← Chapters

အသက် ဆုံးရှုံး စရာ မရှိ ပါဘူး။

Vol. 77 Ch. 1067

အသက် ဆုံးရှုံး စရာ မရှိ ပါဘူး။

Vol. 77 Ch. 1067

ထိုအချိန်တွင် လင်းယွန်မှာ၊ ပဉ္စမမြောက် ကောင်းကင် ဝိညာဉ် နယ်ပယ်ကို ဖြတ်ကျော် နေပြီ ဖြစ်သည်။

နှင်းဦးရည် အစက် (၂၀) အား သန့်စင် ခဲ့သဖြင့်၊ ဒုက္ခ အတွင်း ကြယ်မိစ္ဆာ ပန်း (၇)ပွင့် စိုက်ပျိုး နိုင်ခဲ့သည်။

ရောင်ဝါ သမုဒ္ဒရာ တစ်စင်း စီတွင် (၃)ပွင့် အထိ၊ စိုက်ပျိုး လာနိုင်ကာ၊ စုစုပေါင်း (၁၅) ပွင့် ဖြစ်လာပြီ ဖြစ်သည်။

ထို့နောက် ကြယ်မိစ္ဆာ ပန်း၏ ပုံရိပ်များ လေထဲ လွင့်ဝဲ လာပြီး၊ ပွင့်ချပ် ပင်လယ်ကြီး အဖြစ် ပြောင်းလဲ လာ၏။

ကြယ်မိစ္ဆာ ပန်း (၁၅) ပွင့်ဖြင့်၊ ဖွဲ့စည်း ထားသော ကြောင့်၊ ၎င်းဖိအားမှာ ကြောက်စရာ ကောင်းချေပြီ။

“ လေတောင်ကုန်း မြို့မှာ ရှိနေစဉ်၊ အချိန် ကထက်၊ ငါ့ ခွန်အားက ငါးဆလောက် ပိုသန်မာ လာပြီ။ ”

လင်းယွန်က ဂုဏ်ယူ စွာဖြင့်၊ သူ့ခွန်အား အပေါ်၊ သုံးသပ် မိသည်။ သူ့ မျက်ဝန်း တစ်စုံမှာ တောက်ပ လျက်၊ ပတ်ဝန်းကျင် လေဟာနယ်ကို တုန်ခါ စေ၏။

ဓား ရည်ရွယ် ချက်ကို၊ ပြန်၍ ဖွဲ့စည်း လာနိုင်ပြီ ဖြစ်ပြီး၊ စင်ကြယ်သော ဝိညာဉ်တော် သည်လည်း၊ အားကောင်း လာခဲ့သည်။

ကျင့်ကြံမှု အဆင့် အရ၊ အထင် ကြီးစရာ မဟုတ် သော်လည်း၊ ဤကောင်းကင် ဓားသည် ပြိုင်ဘက် တိုင်းကို အနိုင် ယူရန်၊ လုံလောက် ချေပြီ။

ယခုတွင် နှင်းဦးရည် အစက် (၂၀)ကို သန့်စင် ထားပြီး သဖြင့်၊ အုတ်မြစ် အရလည်း၊ သခင်ငယ် များကို ယှဉ်နိုင်ပြီ ဖြစ်၏။

နှင်းဦးရည်၏ သက်ရောက်မှု များသည် သူတော်စင် ဝိညာဉ် ရေကန်ထက်၊ ပို၍ အကျိုး သက်ရောက်မှု ရှိ ချေသည်။

ပန်း ပင်လယ် အတွင်း ရပ်နေသော လင်းယွန်က၊ နေ နတ်ဘုရား လက်သီးနှင့်၊ လ နတ်ဘုရား လက်သီးကို လေ့ကျင့် လိုက်သည်။

သူ့ လက်သီးမှ ထွက်ပေါ် လာသော အလင်းသည်၊ ပတ်ဝန်းကျင် တစ်ခုလုံး အပေါ်၊ တောက်ပ လာစေ၏။

တစ်ဆက်တည်း မှာပင်၊ အနားရှိ အဆောက် အအုံများ ထက်၌ အက်ကွဲ ကြောင်းများ ပျံ့ကျဲ ထင်ဟပ် လာသည်။

“ ပြန် လာ ခဲ့ ... ။ ”

ပန်း ပင်လယ် ကြီးကို၊ ခန္ဓာ ကိုယ်ထဲ ပြန်ထည့် လိုက်သော်လည်း၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် များက၊ လေထု အတွင်း ကျန်ရှိ နေဆဲ ဖြစ်၏။

ဤမြင်ကွင်းမှာ ထူးခြား လှသဖြင့်၊ ယွဲ့ဝေဝေက တစ်ချက် ကြည့်ကာ၊ သက်ပြင်း ချ လိုက်သည်။

ကြယ်မိစ္ဆာ ပန်း (၇) ပွင့်အား၊ စိုက်ပျိုး ခဲ့သော လင်းယွန်၏ လုပ်ရပ်မှာ၊ အန္တရာယ်ကြီး လှ သဖြင့်၊ သူမအား အသက်ရှူ ရပ်သွား စေသည်။

သို့သော် ယခု ကဲ့သို့၊ အောင်မြင်စွာ ထိန်းချုပ် နိုင်သည်ဟု မြင်လိုက်ရ သောကြောင့်၊ ဝမ်းသာမိ သည်မှာ အမှန် ပေပင်။

ထို့စဉ် လင်းယွန်မှာ သူမ ရှေ့၌ ရိပ်ခနဲ ထွက်ပေါ် လာသည်။

“ အစ်ကိုကြီး ယွန် ... ၊ မင်း အခု ဘယ်လို ခံစား ရလဲ။ ”

ချစ်စရာ ကောင်းသော အပြုံးအား ထုတ်ဖော်လျက်၊ ယွဲ့ဝေဝေက စကား ဆိုသည်။

“ ရောင်ဝါ သမုဒ္ဒရာ ... တစ်စင်း စီမှာ ရှိတဲ့၊ ကြယ်မိစ္ဆာ ပန်း သုံးပွင့်ဟာ အခု အချိန်မှာ၊ ငါ့ရဲ့ အကန့် အသတ်ပဲ၊ ... ”

“ ... ကောင်းကင် ဝိညာဉ် ကွျမ်းကျင်သူ တစ်ယောက်ရဲ့၊ အမြင့်ဆုံး ကန့်သတ်ချက်က (၇) ပွင့်လို့ သိထားတယ်။ ”

လင်းယွန်က အားလေျာ့ စွာဖြင့် ဆိုသည်။

“ ခွန်လွန်ဘုံ မှာတောင် ... ၊ ဒီလို ... နိမ့်ကျတဲ့ ကျင့်ကြံ မှုမျိုး မဆိုနဲ့၊ ကျင့်ကြံမှု မြင့်မားတဲ့ လူတွေ ကတောင် ... ၊ အောင်မြင်ဖို့ ဆိုတာ ရှားပါတယ်။ ”

ယွဲ့ဝေဝေက စိတ် မသက် မသာ ဖြစ်နေသော လင်းယွန်အား နှစ်သိမ့် လိုက်ပြီး၊

“ ခစ် ခစ် ခစ် ... ၊ အစ်ကိုကြီး ယွန် ... ၊ မင်းက အရမ်းကြောက် စရာ ကောင်းနေပြီ။ ”

-ဟု နောက်ပြောင် လိုက်တော့သည်။

လင်းယွန်က စကား ပြန်မဆို ခဲ့ချေ။ ယွဲ့ဝေဝေ၏ အပြုံးမှာ၊ သူ့အတွက် အလွန် စွဲဆောင်မှု ရှိချေပြီ။

“ သွား ရ အောင် ... ၊ နောက်ဆုံး တိုက်ပွဲ ဝင်ဖို့ အချိန် ကျပြီ။ ”

တိတိ ပပ ဆိုရပါမူ၊ လူ အချို့အား သတ်ရန် အချိန် ကျပြီ ဖြစ်၏။

ထိုအချိန်တွင် ဝိညာဉ် ရေကန် အတွင်းရှိ သခင်ငယ်များ ထံမှ၊ ကြောက်မက်ဖွယ် အငွေ့ အသက်များ ထွက်လာ နေသဖြင့်၊ လူတိုင်း မနာ လိုစွာ ကြည့်လိုက် မိကြသည်။

၎င်းတို့ အားလုံးမှာ၊ ပဉ္စမ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ အထွတ် အထိပ်သို့ ရောက်ရှိ နေခဲ့ ကြပြီး၊ အချိန် မရွေး အောင်မြင်မှုများ ပြုလုပ် နိုင်တော့ မည့်ဟန် ပြသ လာ၏။

သို့ရာတွင် သူတို့ အားလုံးက၊ အခြေခံ အုတ်မြစ်ကို ပို၍ နက်ရှိုင်း တည်ငြိမ် စေရန်၊ ရွေးချယ် ခဲ့ကြပြီး၊ အဆုံး၌ ဒုက္ခကို ခံယူလိုက် ကြသည်။

မိုးကြိုး တိမ်တိုက်များ ကောင်းကင်တွင်၊ စုရုံးလာ သည်နှင့် အမျှ၊ ကြယ်မိစ္ဆာ ပန်းများ ဖြစ်တည် လာ၏။

ထိုပန်း များ၌ ပေါက်ကွဲ စွမ်းအားများ ပြည့်နှက် နေသဖြင့်၊ ပဉ္စမ ကောင်းကင် ဝိညာဉ် ကျွမ်းကျင် သူကို၊ မီးလောင် ပြာကျ သွားစေ နိုင်မည်။

သို့သော် သခင်ငယ် များက မမှုချေ။ ကြယ်မိစ္ဆာ ပန်း များကို စွဲယူကာ၊ ရောင်ဝါ သမုဒ္ဒရာများ အတွင်း၊ ပေါင်းစည်း လိုက်သည်။

ထိုဖြစ်စဉ်မှာ အံ့မခန်း ပေပင်။ သခင်ငယ် များပါ၊ နောက်ဆုံး တိုက်ပွဲ ဝင်ရောက် မည်ဟု ကြားချိန်၌၊ လူတိုင်း ဂရု မစိုက်ခဲ့ ကြချေ။

သို့သော် သဲဝါ လွင်ပြင်တွင်၊ ပိတ်မိ ပြီးနောက်၊ သူတို့နှင့် သခင်ငယ် များကြား ကွာဟချက် အပေါ်၊ အနည်းငယ် နားလည် လာခဲ့သည်။

ယခု မြင်ကွင်းသည်၊ သူတို့အား ပို၍ စွမ်းအားမဲ့ သွား သကဲ့သို့၊ ခံစား လာရ စေ၏။

“ သူတို့က တဆိတ် သန်မာ လွန်းတယ် မဟုတ်လား … ။ ”

ချင်လင်း တစ်ယောက် ကူကယ်ရာ မဲ့စွာ ပြုံးမိသည်။ ငရဲ နတ်ဘုရား သခင်ငယ် အပေါ်၊ မကျေနပ် သော်လည်း၊ ဘာမျှ မတတ် နိုင်ချေ။

၎င်းတို့အား အဓိပ္ပာယ် မဲ့စွာ ငေးကြည့် နေမိသည်။ ဤဒုက္ခကို ဖြတ်ကျော် ပြီးနောက်၊ လင်းယွန်အား အဝေးတွင် ထားခဲ့ နိုင်တော့ ပေမည်။

ငရဲ နတ်ဘုရား သခင် ငယ်မှာ၊ နောက်ဆုံးသော ကြယ်မိစ္ဆာ ပန်းကို ချေမှုန်း ကာ၊ ပြုံးရွှင် သွားသည်။

“ သူ တကယ် အောင်မြင် သွားပြီ၊ ဒါ သတ္တမ ပန်းပွင့်ပဲ မဟုတ်လား။ ”

“ ဟုတ်တယ် အခု သူ့မှာ ပန်းဆယ်ပွင့် ရှိနေပြီ။ ”

“ လင်းယွန်က သူ့ကို တော်တော် နာကျင် စေပုံ ရတယ်။ ”

“ လက်ရှိ အင်အား အရ ဆိုရင်၊ လင်းယွန် ပေါ်လာ ခဲ့ရင်တောင်၊ သူ့ကို အနိုင်ယူ နိုင်တော့ မှာ မဟုတ်ဘူး။ ”

“ ငရဲ နတ်ဘုရား သခင်ငယ်က၊ သူ့ အသက်ကို လောင်းကြေး ထပ်ထားပုံ ရတယ်။ ”

ကြယ်မိစ္ဆာ ပန်း များသည်၊ အန္တရာယ်များ လှသဖြင့်၊ ပဉ္စမ ပန်းအား ချေမှုန်းပြီး ချိန်၌၊ ငရဲ နတ်ဘုရား သခင်ငယ်၏ ကန့်သတ် ချက်သို့ ရောက်ရှိသွား သည်ဟု၊ ထင်မြင် မိကြသည်။

သို့သော် သတ္တမမြောက် ပန်းကို နှိမ်နင်း ပြကာ၊ လူတိုင်း အမြင် မှားယွင်း နေကြောင်း၊ သက်သေပြ ခဲ့သည်။

“ ဟား ဟား ဟား ... ။ ”

ဖြစ်စဉ်များ ပျောက်ကွယ် ကုန် ပြီးနောက်၊ ငရဲ နတ်ဘုရား သခင်ငယ်မှ၊ ကျယ်လောင်စွာ အော်ဟစ် ရယ်မော လိုက်၏။

ထို့နောက် ဂုဏ်ယူ ဝံ့ကြွားသော မျက်လုံး များဖြင့်၊ အခြား သခင်ငယ် များထံ၊ လှည့်၍ စစ်ဆေး လိုက်သည်။

အင်ပါယာ ငှက်မွှေး သခင်ငယ် ကိုပင်၊ တစ်ချက်မျှ လှမ်းကြည့် လိုက်မိ၏။ အင်ပါယာ ငှက်မွှေး သခင်ငယ်မှာ၊ သူ့အား ပြန်၍ စိုက်ကြည့် လာသည်။

သူတော်စင် ဝိညာဉ် ရေကန်ထဲ၊ မဝင်မီ နှစ်တစ်ထောင် သက်တမ်း ရှိသော သူတော်စင် ဆေးပင်ကို စားသုံးခဲ့ သောကြောင့်၊ အင်ပါယာ ငှက်မွှေး သခင်ငယ်မှာ၊ ငရဲ နတ်ဘုရား သခင် ငယ်အား၊ အကြောက်ချေ။ လျှို့ဝှက်စွာ ပြုံးမိ၏။

ထို့စဉ် ငရဲ နတ်ဘုရား သခင်ငယ်၏ အကြည့်မှာ၊ သူ့ ထံမှ ဖယ်ခွာ သွားပြီး၊ လေထဲ အတွင်း ချိတ်ဆွဲ ထားသော၊ နာမည် စာရင်းထံ ကျရောက် သွားသည်။

ရေစက်ကြီး အတွင်း၌၊ ပထမ နေရာတွင်၊ လင်းယွန် အမည်မှာ ရှိနေဆဲ ဖြစ်သည်။ ၎င်းက များစွာ တောက်ပ လွန်း သဖြင့်၊ မမြင် သလို နေ၍ မရချေ။

လေတောင်ကုန်း မြို့ တိုက်ပွဲ အပြီး၌၊ သခင်ငယ် ဟူသော သူတို့ (၁၀) ယောက်မှာ၊ လင်းယွန် အမည်အောက် ရောက်ရှိ စေခဲ့ ပုံရသည်။

ယင်းက သူကို နာကျင် စေ၏။ ထို့ပြင် လင်းယွန် မသေ သေးကြောင်း ပြောရာလည်း ရောက်သည်။

တားမြစ် နယ်မြေမှ အပြန်တွင်၊ တစ်ဖက် လူသည်၊ သေဆုံး သွားပြီဟု ကြေငြာခဲ့ မိသော သူ့ လုပ်ရပ်မှာ၊ ရှက်စရာ ပေပင်။

“ ဒီ ကောင်ရဲ့ နာမည်က ... ၊ တကယ်ကို မျက်စိ စပါးမွှေး စူးစရာပဲ။ ”

တော်ဝင် နဂါး သခင်ငယ်နှင့် ယင်ယန် သုခဘုံ သခင်ငယ်မှာ၊ ကြယ်မိစ္ဆာ ပန်း (၅) ပွင့် ကို သန့်စင် ပြီးနောက်၊ သူ့ဘေး ရောက်ရှိ လာသည်။

“ သူ့ နာမည် ဘယ်လောက်ပဲ၊ တောက်ပ နေပါစေ၊ နဂါး တားမြစ် နယ်မြေ ထဲမှာ သူရှိနေ ရတုန်း မဟုတ်လား။ ”

ယင်-ယန် သုခဘုံ သခင်ငယ်မှ ဆို လိုက်သည်။ သူတို့ နှစ်ယောက်မှာ သန်မာ လာသည် မှန်သော်လည်း၊ ငရဲ နတ်ဘုရား သခင်ငယ်က၊ ပိုချေ၏။

ခွန်အား အရာ၌ နားမလည် နိုင်သော အဆင့် သို့ပင် ရောက်ရှိ လာခဲ့သည်။ ထို့ကြောင့် ချန်ပီယံ ဆုသည် သူ့ အတွက် ဖြစ်၏။

ငရဲ နတ်ဘုရား သခင်ငယ်က၊ အေးစက်စွာ ပြုံးလိုက်ပြီး၊

“ သူ ထွက်လာနိုင် ပါစေလို့၊ ငါ တကယ် မျှော်လင့် မိတယ်၊ လေတောင်ကုန်း မြို့တော်မှာ တုန်းက ... ငါ သိပ် မပျော် လိုက်ရဘူး။ ”

-ဟု ဆိုလိုက် တော့၏။

ထိုစကား များကြောင့်၊ အခြားသော သခင်ငယ် များက၊ ထူးခြားသည့် အသွင်ဖြင့်၊ လှည့်ကြည့် လာသည်။

လင်းယွန်မှ ရက်ရက် စက်စက် ပါးရိုက် လိုက်သော၊ ဖြစ်စဉ်ကို ချက်ချင်း ပြန်မြင်ယောင် လာပြီး၊ မျက်နှာလွှဲ လိုက် ကြ၏။ ဤသည်ကို သည်လူမှ၊ ပျော်စရာဟု ထင်နေ သည်လော။

လေးနာရီ ကုန်လွန် ပြီးနောက်၊ အကြီးအကဲ တစ်ဦး၏ အသံ ပြန်လည် ထွက်ပေါ် လာသည်။

“ အချိန် ကျပြီ ... ၊ နောက်ဆုံး တိုက်ပွဲ မဝင်ချင် သူတွေ ထွက်သွား နိုင်ပါတယ်၊ ငါတို့က ပြိုင်ပွဲကို ကြီးကြပ် မှာမို့၊ ... ”

“ ... အသက် အတွက် စိုးရိမ် နေစရာ မရှိ ပါဘူး၊ တစ်ယောက် ယောက်က ရှုံးနိမ့် တာကို ဝန်ခံနေ သရွေ့၊ ပြိုင်ဘက်က ရပ်တန့် ပေးပါ။ ”

လူများ စွာက ချီတုံ ချတုံ ဖြစ်လာ ကြသည်။ အသက် ဆုံးရှုံး စရာ မရှိဟု၊ ဆိုသော် ငြားလည်း၊ ထိုသို့ ဝန်မခံ နိုင်မီ၊ တစ်ဖက် လူမှ သတ်ရန်၊ လုံလောက် ချေမည်။

***

All Chapters