်သာစွာ ဝှေ့ယမ်းလျက်၊ ပတ်ဝန်းကျင်မှ အလင်း များကို စတင် ဖမ်းယူ တော့သည်။

နောက်တစ် စက္ကန့်တွင်၊ ခပ်ဝေးဝေး တစ်နေရာ၌၊ ဝိုးတဝါး နိုင်သော မြင်ကွင်းများ ပေါ်လာ ၏။

ကောင်းကင်နှင့် မြေကြီး ရုတ်တရက် ပြောင်းလဲ လာပြီး၊ အပျက် အစီး မြင်ကွင်း အချို့၊ ထင်ဟပ် လာသည်။

မရေ မတွက် နိုင်လောက်အောင် များပြားသော ကြယ်တာရာ များက၊ မြေပြင်ပေါ် တဖွဲ့ဖွဲ့ ကြွေကျ နေ၏။

ထိုစဉ်က ကောင်းကင်လမ်း ဟူသည်၊ ယခု ကောင်းကင် လမ်းထက် များစွာ ကျယ်ပြန့် နေ ကြောင်း၊ မြင်သာ စေသည်။

ရုတ်တရက် လင်းယွန် ရှေ့သို့ အလင်းတန်း တစ်စ ပြုတ်ကျ လာသည်။ ယင်းမှာ ဓားအလင်း ဖြစ်ပြီး၊ သက္ကရာဇ် ပေါင်းများစွာ ဖြတ်ကေျာ် လာခြင်း ဖြစ်သည်ဟု၊ ထင်မိ စေသည်။

ထို့နောက် နတ်ဘုရားဟု၊ ယူဆ ရသော တိုက်ပွဲဝင် နေသည့် လူများ အသွင်ကို မြင်လိုက် ရသည်။

အဆုံးတွင် နတ်ဘုရား တပါးသည် နာကျင်စွာ အော်ဟစ်ပြီး၊ သူ့ သွေးများ အငွေ့ပျံ လျက်၊ မြေပြင်ပေါ် ပြုတ်ကျ လာ၏။

ပြင်းထန်သော အဟုန်ကြောင့်၊ ကြောက်မက်ဖွယ် ကောင်းသော တွင်းနက်ကြီး တစ်ခု၊ ချက်ချင်း ဖြစ်ပေါ် လာသည်။

“ ဟို မှာ ... ။ ”

လင်းယွန် တစ်ယောက်၊ မြင်ကွင်းများ အတွင်း၊ နစ်မြုပ် နေရာစဉ်၊ ယွဲ့ဝေဝေ အသံ ကြောင့်၊ ရုတ်တရက် လန့်နိုး သွားသည်။

တစ်ချိန်တည်း မှာပင်၊ ပတ်ဝန်းကျင် မြင်ကွင်းများ ပျောက်ကွယ် သွားပြီး၊ ပုံမှန် ပြန်ဖြစ် လာပြီ ဖြစ်၏။

ယွဲ့ဝေဝေက နဂါးလေးပေါ် ခုန်တက်ကာ၊ သွေးစက်များ ကျခဲ့သည့် နေရာသို့ ဦးတည်သွား လေသည်။

တစ်နာရီခန့် အကြာတွင်၊ နက်ရှိုင်းသော ချောက်ကမ်းပါး ကြီး တစ်ခုအား မြင်လိုက်ရ သဖြင့့်၊ ရပ်တန့် သွားသည်။

ချောက်ကမ်း ပါးသည် ကြောက်မက်ဖွယ် မှောင်မိုက် နေပြီး၊ အဆုံး မရှိသော အမှောင်ထု က၊ သူတို့ စိတ် ဝိညာဉ်ကို ဝါးမျို နေပေ၏။

“ ဒီနေရာ မှာပဲ ရှိရမယ်၊ စုစုပေါင်း သွေးစက် ကိုးစက် ကျသွားတယ်။ ”

ယွဲ့ဝေဝေက ချောက်ထဲ တစ်ချက် ငုံ့ကြည့် လိုက်ပြီး၊ အချိန်-လှည့်မှန်အား ထပ်မံ ထုတ်ယူ လေသည်။

များမကြာမီ လေဟာနယ် တုန်ခါ သွားပြီး၊ ရွှေရောင် သစ်သီး တစ်လုံး ပေါ်လာ၏။ ၎င်းတွင် အရွက် (၇) ရွက် ပါရှိကာ၊ အတုမဲ့ ရောင်ဝါကို ထုတ်လွှတ် နေပေသည်။

တစ်ချက် ကြည့်ရုံနှင့်၊ စားချင် စိတ်များ ဖြစ်ပေါ် လာသည်။ ထို့ကြောင့် လင်းယွန် ခမျာ ဓားဖြင့်၊ ကာကွယ် လိုက် ရ၏။

“ ရပ် ... ။ ”

ယွဲ့ဝေဝေ တစ်ယောက် ချောက်ကမ်းပါး ဆီသို့ လျှောက်လှမ်း သွားနေ သည်ကို မြင်လိုက် ရသဖြင့်၊ လင်းယွန်က အမြန် ဟန့်တား လိုက်ရ သည်။

ရိပ်ခနဲ ပြန်လည် ဆွဲယူလျက်၊ ခန္ဓာ ကိုယ်အား လှုပ်ခါ လိုက်ပြီးနောက် ငုံ့ကြည့်ကာ၊ ‘အဆင် ပြေ ရဲ့လား၊’ -ဟု မေးယူ မိသည်။

သို့မှသာ ကြောက်ရွံ့ နေသော မျက်လုံး များနှင့်၊ ယွဲ့ဝေဝေ တစ်ယောက် အသိစိတ် ဝင် လာ၏။

“ တကယ်ပဲ ... အရွက် (၇) ရွက်တောင် ရှိနေတယ်၊ မယုံနိုင် စရာပဲ၊ ငါ ရခဲ့တဲ့ သစ်သီးက အရွက် တစ်ရွက်မှ မပါဘူး၊ အရွက်နဲ့ အသီးကို ... ”

“ ... တိုက်ရိုက် သန့်စင်လို့ မရ ပေမယ့်၊ အရွက် ပေါ်က နှင်းဦးရည် ကတော့ မတူဘူး၊ သန့်စင် လို့ ရတယ်၊ အစ်ကိုကြီး ယွန် ... ၊ ဒီနှင်းဦးရည်က မင်း အတွက် အသုံးဝင် နိုင်တယ်။ ”

ယွဲ့ဝေဝေ အတွေးမှာ၊ ရိုးရှင်း ချေပြီ။ သူမ အတွက် မဟုတ်ချေ။ လင်းယွန်အား ကူညီရန် အတွက်၊ သွေးဆောင်ခံ လိုက်ရ ပုံ ပေပင်။

ထို့ကြောင့် လင်းယွန်အား ပြန်ကြည့် လိုက်သော အခါ၊ မျက်ဝန်းမှ သွေးများ စီးကျ နေသည့် အသွင်က၊ သူမကို တုန်လှုပ် သွား စေသည်။

လက်ကိုင် ပဝါအား ထုတ်ယူလျက်၊ လင်းယွန် ပါးပြင် ပေါ်ရှိ၊ ထိုသွေးစ များကို ညင်သာစွာ သုတ်ပေး လိုက်သည်။

“ အစ်ကိုကြီး ယွန် ... ၊ မင်း မျက်လုံး တွေက ဘာလို့ သွေးထွက် လာရ တာလဲ။ ”

သို့မှသာ မျက်လုံးများ နာကျင် ကိုက်ခဲ လာသည်ကို၊ လင်းယွန် တစ်ယောက် သတိထား မိလာ၏။

မျက်လုံးအား အမြန် မှိတ်ပြီး၊ ချက်ချင်း ပြန်ဖွင့်လိုက် သော်လည်း၊ သွေးမှာ တိတ် မသွား ခဲ့ချေ။

ထို့ကြောင့် လက်ဖြင့်၊ တို့ထိ ကြည့်ကာ မျက်ခုံးပင့် လိုက်မိသည်။ မည်သည့် အချိန်၌ သည်ဒဏ်ရာ ရရှိ သွားမှန်း၊ သူ မသိချေ။

“ ဒါက ထူးဆန်းတယ် ... ။ ”

ဤအတိုင်းသာ ဆက်သွား နေသော်၊ သူ့ မျက်စိ ကွယ်ရ ပေလိမ့်မည်။ ယွဲ့ဝေဝေမှ တစ်စုံ တစ်ရာကို တွေးမိ လာပြီး၊ တုန်လှုပ် ချောက်ချား သွား၏။

“ အစ်ကိုကြီး ယွန်၊ နတ်ဘုရားတွေ ကြားက တိုက်ပွဲမှာ ဘာမြင် ခဲ့လဲ။ ”

“ အင်း ... သိပ် မသေချာ ပေမယ့်၊ ဒါက ဓားချက် တစ်ချက်လို့ ထင်ရ တာပဲ။ ”

လင်းယွန်မှ ပြန်ဖြေသည်။ ထိုဓား အလင်းကြောင့် ဖြစ်နိုင် သည်လော။ သူ မသိချေ။

ထို့စဉ် ယွဲ့ဝေဝေ မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး၊ “ ဒါက ပြဿနာပဲ။ ” -ဟု ရေရွတ် လာ တော့သည်။

“ အဲ့ဒီ ဓားကို ... မင်းရော မမြင်ရ ဖူးလား။ ”

လင်းယွန်မှ အံ့ဩ စွာဖြင့် မေးမိ၏။

“ ဟင့် အင်း ... မမြင်ရဘူး ။ ”

ဤသို့ ဆိုသော် ပြဿနာမှာ၊ ဓား အလင်း ဖြစ်ရန် သေချာ၏။ ကောင်းကင်ဓား ကြောင့်သာ ၎င်းကို မြင်လိုက်ရ ခြင်းမျိုး ဖြစ်ပေမည်။

ဓားအလင်း တစ်ချက် မျှသာ မြင်လိုက်ရ သည်မှာ ကံကောင်း ချေ၏။ မဟုတ် ပါက ယခု သေပြီး ဖြစ်ပေ လိမ့်မည်။ ထိုဓားတွင် တာအို သဘော တရားများ ပါချေမည်။

ဆိုလို သည်မှာ၊ သူ့ မျက်လုံး များဖြင့်၊ ထိုအချက် အလက် များကို ဖမ်းယူ လိုက်မိခြင်း ဖြစ်သည်။ အချိန်မီ မသန့်စင် နိုင်ပါက၊ မျက်စိ ကွယ်သွား နိုင်၏။

မျက်ဆန် အတွင်း၌၊ တဝဲ လည်လည် ဖြစ်နေသော ဓား အလင်းအား စိုက်ကြည့်ကာ၊ ယွဲ့ဝေဝေ တစ်ယောက် တည်ငြိမ် သွားသည်။

အဝတ်ဖြူ တစ်စကို ထုတ်ပြီး၊ ဆေး အချို့ သုတ်လိမ်းကာ၊ လင်းယွန်၏ မျက်ဝန်း များပေါ်၊ ပိတ်ချည် ပေးလိုက်သည်။

“ ကနဦး ဓား ... ။ ”

“ ဘာလဲ ... ။ ”

လင်းယွန် စကားကို ယွဲ့ဝေဝေမှ၊ နားမလည် လိုက်ချေ။

“ ဒါက ဓား အလင်းရဲ့ နာမည်ပဲ၊ ဘာ အဓိပ္ပါယ်လည်း မသိ ပေမယ့်၊ ဒီဓားကို သန့်စင် နိုင်မယ် ထင်တယ်၊ ပြီးတော့ အသွေးတော် ကိုလည်း၊ ရှာလို့ ရနိုင်ပြီ။ ”

ယခု အချိန်၌ မည်သည့် အရာ ကိုမျှ၊ မမြင်နိုင် သော်လည်း၊ မူလ စွမ်းအင်နှင့် ဓား ရည်ရွယ် ချက်ကြောင့်၊ အရာ အားလုံးကို သူ ခံစား နိုင်သည်။

နတ်ဘုရား အသွေးတော်ကို ရှင်းရှင်း လင်းလင်း မမြင်နိုင် လျှင်ပင်၊ ခံစားကြည့် နိုင် ပေ၏။

ယင်းသည်ပင် တစ်မျိုး ကောင်း၏။ နတ်ဘုရား အသွေးတော် သစ်သီးမှ မည်မျှပင် ဖျားယောင်း နေစေ ကာမူ၊ သူ့ အပေါ် မသက်ရောက် နိုင်တော့ချေ။

“ တကယ် လုပ်နိုင် လို့လား ... ။ ”

ယွဲ့ဝေဝေက စိုးရိမ် တကြီး မေးသည်။ ချောက်ထဲ၌ အန္တရာယ်များ ရှိနိုင် သောကြောင့်၊ အစ်ကိုကြီး ယွန်အား မလွှတ် ချင်ချေ။

***

All Chapters