အနိုင်ကျင့် ခံရခြင်း။
Vol. 77 Ch. 1068
နောက်ဆုံး တိုက်ပွဲတွင် အသက် အတွက် ကိုယ်ပိုင် စဉ်းစား ကြရန်၊ အကြီး အကဲ များက သတိပေး လာခြင်း ဖြစ်သည်။
သို့သော် လူအများ အပြားမှာ၊ သူတော်စင် ဝိညာဉ် ရေကန်မှ အကျိုး ကျေးဇူး များစွာ ရရှိခဲ့ သောကြောင့်၊ အကျပ်ရိုက် ကုန်ကြ၏။
ရရှိ ထားသော အကျိုး ကျေးဇူး များသည် သခင်ငယ် များနှင့် နှိုင်းယှဉ် နိုင်ဖွယ် မရှိသော် ငြားလည်း၊ များပြား နေဆဲ ဖြစ်သည်။
သုံးရက်ခန့် ပြန်လည် သန့်စင်ရန် လိုအပ်သော ဝိညာဉ် စွမ်းအင် ပမာဏကို ရရှိထား ပေ၏။
ထို့ကြောင့် မဖြစ် နိုင်သော ပြိုင်ပွဲသို့ အသက်နှင့် လောင်းကြေး ထပ်ရန် ဆန္ဒ မရှိ ကြချေ။ သို့သော် ပြိုင်ပွဲကို စွန့်လွှတ် ခြင်းသည်၊ ခွန်လွန် ဘုံကို စွန့်လွှတ်ခြင်း မည်၏။
“ နောက်ဆုံး တိုက်ပွဲ အတွက် ... ၊ စည်းမျဉ်း တွေက ရိုးရှင်တယ်၊ အရွက်ကိုးရွက် သူတော်စင် သစ်သီးက တစ်နာရီ အတွင်း၊ ရင့်ကျက် လာ လိမ့်မယ်၊ ... ”
“ ... လွန်ခဲ့သည့် နှစ်ပေါင်း (၉၀၀၀) တိုင်တိုင်၊ စုဆောင်း ထားတဲ့ ပန်း ရနံ့တွေ အားလုံးက၊ ပန်း သူတော်စင် အရည် အဖြစ် ပေါင်းစည်း သွားလိမ့်မယ်၊ ... ”
“ ... နောက်ဆုံး တိုက်ပွဲရဲ့ ... ၊ အဆင့် သတ်မှတ် ချက်ကို၊ အဲ့ဒီ ပန်းသူတော်စင် အရည် ပမာဏနဲ့၊ ဆုံးဖြတ် ပေးမှာပဲ။ ”
ပန်း သူတော်စင် အရည်အား၊ အများဆုံး ရရှိမည့် သူမှာ၊ ချန်ပီယံ ဖြစ်မည်။ ထိုချန်ပီယံ မှသာ၊ မဟာ ဂိုဏ်းကြီး များ၏ အာရုံ စိုက်မှုကို ခံရ ပေမည်။
ထို့ကြောင့် သစ်သီး ရင့်မှည့် လာပါက ပြိုင်ဆိုင်မှု ပြင်းထန်ကာ၊ သွေးထွက် သံယို ဖြစ် ရပေ လိမ့်မည်။
လူတိုင်း တွန့်ဆုတ် ကုန်ပြီး၊ သို့လော သို့လော ဖြစ်လာ ကုန်သည်။ အရှုံး မပေး ပါက ပန်း သူတော်စင် အရည် အချို့ကို၊ ရရန် အခွင့် အရေး ရှိနိုင်၏။
ပန်းသူတော်စင် အရည် ဟူသည်၊ ရေကန် အတွင်းရှိ ရွှေရောင် အလင်းမှုန် များထက်၊ ပို၍ တန်ဖိုး ရှိချေပြီ။
“ အစ်ကိုလော ... ၊ အခု ငါတို့ ဘာလုပ် သင့်လဲ။ ”
ချင်လင်း မေးခွန်းကြောင့်၊ ကျန်သူများ ကလည်း၊ လောချန်ထံ လှည့်ကြည့် လာသည်။ သူတို့ အားလုံးက လောချန်အား ခေါင်းဆောင် အဖြစ် သတ်မှတ် ထား၏။
လောချန်မှာ လေးလေး နက်နက် တွက်ဆနေ မိသည်။ ပန်း သူတော်စင် အရည်၏ သွေးဆောင် မှုကို ခံနေရ သောကြောင့်၊ တိုက်ပွဲ အတွင်း လူတိုင်း ပါဝင် လိုကြသည်။
သို့သော် လေထု အတွင်း ဆိုးရွားသော ခံစား ချက်ကို၊ သူရရှိ နေသည်။
“ စွန့် လိုက် ပါ ... ၊ ငရဲ နတ်ဘုရား သခင်ငယ်က၊ ငါတို့ကို ချမ်းသာ ပေးမှာ မဟုတ်ဘူး။ ”
လွန်ခဲ့သော ရက် အနည်းငယ် ခန့်က၊ ငရဲ နတ်ဘုရား သခင်ငယ် ထံမှ၊ သတ်ပစ် လိုသည့် ရောင်ဝါကို သူ သတိထား မိခဲ့သည်။
ချင်လင်းနှင့် အဖွဲ့မှာ တွန့်ဆုတ် နေ သော်လည်း၊ လောချန် စကား အတိုင်း လိုက်နာ ကျ၏။
သူတို့ အဖွဲ့ လက်လျှော့ လိုက်သည်ကို မြင်သော အခါ၊ လူတိုင်း လှည့်ကြည့် လာသည်။ လောချန်မှာ နာမည် မရှိသူ တစ်ဦး မဟုတ်ချေ။
နဂါး ပြည်နယ်၏ ထိပ်တန်း ပါရမီရှင် ဖြစ်သည်။ ထို့ကြောင့် ကမ်းစပ်ထံ ဦးတည် သွားနေ သည်ကို မြင်ချိန်၌၊ အံသြ ကုန်ခြင်း ဖြစ်၏။
“ သူတို့ လက်လျှော့ သွား တာ လား၊ အဓိပ္ပါယ် မရှိဘူး …။ ”
“ လောချန်၊ ချင်လင်းနဲ့ ကျွင့်မုန်ချန်က ခရမ်းရောင် အဆင့်ရဲ့၊ ထိပ်ဆုံး နှစ်ဆယ်ကို တက်ရောက်ဖို့ အရည် အချင်း ရှိတယ်၊ ... ”
“ ... လောချန်ဆို ထိပ်ဆုံး ဆယ်ယောက် ထဲတောင် ပါသွား နိုင်တယ်၊ ဒီလို အခွင့် အရေး ကို၊ ဘာလို့ စွန့်လိုက်ကြတာ ပါလိမ့်။ ”
“ လက်မလျော့လို့ ဘာများ လုပ်နိုင်ဦး မှာလဲ၊ လင်းယွန်နဲ့ သူတို့ရဲ့ ပတ်သတ် မှုကို လူတိုင်း သိနေ တာပဲ မဟုတ်လား၊ ... ”
“ ... နဂါး သွေးရည် ကြည်နဲ့၊ သွေး မီးတောက် ဆေးလုံး တွေကို သူတို့က လင်းယွန် အတွက်၊ ဝယ်ပေး ခဲ့ဖူး တယ်လေ။ ”
လူတိုင်းက လောချန်နှင့် အဖွဲ့အား၊ စာနာ စွာဖြင့်၊ ကြည့်လာ ကြသည်။ ငရဲ နတ်ဘုရား သခင်ငယ် ကဲ့သို့သော လူမျိုးသည်၊ လောချန် တို့အား လွယ်လွယ် ကူကူ လွှတ်ပေးမည် မဟုတ်ကြောင်း၊ သူတို့ သိ၏။
လင်းယွန် အမည်မှာ ချန်ပီယံ နေရာ၌ ရှိနေ သမျှ ကာလ ပတ်လုံး၊ ဤကိစ္စကို မေ့ပျောက်နိုင် ကြမည် မဟုတ်ချေ။
“ ရောက်ပြီ တက်ရအောင် ... ။ ”
ကမ်းစပ်နား ရောက်မှသာ လောချန်တို့ တစ်ဖွဲ့လုံး သက်ပြင်းချ လိုက်မိသည်။ သို့သော် အေးစက်သော အငွေ့ အသက် များက၊ သူတို့ အပေါ် ရုတ်တရက် လွှမ်းခြုံ လာ၏။
“ မင်းတို့က ထွက်သွားချင် တာလား၊ သနား စရာ ကောင်းလိုက်တာ ... ။ ”
ငရဲ နတ်ဘုရား သခင် ငယ်က သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ ကောင်းကင်မှ ညင်သာစွာ ဆင်းသက် လာသည်။
ထုတ်ဖော် ထားသော သူ့ ဖိအားကြောင့်၊ လောချန်မှ လွဲပြီး၊ လူတိုင်း သွေးအန် လွင့်စဉ် ကုန်၏။
“ ငရဲ နတ်ဘုရား သခင်ငယ် ... ၊ ငါတို့က အရှုံးပေး လိုက်ပြီပဲ၊ မင်း ဒီလောက်ထိ လုပ်ဖို့ လို လို့လား။ ”
ဖိအားကြောင့် အံကြိတ်လျက် လောချန်မှ မေးခွန်း ထုတ်လိုက်သည်။
“ မင်း ဒီလောက် အထိ ... ၊ အသံ အကျယ်ကြီး အော်ဟစ် နေစရာ မလို ပါဘူး၊ လက်လျှော့ လိုက်ပြီး တည်းက၊ ... ”
“ ... ဘယ် အကြီးအကဲ ကမှ၊ မင်းတို့ကို စိတ်ဝင်စား တော့မှာ မဟုတ်ဖူး ဆိုတာ သိထား ပါ၊ လေးမျက်နှာ မြို့မှာ တုန်းက လင်းယွန်ကို ကူညီပေး ခဲ့တာ မင်း မဟုတ်လား။ ”
“ ဟုတ်တယ် အဲ့ဒါ ငါပဲ ... ၊ သူတို့ မပါဘူး။ ”
“ ဟား ဟား ဟား၊ ကောင်းတယ် ကောင်းတယ်၊ အရမ်း ကောင်းတယ်၊ မင်းလို ရိုးသားပြီး သတ္တိ ရှိတဲ့ လူတွေကို၊ ငါ သဘော ကျတယ်၊ အခု ဒူးထောက် ပါ။ ”
ငရဲ နတ်ဘုရား သခင်ငယ်က လက်ကို မြှောက်ကာ၊ လောချန်အား ဖိအားပေး လိုက်၏။ သူ မည်မျှ သန်မာ သည်ကို၊ အရိုးများ ကွဲအက် လာသော လောချန် အဖြစ်က၊ သက်သေပြ နေသည်။
“ ဖြန်း ... ။ ”
ကျယ်လောင်သော ပါးရိုက်သံ ထွက်ပေါ် လာပြီး၊ သွေးအန်လျက် လောချန် ခမျာ အဝေး သို့၊ လွင့်စဉ် သွား၏။
သို့သော် ငရဲ နတ်ဘုရား သခင်ငယ်က၊ အလွတ် မပေးလို ဟန်ဖြင့်၊ နောက်ပါးမှ လိုက်ပါ ပျံသန်း လာသည်။
“ အစ်ကို လော ... ။ ”
ချင်လင်းနှင့် အဖွဲ့မှာ၊ စိုးရိမ် တကြီး အော်ဟစ် လိုက် ကြသည်။ ငရဲ နတ်ဘုရား သခင်က အထင် အမြင် သေးစွာဖြင့်၊ သူတို့ အဖွဲ့အား တစ်ချက် ဝေ့ကြည့်ကာ၊
“ ဒူးထောက်ဖို့ ... ၊ မင်းကိုယ်တိုင် လုပ်မလား၊ ဒါမှ မဟုတ် ငါ မင်းကို ကူညီပေး ရမလား။ ”
“ မဟုတ်ဘူး ... ငါ လုပ်မှာပါ၊ ငါ့ မှာသာ တာဝန်ရှိ တာပါ၊ ငါ ဒူးထောက် တောင်းပန် ပါ့ မယ်။ ”
ချက်ချင်း ဒူးထောက် လိုက်သော လောချန်ကြောင့်၊ ချင်လင်းနှင့် အဖွဲ့မှာ မျက်ရည်များ ဝိုင်းလာ တော့၏။ ပရိသတ် များပင်၊ ခေါင်းယမ်း လာကုန်သည်။
ပထမ တန်းစား ပါရမီရှင် အများ စုသည် ဤသို့ အရှက်ခွဲ ခံစား ရမည့် အစား၊ သေခြင်း တရား ကိုသာ ရယူလို ကြသည်။
တစ်ချိန်တည်း မှာပင် ငရဲ နတ်ဘုရား သခင်ငယ်၏ ရောင်ဝါ သမုဒ္ဒရာရှိ၊ ကြယ်မိစ္ဆာ ပန်း များအား ပြန်မြင်ယောင် လာကာ၊ သက်ပြင်းချ လိုက်မိ၏။
“ ဟုတ်ပါတယ် ... ၊ ငါ မင်းကို အပြစ် မပြုသင့် ပါဘူး၊ မင်း ငါတို့ကို သဘောထား ကြီးကြီးနဲ့၊ ခွင့်လွှတ် ပေးလို့ ရမလား။ ”
လောချန်က တစ်ဖက်လူ ဘာလိုချင် နေသည်ကို သိသဖြင့်၊ လိုလို လားလားပင် တောင်းပန် ပေး လိုက်သည်။
သို့သော် ငရဲ နတ်ဘုရား သခင်ငယ်မှ၊ ကျေနပ်ပုံ မရချေ။ သူ့ လက်ကို မြှောက်ကာ၊ ထပ်ရိုက် လိုက် ပြန်သည်။
“ ဟား ဟား ဟား ... ၊ မင်းက အမှားကို သိပြီ ဖြစ်တဲ့ အတွက်၊ ငါ ပါးရိုက် တာကို စိတ် မဆိုးဖူး မဟုတ်လား။ ”
ထိုစကားက လောချန်ကို၊ ဒေါသ ထွက်လာ စေ၏။ လက်သီးကို တင်းကြပ်စွာ ဆုပ် လိုက်ပြီး၊ မျက်လုံးများ နီရဲ လာသည် အထိ၊ ထိန်းနေ ရသည်။
လင်းယွန်မှ သူ့ အသက်အား၊ ကယ်တင် ပေးခဲ့သည်။ ထို့ကြောင့် အသက် ပေးရန် အထိ ပင် ဆန္ဒရှိ နေရာ၊ တွေဝေ နေစရာ မရှိချေ။
သူ စိုးရိမ်နေ သည်မှာ ပယင်း နယ်မြေမှ လာသော လင်းယွန်၏ သူငယ်ချင်းများ အတွက် ဖြစ်သည်။
နောက်ဆုံး အချိန်၌ ၎င်တို့ အန္တရာယ် ကင်းစေရန်၊ သူ့အား ယုံကြည်စွာ အကူ အညီ တောင်း ခဲ့သည်။
“ ဟုတ်ပါတယ် ... ၊ မင်း မလွန် ပါဖူး၊ အခု ငါ့သူငယ်ချင်း တွေကို လွှတ်ပေးလို့ ရမလား။ ”
“ ဖြန်း ... ။ ”
လောချန် စကားဆုံး သည်နှင့်၊ ငရဲ နတ်ဘုရား သခင်ငယ်က၊ နောက်တစ်ကြိမ် ပါးရိုက် ချလိုက်သည်။
“ ဟား ဟား ဟား ... ဟုတ်တာပေါ့ ... ၊ မင်းလို အမှိုက်မျိုး ကသာ၊ ငါ ပါးရိုက် တာကို ကျေနပ် နေတာ၊ နောက် တစ်ချက် ရိုက်လည်း၊ အဆင် ပြေတယ် မဟုတ်လား။ ”
အငြိုး ကြီးလွန်းသော ငရဲ နတ်ဘုရား သခင်ငယ်၏ လုပ်ရပ်ကြောင့်၊ လူတိုင်း တိတ်ကျ သွားသည်။
လင်းယွန် အပေါ် မုန်းတီးမှုကို လောချန်နှင့် ဖြေဖျောက် နေချေ၏။ အရှက် မရှိသော လုပ်ရပ် ပေပင်။
“ မင်းက ခွေး တိရိစ္ဆာန်ကောင် ... ။ ”
ချင်လင်းနှင့် အဖွဲ့မှာ သည်းမခံ နိုင် တော့ဘဲ၊ ငရဲ နတ်ဘုရား သခင်ငယ်ထံ၊ ချက်ချင်း ပြေးဝင် တိုက်ခိုက် လိုက်ကြ တော့သည်။
“ တွေ့လား ... မင်း ငါ့ကို အပြစ် တင်လို့ မရ တော့ဖူး လောချန်၊ မင်း သူငယ်ချင်း တွေက ငါ့ အပေါ်၊ သတ်ချင် နေကြတယ်၊ ငါ ဘာလုပ် သင့် တယ်လို့ မင်းထင်လဲ၊ ဟား ဟား ဟား ။ ”
ကောက်ကျစ်သော မျက်ဝန်း များဖြင့်၊ ငရဲ နတ်ဘုရား သခင်ငယ်က ရုတ်တရက် ရယ်မော လိုက်သည်။
“ ဝုန်း ... ။ ”
ခွန်အား ကွာခြား ချက်မှာ၊ ကြီးမားလွန်း သဖြင့်၊ လက်လှိုင်းအား ထုတ်ဖော်ကာ၊ ချင်လင်း နှင့် အဖွဲ့အား၊ ပြန်လည် တွန်းထုတ် ပစ်လိုက် သည်။
သူတော်စင် ဝိညာဉ် ရေကန် အလယ်သို့၊ လွင့်စဉ် သွားသော ချင်လင်း တို့ထံ၊ လောချန်မှ တစ်ချက် ပြန်ကြည့်ကာ၊
“ မင်း ... ၊ ငါ့ကို လှည့်စားတယ်။ ”
-ဟု ဆိုလျက် ဒူးထောက် နေရာမှ ချက်ချင်းပင် ထလိုက်သည်။
“ ထွက် သွား စမ်း ... ။ ”
ငရဲ နတ်ဘုရား သခင်ငယ်က၊ လောချန်အား သူတော်စင် ဝိညာဉ် ရေကန် အလယ်သို့ ပြန်၍ ကန်ထုတ် ပစ်လိုက်သည်။
ကန်ချက်မှာ နံရိုးအား ကျိုးစေ သဖြင့်၊ လောချန် တစ်ယောက် အသံပင် မထွက်နိုင် တော့ချေ။ မျက်နှာ တပြင်လုံး ရှုံတွလျက်၊ ရေထဲ ပြုတ်ကျ သွား၏။
“ ပုရွက်ဆိတ်တွေ ငါက မင်းတို့ကို လွှတ်မယ်များ၊ တကယ် ထင်နေ တာလား၊ ဟမ့် ... အမှိုက်။ ”
ငရဲ နတ်ဘုရား သခင် ငယ်က၊ ကောင်းကင်ပေါ် ခုန်တက်ကာ၊ ရေကန်ထံ ဆင်းသက် လိုက်ပြီး၊ ချင်လင်း တို့ ထံသို့၊ လျှောက်လှမ်း လာ၏။
ဤအခိုက် တန့်တွင်၊ ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ တမင် စော့ကစား နေကြောင်း၊ လူတိုင်း သဘောပေါက် လိုက်ကြသည်။
လင်းယွန်၏ သူငယ်ချင်း များကို သူ့ အနေဖြင့် လွှတ်ထားရန် ရည်ရွယ်ချက် မရှိချေ။ မြင့်မား လှသော သူ့ဂုဏ် သတင်းနှင့် မလိုက် ဖက်စွာ၊ သဘောထား သေးသိမ် လှချေ၏။
“ မင်း တို့ကို၊ ဘယ်သူမှ မကယ်တင် နိုင်တော့ဘူး၊ ဒါ ... ငါ့ကို ဆန့်ကျင်တဲ့ အကျိုး ဆက်ပဲ။ ”
“ ဟမ့် ... ၊ မင်းက ငါတို့ကို သတ်ချင်နေ တာလား၊ ငါတို့ကို သတ်လိုက် လို့လည်း၊ မင်းကို လင်းယွန် ပါးရိုက် ခဲ့တာက၊ ပြောင်းလဲ သွားမှာ မဟုတ်ဘူး၊ မင်းလို အမှိုက်က အစ်ကို လင်းရဲ့ ခြေနင်းတုံး ဖြစ်ဖို့၊ အဆင့်တောင် မမီဘူး။ ”
ချင်လင်းက ထိတ်လန့်ခြင်း မရှိဘဲ၊ တုန့်ပြန် လှောင်ပြောင် လိုက်သည်။
“ လင်းယွန် ဟုတ်လား ... ၊ သူက နဂါး တားမြစ် နယ်မြေ ထဲကို ထွက်ပြေး သွားတဲ့ ... ၊ ခွေး တစ်ကောင်ပဲ၊ ကိုယ့်ကိုယ်ကို သတ်သေ လိုတဲ့၊ အရူး တစ်ယောက် ပါ။ ”
“ ဟား ဟား ဟား ... ၊ မင်းက တကယ် အရှက် မရှိတဲ့ ကောင်ပဲ။ ”
ချင်လင်းက ရယ်မော လိုက်ပြီး၊ ငရဲ နတ်ဘုရား သခင်၏ မျက်လုံး အိမ်ထဲသို့၊ စိုက်ကြည့် လိုက်၏။
သည် အချိန်၌ သေရန် ဆုံးဖြတ် ထားပြီး ဖြစ်ရာ၊ သခင်ငယ်များ ဖြစ်လျှင်ပင် ကြောက်မိ မည် မဟုတ်ချေ။
“ အမှန် တရားကို မသိတဲ့ လူတွေသာ ... ၊ မင်းလို မိန်းမရွှင် တစ်ယောက်ရဲ့၊ စကားကို ယုံ လိမ့်မယ်။ ”
“ မင်း ... ။ ”
ငရဲ နတ်ဘုရား သခင်က၊ ဒေါသ တကြီး အော်ဟစ်ကာ၊ ချင်လင်းအား သတ်ရန် ရှေ့တိုး လာခဲ့သည်။
သို့သော် လောချန်က ချင်လင်း ရှေ့တွင် ရုတ်တရက် ပိတ်ရပ် လိုက်ပြီး၊
“ မင်း သူ့ကို ထိချင်ရင်၊ ငါ့ကို သတ်ပြီးမှ ရမယ်။ ”
-ဟု ပြတ်သားစွာ ဆိုလိုက် တော့သည်။
“ ဟမ့် ... အမှိုက် တစ်စက၊ ပါးရိုက်ပြီး သတိပေး ထားတာ တောင်မှ၊ မှတ်ပုံ မရဘူး၊ ကောင်းပြီ ... မင်း နားလည် လာတဲ့ အထိ၊ ငါ ရိုက်ပေး ရသေး တာပေါ့။ ”
ငရဲ နတ်ဘုရား သခင်ငယ်က၊ ဒေါသ တကြီးနှင့် လောချန်ကို ပါးရိုက်ရန်၊ ဟန်ပြင် လိုက် တော့သည်။
ထို့စဉ် ကြက်သွေးရောင် အလင်းမြှား တစ်စင်း၊ ရုတ်တရက် ပျံသန်း လာသည်ကို မြင်လိုက်ရ သဖြင့်၊ မျက်မှောင် ကြုတ်လျက် ကိုယ်ရှိန်သပ် လိုက်ရသည်။
***