သူတို့ အားလုံးက ပုရွက်ဆိတ်တွေ။
Vol. 77 Ch. 1065
လင်းယွန်က နှင်းဦးရည်ကို သန့်စင် လိုက်သော အခါတွင်၊ သူ့ ပတ်ဝန်း ကျင်ရှိ နဂါးမှာ၊ ပို၍ပင် လက်တွေ့ ဆန်လာ၏။
၎င်း၏ မျက်လုံး များတွင်၊ ဓား အလင်းများ ပြည့်လျှံ နေကာ၊ ခန္ဓာ ကိုယ်အား နဂါး ရောင်ဝါ နှင့်၊ ဖန်တီး ထားသည်။
နဂါးဓား ရောင်ဝါကို သန့်စင် နိုင် သည်မှာ၊ ဤကမ္ဘာ ပေါ်၌ လင်းယွန် တစ်ယောက် တည်း သာ ရှိ၏။
ယခုမူ ၎င်းအား စင်ကြယ်သော ဝိညာဉ် အဖြစ်သို့ ပြောင်းလဲ နေပြန်ပြီ ဖြစ်သည်။ ဤ ဖြစ်စဉ်မှာ စိတ်ကူးယဉ် ဆန်ချေပြီ။
သွေးသား စွမ်းအင်များ မကုန်ဘဲ၊ စင်ကြယ်သော ဝိညာဉ်တော် တစ်ပါးအား မွေးမြူ ခြင်းသည် ယုတ္တိ မရှိချေ။
ယွဲ့ဝေဝေက ပုလင်း ထဲမှ၊ နှင်းဦးရည် နှစ်စက်ကို ထပ်မံ ထုတ်ယူကာ၊ လင်းယွန်ထံ လွှဲပြောင်း ပေးလိုက်သည်။
များမကြာခင် နှင်းဦးရည်ကြောင့် လင်းယွန် ခန္ဓာကိုယ်မှာ၊ ပို၍ သန်မာ လာသည်။ ကျင့်ကြံမှု သည်လည်း၊ မြင့်တက် လာ၏။
စတုတ္ထ ကောင်းကင် ဝိညာဉ်သို့၊ ရောက်ရှိထား သည်မှာ၊ တစ်လ မျှသာ ရှိပေ သေးပြီ။
ထို့ကြောင့် ဤသို့ လျင်မြန်စွာ တိုးတက် နေခြင်း အပေါ်၊ စိုးရိမ် မိသည်။ သူ့ အုတ်မြစ်မှာ ကောင်းကင် ဒုက္ခ ခံယူရ လောက်အောင် အထိ၊ ခိုင်ခံ့မှု ရှိ-မရှိ မသိနိုင် သေးချေ။
အဆုံးတွင် ဒုက္ခ ခံယူ ရာ၌၊ ဆင်းသက် လာသော ကြယ်မိစ္ဆာ ပန်း များသည်၊ အလွန် အန္တရာယ် များ လှ၏။
နဂါး အရိုး ကြောင့်သာ နောက်ဆုံး ဒုက္ခကို ဖြတ်ကျော် နိုင်ခြင်း ဖြစ်သည်။ ၎င်းအား ထပ်၍ အသုံးပြု လိုပါက၊ ဒုတိယ အလွှာအား ဖွင့်ရ ပေမည်။
ချက်ချင်းပင် ဆုံးဖြတ်ချက် တစ်ခု ချကာ၊ နှင်းဦးရည်ရှိ စွမ်းအင် များကို ဓားသုတ္တန် ထဲသို့၊ စီးဆင်း စေလိုက်သည်။
နောက်ထပ် ဒုက္ခ တစ်ခု မခံ ယူခင်၊ အိုင်းရစ် ဓားသုတ္တန်အား အဆင့် (၁၅) သို့ ရောက်ရှိစေ လို၏။
၎င်းသည် သူ၏ အခြေခံ အုတ်မြစ် ဖြစ်သောကြောင့်၊ လုံလောက်စွာ ခိုင်မာ နေရန် လိုသည်။ မဟုတ် ပါက အခြေ မခိုင်သော အိမ်များ ကဲ့သို့၊ အချိန် မရွေး ပြိုကျ သွားနိုင်သည်။
အခြားသူ တစ်ဦးသာ ဆိုသော်၊ မဆိုင်း မတွဘဲ အောင်မြင်မှု ရယူရန် ရွေးချယ် သွားမည် ဖြစ်သည်။ လင်းယွန် ကဲ့သို့ လေးနက်စွာ တွေးတော နေမည် မဟုတ်ချေ။
မျက်စိ တစ်မှိတ် အတွင်း၊ (၇)ရက် ကုန်လွန် လာသည်။ စုစုပေါင်း နှင်းဦးရည် (၁၀) စက်အား သန့်စင် ထားပြီး ဖြစ်၏။
ယင်းက ယွဲ့ဝေဝေအား သံသယဝင် လာစေ၏။ နဂါးဓား ရောင်ဝါ သည်ပင်၊ မယုံနိုင် ဖွယ် ကောင်းသော အမြင့်သို့ ရောက်ရှိ ခဲ့သည်။
ကျင့်ကြံ မှုရှိ တိုးတက်မည့် အရိပ် အယောင်များ၊ အဘယ်ကြောင့် ပျောက်ကွယ် သွားရ သည်ကို၊ အဖြေရှာ မရပေ။
“ စိတ် ဝင်စား စရာပဲ ... ၊ ဒီ နှင်းဦးရည်မှာ ပါတဲ့ ဝိညာဉ် စွမ်းအင်က၊ ကျင့်ကြံခြင်း တိုးလာ စေဖို့ လုံလောက် ပါတယ်၊ အခုတော့ ရောင်ဝါက လွဲပြီး၊ ဘာမှ မထူးခြား လာပါလား။ ”
ယွဲ့ဝေဝေက စိတ်လှုပ်ရှားစွာ ရေရွတ် လိုက်သည်။ ကောင်းကင် ဝိညာဉ် နယ်ပယ် နှောင်းပိုင်း အဆင့် များသည်၊ တိုးတက်ရန် ခက်ခဲ ချေ၏။
လင်းယွန်မှာ သူတော်စင် ဝိညာဉ် ရေကန်တွင်၊ ရေချိုးခွင့် မရ သောကြောင့်၊ ဤ နှင်းဦးရည် သည်သာ၊ သူ့အတွက် တစ်ခု တည်းသော အခွင့် အရေး ဖြစ်သည်။
သုံးရက် ထပ်မံ ကုန်လွန် ပြီးနောက်၊ လင်းယွန် ခန္ဓာ ကိုယ်အား သိုင်းခြုံ ထားသော နဂါး ရောင်ဝါ များက၊ ပို၍ သိပ်သည်း လာသည်။
“ ကလန် ... ကလန် ... ချွမ် ... ။ ”
နဂါးဓား ရောင်ဝါမှာ၊ ဝိညာဉ် တစ်ကောင် နီးနီး အသွင် ပြောင်းလဲ လာ၏။ ထို့စဉ် အိုင်းရစ် ပန်းများ၊ ကောင်းကင်ပေါ် ပျံတက် ကုန်ပြီး၊ ဓားမြည် သံများ ထွက်ပေါ် လာသည်။
ခရမ်းရောင် ပွင့်ချပ် များက ကောင်းကင်၌၊ ပင်လယ်ကြီး တစ်စင်း အသွင် ဖြစ်တည် လာပြီး၊ ပွင့်ချပ် တိုင်းတွင် ထက်ရှသော ဓားတစ်လက် ပါရှိ နေ၏။
အိုင်းရစ် ဓားသုတ္တန် အား၊ အဆုံးထိ အောင်မြင် ခြင်း၏ လက္ခဏာ တစ်ရပ် ပေပင်။ ဤ ဖြစ်စဉ်ကို မြင်သော အခါ မှသာ၊ ယွဲ့ဝေဝေ တစ်ယောက် နားလည် သွား၏။
ထို့ကြောင့် ကျန်ရှိ နေသော (၆) စက်ကို ထုတ်ယူကာ၊ လင်းယွန် ပါးစပ် ထဲသို့ ခွံ့ပေး လိုက်သည်။
ထို့စဉ် ဖိနှိမ် ထားသော လင်းယွန်၏ ကျင့်ကြံမှု အဟုန်မှာ၊ ပွင့်ထွက် လာတော့သည်။ ချက်ချင်းပင် ပဉ္စမမြောက် ကောင်းကင် ဝိညာဉ် နယ်ပယ်သို့၊ ဝင်ရောက် လာတော့၏။
ခန္ဓာကိုယ် အနှံ့ လျှပ်စီးများ လက်လက် ထလာကာ၊ ကောင်းကင် အပြည့် တိမ်ညိုများ စုရုံး လာ၏။
ကြယ်မိစ္ဆာ ပန်းများက အရာ အားလုံးကို လောင်မြိုက် ပစ်တော့မည့် အသွင်ဖြင့်၊ တိမ်များ အတွင်း ဖြစ်တည် လာသည်။
“ ငါ သိတယ်။ ”
လင်းယွန်က မျက်လုံးပြူး သွားသည်။ ကောင်းကင် ဒုက္ခကို မခံ ယူမီ၊ ဓားသုတ္တန်အား ကောင်မြင်မှု ရယူရန် ဆုံးဖြတ်ခဲ့ သည်မှာ၊ မှန်ချေ၏။
ထို့အပြင် နှင်းဦးရည်ဖြင့် သန့်စင် ထားသော နဂါးဓား ရောင်ဝါ ရှိနေ ချေပြီ။ တစ်ဖန် ရုပ်ခန္ဓာ သည်လည်း၊ ပို၍ သန်မာ နေ၏။
ဤနည်းလမ်း များက၊ ကြယ်မိစ္ဆာ ပန်း (၆) ပွင့်အား အနိုင် ယူကာ၊ စိုက်ပျိုးနိုင် ပေလိမ့်မည်။ ယင်းမှာ ရူးသွပ်ဖွယ်၊ စိတ်ကူး တစ်ရပ် ဖြစ်၏။
သို့သော် အောင်မြင် ပါက၊ ရောင်ဝါ သမုဒ္ဒရာ များတွင်၊ ကြယ်မိစ္ဆာ ပန်း အရေ အတွက်၊ (၁၄) ပွင့် အထိ၊ တိုးလာ စေမည် ဖြစ်သည်။
လင်းယွန် တစ်ယောက် ကောင်းကင် ဒုက္ခ ခံယူ နေစဉ်၊ ရွှေ၊ ခရမ်းနှင့်၊ အဖြူရောင် အဆင့်၌ ရှိသော ထူးချွန်သူ များမှာ၊ သူတော်စင် ဝိညာဉ် ရေကန်၌၊ စုရုံး နေခဲ့ ကြသည်။
သူတော်စင် ဝိညာဉ် ရေကန် သည် မြင့်မား လှသော တောင်ကုန်းကြီး တစ်ခု အထက်တွင် တည်ရှိ၏။ ရေကန် အတွင်း တောက်ပသော ကြယ်များ ရောင်ပြန် ဟပ်နေသည်။
ထိုကြယ် များမှာ၊ လက်ဖြင့် လှမ်းယူ၍ ရလုနီးပါး နီးကပ် နေချေ၏။ နောက်ဆုံး တိုက်ပွဲ ကို၊ ဤနေရာ၌ ကျင်းပမည် ဖြစ်သည်။
တိုက်ပွဲ မစမီ အဆင့် ဝင်သူတိုင်း၊ သူတော်စင် ဝိညာဉ် ရေကန်၌ စိမ်ရန်၊ အခွင့် အရေး ရှိချေပြီ။
တောင်ထိပ် အထက် လေထု ထဲတွင်၊ ရေစက်ကြီး တစ်စက် ဖြစ်တည် လာကာ၊ လူရိပ် များ ရုတ်ချည်း ထွက်ပေါ် လာသည်။
ထိုသို့ လေဟာနယ် ကွဲလွဲ နေသော ရေစက်ကြီး အတွင်းမှ၊ ၎င်းတို့၏ ကြောက်မက် ဖွယ် ရောင်ဝါ များကို ခံစား နိုင်သည်။
ဤလူ များမှာ ခွန်လွန်ဘုံရှိ၊ အင်အားကြီး ဂိုဏ်းများမှ အကြီး အကဲများ ဖြစ်ပြီး၊ တပည့် ရွေးချယ်ရန်၊ ရောက်ရှိ လာခြင်း ဖြစ်၏။
သို့သော် ထိုအကြီး အကဲ အများ စုမှာ၊ အောက်တန်း နယ်မြေမှ ပါရမီရှင် များထက်၊ စစ်မက် နယ်မြေ၏ သခင်ငယ်များ ပေါ်သာ၊ အာရုံ ရှိနေ ပေသည်။
နဝမမြောက် ကောင်းကင် လမ်း၌၊ နတ်ဘုရား အသွေးတော် သစ်သီးများ ပေါ်လာ မည်ဟူသော သတင်းကြောင့်၊ နယ်မြေ (၁၀) ရပ်လုံး၊ ဤလမ်းသို့ စုဝေး ဆင်းသက် လာခဲ့ ကြသည်။
အခြား တစ်ဖက် တွင်မူ ဂိုဏ်း အချို့မှာ၊ အလား အလာ ရှိသော မျိုးစေ့ကောင်း များကို လိုချင် သောကြောင့်၊ ကျန်သူများ ပေါ်၌လည်း၊ စိတ်ဝင်စား ကြချေသည်။
အဆုံးတွင် စစ်မက် နယ်မြေ တိုင်း၏ ကြောက်စရာ ကောင်းသော အခြေခံ အုတ်မြစ် များကြောင့်၊ မည်သည့် ဂိုဏ်းမဆို၊ သခင်ငယ် များ၏ လက်ကိုင်တုတ် ဖြစ်လာ နိုင်သည်။
ထိုအကြီး အကဲ များက၊ ဝိညာဉ် ရေကန်အား၊ ဖုံးအုပ် ထားသော အစီရင်ကို၊ စတင် ဖွင့်လှစ် လိုက်သည်။
ရေကန် မျက်နှာပြင် တစ်လျှောက်၊ အလင်းများ ပြိုးပြက် လင်းလက် လာပြီး၊ ဩဇာ အာဏာ ပြည့်ဝ လှသည့်၊ အသံ တစ်သံ ထွက်ပေါ် လာသည်။
“ သူတော်စင် ဝိညာဉ် ရေကန်ကို၊ အခု ချိန်က စပြီး ဖွင့်လှစ် လိုက်ပြီ၊ အားလုံး ကြိုးစား ကြပါ၊ ... ”
“ ... ချန်ပီယံ တစ်ဦးသာ အရွက် ကိုးရွက် သူတော်စင် သစ်သီးကို ရမယ်၊ ထိပ်ဆုံး ဆယ်ဦး အတွက်တော့ ... ”
“ ... သူတော်စင် ဝိညာဉ် သစ်သီး တစ်လုံး စီသာ ရလိမ့်မယ်၊ ထက်မြက်တဲ့ လူငယ် တွေကို ငါ တို့ရဲ့ ဂိုဏ်းတွေမှာ ပျိုးထောင် ပေးဖို့၊ ခေါ်ယူ သွားမယ်။ ”
စကား တိုင်းက လူတိုင်းကို စိတ်လှုပ်ရှား လာစေသည်။ သို့သော် ယင်းမှာ သူတို့ အတွက် သာ၊ ရည်ရွယ်မှန်း သိသော၊ သခင်ငယ် များက တည်ငြိမ်စွာ နားထောင် နေနိုင်၏။
နောက်ဆုံး တိုက်ပွဲသည် အခြားသော နယ်မြေ များမှ၊ ပါရမီရှင် များကို နင်းတက်ရန် အခွင့် အရေး ဖြစ်သည်။
“ သူတို့ အားလုံးက ပုရွက်ဆိတ် တွေပဲ ... ။ ”
လူအုပ်ကြားထဲ ဝေ့ကြည့်ကာ၊ ငရဲ နတ်ဘုရား သခင်ငယ်မှ၊ နှာခေါင်းရှုံ့ လိုက်၏။ ထို့နောက် သူ့ အကြည့်က လောချန်နှင့် အဖွဲ့ထံ ကျရောက် သွားသည်။
သူတို့ အားလုံးမှာ၊ အဆင့် သတ်မှတ်ချက် အတွင်း ပါဝင်ကာ၊ သူတော်စင် ဝိညာဉ် ရေကန် တွင်၊ စိမ်ခွင့် ရလေသည်။
“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ … ၊ သူတို့က ငါ့ရှေ့ ပေါ်လာရဲ သေးတယ်လား။ ”
သူ့ စကားကြောင့်၊ တော်ဝင် နဂါး သခင်ငယ်နှင့်၊ ယင်ယန် သုခဘုံ သခင်ငယ်တို့ မှလည်း၊ သတိထား မိသွားသည်။
“ အလျင် မလို ပါနဲ့၊ နောင်တ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို သုံးရက် ကြာရင်၊ ငါတို့ သင်ပေး ရအောင်။ ”
သခင်ငယ် နှစ်ဦးက၊ ငရဲ နတ်ဘုရား သခင်ငယ်အား၊ ပြုံးလျက် နှစ်သိမ့် လိုက်လေ သည်။
***