← Chapters

နောက်ဆုံး တိုက်ပွဲ။

Vol. 77 Ch. 1069

နောက်ဆုံး တိုက်ပွဲ။

Vol. 77 Ch. 1069

ကြက်သွေးရောင် လျှပ်စီး တစ်စင်းက၊ ဝိညာဉ် ရေကန် မျက်နှာပြင် ပေါ်သို့၊ မြှား အသွင်၊ ထိုးဆင်း လာသည်။

လှိုင်း ဂယက်များ ဖြစ်ပွား လာပြီး၊ ကြမ်းကြုတ်သော ရောင်ဝါများ ပျံ့ကား လာ၏။ အဆိုပါ ဖြစ်စဉ်မှာ၊ လူတိုင်း၏ အာရုံကို စွဲဆောင် သွားလေသည်။

“ ဒါ ... နဂါးသွေး မြင်းပဲ။ ”

မြင်းမှာ အလွန် လျင်မြန်စွာ ရွေ့လျားနေ သောကြောင့်၊ လျှပ်စီးကြောင်း အဖြစ် အမြင်မှား လာကြခြင်း ဖြစ်သည်။

ယင်းမှာ နဂါးသွေး မြင်း ဖြစ်ပြီး၊ သူ့ ကျောပေါ်၌ လင်းယွန်နှင့် ယွဲ့ဝေဝေ တို့လိုက်ပါ လာကြ၏။

လင်းယွန် နဖူးရှိ ရွမ်းဗက်ပုံ ခရမ်းရောင် အမှတ် အသားက၊ တောက်ပ နေပြီး၊ အပြာ ဝတ်စုံကို သေသပ်စွာ ဆင်မြန်း ထား၏။

ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက်၊ ရှင်းသန့် လွန်းသော အသွင်ကြောင့်၊ ဓားမိစ္ဆာ အဖြစ်၊ မည်သူမျှ ထင်မိမည် မဟုတ်ချေ။

“ လင်း ယွန် ပဲ။ ”

ဤလူငယ်မှာ အမှန်ပင်၊ ကြောက်စရာ ကောင်းပေသည်။ ရွေးချယ်ခွင့် ရှိပါက၊ သူနှင့် ရန်ငြိုး မဖွဲ့ သင့်ကြောင်း၊ လူတိုင်း နားလည် ထား၏။

နောက်ဆုံးတွင် နဂါး တားမြစ် နယ်မြေ အတွင်းသို့၊ တွန်းပို့ခြင်း ခံခဲ့ ရသည်။ ဝင်ပေါက် ပြိုကျ သွားသဖြင့်၊ ပိတ်မိ နေသင့်သည်။

ကောင်းကင်လမ်းရှိ တားမြစ် နယ်မြေ များကို၊ အင်အားကြီး ဂိုဏ်းများ၏ အကြီးအကဲ များ ပင်လျှင်၊ အတင်း အကျပ် မဖွင့် နိုင်ချေ။

ထို့ကြောင့် ဂိုဏ်းပေါင်းစုံမှ အကြီး အကဲ များက၊ လင်းယွန်အား မြင်ချိန်၌ ရွှင်မြူးလာ ကြသည်။

“ ဒီကောင်လေးက တားမြစ် နယ်မြေ ကနေတောင်၊ ရုန်းထွက် နိုင်ခဲ့ တာပဲ၊ လုံးဝကို ထက်မြက် တယ်။ ”

“ နောက်ဆုံး တိုက်ပွဲ အတွက် အချိန်မီ တယ်၊ ဟား ... ဟား ... ဟား ... ၊ ဒါမှ ငါတို့ မိုးကြိုး ဂိုဏ်းရဲ့ တပည့်ကွ။ ”

“ ဟမ့် ... ၊ မင်းရဲ့ မိုးကြိုး ဂိုဏ်းက သန်မာကောင်း သန်မာ ပေမယ့်၊ ဓားတာအို အပေါ်၊ နားမလည် ပါဘူး၊ ငါ့ရဲ့ နှင်းပျံ စံအိမ် ကသာ၊ သူနဲ့ သင့်တော်တယ်။ ”

“ မဟုတ်ဘူး ၊ ဒီကောင်လေးရဲ့ ကိုယ်လုံး ကိုယ်ပေါက်က အရမ်း သန်မာတယ်၊ သူက ငါ့ရဲ့ ကောင်းကင် ကွန်ချာ ဂိုဏ်းနဲ့သာ သင့်တော် တာပါ။ ”

အကြီး အကဲများ အားလုံးက၊ စိတ် လှုပ်ရှား စွာဖြင့်၊ ငြင်းခုန် လိုက်ကြသည်။ ကောင်းကင်ယံ ဂိုဏ်းမှ၊ အကြီး အကဲ တစ်ယောက် တည်း သည်သာ၊ တည်ငြိမ် နေပေ၏။

သူက ပြုံးပြီး၊

“ ဘာတွေများ စိတ်လှုပ်ရှား စရာ ရှိလို့လဲ၊ လူဆိုတာ သေသွားရင် အမှိုက် ပါပဲ။ ”

-ဟု ဆိုလိုက် တော့သည်။

ထိုအကြီး အကဲ၏ စကားကြောင့်၊ လူတိုင်း စကားလုံးများ ပေျာက်ဆုံးကာ၊ တိတ်ဆိတ်သွား ကုန်သည်။ ဤလူမှာ ကျင်းကြွယ် ဖြစ်၏။

ငရဲ နတ်ဘုရား နယ်မြေ၏၊ သူတော်စင် တစ်ပါးနှင့်၊ ထိုကျင်းကြွယ်ကြား နက်ရှိုင်းသော ဆက်ဆံရေး ရှိလေသည်။

ထို့ပြင် ကောင်းကင်းယံ ဂိုဏ်းသည်၊ ရှေးဟောင်း ကျတ်တီး နယ်မြေ၌၊ မဟာ ဂိုဏ်းကြီး တစ်ဂိုဏ်း လည်း ဖြစ်၏။

ယင်းကြောင့် လင်းယွန်ကို ခေါ်ယူ ခဲ့ပါလျှင်၊ ကောင်းကင်ယံ ဂိုဏ်း၏ ရန်ငြိုးဖွဲ့ မှုကို ခံရမည် ဖြစ်သည်။

“ ဝှစ် ... ။ ”

သို့တိုင် လင်းယွန်အား စိတ်ဝင်စား နေ ကြဆဲ ဖြစ်သည်။ ဆွေးနွေးမှု ဆက်၍ ဖြစ်ပွား နေစဉ်၊ လင်းယွန်က ရေမျက်နှာ ပြင်ပေါ် ခုန်ဆင်း လိုက်၏။

ထက်ရှသော ဓားကဲ့သို့ ဆင်းသက် လိုက်ခြင်းကြောင့်၊ သူတော်စင် ဝိညာဉ် ရေကန် မှာ၊ ပေါက်ကွဲ သွားသည်။

“ ညီအစ်ကို လင်း ... ။ ”

ချင်လင်းနှင့် အဖွဲ့က၊ လင်းယွန်အား မြင်ချိန်၌၊ အံ့ဩ စိုးရိမ် သွားကြ သည်။

“ လင်းယွန် ... ၊ သတိ ထားပါ၊ အဲ့ဒီ လူယုတ်မာက ဆဋ္ဌမ ကောင်းကင် ဝိညာဉ် နယ်ပယ်ကို ရောက်နေပြီ၊ ပြီးတော့ ကြယ်မိစ္ဆာ ပန်း ကိုလည်း၊ ဆယ်ပွင့် အထိ၊ စိုက်ပျိုး ထားတယ်။ ”

လောချန်၏ သတိပေး စကားကြောင့်၊ လင်းယွန်မှ လှည့်ကြည့်သည်။ ရောင်ကိုင်း နီရဲ နေသော မျက်နှာအား မြင်ချိန်၌၊ ချက်ချင်း ဒေါသထွက် လာ၏။

“ ဒါ ... ဘယ်သူ လုပ်တာလဲ ... ။ ”

သို့သော် လောချန်မှ၊ သူ့ မေးခွန်းကို ခေါင်းယမ်းလျက် ပြန်ဖြေရန် ငြင်းဆန် ခဲ့သည်။

“ ချင် လင်း ... ။ ”

လင်းယွန်က ချင်လင်းထံ လှည့်လိုက်၏။ သို့သော် ချင်လင်း သည်လည်း၊ ပြန်မဖြေ ခဲ့ချေ။

လင်းယွန် အပေါ်၊ သူတို့ ကောင်းကောင်း နားလည် ထားသည်။ ဆင်ခြင်တုံ တရား လွတ် သွားသော် ခက်ချေမည်။

“ ဟား ... ဟား ... ဟား ... ၊ ဒီလို အမှိုက် တွေကို၊ ဘယ်သူက ပါးရိုက်ချင် မှာလဲ၊ ငါ့ ရှေ့မှာ ဒူးထောက်ပြီး၊ သူ့ကို ပါးရိုက် ပေးပါလို့၊ သူ ကိုယ်တိုင်ပဲ တောင်းဆို ခဲ့တာ ... ။ ”

ငရဲ နတ်ဘုရား သခင်ငယ်က၊ ရယ်မော လှောင်ပြောင်လျက် ဝင်ရောက် ဖြေကြား လာ လေသည်။

လင်းယွန် ရောက်လာသည့် အတွက်၊ သူ ပျော်၏။ လက်စား ချေခွင့် မရ ပါက၊ ချန်ပီယံ ဖြစ်လာ ခြင်းသည် အဓိပ္ပါယ် မရှိပေ။

လောချန်အား ပါးရိုက် ခြင်းသည်၊ လင်းယွန်ကို ရိုက်ခြင်းလောက်၊ ကျေနပ်ဖွယ် ကောင်းမည် မဟုတ်ကြောင်း ပြောနိုင်သည်။

“ လောချန်က ငါ့ ရှေ့မှာ ဒူးထောက်ပြီး၊ ခွင့်လွှတ်ဖို့ ဘယ်လို တောင်းပန် ခဲ့လဲ ဆိုတာ၊ မင်းတို့ အားလုံး သူ့ကို ပြောပြ လိုက်ပါဦး။ ”

ငရဲ နတ်ဘုရား သခင်ငယ်၏ စကား များကြောင့်၊ ချင်လင်းမှာ မျက်နှာ ပျက်ယွင်း သွားသည်။

သို့သော် ယင်းသည် အမှန် တရားများ ဖြစ်၏။ သူတို့ အားလုံးမှာ၊ လောချန် အရှက်ခွဲ ခံနေရ သည်ကို၊ ကြည့်နေ မိသော အမှိုက်များ ပေပင်။

“ ဟား ဟား ဟား ... ။ ”

အားလုံး တိတ်ဆိတ် သွားချိန်တွင်၊ ငရဲ နတ်ဘုရား သခင်ငယ်၏ ရယ်သံ ထွက်ပေါ် လာ ပြန်သည်။

လူတိုင်းက လင်းယွန် အပေါ်၊ စာနာ နားလည်သော မျက်ဝန်း များဖြင့်၊ ကြည့်လာ ကြသည်။

သူတော်စင် ဝိညာဉ် ရေကန်မှ အကျိုး အမြတ်ကို ရယူ ထားသော သခင်ငယ် များအား၊ လင်းယွန် အနေဖြင့် ယှဉ်နိုင် တော့မည် မဟုတ်ချေ။

သို့သော် လင်းယွန်မှ ဂရုစိုက် ပုံ မပြချေ။ သူ့ မိတ်ဆွေများ အပေါ် စော်ကား ခြင်းသည်၊ သူ့ကို စော်ကား သည်ထက်၊ ပို၍ နာကျင် ရပေ၏။

ထို့ကြောင့် သူတော်စဉ် ဝိညာဉ် ရေကန်၌၊ လှိုင်းများ ထကြွ လာသည် အထိ၊ သက်ရောက် စေသော၊ သတ်ဖြတ်ခြင်း ရောင်ဝါကို ထုတ်ဖော် လျက်၊ ငရဲ နတ်ဘုရား သခင်ငယ်ထံ ကြည့်မိ သည်။

“ ရူးသွား တာလား ... ၊ ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ ကြယ်မိစ္ဆာ ပန်း ဆယ်ပွင့် ရှိတာ သိရဲ့နဲ့။ ”

အားလုံးက လင်းယွန်ထံ ရှုပ်ထွေး စွာဖြင့်၊ ပြန်ကြည့် လိုက် ကြသည်။ လေတောင်ကုန်း မြို့ မှာ ကဲ့သို့၊ ဒဏ္ဍာရီ တစ်ပုဒ်အား ရေးထိုးချင် နေပုံ ရ၏။

“ မင်းရဲ့ ... ၊ လက် တစ်ဖက်ကို ငါ ဖြတ်မယ်။ ”

လင်းယွန်က အေးစက်စွာ ကြောငြာ လိုက်၏။ ယခင်က ကဲ့သို့ မောက်မာ နေဆဲ ဖြစ် သောကြောင့်၊ လူတိုင်း မျက်လုံးပြူး သွားသည်။

လင်းယွန် ဟူသည် ဤမည်လော။ သည်းခံခြင်း ဟူသော ဝေါဟာရကို သူ သိပုံ မရချေ။

ထိုအချိန်တွင် ပတ်ဝန်းကျင်၌ အမျိုး မျိုးသော ဖြစ်စဉ်များ ပေါ်ပေါက် လာတော့၏။ လူတိုင်း အသက်ရှူရ လန်းဆန်း လာပြီး၊ သွေးများ ပွက်ပွက်ဆူ ကုန်သည်။

နောက်ဆုံး တိုက်ပွဲ စတင် ပြီဟု ယူဆ နိုင်သော၊ ရွှေရောင် အမှုန် အမွှားများ ရေထဲမှ တိုးထွက် လာသည်။

သို့သော် အားလုံးက လင်းယွန်နှင့် ငရဲ နတ်ဘုရား သခင်ငယ် တို့၏၊ ရန်ပွဲကြောင့် လှုပ်ရှားရန် ဆန္ဒ မရှိ ကြချေ။ တိုက်ပွဲ ပေါ်သာ အာရုံ စိုက်ထားကြသည်။

“ ငါ့ လက်ကို လား ... ။ ”

ငရဲ နတ်ဘုရား သခင်ငယ်က၊ အနည်းငယ် ထိတ်လန့်သွား သော်လည်း၊ ရုတ်တရက် သတိ ရကာ၊ ချက်ချင်း ရယ်မော လိုက်လေသည်။

“ ဟား ဟား ဟား ... လင်းယွန်၊ မင်းကိုယ်မင်း လေတောင်ကုန်း မြို့မှာ ရှိနေ တုန်းလို့၊ ထင်နေ တာလား၊ ဟမ့် ... ။ ”

“ သုံးကြိမ် ... ”

လင်းယွန်က ငရဲ နတ်ဘုရား သခင်ငယ် စကား များကို ဂရု မစိုက်ဘဲ၊ အေးစက် စွာဖြင့် သူ့ စကားအား ဆက်ပြော လာသည်။

“ ... သုံးကြိမ် အတွင်း ... ၊ မင်း လက်ကို ငါ ဖြတ်မယ်။ ”

“ မင်း ... သေချင် နေတာပဲ။ ”

တစ်စက်လေး မျှပင်၊ သူ့အပေါ် ဂရုစိုက်ပုံ မပြသော တစ်ဖက် လူကြောင့်၊ ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ ဆဋ္ဌမ ကောင်းကင် ရောင်ဝါအား လွှတ်ထုတ် လိုက်သည်။

ထို့နောက် လက်ဆန့်ကာ၊ လင်းယွန် ခေါင်းပေါ် ဖိလျက် ဒူးထောက် စေရန်၊ ကြံရွယ် လိုက်၏။

“ မိစ္ဆာကောင် ဒူးထောက် ... ။ ”

သို့သော် သူ့လက် ခေါင်းပေါ် ကျရောက် ခါနီးတွင်၊ လင်းယွန် အသွင်မှာ ဝေဝါး လာသည် ကို၊ သတိထား မိ လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ စူးရှသော အလင်း ရောင်များ ဖြာထွက် နေသည့် မျက်ဝန်း များဖြင့်၊ သူ့အား ပြန်ကြည့် လာ၏။

ဦးရေပြား ထုံကျင် သွားပြီး၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူတိုင်း အတွက်၊ ဤ အကြည့်အား ခံယူ နိုင်မည်ဟု မထင်ချေ။

“ ဖြန်း ... ။ ”

ကြောက်ရွံ့မှုများ ပြည့်နှက် လာစဉ်၊ လက်ဖဝါး တစ်ဖက်က သူ့ပါးပေါ်၊ လျင်မြန်စွာ ကျရောက် လာသည်။

ကျယ်လောင်သော ပါးရိုက်သံ နှင့်အတူ၊ ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ အဝေးသို့ လည်ထွက် သွား၏။ သွေးအန်ခြင်း မရှိ သော်လည်း၊ ရှက်စရာ ကောင်းချေပြီ။

လင်းယွန်က တည်ငြိမ် စွာဖြင့်၊ လက်ကိုင် ပဝါ တစ်ထည်ကို ထုတ်ယူကာ၊ ပါးရိုက် ခဲ့သော သူ့ ညာလက်အား၊ ဂရု တစိုက် သုတ်လျက်၊

“ တစ်ကြိမ် ... ။ ”

-ဟု ရေတွက် လိုက်တော့သည်။

***

All Chapters