လှုပ်ရှားမှု သုံးကြိမ် ပြည့်ပြီ။
Vol. 77 Ch. 1070
ပြိုင်ဘက်၏ ပါးရိုက် ခြင်းကို ခံလိုက် ရသဖြင့်၊ ငရဲနတ်ဘုရား သခင်ငယ်မှာ အံသြ သွားသည်။
လက်ရှိ ခွန်အားသည်၊ လေတောင်ကုန်း မြို့တွင် ရှိစဉ် ကထက်၊ အဆပေါင်း များစွာ သာ လွန် နေ၏။
ထို့ကြောင့် လင်းယွန်ကို ကောင်းစွာ နိမ်နှင်းနိုင် လိမ့်မည်ဟု ထင်သည်။ သို့သော် အရာ အားလုံး ဆန့်ကျင်ဘက် ဖြစ်လာသည်။ အံ့သြ စရာ ရလဒ် ပေပင်။
ကောင်းကင်မှ အကြီးအကဲ များပင် အံသြ သွားသည်။ လင်းယွန်၏ အလား အလာ အပေါ် ကောင်းစွာ မှန်းဆ နိုင် သော်လည်း၊ လက်ရှိ အချိန်၌ နားမလည် တော့ချေ။
သူတော်စင် ဝိညာဉ် ရေကန်၏ အကျိုး အမြတ်ကို ရယူ နိုင်ခြင်း မရှိဘဲ၊ ဤမျှ သန်မာ လာသည်မှာ အိမ်မက် အလား ထင်မှားမိ စေသည်။
ရေမျက်နှာ ပြင်ပေါ် ခြေဖျားနှင့် ပုတ်လျက်၊ ငရဲ နတ်ဘုရား သခင်ငယ်က ကောင်းကင်ပေါ် ပျံတက် လိုက်သည်။
“ ငါ မင်းကို လျှော့တွက် လိုက်မိတယ်၊ ကြည့်ရတာ နဂါး တားမြစ် နယ်မြေထဲ ကနေ၊ မင်း တစ်ခုခု ရခဲ့ ပုံပဲ၊ ... ”
“ ... ဒါပေမယ့် မလုံလောက် သေးပါဘူး၊ သူတော်စင် ဝိညာဉ် ရေကန်ရဲ့ အကျိုး အမြတ် က၊ မင်း စိတ်ကူး နိုင်တာထက် ပိုတယ်။ ”
“ ဟုတ်လား ... ၊ ဒါဆို မင်းဘာလို့ မလာသေး တာလဲ။ ”
လင်းယွန်က သူ့လက်ကို လက်ကိုင် ပဝါနှင့်၊ စိန်ပြေ နပြေ သန့်ရှင်းရေး လုပ်နေရာမှ ပြန်မေး လိုက်သည်။
ငရဲ နတ်ဘုရား သခင်ငယ်အား ပါးရိုက် ခြင်းကြောင့်၊ သူ့လက် ညစ်ပတ်သွား သည်ဟု ခံစား မိ၏။
သို့သော် ချက်ချင်း သတ်လိုက်ခြင်း သည်လည်း၊ ရန်သူ့ အပေါ် ညှာတာရာ ရောက် ပေမည်။
“ မင်း ... ။ ”
လင်းယွန်၏ လျစ်လျူရှုသော သဘော ထားကို မြင်သော အခါတွင်၊ ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ ဒေါသ ထွက်သွားသည်။
ချက်ချင်းပင် ကြယ်မိစ္ဆာ ပန်း (၁၀) ပွင့်အား လောင်ကျွမ်း စေလျက်၊ လင်းယွန်ထံ ပြေးဝင် လိုက်သည်။
“ သ တိ ထား ... ။ ”
ချင်လင်းနှင့် အဖွဲ့က၊ အော်ဟစ် သတိပေး လာ၏။ ဤမျှ အကွာ အဝေး မှပင် ကြယ်မိစ္ဆာ ပန်း များ၏ ဖိအားကို၊ ကောင်းကောင်း ခံစား နိုင်သည်။
နောက်ဆုံးတွင် ကြယ်မိစ္ဆာ ပန်း များက အလင်းများ ဖြာလျက်၊ ပတ်ဝန်းကျင် အပေါ် ကန့်သတ် လာ၏။
ရပ်ကြည့် နေသော လူများက၊ သည်တစ်ကြိမ် လင်းယွန် တစ်ယောက် ကံဆိုး သွားပြီဟု၊ ထင်မြင် လိုက်ကြသည်။
ငရဲ နတ်ဘုရား သခင်ငယ်၏ အကြည့်မှာ၊ အေးစက် လာပြီး၊ သူ့ နောက်၌ အနက်ရောင် ရေဝဲကြီး တစ်ခု ဖြစ်တည် လာသည်။
ထိုရေဝဲမှာ၊ ငရဲ နတ်ဘုရား နယ်မြေ၏ လျှို့ဝှက် နည်းပညာ တစ်ရပ် ဖြစ်သည်။ ၎င်းကို ထုတ်ဖော် လိုက်သည်နှင့်၊ ရောင်ဝါ ဖိအားမှာ၊ ပို၍ သိပ်သည်း လာသည်။
ယင်းက အခြား သခင်ငယ် များကိုပင်၊ အံ့အားသင့် စေသည်။ လက်ရှိ အချိန်၌ အင်ပါ ရီယန် တစ်ပါး ပင်လျှင်၊ အားနည်း ချက်ကို ရှာတွေ့ နိုင်တော့မည် မဟုတ်ချေ။
“ မင်း အခု သေနိုင်ပြီ ... ပုရွက်ဆိတ်။ ”
ငရဲ နတ်ဘုရား သခင်ငယ်၏၊ ပေါက်ကွဲအား ပြင်းထန်သော စွမ်းအားကြောင့်၊ လင်းယွန် ခမျာ ဖိအား ကြီးစွာ ခံစား လာရသည်။
ငရဲ နတ်ဘုရား သခင်ငယ် အနေဖြင့်၊ လေတောင်ကုန်း မြို့၌ ဒူးထောက် ခဲ့ရသော အရှက် တရားကို၊ ပြန်လည် ရယူချင် ပေသည်။
ထိုမှသာ သူ့ ဒေါသအား ငြိမ်းသက် နိုင်မည် ဖြစ်၏။ သို့သော် သူ့ လက်ဖဝါးနှင့် ထိတော့မည့် အချိန်၌၊ လင်းယွန် ပုံရိပ်မှာ၊ ရွှေရောင် အပိုင်း အစများ အဖြစ်သို့၊ ပြိုကွဲ သွားသည်။
( ပုံရိပ် ယောင်လား။ )
ယင်းက အဓိပ္ပါယ် မရှိချေ။ ၎င်းထံမှ သတ်ဖြတ် လိုသော ဆန္ဒ များကို ကောင်းစွာ ခံစား မိသည်။
( ရွှေကျီးကန်း အသွင် ပြောင်းခြင်း ကိုးမျိုးလား။ )
၎င်းကို သတိ ရသွား ပြီးနောက်၊ ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ အနည်းငယ် တုန်လှုပ် သွားသည်။ တစ်ဖက် လူ၏ ခြေလှမ်း တိုင်း၌၊ ပုံရိပ်များ စွဲကျန် နေပေ၏။
လင်းယွန် တစ်ယောက် ချင်းစီတွင်၊ မိုးကြိုး မုန်တိုင်း စွမ်းအင် များဖြင့်၊ ပြည့်နှက် နေသော ကြောင့်၊ မည်သူက အစစ် အမှန် ဖြစ်မည်ကို မခွဲခြား နိုင်တော့ချေ။
( ဘယ် ရောက် သွား တာလဲ။ )
ထို့စဉ် သူ့ မျက်နှာ ထံသို့၊ လက်ဖဝါး တစ်ဖက် တိုးဝင်လာ သဖြင့်၊ အနက်ရောင် ရေဝဲ အား ထုတ်ဖော်ကာ၊ ပြန်လည် ခုခံလိုက် ရသည်။
အဆိုပါ ခုခံမှုတွင်၊ ကြယ်မိစ္ဆာ ပန်း (၁၀)ပွင့်အား ပေါင်းစပ် ထားသဖြင့်၊ အလွန် ကြောက်စရာ ကောင်းပေ၏။။
ထို့ကြောင့် လင်းယွန်အား အပိုင်းပိုင်း ကွဲထွက် သွားစေသည်။ သို့သော် ယင်းမှာ ပုံရိပ် တစ်ရိပ် မျှသာ ဖြစ်နေ သောကြောင့်၊ မျက်လုံး ပြူးသွား မိသည်။
ဦးခေါင်းအား ချာခနဲ လှည့်ကြည့် ချိန်၌၊ မိုးကြိုး မုန်တိုင်း စွမ်းအင် များဖြင့်၊ ပြည့်နှက် နေသော လက်ဖဝါး တစ်ဖက်၊ ဝင်ရောက် လာ သည်ကို၊ မြင်လိုက် ရပြန်သည်။
ဒေါသထွက် လာပြီး၊ အနက်ရောင် ရေဝဲ များကို ဆင့်ခေါ်ကာ၊ လက်ဖဝါးများ ဆက်တိုက် ပစ်ထုတ် လိုက်သည်။
အနက်ရောင် ရေဝဲ များက၊ လင်းယွန် ပုံရိပ်ပေါင်း များစွာကို၊ ထိမှန်ခဲ့ သော်လည်း၊ သေဆုံး သွားခြင်း မရှိချေ။
အနက်ရောင် ရေဝဲ များ၏ အဖျက် စွမ်းအားကို ကြည့်ကာ၊ လူအများက တုန်လှုပ် လာ ခဲ့သည်။
“ ဖြန်း ... ။ ”
ထို့စဉ် အနက်ရောင် ရေဝဲများ ကြားမှ လက်တစ်ဖက် ထွက်လာပြီး၊ ငရဲ နတ်ဘုရား သခင်ငယ်ကို ပါးရိုက် သွားပြန်၏။
“ ဒုတိယ အကြိမ် ... ။ ”
လွင့်စဉ် သွားသော ပြိုင်ဘက်အား တစ်ချက်ပင် ပြန်မော့ မကြည့်ဘဲ၊ လင်းယွန်က ရေတွက် လိုက်သည်။
မိုးကြိုး မုန်တိုင်း၏ ရည်ရွယ် ချက်မှာ၊ မယုံနိုင် လောက်အောင် ပြင်းထန်လှ သဖြင့်၊ ငရဲ နတ်ဘုရား သခင်ငယ် ခမျာ၊ သွေးအန်သွား ရသည်။
“ ဟား ... ဟား ... ဟား ... ၊ ဘယ်သူက အမှိုက်လဲ ဆိုတာ သိပြီလား၊ ဟမ့် ... သခင်ငယ် ဆိုတဲ့ အမှိုက် ... ။ ”
ချင်လင်းက ကျေနပ် အားရ စွာဖြင့်၊ လှောင်ပြောင် ရယ်မော လိုက်သည်။ ခွန်အား မဲ့ခြင်း ဟူသည့် ခံစား ချက်အား၊ လင်းယွန်မှ ပြန်လည် ပေးအပ် နေလေပြီ။
လောချန် အတွက်၊ လက်စားချေ နေမှန်း နားလည် လာသဖြင့်၊ တော်ဝင် နဂါး သခင်ငယ် နှင့်၊ ယင်ယန် သုခဘုံ သခင်ငယ်က၊ ကူညီရန် ပြင်သည်။
သို့သော် ငရဲ နတ်ဘုရား သခင်ငယ်က လက်မခံချေ။ ကောင်းကင်ပေါ် ပျံတက်ကာ၊
“ မလာနဲ့ ... ၊ ငါကိုယ်တိုင် သူ့ကို အနိုင် ယူပြီး၊ ငါ ခံစား ထားရတဲ့ အရှက် တရားတွေ အတွက် ပြန်ယူမယ် … ။ ”
-ဟု ဆိုလာ တော့သည်။
စကားဆုံး သည်နှင့်၊ စင်ကြယ်သော ဝိညာဉ်တော်အား ဆင့်ခေါ် လိုက်၏။ ဖီးနစ် တစ်ကောင်က လေထုထဲ ပျံဝဲ လာသည်။
“ ဖရူး ... ။ ”
၎င်းက အတောင်ပံကို ခတ်လိုက်သော အခါတွင်၊ ကန်ရေ မျက်နှာပြင် မြင့်တက်ပြီး၊ လေဟာနယ် ကမောက် ကမ ဖြစ်လာ၏။
“ ကျီး ... ။ ”
သို့သော် တောင်ပံ နှစ်ဖက်မှ ကိုင်ကာ၊ စုပ်ဖြဲခံ လိုက်ရ သကဲ့သို့၊ ဖီးနစ်မှာ နာကျင်စွာ အော်ဟစ်လျက်၊ ချက်ချင်း နှစ်ပိုင်းကွဲ သွားသည်။
ရုတ်တရက် နဂါး တစ်ကောင်က၊ ဝံ့ကြွား ဂုဏ်ယူ စွာဖြင့်၊ ဟစ်အော်လျက် ထွက်ပေါ် လာ တော့၏။ ထိုနဂါးမှာ လင်းယွန် ထုတ်လွှတ် လိုက်သော၊ နဂါးဓား ရောင်ဝါ ဖြစ်သည်။
စင်ကြယ်သော ဝိညာဉ် တော်နှင့် ယှဉ်နိုင်သည့်၊ ဤနဂါးသည် ငရဲ နတ်ဘုရား သခင်ငယ် အပေါ်၊ ကန့်သတ် လာ၏။
“ ဝှစ် ... ။ ”
တစ်ချိန် တည်းမှာပင်၊ လင်းယွန်က ရွှေအလင်းတန်း အသွင်၊ ရွေ့လျား သွားပြီး၊ ငရဲ နတ်ဘုရား သခင်ငယ်၏ ညာဘက် ပခုံးကို ဆုပ်ကိုင် လိုက်သည်။
ယင်းနောက် ဘာဆက် ဖြစ်မည်ကို ခန့်မှန်းနိုင် ကြသဖြင့်၊ ရပ်ကြည့် နေသူတိုင်း၊ ပါးစပ် ဟောင်းလောင်း ဖြစ်ကုန် သည်။
“ လူယုတ်မာ ... ရပ် လိုက် စမ်း။ ”
မျက်ခြေ မပြတ် စောင့်ကြည့် နေသော၊ ယင်ယန် သုခဘုံ သခင်ငယ်နှင့် တော်ဝင် နဂါး သခင်ငယ် တို့မှာ၊ ချက်ချင်း လှုပ်ရှားလာ ကြသည်။
“ မ လုပ် နဲ့ ... ၊ လင်းယွန် ငါ ... ငါ့ကို သနားပါ၊ ဒူးထောက်ဆို ငါ ဒူးထောက် ပါ့မယ် … ။ ”
ငိုလု ဆဲဆဲ အသွင်ဖြင့်၊ ငရဲ နတ်ဘုရား သခင်ငယ်က ဒူးထောက်ရန် ကြိုးစား လိုက်၏။ သိုသော် လင်းယွန်မှ လက် မခံချေ။
“ မထောက်နဲ့ ... ၊ မင်းလို လူက ... ၊ ငါ့ရဲ့ ကြင်နာမှုနဲ့ မထိုက် တန်ဘူး။ ”
“ ဗျစ် ... ။ ”
“ အား ... ။ ”
သည့်နောက် ညာဖက် လက်မောင်းအား အရင်းမှ၊ ရက်ရက် စက်စက် ဆွဲဖြုတ် ပစ်ကာ၊ အဝေးသို့ လွှင့်ပစ် လိုက် တော့သည်။
***