← Chapters

ခဲ တစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ခြင်း။

Vol. 76 Ch. 1062

ခဲ တစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ခြင်း။

Vol. 76 Ch. 1062

မျက်လုံး များကို ပိတ်ဖြူ တစ်ထည်နှင့်၊ ဖုံးအုပ် လျက်ဖြင့် လင်းယွန်က ချောက်ကမ်းပါး ဆီသို့၊ လျှောက်လှမ်း သွားသည်။

အချိန် လှည့်မှန်၏၊ အမြင်ကွင်းများ အောက်တွင်၊ နတ်ဘုရား အသွေးတော် သစ်သီး များက နှင်းစက်များ ကဲ့သို့၊ တောက်ပ နေ၏။

ယခုမူ ၎င်းကို မမြင်နိုင် သော်လည်း၊ တည်ရှိမှုကို ခံစား နိုင်သည်။ ဤသစ်သီးသည် အခြားသော သစ်သီး များထက်၊ အဆ မတန် တန်ဖိုး ရှိပြီး၊ ရှားပါး လှ၏။

ထိုသစ်သီး၏ ဖျားယောင်း နိုင်စွမ်းမှာ၊ သာမာန်ထက် များစွာ ပြင်းထန်ပြီး၊ စားရန် အချိန်ပြည့် သွေးဆောင် နေသည်။

“ အစ်ကိုကြီး ယွန်၊ ဘာလို့ လောနေ ရတာလဲ၊ မင်း မျက်လုံး တွေက သွေးထွက် နေတုန်းပဲ။ ”

တစ်ကြိမ် သွေးဆောင်မှုကို ခံထားရ သောကြောင့်၊ ယွဲ့ဝေဝေမှာ ချောက်ထဲ မကြည့် ဝံ့တော့ချေ။

“ ရတယ် .. ၊ ဒီဓားကို သန့်စင် လိုက်လို့၊ ငါ့မျက်လုံး တွေ ပြန်ကောင်း လာရင်၊ သစ်သီးရဲ့ သွေးဆောင် မှုကို၊ ခံနိုင်မှာ မဟုတ်ဘူး။ ”

လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေသည်။ လက်ရှိ အချိန်၌ အရွက်နှင့် သစ်သီးကို အသုံးပြု နိုင်ခြင်း မရှိသေး သော်လည်း၊ အရွက် ပေါ်ရှိ နှင်းဦးရည် များကို သန့်စင် နိုင်ပေမည်။

သူ့အတွက် တန်ဖိုး ရှိသော အရင်း အမြစ် တစ်ခု ဖြစ်ပေ၏။ သစ်သီး မှာမူ၊ တန်ခိုးရှင်များ အတွက် ဖြစ်သည်။

ထို့ကြောင့် ကောင်းကင် ဝိညာဉ် နယ်ပယ်ရှိ၊ မည်သူ တစ်ဦး တစ်ယောက်မျှ၊ ၎င်းကို သန့်စင် နိုင်မည် မဟုတ်ပေ။

သွေးဆောင် မှုကို မခံ နိုင်ဘဲ၊ စားသုံး မိပါက၊ မည်သို့ ဆက်ဖြစ် မည်ကို၊ ယွဲ့ဝေဝေပင် ပြောပြ နိုင်မည် မကြောင်း၊ လင်းယွန် သိသည်။

ခေတ္တ မျက်စိကွယ် သွားခြင်းသည်၊ ထိုအန္တရာယ်အား အလိုလို ကျော်လွှား နိုင်သော အခွင့် အရေးကောင်း တစ်ခု ဖြစ်လာသည်။

“ အစ်ကိုကြီး ယွန်၊ မင်း သတိထား ရမယ်၊ ခူးပြီး တာနဲ့ ဒီပုလင်း ထဲကို ချက်ချင်း ထည့်ပါ၊ ဒီပုလင်းက လွဲပြီး ဘယ်ပစ္စည်းမှ ... ”

“ ... သူ့ကို မထိန်းထား နိုင်ဘူး၊ ပုလင်း အထဲမှာ အသွေးတော် သစ်သီး ရှင်သန် နိုင်ဖို့၊ ရေစင်တွေ ရှိတယ်။ ”

ယွဲ့ဝေဝေက ပုလင်း အသုံးပြု ပုံကို၊ သင်ပြပေး လိုက်သည်။ သည့်နောက် လင်းယွန် မှာ အသက် ပြင်းပြင်း ရှူလျက်၊ ချောက်ထဲ ခုန်ချ လိုက်၏။

“ဝှစ် ... ။ ”

မည်သည့် အရာ ကိုမျှ၊ မမြင်နိုင် သော်လည်း၊ မူလ စွမ်းအင်ဖြင့် အသွေးတော် သစ်သီး တည်ရှိ ရာ နေရာအား၊ ရှင်းရှင်း လင်းလင်း ခံစား နိုင်သည်။

မီတာ (၁၀၀၀) အကွာသို့ ရောက်သော အခါတွင်၊ ဖြစ်စဉ် အမျိုးမျိုး ပေါ်ပေါက် လာပြီး၊ သစ်သီး ပတ်ပတ် လည်၌၊ ရောင်ခြည်တော် စက်ဝန်းကြီး တစ်ခု၊ ဖြစ်တည် နေချေ၏။

ထို့စဉ် မှာပင် ထိုရောင်ခြည်တော် စက်ဝန်း များမှ အလင်းရောင်များ ဖြာထွက် လာပြီး၊ ပုံရိပ် တစ်ရိပ် ဖြစ်ပေါ် လာသည်။

နတ်ဘုရား အသွေးတော် သစ်သီးက၊ အန္တရာယ်ကို ခံစားနိုင်ပြီး၊ သူ့ကိုယ်သူ ကာကွယ် နေခြင်း ဖြစ်၏။

သဘာဝ ရတနာ များတွင်၊ ဉာဏ်ရည် ဉာဏ်သွေးများ ပိုင်ဆိုင်ကြ သည်မှာ၊ သဘာဝ ပေပင်။

သာမာန် ဆေးပင် တစ်ပင် သည်ပင်၊ နှစ် (၁) သောင်း အကြာ၌၊ ကလေး တစ်ယောက် ကဲ့သို့ တုန့်ပြန် လာတက်သည်။

နတ်ဘုရား အသွေး တော်မှာ သာမာန် ဆေးပင် မဟုတ်ချေ။ ထို့ကြောင့် ကလေးငယ် တစ်ဦးထက် သာသည်။

ထိုသဏ္ဍာန်မဲ့ ပုံရိပ်မှာ၊ လင်းယွန်အား ဓားရှည်ဖြင့် လှမ်းထိုး လာ၏။ ဤအချက်ကို ခံစား မိသော လင်းယွန်က၊

“ ကြယ်တံခွန် လမင်း။ ”

-ဟု ဟစ်အော်လျက် လက်သီးနှင့် ထိုးချ လိုက်သည်။

ထိုသဏ္ဍာန်မဲ့ ပုံရိပ်မှာ၊ လွင့်ဝဲ ပျောက်ကွယ် သွားလေရာ၊ လင်းယွန်က သစ်သီး အနီး မီတာ (၂၀၀) အကွာသို့၊ တိုးကပ် နိုင်ခဲ့သည်။

ဖြစ်စဉ်များ ပျက်စီး သွား သည်နှင့်၊ နတ်ဘုရား အသွေးတော် သစ်သီး၏ အရွက် များက လေ၊ မီး၊ လျှပ်စီးနှင့် ရေခဲ ကဲ့သို့သော သိုင်း ရည်ရွယ်ချက် (၇) မျိုးကို ထုတ်လွှတ် လာသည်။

ရည်ရွယ်ချက် တစ်ခု စီသည်၊ စင်ကြယ်သော ဝိညာဉ်တော် နီးနီး၊ အစွမ်းထက် ချေ၏။ ယင်းက လင်းယွန်ကို အံ့သြ စေသည်။

အသွေး တော်မှာ၊ သည့်ထက် ပို၍ ကြီးထွား လာပါက၊ စင်ကြယ်သော ဝိညာဉ်တော် အဆင့် ထက်ပင်၊ သာလွန် နိုင်မည် ဖြစ်သည်။

သို့သော် ၎င်းအပေါ် ဆက်၍ မစဉ်းစား နိုင်ခင်၊ မတူညီသော သိုင်း ရည်ရွယ်ချက် (၇) မျိုးက၊ သူ့ ဆီသို့ ပျံသန်း လာသည်။

“ ဝှစ် ... ။ ”

ထိပ်တိုက် ရင်ဆိုင် ဝံခြင်း မရှိ သောကြောင့်၊ ရွှေတောင်ပံ တစ်စုံကို ဆင့်ခေါ်ကာ၊ ချက်ချင်း ရှောင်တိမ်း လိုက် ရသည်။

“ ဓား ... ။ ”

သည့်နောက် ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်ကာ၊ ဝိညာဉ်တော် နှစ်ပါးအား ထုတ်ဖော် လိုက်၏။

ဘယ်ဘက်တွင် ရွှေကျီးကန်းနှင့်၊ ညာ ဘက်၌ ငေွဖီးနစ်တို့ ထွက်ပေါ် လာသဖြင့်၊ မှောင်မည်း နေသော ပတ်ဝန်း ကျင်မှာ၊ လင်းထိန် သွားတော့သည်။

“ နေလ ဓား ... ။ ”

ပန်းသင်္ချိုင်း ဓားအား လွှဲကာ၊ ဝင်ရောက် လာသော သိုင်း ရည်ရွယ်ချက် များကို၊ ဖျက်ဆီး ပစ်လိုက် တော့သည်။

သို့သော် ၎င်းရည်ရွယ်ချက် များမှာ၊ လုံးဝ မပေျာက်ကွယ် ခဲ့ချေ။ နဂါး တစ်ကောင် အဖြစ် ကောင်းကင်တွင်၊ စုဖွဲ့ သွားသည်။

သိုင်း ရည်ရွယ်ချက် (၇)မျိုး၊ ပေါင်းစပ် ခြင်းဖြင့်၊ ကြောက်စရာ ကောင်းသော နဂါးကြီး ဖြစ်တည် လာ၏။ ထို့ကြောင့် လင်းယွန် ခမျာ သူတော်စင် နဂါး ချပ်ဝတ်အား၊ ဆင့်ခေါ် လိုက်ရသည်။

“ ဝုန်း ... ။ ”

ချက်ချင်းပင် ချပ်ဝတ်၊ ကွဲထွက် သွားပြီး၊ ချောက်ကမ်းပါး နံရံ တစ်ဖက်သို့၊ လွင့်စဉ် သွား တော့၏။

ထိုအချိန်တွင် ယွဲ့ဝေဝေ ခန္ဓာ ကိုယ်၌ အလင်းရောင်များ လင်းလက် နေသည်။ ဆံနွယ် အချို့ လေထဲ လွင့်မျော လာသောကြောင့်၊ နဖူး ပေါ်ရှိ ကြက်သွေးရောင် အမှတ် အသားကို ပေါ်လွင် လာစေ၏။

အပ်စိုက် မှတ်များ ကောင်းမွန် လာပြီ ဖြစ်သဖြင့်၊ မူလ စွမ်းအင်ကို ပြန်လည် စုဆောင်း နေခြင်း ဖြစ်သည်။

အဝတ်စ လေတိုးသံ များနှင့် အတူ၊ လင်းယွန် တစ်ယောက် ချောက် ကမ်းပါးပေါ် ပြန်၍ ဆင်းသက် လာသည်။

မမြင်နိုင် သော်လည်း၊ ယွဲ့ဝေဝေ ခန္ဓာမှ ထွက်နေသော မိစ္ဆာ အငွေ့ အသက် များကို သူ ခံစား နိုင်၏။

သို့သော် ထိုမိစ္ဆာ ရောင်ဝါမှာ၊ အလွန် သန့်စင်ပြီး၊ သူ ကြုံခဲ့ ဖူးသည့် မိစ္ဆာများ ကဲ့သို့၊ သွေးဆာ နေသော အငွေ့ အသက်မျိုး မဟုတ်ချေ။

ဤမိန်းကလေး မွေးဖွားရာ၊ ကောင်းကင် နတ်မိစ္ဆာ မြေခွေး မျိုးနွယ်စု ဟူသည် ရိုးရှင်းမည် မဟုတ်ကြောင်း၊ နားလည် လိုက်သည်။

“ အစ်ကိုကြီး ယွန်၊ မင်း ပြန်လာပြီလား။ ”

ယွဲ့ဝေဝေက မျက်လုံးများ ပြန်ဖွင့်လိုက် သည်နှင့်၊ နဖူး ပေါ်ရှိ ကြက်သွေးရောင် အမှတ် အသားက၊ ပျောက်ကွယ် သွားသည်။

လင်းယွန်မှ ခေါင်းညိတ် လိုက်ပြီး၊ တွေ့ကြုံ ခဲ့ရသည် များကို ပြန်၍ ရှင်းပြသည်။ ထို့ကြောင့် ယွဲ့ဝေဝေမှာ နှုတ်ခမ်း ကိုက်ကာ၊

“ သိုင်း ရည်ရွယ်ချက် ခုနစ်မျိုးက၊ ပေါင်းစပ်သွား တာလား၊ ဒါက ဝိညာဉ်တော် ခုနစ်ပါးနဲ့၊ ရင်ဆိုင် နေရ သလို ပါပဲ၊ ဒီလို သာဆို သာမန် အင်ပါ ရီယန် တစ်ပါးတောင်၊ ထိပ်တိုက် ရင်ဆိုင် နိုင်မှာ မဟုတ်ဘူး။ ”

-ဟု သုံးသပ် လိုက်တော့သည်။

လင်းယွန်က ထင်မြင် ယူဆချက် မပေး ခဲ့ချေ။ သူတော်စင် နဂါး ချပ်ဝတ် ကွဲသွားရသည့် အတွက်၊ အသက် ဆုံးရှုံး လုနီးပါး ကြုံခဲ့ ရသည်။

အင်ပါ ရီယန် နယ်ပယ် မရောက်ဘဲ။ နတ်ဘုရား အသွေးတော် သစ်သီးကို ရယူရန် နည်းလမ်း မရှိနိုင် တော့ချေ။

“ ဒါကို ငါ လုပ်နိုင်မယ် ထင်တယ် ... ။ ”

အနည်းငယ် တုံ့ဆိုင်း နေပြီးမှ၊ လင်းယွန်က စိတ်လှုပ်ရှား စွာဖြင့် ပြောလိုက်သည်။ မျက်ဝန်း အတွင်းရှိ ဓားရောင်ခြည်ကို သန့်စင်နိုင် ပါက၊ သိုင်း ရည်ရွယ်ချက် (၇)မျိုးအား ရင်ဆိုင်နိုင် မည်ဟု ခံစား မိသည်။

၎င်းတို့ကို ဖျက်ဆီးရန် မလို အပ်ဘဲ၊ ပုလင်းထဲသို့ သစ်သီးအား ထည့်ရန် အချိန် လုံလောက် နိုင်ပေမည်။

“ အို ... အစ်ကိုကြီး ယွန်၊ ဒီနည်းလမ်းက တကယ်ပဲ အလုပ် ဖြစ်နိုင် မယ်လို့ ငါလည်း ထင် ပါတယ်။ ”

ထို့နောက် ယွဲ့ဝေဝေက မေးစေ့ကို ပွတ်သပ်ကာ၊ စဉ်စား နေရာမှ လင်းယွန်ထံ လှမ်းကြည့် လိုက်သည်။

“ ဒီဓားက၊ သန့်စင်ဖို့ ခက်လိမ့်မယ်၊ ဒါပေမယ့် ဒီ အသွေးတော် သစ်သီးကို သုံးပြီး၊ ကိုယ့်ကိုယ်ကို ဖိအား ပေးနိုင်ရင် အောင်မြင်ဖို့ အခွင့်အလမ်း မြင့်မား ပါတယ်။ ”

“ မင်း ငါ့ကို တားလိမ့် မယ်လို့ ထင်နေတာ။ ”

လင်းယွန်က ပြုံးကာ ဆိုသည်။ ယွဲ့ဝေဝေမှာ ထက်မြက်သော မိန်းကလေး တစ်ဦး ဖြစ်သဖြင့်၊ အရာ အားလုံး မြင်နိုင် ပေသည်။

“ ဟမ့် ... ၊ အစ်ကိုကြီး ယွန်မှာ၊ လုပ်ချင် တာကို ငါ မတား ပါဘူး၊ ဒါပေမယ့် အစ်ကိုကြီး ယွန်သာ အဲဒီမှာ သေသွားရင်၊ ငါလည်း လိုက်သေမယ်။ ”

အစ်ကိုကြီး ယွန်မှာ၊ သူမအား မမြင်ရ တော့သဖြင့်၊ ရှက်ရွံ့ခြင်း မရှိဘဲ၊ စိုက်ကြည့်ကာ ပြုံး လိုက်သည်။

ထို့နောက် သူတော်စင် ဆေးလုံး တစ်လုံးအား၊ လင်းယါန် ပါးစပ်ထဲ ယုယစွာ ခွံ့ပေး လိုက်သည်။

“ အစ်ကိုကြီး ယွန်၊ မင်းရဲ့ သွေးသား စွမ်းအင်ကို၊ ဒီသူတော်စင် ဆေးလုံး တွေက အားဖြည့် ပေးနိုင်တယ်။ ”

ဤသူတော်စင် ဆေးလုံးသည် အဖိုး တန်ကြောင်း သိသောကြောင့်၊ လင်းယွန်က ခေါင်းညိတ်ပြ လိုက်ပြီး၊ ချောက်ကမ်းပါး အတွင်းသို့၊ ခုန်ချ ပစ်သည်။

“ ဝှစ် ... ။ ”

ဆင်းသက် လာသည့် အရှိန်ကို လျော့ချ လိုက်စဉ်၊ မျက်လုံး အတွင်းရှိ ဓား အလင်းက ဒုက္ခပေး လာသည်။

ဖုံးအုပ် ထားသော အဝတ်စမှ တစ်ဆင့် အလင်း ရောင်များ ဖြာထွက် လာကာ၊ ပိုဆိုးလာ တော့သည်။

“ ဘယ်လောက်တောင် ... ၊ အန္တရာယ်များ လိုက်လဲ။ ”

အချိန်သိပ် မကျန် တော့ချေ။ အချိန်တို အတွင်း ဓားရောင်ခြည်ကို မသန့်စင် နိုင်ပါက၊ ထာဝရ မျက်စိ ကွယ်သွား နိုင်သည်။

သည့်နောက် ချောက်ထဲ၌ပင်၊ သေဆုံး သွားနိုင်သည်။ သို့သော် ယွဲ့ဝေဝေအား မသေစေ လိုချေ။ ထို့အပြင် သူ့အား စောင့်နေ သူများ ရှိပေသည်။

“ သူက နတ်ဘုရား ဖြစ်တော့ရော၊ ဘာဂရုစိုက် စရာ ရှိလဲ၊ ပန်းသင်္ချိုင်း ဓားသာ ငါ့ အနား ရှိနေရင်၊ ဘာမဆို ဖြစ်နိုင် ပါတယ်။ ”

ထို့နောက် ဓားဆွဲကာ၊ နတ်ဘုရား အသွေးတော် သစ်သီးအား တိုက်ခိုက်ရန်၊ တိုးဝင် လိုက်တော့သည်။

***

All Chapters