← Chapters

ဘယ်တော့မှ ဦးညွှတ်မည် မဟုတ်။

Vol. 77 Ch. 1071

ဘယ်တော့မှ ဦးညွှတ်မည် မဟုတ်။

Vol. 77 Ch. 1071

လင်းယွန်၏ လုပ်ရပ်မှာ၊ သူ့ အသက် အရွယ်ဖြင့်၊ မလိုက် အောင်ပင်၊ ရက်စက်လွန်း လေသည်။

ငရဲ နတ်ဘုရား သခင်ငယ်၏ အခြေ အနေမှာ၊ ပါးရိုက် ခံရ ခြင်းထက် ပို၍ ဆိုးချေ၏။ ဤလက်အား ပြန်လည် ကောင်းမွန် လိုပါက၊ မယုံ နိုင်ဖွယ် ကောင်းသော အဖိုး အခများ၊ ကုန်ကျ ပေလိမ့်မည်။

ကျင့်ကြံသူ တစ်ဦး ပင်လျှင်၊ ခန္ဓာကိုယ် အစိတ် အပိုင်း တစ်ခု ပြန်လည် ရယူရန်၊ မလွယ် လှချေ။

ကောင်းကင်ကို အန်တု နိုင်သည့်၊ မျိုးဆက် သွေးမျိုး ပိုင်ဆိုင် ထားသော နတ်ဆိုး သားရဲများ လူသား ပုံစံသို့၊ ပြောင်းလဲ ရာတွင် ကြုံတွေ့ ရသည့်၊ အခက်တွေ့ မှုမျိုးနှင့် တူ၏။

ဤမြင်ကွင်းက ယင်ယန် သုခဘုံ သခင်ငယ်နှင့်၊ တော်ဝင် နဂါး သခင်တို့အား တုန့်ခနဲ ရပ်သွား စေသည်။

အံသြ တုန်လှုပ် ခြင်းမှာ၊ အဆုံး မရှိချေ။ လင်းယွန်ကို တိုက်ခိုက်ရမည့် အစား၊ နှစ်ဦးသား ငရဲ နတ်ဘုရား သခင်ငယ်ထံ၊ ဦးတည်ရာ ပြောင်းလိုက် ကြသည်။

လင်းယွန် တစ်ယောက် ဤသို့ ရက်စက်ရဲ လိမ့်မည်ဟု၊ မထင်ထား မိသော၊ အင်ပါယာ ငှက်မွှေး သခင်ငယ် သည်ပင်၊ စိတ်လှုပ်ရှား လာသည်။

“ ဒါက ဘာလဲ၊ ဓား ရောင်ဝါက စင်ကြယ်သော ဝိညာဉ်တော်ကို၊ သတ်နိုင် တာလား။ ”

လေးနက်သော အမူ အရာဖြင့်၊ အင်ပါယာ ငှက်မွှေး သခင်ငယ်မှ ရေရွတ် လိုက်၏။ မယုံနိုင် စရာ ပေပင်။

လူတိုင်းက အဓိပ္ပာယ် မရှိဟု ယူဆကာ၊ ခေါင်းယမ်း လိုက်သည်။ လင်းယွန် ဓားရောင်ဝါ အောက်တွင်၊ တစ်စုံ တစ်ရာ ရှိနေရ မည်ဟု သံသယ ဝင်လာ မိကုန်၏။

ယင်းသာ အမှန် ဆိုပါက၊ ဝိညာဉ်တော်ကို သတ်နိုင်သော လင်းယွန်၏ ဓား ရောင်ဝါမှာ၊ နားမလည် နိုင်လောက်အောင်၊ ပြင်းထန်နေ မည်ဟု၊ အဓိပ္ပါယ် ရလေသည်။

ကောင်းကင်ယံ ဂိုဏ်း၏ အကြီး အကဲ ကျင်းကြွယ်က မယုံကြည် နိုင်စွာဖြင့်၊ မြေပြင် အား၊ ငုံ့ကြည့် နေခဲ့သည်။

“ အဆင်ပြေလား ... ။ ”

သခင်ငယ် နှစ်ဦးက၊ ငရဲ နတ်ဘုရား သခင်ငယ်အား လှုပ်နှိုးကာ၊ သွေးကြော များကို အမြန် ပိတ်ပေး လိုက်ရသည်။

“ သူ့ကို သတ် ... ။ ”

ငရဲ နတ်ဘုရား သခင်ငယ်မှ၊ နာကျင် ဝမ်းနည်း စွာဖြင့်၊ အံကြိတ်ကာ စကားဆို လာ၏။

“ ဖယ် ... ။ ”

ထိုအချိန်တွင် လင်းယွန်က တော်ဝင် နဂါး သခင်ငယ်နှင့်၊ ယင်-ယန် သုခဘုံ သခင်ငယ် တို့အား၊ မောင်းထုတ် လိုက်သည်။

ဤသည်မှာ အစသာ ဖြစ်၏။ လောချန် ခံစားခဲ့ ရသည်ထက်၊ အဆပေါင်း တစ်ထောင် အရှက်ရ ပြီးမှ သာလျှင်၊ ကေျနပ် နိုင်မည် ဖြစ်သည်။

သတ်ပစ် လိုသော ရောင်ဝါ များဖြင့်၊ ဖုံးလွှမ်းခံ လိုက် ရသော သခင်ငယ် နှစ်ဦးမှာ၊ မျက်နှာ ပျက်ယွင်း သွားသည်။

“ လင်းယွန် မင်း လွန် မလာနဲ့၊ ကောင်းကင်လမ်း ဆိုတာ ရှည်တယ်၊ မင်းက ခွန်လွန် ဘုံမှာ၊ ဒီလို မောက်မာ နိုင်ဦးမယ် ထင်နေလား။ ”

“ ခွန်လွန် ဘုံမှာ၊ မင်းကို ယှဉ်နိုင်တဲ့ ပါရမီရှင်တွေ အများကြီး ရှိတယ်၊ ဒီမှာပဲ ရပ် လိုက်တာ ပိုကောင်းမယ်၊ မဟုတ်ရင် ဘယ်သူမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။ ”

သို့သော် လင်းယွန်က သူတို့ နှစ်ဦး၏ ခြိမ်းခြောက် စကား များကို ဂရု မစိုက်ဘဲ၊ လျှောက်လှမ်း လာသည်။

ခြေလှမ်း တိုင်း၌ ဓား ရောင်ဝါများ သိပ်သည်း စေပြီး၊ သုံးလှမ်း ပြည့်ချိန်တွင်၊ အထွတ် အထိပ် သို့၊ ရောက်ရှိ လာ၏။

“ လင်းယွန် ... ၊ မင်း တကယ် ဆုံးဖြတ် ပြီးပြီလား၊ ဒါက ဘယ်သူ့ အတွက်မှ အကျိုးရှိ မှာ မဟုတ်ဘူး။ ”

သခင်ငယ် နှစ်ပါးက အံကြိတ်လျက်၊ ဆိုလိုက်သည်။ ဖြာထွက် နေသော ရောင်ဝါ အရ၊ နဂါး တားမြစ် နယ်မြေတွင်၊ လင်းယွန်မှ များစွာ အကျိုးရှိ ခဲ့ကြောင်း၊ သူတို့ ပြောနိုင်သည်။

ငရဲ နတ်ဘုရား သခင်ငယ်အား သုံးကြိမ် တိုင်တိုင်၊ အနိုင်ယူ ခဲ့သည်ကို ကြည့်ခြင်း ဖြင့်၊ ဝှက်ဖဲ မည်မျှ ရှိနိုင် မည်ဟု၊ မမှန်းဆ နိုင် တော့ချေ။

“ ငါက သူ့ကို ပစ်မှတ်ထား နေတာ မဟုတ်ဘူး၊ ... ”

လင်းယွန်က စကား ခဏ ရပ်လိုက်ပြီး၊

“ မင်းတို့ နှစ်ယောက်လည်း ပါတယ်။ ”

-ဟု ဆိုလိုက် တော့သည်။

ထိုအချိန်တွင် ခန္ဓာ ကိုယ်၌၊ စုဆောင်း ထားသော၊ ဓားရောင်ခြည် ပမာဏမှာ၊ မယုံ နိုင်ဖွယ် အဆင့်သို့၊ ရောက်ရှိ လာ၏။

“ မင်း ... ။ ”

သခင်ငယ် နှစ်ပါးက ဒေါသ ထွက်လာပြီး၊ ရောင်ဝါ သမုဒ္ဒရာရှိ ကြယ်မိစ္ဆာပန်း (၉)ပွင့် စီကို၊ တောက်လောင် စေလိုက်သည်။

တစ်ချိန် တည်းမှာပင်၊ စင်ကြယ်သော ဝိညာဉ်တော် များကိုလည်း၊ ထုတ်ဖော်ပစ် လိုက်သည်။

ငရဲ နတ်ဘုရား သခင်ငယ်၏ ရလဒ်ကို မြင်ပြီးနောက်၊ လင်းယွန်အား လျှော့မတွက် ဝံ့ ကြပေ။

နှစ်ဦး လုံးမှာ ယခင် ကထက်၊ များစွာ သန်မာနေ ကြပြီ ဖြစ်သဖြင့်၊ စင်ကြယ်သော ဝိညာဉ်တော် များကို လွှတ်လိုက် ချိန်၌၊ ဖိအား များ၊ လျော့ကျ လာ၏။

ထို့ကြောင့် သူတို့ နှစ်ဦး သည်သာ အလေး အနက် ထားပါက၊ လင်းယွန်ကို ဒဏ်ရာ ပေးနိုင် မည်ဟု ထင်သည်။

ထိုသို့ ဖြစ်ပါလျှင် ကျန်သော သခင်ငယ် များနှင့် ရင်ဆိုင် ရာ၌၊ လင်းယွန် တစ်ယောက် ကူကယ်ရာ မဲ့သွား နိုင်ပေမည်။

ယင်းကို သတိထား မိလိုက်သော၊ ကျန်သခင်ငယ် များမှာ၊ ရွှင်မြူးသော မျက်ဝန်း များဖြင့် တိုက်ပွဲကို စောင့်ကြည့် လာသည်။ ပြင်းထန် လေလေ၊ အကျိုး ရှိလေလေ ဖြစ်၏။

“ ဟမ့် ... သူတို့ နှစ်ဦးက၊ ငါတို့ ဆယ်ယောက် ကြားမှာ၊ အသုံး မဝင် ပေမယ့်၊ သခင်ငယ် ဆိုတာ သခင်ငယ် ပါပဲ။ ”

ဧကရာဇ် သခင်ငယ်က၊ အေးစက်သော အသံဖြင့်၊ နှာခေါင်းရှုံ့ လိုက်သည်။

“ အနန္တ တန်ခိုးရှင်၊ နဂါး နှိမ်နင်းရေး လက်။ ”

“ ကြယ်စင် မိစ္ဆာ ဆင်နဂါး။ ”

တော်ဝင် နဂါး သခင်ငယ် ထံမှ၊ လေဟာနယ်ကို ကွဲအက်လာ စေသည့်၊ ဧရာမ သားရဲ ခြေသည်းကြီး တစ်ဖက်၊ ထွက်ပေါ် လာသည်။

ထောင်ပေါင်း များစွာသော တာအို ရူရ် များက၊ နဂါး လက်သည်း ကြီး၏ အလယ်တွင်၊ စုဝေး နေကြပြီး၊ ကြမ်းကြုတ်သော ရောင်ဝါ ထုတ်လွှတ် လာသည်။

ယင်-ယန် သုခဘုံ သခင်ငယ် မှာမူ၊ ရိုင်းစိုင်းသော ဆင်နဂါး တစ်ကောင်အား ဆင့်ခေါ် ထား၏။

ဝိညာဉ်တော် နှစ်ပါးမှာ၊ လေတောင်ကုန်း မြို့၌ ရှိစဉ် ကထက်၊ ပို၍ သာလွန် နေချေပြီ။ ထို့စဉ် လင်းယွန် ထံမှ၊ ငေါက်သံ ထွက်လာပြီး၊ အဝတ် အစားများ လေထဲ၊ ဝဲပျံ လာ တော့၏။

ထို့နောက် စုဆောင်း ထားသော၊ သူ့ ဓားရောင်ဝါ အားလုံးကို၊ လက်ဖဝါးသို့ ပို့လွှတ် ကာ၊ တွန်းထုတ် လိုက်သည်။

ပေ(၃၀) ခန့်ရှိသော အပြာရောင် နဂါးကြီး တစ်ကောင်က၊ လင်းယွန်ကို ဗဟို ပြုပြီး၊ လေထဲ လှည့်ပတ် လာတော့၏။

“ ဂျိန်း ... ။ ”

မိုးခြိမ်း သံများ ထွက်ပေါ် လာကာ၊ နဂါးကြီးက မျက်လုံးမှ မီးလျှံ များဖြင့် ပစ်ခတ် လိုက်သည်။

ထို့နောက် သခင်ငယ် များ၏ ဝိညာဉ်တော် များကို ထိမှန် သွားပြီး၊ ချက်ခြင်း လောင်ကျွမ်း ကုန်သည်။ သခင်ငယ် နှစ်ပါး၏ မျက်လုံး များမှာ၊ ပြူးကျယ် သွားသည်။

လင်းယွန် ခြေလှမ်း (၉)လှမ်း ပြည့်သွား ချိန်၌၊ နဂါးဓား ရောင်ဝါမှာ သက်ရှိ တစ်ကောင် ကဲ့သို့၊ ဖြစ်တည် လာသည်။

၎င်း ဖိအားကြောင့်၊ အတွင်း အင်္ဂါများ၊ အက်ကွဲ မတက် ရောင်ရမ်း လာနေ သည်ကို၊ ခံစား လိုက်ရ၏။

လက်ရှိ ခံစား နေရသော နာကျင်မှုမှာ၊ စိတ်ကူး မယဉ်နိုင် လှသော်လည်း၊ သူ့ အမုန်း များကြောင့်၊ ထုံကျဉ် သွား လေသည်။

သည့်နောက် သခင်ငယ် များ၏၊ ဝိညာဉ်တော် များကို အပြီးသတ် ဖျက်ဆီးရန်၊ လက်ဝါး တစ်ချက်၊ ထုတ်လွှတ် လိုက်သည်။

စက္ကန့်ပိုင်း အတွင်း၊ ဒါဇင်နှင့် ချီသော၊ လှုပ်ရှားမှု များကို၊ ဖလှယ်မိ ကြ၏။ များမကြာ ခင် ရလာဒ် ထွက်ပေါ် လာသည်။

သခင်ငယ် နှစ်ပါးမှာ၊ ရင်ဘတ် တစ်ခုလုံး၊ စုတ်ပြတ်သတ် နေသော အသွင်ဖြင့်၊ အဝေးသို့ လွင့်စဉ် သွားခြင်း ဖြစ်၏။ ထို့ကြောင့် ထိတ်လန့် စွာနှင့်၊ လင်းယွန်ထံ ပြန်ကြည့် မိသည်။

“ ဒါလား ... ၊ သခင်ငယ် ဆိုတာ ... ။ ”

တုန်ယင် နေသော သခင်ငယ် နှစ်ပါးထံ တစ်ချက် ကြည့်ကာ၊ လင်းယွန်က လှောင်ပြုံး ပြုံးလိုက် ၏။

ထို့နောက် သူ့ ဓားရောင်ဝါကို၊ ငရဲ နတ်ဘုရား သခင်ငယ်ထံ ပြန်၍၊ ဦးတည် ဖုံးအုပ် လိုက်သည်။

“ ရပ် ... ။ ”

ရုတ်တရက် ဧကရာဇ် သခင်ငယ်က၊ ကောင်းကင်မှ ဆင်းသက် လာပြီး၊ လင်းယွန် အား ဟန့်တား တော့၏။

သူ့ ဘေးတွင် အခြား သခင်ငယ် များ မှလည်း၊ တင်မာသော အသွင်ဖြင့် လိုက်ပါလာ လေသည်။

နောက်ဆုံးတွင် သူတို့ အားလုံးက၊ ဘေးမှ ကြည့်မနေ နိုင်တော့ချေ။ ထို့အတူ သူတို့အား၊ ကြည့်မရ သောကြောင့်၊ လင်းယွန် သည်လည်း၊ လှောင်ပြုံး ဖြင့် ကြိုဆို လိုက်သည်။

လေတောင်ကုန်း မြို့ တိုက်ပွဲ၌၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွား ချိန်တွင်၊ ၎င်းတို့မှ သူ့အား သားကောင်လို ရှုမြင် ခဲ့ကြသည်။

“ မင်းရဲ့ ဒေါသကို ... ၊ ဒီမှာပဲ အဆုံးသတ် လိုက်ပါ။ ”

“ မင်းကိုယ်မင်း လွန် နေပြီလို့၊ မထင် ဖူးလား၊ သူက သခင်ငယ် တစ်ယောက် ပဲ၊ မင်းနဲ့ အဆင့်တူ မဟုတ်ဘူး။ ”

“ ငါတို့နဲ့ ရန်သူ ဖြစ်ချင် နေတာလား။ ”

“ ဟား ဟား ဟား ... ။ ”

မည်မျှပင် ပြိုင်ဘက်များ ဖြစ်နေ သော်လည်း၊ သူတို့ အားလုံးမှာ သခင်ငယ် များသာ ဖြစ်လေသည်။

ထို့ကြောင့် ၎င်းတို့ ထဲမှ တစ်ဦးကို ခွေး တစ်ကောင် ကဲ့သို့၊ သတ်နေ ခြင်းအား မည်သူမျှ လစ်လျူ မရှု နိုင်ချေ။

“ သူ့ အသက်ကို ... ၊ ငါ ယူရင် ဘာဖြစ် မလဲ သိချင်တယ်။ ”

လင်းယွန်က မထီမဲ့မြင် ဟန်ဖြင့် ပြန်မေး လိုက်သည်။

“ မင်း ယူလို့ ရတယ်၊ ဒါပေမယ့် သူ သေပြီးရင်၊ မင်းလည်း လိုက်သွား ရလိမ့်မယ်။ ”

လင်းယွန် မေးခွန်းကို၊ အင်ပါယာ ငှက်မွှေး သခင်ငယ်က အေးစက် စွာဖြင့် ပြန်ဖြေ ပေးလာ ခဲ့သည်။

သူ့ အသံက ဝိညာဉ် ရေကန် ကြီးကို ရုတ်တရက် အေးခဲသွား စေ၏။ ထို့ပြင် ဘုရင် တစ်ပါး ကဲ့သို့၊ ရောင်ဝါအား ထုတ်လွှတ် လာလေသည်။

ဤသခင်ငယ်သည် အသွေးတော် သစ်သီး တစ်လုံးကို ရယူနိုင် ခဲ့ကြောင်း၊ ကောလာ ဟလ များ ပျံ့နှံ့နေ သောကြောင့်၊ လူအများ စိတ်ဝင်စား လာကုန်၏။

သူ့ရောင်ဝါက အခြားသော သခင်ငယ် များ၏ ရောင်ဝါ အပေါ်၊ လွှမ်းမိုး သွားလေသည်။ ဤအချိန်တွင် တစ်ကမ္ဘာ လုံးမှ၊ စွန့်ပစ်ထား သည်ဟု၊ လင်းယွန်မှာ ခံစား လာရ၏။

မျက်ဝန်း (၇) စုံက၊ သူ့ အပေါ် သတိပေး ခြိမ်းခြောက် လိုသည့် အသွင်ဖြင့်၊ စိုက်ကြည့်နေ လေသည်။

ထိုစဉ် ငရဲ နတ်ဘုရား သခင်ငယ် ထံမှ၊ လှောင်ပြောင် လိုသော အပြုံးကို မြင်လိုက် ရ သဖြင့်၊ လက်သီးအား တင်းတင်း ဆုပ်ကာ၊

“ ဒါဆို ... ၊ မင်းတို့ အားလုံး တစ်ခါတည်း ဝင်လာခဲ့ ... ။ ”

-ဟု စိန်ခေါ် လိုက်မိ တော့သည်။

***

All Chapters