← Chapters

အရှက် တရားတွက်၊ ပြန်လည် ရယူရန် ပြင်ဆင်ခြင်း။

Vol. 77 Ch. 1066

အရှက် တရားတွက်၊ ပြန်လည် ရယူရန် ပြင်ဆင်ခြင်း။

Vol. 77 Ch. 1066

သူတော်စင် ဝိညာဉ် ရေကန်ကို ဖုံးအုပ် ထားသော တံဆိပ်ပွင့် လာသော အခါ၊ ဝိညာဉ် စွမ်းအင် များနှင့် ကြယ် စွမ်းအင်များ ဖြာထွက် လာသည်။

သိပ်သည်း လွန်းသော ဝိညာဉ် စွမ်းအင် များကြောင့်၊ လေထုမှာ အိပ်မက် ဆန်လာ ခဲ့၏။ တခဏချင်း မှာပင် လူတိုင်း၏ မူလ စွမ်းအင် များ ပွက်ပွက်ဆူ လာပြီး၊ ချွေးပေါက်များ ပွင့်ထွက် လာတော့သည်။

“ သူတော်စင် ဝိညာဉ် ရေကန်။ ”

အဆင့် သတ်မှတ်ခံ ရသော၊ လူတိုင်း ရေကန်ထံ မျှော်ကြည့်ကာ၊ နှလုံး သားများ၊ တုန်လှုပ် ကုန်သည်။ ထို့စဉ် ပေါက်ကွဲ သံများ ဆက်တိုက် ထွက်ပေါ် လာ၏။

“ နေ ဦး ... ။ ”

လောချန်က ချင်လင်း၊ ကျွင့်မုန်ချန်နှင့်၊ လင်းယွန်၏ မိတ်ဆွေ များကို၊ ဟန့်တား လိုက် သည်။

ရေကန်ကြီး ထံသို့၊ ဦးတည် နေသော ပတ်ဝန်း ကျင်ရှိ လူငယ် များ၏ ရောင်ဝါမှာ၊ ရုတ်တရက် ကြေမွ သွားသည်။

“ ဘာဖြစ် တာလဲ။ ”

ထို့ကြောင့် ချင်လင်းတို့ လူစုက၊ ကောင်းကင်ပေါ် မော့ကြည့် လိုက်ရာ၊ ပျံသန်း လာသည့် သခင်ငယ် များကို မြင်လိုက် ရ၏။

တစ်ဉီးချင်း စီသည် ကြောက်စရာ ကောင်းသော ရောင်ဝါအား ထုတ်ဖော်လျက် လမ်း တစ်လျှောက် ရောင်ဝါ တိုင်းကို ချေမွ သွားခဲ့သည်။

ဤသည်မှာ သူတော်စင် ဝိညာဉ် ရေကန်သို့ သူတို့ ဦးစွာ ဝင်ရောက် လိုကြောင်း၊ အသံတိတ် ကြေငြာ လာခြင်း ဖြစ်၏။

ထို့ကြောင့် လူတိုင်းက အဆင် မပြေသော အသွင်ဖြင့်၊ ချက်ချင်း ရပ်လိုက် ရသည်။

“ ဘယ်လောက် တောင် နာခံမှု ရှိလိုက်လဲ။ ”

ငရဲ နတ်ဘုရား သခင်ငယ်က လူအုပ်ထံ ငုံ့ကြည့်ကာ လှောင်ပြောင် လိုက်သည်။ ယင်းက ချင်လင်းအား ဒေါသ ထွက်လာ စေ၏။

“ ငြိမ်ငြိမ်နေ မ လှုပ် နဲ့ ... ။ ”

လောချန်က သတိပေး လိုက်သည်။

“ တောက် ... ၊ ညီအစ်ကို လင်းယွန်သာ ရှိနေရင်၊ ဒီကောင် ခုလို ပြောရဲမှာ မဟုတ်ဘူး၊ ညီအစ်ကို လင်း မသေ သေးဖူး ဆိုတာ သေချာတယ်၊ ... ”

“ ... မဟုတ်ရင် သူ့ အမည်က ဘာလို့၊ အဆင့် သတ်မှတ် ချက်မှာ ရှိနေဦး မှာလဲ၊ ဒါကို သေပြီလို့၊ ဒီလူက လှည့်ပတ် ပြောနေတယ်၊ ... ”

“ ... မသိရင် သူပဲ၊ ညီအစ်ကို လင်းကို အနိုင်ယူ နိုင်ခဲ့တဲ့ သူလို ပြုမူ ပြနေတယ်၊ ရွံ့စရာ ကောင်းလိုက်တာ၊ ထွီ ... ။ ”

ချင်လင်းက မထီမဲ့မြင် ဟန်ဖြင့်၊ တံတွေး ထွေးချ လိုက်သည်။ မျက်လုံးထဲ အဆင် မပြေ ပါက၊ ချင်လင်း ဟူသည် ချက်ချင်း တုန့်ပြန် တက်သူ ဖြစ်သည်။

ဤအခြေ အနေ အရ၊ သခင်ငယ် ဆိုသူ များက၊ သဲဝါ လွင်ပြင်မှာ ကဲ့သို့၊ လူတိုင်း အပေါ်၊ နှိမ့်ချ နေပေသည်။

ထိုစဉ်က သခင်ငယ် ဆိုသူများ မရှိ သော်လည်း၊ သူတို့ အတွက် ထွက်ရန် ခက်ခဲ ခဲ့သည်။ လင်းယွန် မှာမူ ထိုသို့ မဟုတ်ချေ။

သခင်ငယ် ဆိုသူ များမှာ၊ သုံးယောက် ပေါင်းသော်မှ လင်းယွန်၏ ပါးရိုက် ခြင်းကို၊ ခံခဲ့ ရသည်။

ဓားစာခံ အဖြစ် ဖမ်းဆီး ထားသော၊ မိန်းကလေး တစ်ဦး ကိုပင်၊ လက်လွှတ် လိုက် ရသည်။

အဆုံးတွင် စစ်မက် နယ်မြေမှ တားမြစ် ပုဂ္ဂိုလ်များ ဟူသည်၊ လင်းယွန် ဓားအောက်၌၊ ပေါင်းပင် များသာ ဖြစ်ကြောင်း၊ သိမြင်လာ စေသည်။

လောချန် ခမျာ တိတ်ဆိတ် သွား၏။ လင်းယွန် အမည်သည် အဆင့် သတ်မှတ်ချက် တွင်၊ ရှိနေ ခြင်းမှာ၊ အသက် ရှင်နေ သေး သည်ဟု၊ ဆိုလိုခြင်း ဖြစ်သည်။

သို့သော် ဤပွဲသို့ လာရန် မဖြစ် နိုင်ချေ။ နဂါးတားမြစ် နယ်မြေ အတွင်း၌ ပိတ်မိ နေခဲ့ သည်။

သူနှင့် ချင်လင်း တို့မှာ၊ အခြားသော ထွက်ပေါက် ရှိ-မရှိ၊ အကြိမ်ပေါင်း များစွာ လှည့်ပတ် ရှာဖွေ ပေးခဲ့ ကြသည်။ သို့သော် မတွေ့ချေ။

“ ထား လိုက် ပါ ... ၊ ငါတို့ နောက်ဆုံး တိုက်ပွဲကို၊ လက်လျော့ လိုက်တာ ပိုကောင်း မယ်၊ ဒီလူ တွေက အရမ်း သဘောထား သေးသိမ် ကြတယ်။ ”

လောချန်က သက်ပြင်း ချကာ၊ သတိပေး လိုက်သည်။

“ ငါ နားလည် ပါတယ် ... ။ ”

သူတက်နိုင် သည်များ၊ မရှိတော့ သဖြင့်၊ ချင်လင်း ခမျာ စိတ်ပျက် လက်ပျက်နှင့် ဝန်ခံ လိုက်ရ၏။ ဤသခင်ငယ် များမှာ၊ အမှန်ပင် သန်မာ လှချေသည်။

သခင်ငယ် (၁၀) ပါးက၊ သူတော်စင် ဝိညာဉ် ရေကန်၏၊ အကောင်း ဆုံးသော နေရာ များကို၊ သိမ်းပိုက် လိုက်သည်။

၎င်းတို့ ဆင်းသက် ပြီးမှသာ ကျန်သူများ လှုပ်ရှားလာ ရဲ၏။ ထိုသူများ ကြား လောချန်နှင့် အဖွဲ့လည်း၊ အပါ အဝင် ဖြစ်သည်။

ရင်ဘတ် အထိသာ နစ်မြုပ်သော ရေတိမ်ပိုင်း တစ်နေရာ ကိုသာ လောချန် တို့မှ၊ သိမ်းပိုက်ခွင့် ရချေ ၏။

ထို့နောက် သူတို့၏ ကျင့်ကြံ မှုမှာ၊ လျင်မြန်စွာ မြင့်တက် လာသဖြင့်၊ မျက်နှာများ သိသိ သာသာ ပြောင်းလဲ သွားသည်။

ခန္ဓာကိုယ် အတွင်း၊ ရွှေရောင် အလင်းများ ဝင်ရောက် လာပြီး၊ ကြွက်သား တစ်မျှဉ် ချင်းကို ပို၍ သန်မာ လာစေသည်။ အသက် ရှူ ရုံဖြင့်၊ ပေါက်ကွဲ စွမ်းအားများ ပြည့်လျှံ လာ၏။

“ မယုံနိုင် စရာပဲ။ ”

လေးနက်သော အမူ အရာဖြင့်၊ လောချန်က ရေရွတ် လိုက်သည်။ အုတ်မြစ်မှာ လုံလောက်စွာ ခိုင်မာ နေပါက၊ သူတော်စင် ဝိညာဉ် ရေကန် သည်၊ ထိုသူ၏ ခွန်အား အပေါ်၊ အသွင်ကူး ပြောင်းမှု ပေးနိုင်မည် ဖြစ်သည်။

ခန္ဓာ ကိုယ်ထဲ စီးဝင် နေသော ရွှေရောင် အလင်းမှုန် များမှာ၊ ရေကန်၏ ဗဟို ဒေသမှ လာကြောင်း၊ လောချန် သိသည်။

ရေကန် ဗဟို၏ ကြမ်းပြင်တွင်၊ ‘အရွက် (၉)ရွက် သူတော်စင် သစ်သီး’ ရှိ၏။ ရွှေရောင် အလင်းမှုန် များမှာ၊ ၎င်းသစ်သီးမှ ဆင်းသက် လာခြင်း ပေပင်။

အရွက် ကိုးရွက် ဖြစ်ပေါ် လာရန်၊ နှစ် (၁၀၀၀) ခန့် စောင့်ရမည် ဖြစ်ပြီး၊ အရွက်များ စုံ မှသာ သစ်သီး ရင့်မှည့်မည် ဖြစ်၏။

ယင်းက ရေကန်အား တန်ဖိုး ရှိလာရ စေသည့် အချက်လည်း ဖြစ်လေသည်။ သို့သော် ထိုနေရာအား သခင်ငယ် များမှ သိမ်းပိုက် ထားသဖြင့်၊ မည်သူမျှ မရွေ့ ဝံ့ပေ။

၎င်းတို့၏ ကျေးကျွန် များက၊ မည်သူမျှ အနား ကပ်လာ နိုင်ခြင်း မရှိ စေရန်၊ တားဆီး ထားသည်။

သည်နေ့ ပြီးနောက် ထိုသခင်ငယ် များက၊ ပို၍ သန်မာ လာမည်မှာ၊ မေးခွန်း ထုတ် နေစရာ မလို ချေ။

ယင်းကို တွေးမိ လိုက်သော လောချန်မှာ၊ စိတ်ဓာတ်ကျ သွားသည်။ လင်းယွန် ခမျာ နဂါး တားမြစ် နယ်မြေမှ၊ ရုန်းထွက် နိုင်ခဲ့ လျှင်ပင်၊ သည်သခင်ငယ် များကို၊ ယှဉ်နိုင် တော့မည် မဟုတ်ချေ။

“ မယုံနိုင် စရာပဲ၊ သုံးရက် အတွင်း ပဉ္စမမြောက် ကောင်းကင် ဝိညာဉ် နယ်ပယ်ကို ရောက်နိုင် မယ်လို့ ခံစား မိတယ်။ ”

ချင်လင်းက ရွှင်မြူးစွာ ပြောလာသည်။ အခြားသော ပါရမီရှင်များ ပင်လျှင် စိတ်လှုပ်ရှား နေကြ ပေ၏။

လောချန် မှာမူ စကား တစ်ခွန်းမှ၊ မတုန့် ပြန်ချေ။ သက်ပြင်း တစ်ချက်သာ ချလိုက်ပြီး၊ တိတ်ဆိတ်စွာ ကျင့်ကြံ နေတော့သည်။

များမကြာမီ ရေကန် တစ်ခုလုံး၊ ငြိမ်သက် သွားပြီး၊ အသက် ရှူသံ များသာ ထွက်ပေါ် လာ တော့၏။

လူတိုင်းက ရေကန် ထဲရှိ၊ ရွှေရောင် အလင်းမှုန် များကို သန့်စင် ဖို့ရန်၊ အာရုံစိုက် ကုန်ကြခြင်း ဖြစ်သည်။

သို့သော် လုပ်ငန်းစဉ်သည် လူတိုင်း စိတ်ကူးယဉ် ထား သကဲ့သို့၊ မချောမွေ့ လှချေ။ နေ့ဝက်မျှ ကြာ ပြီးနောက် ရွှေရောင် အလင်းမှုန် များမှာ၊ ပါးလျ သွားသဖြင့်၊ လူတိုင်း မျက်လုံး ဖွင့်ကာ စူးစမ်း လာကြသည်။

ရွှေရောင် အလင်းမှုန် (၁၀) ခု ခန့်ကိုသာ၊ သူတို့ သန့်စင် နိုင်သေးသည်။ နှစ်ရက် အကြာ၌၊ ထိုရွှေရောင် အလင်း မှုန်များ၊ ပျောက်ကွယ် လာပြီ ဖြစ်သဖြင့်၊ နိုးထ လာရ တော့သည်။

မည်သို့ပင် ဆိုစေ ကာမူ၊ လူတိုင်းမှာ ကျင့်ကြံမှု များ၌ အောင်မြင် မှုများ ရရှိ လာပြီး၊ ပို၍ သန်မာ လာကြသည်။

သို့သော် ရေကန်၏ အလယ် ဗဟိုထံ မော့ကြည့် မိချိန်၌၊ သူတို့ အားလုံး စိတ်ပျက် လက်ပျက်၊ ဖြစ်လာ ကုန်သည်။

သခင်ငယ် တိုင်းအား ရွှေရောင် အလင်းမှုန် များက ဖုံးအုပ်လျှက်၊ စွမ်းအင်များ စီးဝင် နေဆဲ ဖြစ်လေသည်။

“ တောက် ... ”

ပဉ္စမ ကောင်းကင် ဝိညာဉ် နယ်ပယ်၌ ပိတ်မိနေဆဲ ဖြစ်သော ချင်လင်းက၊ ဒေါသဖြင့် ကျိန်ဆဲ လိုက်သည်။

ဆဌမ ကောင်းကင် ဝိညာဉ်သို့ ရောက်ရှိရန်၊ ခြေလှမ်း တစ်ဝက် မျှသာ လိုချိန်၌ ထိုရွှေရောင် အလင်း မှုန်များ ကုန်ဆုံး သွားခြင်း ဖြစ်၏။

တစ်ဖက်တွင် ဤအခြေ အနေကို ကြိုတင် ခန့်မှန်း ထားပြီး ဖြစ်သောကြောင့် လောချန်မှာ တည်ငြိမ် နေပေသည်။

သူတော်စင် ဝိညာဉ် ရေကန်ရှိ စွမ်းအင်မှာ၊ ကျင့်ကြံခြင်း အပေါ် များစွာ ထိရောက်မှန်း၊ သူ သိသော်လည်း၊ ခန္ဓာ ကိုယ်အား သန့်စင်ရန် အတွက်သာ၊ အသုံးပြု လိုက်သည်။

ထို့အပြင် ရေကန် ထဲရှိ တာအို သဘော တရားကို၊ သူ ခံစား နိုင်သည်။ အရွက် ကိုးရွက် သူတော်စင် သစ်သီးသည်၊ အနှစ် တစ်ထောင် သက်တမ်း ရှိသော သူတော်စင် သစ်ပင် ဖြစ် သောကြောင့်၊ ၎င်းကို ဖွဲ့တည် နိုင်ပုံ ရ၏။

သို့သော် ထိုတာအို သဘော တရား များမှာ၊ သူနှင့် အလှမ်း ဝေးနေ သဖြင့်၊ နားမလည် နိုင်ခဲ့ သည်မှာ၊ စိတ်မကောင်း စရာ ပေပင်။

သခင်ငယ် များ သည်သာ၊ ၎င်းအခွင့် အရေးကို၊ ရရှိနိုင် ပေမည်။ ဤအခိုက်တွင် သခင်ငယ် များ နောက်ကျော၌ သက်တံ တစ်စင်း ပေါ်လာ၏။

“ အိုး ငါ့ ကောင်းကင် ... ၊ သူတို့က သန်မာ လာရုံသာ မကဖူး၊ သိုင်း ရည်ရွယ်ချက် တွေပါ၊ ပြောင်းလဲ သွားတာပဲ။ ”

“ သူတို့ရဲ့ ... ၊ စင်ကြယ်သော ဝိညာဉ်တော် တေွပါ ပြောင်းလဲ နေပြီ။ ”

“ မယုံနိုင် စရာပဲ ... ၊ သူတို့ ဘယ်လိုများ လုပ်နိုင်ခဲ့ တာလဲ။ ”

ဤအရာကို မြင်သော အခါတွင်၊ လူ များစွာက၊ မျက်နှာများ ပြောင်းလဲ သွား၏။ သူတော်စင် ဝိညာဉ် ရေကန်၏၊ သက်ရောက်မှု များမှာ၊ တာအို သဘော တရားများ၊ ပါဝင် နေလိမ့် မည်ဟု၊ သူတို့ မထင် မိချေ။

ရုတ်တရက် ရေပြင် တစ်လုံး တုန်လှုပ်သွားသည်။ ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ ဆဋ္ဌမ ကောင်းကင် ဝိညာဉ် နယ်ပယ်သို့၊ ထိုးဖောက် ဝင်ရောက် သွားခြင်း ဖြစ်၏။

ထို့ကြောင့် ကောင်းကင် ဒုက္ခ အဖြစ်၊ ကြယ်မိစ္ဆာ ပန်း စတင် ပေါ်ပေါက် လာသော အခါတွင်၊ လူတိုင်း စိတ်လှုပ်ရှား လာလေသည်။

“ ကြယ်မိစ္ဆာ ပန်း တွေ ... ။ ”

ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ ၎င်းကို နှိမ်နင်းကာ၊ စိုက်ပျိုး လိုပုံ ရသည်။ လင်းယွန်၌ ကြယ်မိစ္ဆာ ပန်းများ၊ သူ့ထက် ပိုများ နေခြင်း သည်၊ နာကျင် စေ၏။

ကြယ်မိစ္ဆာ ပန်းများ ကြောင့်သာ၊ လင်းယွန်၏ ပါးရိုက် ခြင်းအား၊ ခံစားခဲ့ ရခြင်း ဖြစ်သည်။

လင်းယွန်တွင် (၈) ပွင့် ရှိသဖြင့်၊ (၉) ပွင့် အထိ၊ စိုက်ပျိုး ထားလို၏။ သို့မှသာ လင်းယွန် လွတ် လာသည် ရှိသော်၊ ခံစားခဲ့ ရသော အရှက် တရား အတွက်၊ ပြန်လည် ရယူ နိုင်မည် ဖြစ်လေသည်။

***

All Chapters