← Chapters

နှင်းဦးရည်။

Vol. 76 Ch. 1064

နှင်းဦးရည်။

Vol. 76 Ch. 1064

နောက်ဆုံး တိုက်ပွဲ ကျင်းပရန် ရက် နှစ်ဆယ် ခန့်သာ လိုပေ တော့သည်။ တိုက်ပွဲ အတွင်း ထူးချွန်သူ များကို ခွန်လွန် ဘုံရှိ၊ မဟာ ဂိုဏ်းကြီး များမှ ရွေးချယ် ကြမည် ဖြစ်၏။

ဆိုလို သည်မှာ၊ နောက်ဆုံး တိုက်ပွဲသို့ ဝင်ရောက် သူများ ကိုသာ ရွေးချယ် မည်ဟု အဓိပ္ပါယ် ရ၏။ ဤသည်မှာ ခွန်လွန် ဘုံသို့ ဝင်ရောက်ရန် အတွက်၊ အနည်း ဆုံးသော လိုအပ်ချက် ဖြစ်သည်။

ခွန်လွန် နယ်မြေတွင် ပါရမီရှင် ဟူသည် မိုးရေစက် များကဲ့သို့ ပေါများ နေသော ကြောင့် ယင်းမှာ လွန်အံ့ မထင်ချေ။

အကယ်၍ လူ တစ်ဦးသည် ခွန်လွန် နယ်မြေ၌၊ မမွေးဖွား ပါက ကောင်းကင် လမ်းကို မဖြစ် မနေ ဖြတ်သန်း ရမည် ဖြစ်သည်။

ခွန်လွန်ဘုံ၌ မွေးဖွားသူ များမှာ ရေခံ မြေခံ အရ၊ အခြားသော နယ်မြေမှ လူငယ် များထက် သဘာဝ ကျကျ၊ ပို၍ ထက်မြက် လေသည်။

ကောင်းကင်း လမ်းအား ဖြတ်သန်းလာ သူများမှာ၊ အစွမ်းကုန် ကြိုးစား လျှင်ပင် ထို ပါရမီရှင် များကို မြင်ရုံ မျှသာ ရှိပေမည်။

၎င်းတို့ အလယ် ရပ်တည် နိုင်ရန်၊ ကြိုးစား တည်ဆောက် လိုကြ သော်လည်း၊ အနည်းငယ် မျှသာ ထင်ပေါ်မှု ရှိနိုင်မည်။

သို့သော် စစ်မက် နယ်မြေ သခင်ငယ်များ အတွက်မူ ချွင်းချက် ဖြစ်၏။ ကောင်းကင်လမ်း ဟူသည် သူတို့ အတွက်၊ ခြေဆန့် လက်ဆန့် နေရာ တစ်ခု ဖြစ်သည်။

သူတို့၏ မြင့်မြတ်မြေ များကြောင့်၊ ခွန်လွန်ဘုံမှ ထူးချွန်သူ များကို ယှဉ်ပြိုင်ရန် အရည် အချင်း ပြည့်မီ သည်။

ထို့ကြောင့် ကောင်းကင် လမ်းသို့ ဝင်ရောက် လာချိန်မှ စကာ၊ နောက်ဆုံး တိုက်ပွဲ အပေါ်သာ အာရုံစိုက် ကြသည်။

ချန်ပီယံသည် ကောင်းကင် ဝိညာဉ် နယ်ပယ်အား အကျိုး ပေးမည့်၊ ‘အရွက် (၉)ရွက် သူတော်စင် သစ်သီး’အား ရရှိမည် ဖြစ်သည်။

၎င်းကို သန့်စင် ပါက၊ ထိုသူ၏ ရှန်ရှင်း ဝိညာဉ် ခုနစ် ပါးမှာ၊ အမြင့်ဆုံး နယ်ပယ်သို့ ရောက်ရှိ နိုင်ကြောင်း၊ မှတ်တမ်းများ ရှိသည်။

( ရှန်ရှင်း ဝိညာဉ် ခုနစ်ပါး ဆိုသည်မှာ၊ ဒွါရ ခုနစ် ပါးကို ဖွင့်ပြီးနောက်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်၌ ဖြစ်တည် လာသော၊ ဝိညာဉ် (၇) ပါးအား ရည်ရွယ် ပေ၏။ )

ငရဲ နတ်ဘုရား၊ တော်ဝင် နဂါး နှင့် ယင်ယန် သုခဘုံမှ သခင်ငယ် များမှာ၊ သူ သေပြီဟု ယူဆ ထားနိုင်သည်။

သူတို့ အကြောင်း သတိရ သွား သည်နှင့်၊ လင်းယွန်၏ မျက်ဝန်းများ အေးစက် သွားသည်။ စစ်မက် နယ်မြေ များကို စော်ကားရာ ရောက် လျှင်ပင်၊ သူတို့ သုံးယောက် လုံးကို သတ်ပစ်ရန် ဆုံးဖြတ် ထားပြီး ဖြစ်သည်။

“ ဒီတားမြစ် ဇုန် ကနေ အရင် ထွက်သွား ရမယ်။ ”

ယွဲ့ဝေဝေမှ မျက်မှောင် ကြုတ်ကာ ပြောသည်။ ဤမျှ ထူထပ်သော မြူများ အတွင်း ဦးတည် ရာကို ခွဲခြားရန် ခက်ခဲ နေပေ၏။

“ စိတ်မပူနဲ့ ... ၊ ဒီတားမြစ် ဇုန်လည်း မတည်ငြိမ် တော့ဘူး၊ ငါတို့သာ တခြား အရာကို ရှာတွေ့ ရင်တော့၊ ဒီနေရာကို ဖြတ်ကျော် နိုင်ဖို့ မသေချာဘူး၊ ဒါပေမယ့် ကံကောင်းပြီး ဒါကို ဖြေရှင်း နိုင်တဲ့၊ ကနဦး ဓားကို တွေ့ခဲ့တယ်။ ”

ရှေးခေတ် နတ်ဘုရားများ ကြား တိုက်ပွဲကြောင့်၊ ဤနေရာ သည်လည်း မတည်ငြိမ် တော့ချေ။

ထို့ကြောင့် ကနဦး ဓားဖြင့် နဂါး တားမြစ် နယ်မြေမှ ပြင်ပ လောက ထိတိုင်၊ တိုးယိုပေါက် အပေါက် တစ်ပေါက်ကို ဖန်တီး နိုင်မည်။

“ ဒီနေရာ မဆိုးဘူး၊ အရမ်း အားနည်း နေပြီ၊ စမ်းကြည့် ရအောင်။ ”

စကားဆုံး သည်နှင့်၊ သေးငယ်သော အက်ကွဲကြောင်း များကို၊ အာရုံစိုက် လိုက်ကာ၊ ပန်းသင်္ချိုင်း ဓားအား ခုတ်ချ ပစ်သည်။

“ ခရစ် ... ။ ”

ကောင်းကင် ၌ပင် အက်ကွဲကြောင်း တစ်ခု ကျန်ခဲ့ သဖြင့်၊ ကနဦး ဓား မည်မျှ အားကောင်း သည်ကို မြင်သာ စေ၏။

ယွဲ့ဝေဝေမှာ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ ဓား နောက်ကွယ်မှ စွမ်းအား သည်၊ မယုံ နိုင် စရာ ပေပင်။

ကောင်းကင် ဝိညာဉ် နယ်ပယ်ရှိ၊ မည်သူ မဆို ဤဓားအား ခံယူ နိုင်မည် မဟုတ်ကြောင်း၊ ပြောနိုင်သည်။

ထို့အပြင် ၎င်းဓားသည် ကနဦး အဆင့် တွင်သာ ရှိသောကြောင့်၊ ဆက်၍ အစွမ်းထက် လာရန်၊ အလား အလာ များစွာ ရှိသည်။

“ သွား ရ အောင် ... ။ ”

အသက် ပြင်းပြင်းရှူ လိုက်ပြီး၊ ယွဲ့ဝေဝေ လက်ကို ဆုပ်ကိုင်ကာ၊ လင်းယွန် တစ်ယောက် လေဟာနယ် အက်ကွဲ ကြောင်းထံ၊ ဦးတည် မိသည်။

“ ဝှစ် ... ။ ”

ထိုနောက် နှစ်ဦးသား နဂါးလေး နှင့်အတူ၊ အက်ကွဲကြောင်း အတွင်းမှ တိုးထွက် လာနိုင်ခဲ့ တော့၏။

“ ငါတို့ ထွက်လို့ ရပြီ အစ်ကိုကြီး ယွန် ... ၊ မင်းက တကယ် ကြောက်စရာ ကောင်းတာပဲ။ ”

ယွဲ့ဝေဝေ အမှန် တကယ် ကြောက်ရွံ့ခြင်း ဟုတ်-မဟုတ် သူ မသိ သောကြောင့်၊ လင်းယွန် ခမျာ အပြုံး ဖြင့်သာ တုန့်ပြန် လိုက်သည်။

သူမ၏ ခွန်အားမှာ သူ့ ထက်သာ ပေ၏။ တစ်စုံ တစ်ရာကြောင့်၊ ဖုံးကွယ် ထားပုံ ရလေ သည်။

ယွဲ့ဝေဝေက ကျောက်စိမ်း ပုလင်းကို၊ ထုတ်ယူပြီး၊ မူလ စွမ်းအင်များ လောင်းထည့် လိုက်သော အခါတွင်၊ အလင်းများ တောက်ပ လာသည်။

“ အစ်ကိုကြီး ယွန်၊ ဒီအသွေးတော်ရဲ့ တန်ဖိုးက စိတ်ကူး ယဉ်လို့ မရဘူး၊ သူတော်စင် တစ်ပါးရဲ့ ကတိကို ရယူ နိုင်တယ်၊ မင်း ငါ့ကို အခုလို ပေးတဲ့ အတွက်၊ အရမ်း ကျေးဇူးတင် ပါတယ်။ ”

ယွဲ့ဝေဝေ တစ်ယောက်၊ အမှန်ပင် ပျော်နေပုံ ရ၏။ တန်ဖိုး ရှိသော ရတနာကို ရရှိ သည်ထက်၊ တန်ဖိုးထား ခံရသည် ဟူသော ခံစား ချက်အား ကျေနပ် သွားခြင်း ဖြစ်မည်။

“ ငါ့ အတွက် မလိုအပ် ပါဘူး ... ၊ ဘာပဲ ဖြစ်ဖြစ် မင်းပျော်ရင်၊ အဆင်ပြေ ပါတယ်။ ”

လင်းယွန်က တည်ငြိမ်စွာ ပြန်ပြော လိုက်သည်။ ဤအရာသည် အဖိုး တန်ကြောင်း သူ သိ၏။ ယင်းကပင် ဒုက္ခ များစွာကို၊ ခေါ်ဆောင် လာနိုင်သည်။

အဆုံးတွင် သူ့ ခွန်အားဖြင့် မကာကွယ် နိုင်သော ရတနာ များကို ပိုင်ဆိုင် ထားခြင်းမှာ၊ နုံအမှု တစ်ခု ဖြစ်သည်။

ထို့ပြင် ယွဲ့ဝေဝေ တစ်ယောက်၊ ပယင်း နယ်မြေ ထိပင်၊ ဆင်းသက် လာရသည့်၊ လိုအပ် ချက်ကို၊ မဖြည့်ဆည်း ပေး နိုင်စရာ အကြောင်း မရှိချေ။

ထိုစကားကို ကြားသော အခါ ယွဲ့ဝေဝေမှာ၊ ပို၍ ရွှင်မြူး သွားသည်။ လင်းယွန်၏ နှလုံးသား တစ်နေရာ၌ ရှိနေမှန်း နားလည် လိုက်၏။

ကတိ တစ်ခု အတွက်၊ ပေါ့ပေါ့ ပါးပါး ကယ်တင် ခဲ့ခြင်းမျိုး မဟုတ်ချေ။ သူမ အပြုံးက လမင်းကြီး ကဲ့သို့၊ တောက်ပ လာသည်။

သူမ ဟူသည် နတ်မိစ္ဆာ တစ်ပါး ဖြစ် သော်လည်း၊ ရှက်ရွံ့ သိမ်မွေ့သော ခံစားချက် များကို အစ်ကိုကြီး ယွန်ကြောင့်၊ ခံစားလာ ရသည်။

“ အစ်ကိုကြီး ယွန်း၊ အရွက် ပေါ်က နှင်းဦးရည်မှာ၊ အရမ်း အံ့ဩစရာ ကောင်းတဲ့ အစွမ်းတွေ ရှိတယ်၊ ဘယ်ဟာကို အရင် သန့်စင် ချင်လဲ။ ”

အရွက် တစ်ရွက် စီတွင်၊ မတူညီသော တာအို သဘော တရားများ ပါရှိ သောကြောင့်၊ နှင်းဦးရည် များ၏ အကျိုး သက်ရောက်မှုမှာ ကွဲပြား ချေပြီ။

ကိုးရက်ကြာ တိုက်ပွဲကို ဆင်နွှဲ ပြီး နောက်တွင်၊ အရွက်များ မည်မျှ အံ့ဖွယ်ကောင်း နေသည်ကို၊ လင်းယွန် သိထားပြီး ဖြစ်သည်။

အရွက် တစ်ရွက် စီတွင်၊ မတူညီသော သိုင်း ရည်ရွယ်ချက်နှင့်၊ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်များ ပါရှိ၏။

၎င်းတို့မှာ လေ၊ မီး၊ လျှပ်စီး၊ ရေခဲ၊ မြေကြီး၊ အသက်နှင့် သေခြင်း ဆိုင်ရာ ရည်ရွယ်ချက်များ ဖြစ်သည်။

အသက် သစ်ရွက် ပေါ်ရှိ နှင်းဦးရည်မှာ၊ လူ့အသက်အား ကယ်တင် နိုင်ပြီး၊ သေခြင်း သစ်ရွက် ပေါ်ရှိ နှင်းဦးရည်သည်၊ သေခြင်း တရားကို နားလည် နိုင်စေ၏။

သို့သော် ထိုအရာ များနှင့်၊ မရင်းနှီး သောကြောင့်၊ စိတ်မဝင် စားချေ။ အနည်းငယ် အကျွမ်း တဝင် ရှိသော အရာမှာ၊ လေနှင့် လျှပ်စီး တို့ ဖြစ်သည်။

အရွက် တစ်ရွက် စီတွင်၊ နှင်းဦးရည် (၁၀) စက် ရှိသဖြင့်၊

“ လျှပ်စီးနဲ့ လေ တစ်စက် စီလောက် ရနိုင် မလား။ ”

-ဟု၊ ပြန်ဖြေ လိုက်သည်။

ထိုနှစ်ခုအား စမ်းကြည့် ချင်၏။ (၁၀) စက်လုံးကို သန့်စင် နိုင်သော် အကောင်းဆုံး ဖြစ်မည်။ သို့သော် လောဘ မကြီး သင့်ချေ။

ထို့ကြောင့် အနည်း ငယ်အား ဦးစွာ သန့်စင်ပြီး၊ အကျိုး သက်ရောက်မှု အပေါ်၊ စောင့်ကြည့် ရပေမည်။

“ အစ်ကိုကြီး ယွန် ... ၊ ငါ ဘာလို့ အသွေးတော် သစ်သီးကို၊ လိုနေ ရတာ လဲလို့ မမေး တော့ ဖူးလား။ ”

ယွဲ့ဝေဝေက နှင်းဦးရည်ကို မပေး သေးဘဲ၊ စကား စမြည် ပြောရန် ကြိုးစား လာသည်။

“ မမေး တော့ပါဘူး ... ၊ သူတို့က မင်းကို ကူညီ နိုင်မယ် ဆိုတာ သိရုံ နဲ့တင်၊ ငါ့ အတွက် လုံလောက် နေပါပြီ။ ”

“ ဒါပေမယ့် ... ငါ ပြောပြ ချင်တယ်။ ”

ယွဲ့ဝေဝေက ဒေါသ ထွက်လာပြီး၊ လင်းယွန်အား ရန်လိုစွာ စိုက်ကြည့် သည်။ အစ်ကိုကြီး ယွန်မှာ သူမ အပေါ်၊ ထင်ထား သလောက် ဂရု မစိုက်ဟု မြင်၏။

“ မဟုတ် ပါဘူး ... ၊ ငါ သိချင် ပါတယ်၊ မင်း အတွက် အဆင် မပြေမှာ စိုးလို့ပါ။ ”

သို့မှသာ ယွဲ့ဝေဝေ မျက်နှာ၌၊ အပြုံးများ ဝေလာ၏။

“ အမေ့ အတွက် အရမ်း လိုအပ် တယ်၊ အမေက အိပ်မော ကျနေတာ ကြာပြီ၊ အသက်နဲ့ သေခြင်း ကြားမှာ ရုန်းကန် နေရတယ်၊ ... ”

“ ... နတ်ဘုရား အသွေးတော်က ဒီလို မျောနေတဲ့ အဖြစ် ကနေ၊ ပြန်ခေါ် နိုင်တယ်လို့ ပြောတယ်၊ အဖေက သန်မာ ပေမယ့် ရန်သူတွေ အများကြီး ရှိတာကြောင့်၊ ... ”

“ ... ဒီအသွေးတော်ကို ရယူဖို့၊ ခက်ခဲ နေတယ်၊ ပြီးတော့ တန်ဖိုး တစ်ခု ပေးဆပ် ရမှာ ကိုလည်း ကြောက်နေတယ်၊ ဒါကြောင့် ငါက ကောင်းကင် လမ်းကို ဆင်းလာ ခဲ့တာပါ၊ ”

နောက်ဆုံးတွင် ယွဲ့ဝေဝေက၊ သူ၏ လျှို့ဝှက် ချက်အား ထုတ်ပြော လာပြီ ဖြစ်သည်။ သူမ ခန္ဓာ ကိုယ်ရှိ တံဆိပ်မှာ အောက်တန်း နယ်မြေနှင့်၊ လိုက်ဖက်အောင် ကျင့်ကြံ မှုအား ပိတ်ဆို့ ခဲ့ခြင်း ဖြစ်လေသည်။

ယွန်ဝေဝေကို ပြန်ကြည့် လိုက်မိသော လင်းယွန်၏ မျက်ဝန်း များတွင်၊ ကြင်နာမှုများ ဝင်ရောက် လာသည်။ သူမ အတွက် မည်မျှ စိတ် ထိခိုက် စရာ ကောင်းခဲ့ မည်ကို၊ နားလည်ပေး နိုင်၏။

သူမနှင့် ပထမဆုံး စတွေ့ စဉ်က၊ သစ်ပင် ပေါ်မှ အပြစ် ကင်းစွာ ပြုံးပြ ခဲ့သည်။ ထိုအပြုံး နောက်ကွယ်တွင်၊ ဤသို့ နာကျင်ဖွယ် ခံစား ချက်များ ရှိနေလိမ့် မည်ဟု သံသယ မဝင်မိ ခဲ့ချေ။

“ ငါ့ အကြောင်းက ဒါပါပဲ ... ။ ”

ယွဲ့ဝေဝေက ပြုံးပြီး၊ နှင်းဦရည်အား ထုတ်ယူကာ၊ လင်းယွန်ထံ ကမ်းပေး လိုက်၏။ ၎င်းတွင် လေ ရည်ရွယ်ချက် ပါရှိ ပြီး၊ ဒုတိယ တစ်စက်တွင် လျှပ်စီး ရည်ရွယ်ချက် ပါ ရှိသည်။

နှစ်စက် စလုံး၌ အကန့် အသတ် မရှိသော ဝိညာဉ် စွမ်းအင်များ ကပ်ညိ နေသည်။ အသက် ပြင်းပြင်း ရှူလျက်၊ လင်းယွန်မှ သောက်သုံး လိုက်သည်။

ထို့နောက်တွင် ခန္ဓာကိုယ် အနှံ့ အပြားမှ စွမ်းအင် အခိုး အငွေ့များ စိမ့်ထွက်ပြီး၊ မျက်လုံး များမှ သွေးများ ယိုစီး လာ၏။

ဖိအားမှာ ကြီးမား လှသဖြင့်၊ ပေါက်ကွဲ တော့မည့် ပုံသဏ္ဍာန် ပြသ နေခြင်း ပေပင်။ ပုလင်းအား ပြန်သိမ်းကာ ယွဲ့ဝေဝေက နောက်ဆုတ် သွားသည်။

အနည်းငယ် နောက်ကျ သွားပါက၊ လင်းယွန်ထံမှ လာသော ဖိအားကြောင့်၊ သူမ ဒဏ်ရာရ သွားနိုင်၏။

“ သူ ... အဆင် ပြေမှာပါ။ ”

သူ့ကိုယ်သူ နှစ်သိမ့် လိုပုံဖြင့်၊ တစ်ကိုယ်တည်း ကြားရရုံ ရေရွတ် လိုက်သည်။

နှင်းဦးရည် မှာ၊ သန့်စင်ရ ခက်ခဲ လှ၏။ ထို့ကြောင့် သတိ ထားရ ပေမည်။ မဟုတ်သော် အသက် ဆုံးရှုံး နိုင်မည်။

မည်သို့ပင် ဆိုစေ ကာမူ၊ လင်းယွန် အတွက် ရွေးချယ် စရာ မရှိ ခဲ့ချေ။ ထိုသခင်ငယ် များကို အမီလိုက် ရမည် ဖြစ်သည်။

၎င်းတို့ အားလုံး၏ အခြေခံ အုတ်မြစ်မှာ၊ နက်ရှိုင်း လွန်းသည်။ ဝိညာဉ် ရေကန်၌ ရေချိုး ပြီးသော်၊ ပို၍ ကြောက်စရာ ကောင်းလာ နိုင်၏။

တစ်ဖက်တွင် သူ့ အနေဖြင့်၊ ဝှက်ဖဲများ အားလုံးကို ထုတ်ဖော် ခဲ့ရသည်။ ထို့ကြောင့် ကွာဟချက် အတွက်၊ ပြင်ဆင်ထား ရပေမည်။

အချိန် အတော် ကြာအောင်၊ ဆူပွက် နေသော စွမ်းအင် များထံ ကြည့်ပြီး၊ ယွဲ့ဝေဝေ ခမျာ စိတ်ပူ သွားသည်။

ထို့စဉ် လင်းယွန် ခန္ဓာကိုယ် အတွင်းမှ၊ နဂါးဟောက်သံ ထွက်ပေါ် လာ၏။ သည့်နောက် ရုန်းကြွ နေသော စွမ်းအင် များမှာ၊ ငြိမ်သက် သွား တော့သည်။

နဂါး ကြီးက ပျံထွက် လာပြီး၊ ဖိအားကို ထုတ်လွှတ်လျက်၊ လင်းယွန်အား ရစ်ပတ် ထား လေသည်။

“ အောင် မြင် ပြီ။ ”

လျှပ်စီးနှင့် လေအား ပေါင်းထည့် ခြင်းဖြင့်၊ နဂါးမှာ စင်ကြယ်သော ဝိညာဉ်တော် အဖြစ်သို့၊ ပြောင်းလဲ တော့မည့် အရိပ် အယောင်များ ပြသ လာသည်။

ယင်းသာ အောင်မြင် သွားသော်၊ သွေးသား စွမ်းအင် ကျွေးမွေးစရာ မလိုဘဲ၊ ဓား ရောင်ဝါနှင့် နဂါး ရောင်ဝါ တို့ကို ပေါင်းစည်း ရုံဖြင့်၊ နဂါး ဝိညာဉ်တော် ရရှိမည် ဖြစ်လေသည်။

***

All Chapters