သတ် ... ။
Vol. 77 Ch. 1072
အားလုံးက လင်းယွန်၏ နောက်ကျောကို စူးစူး ရဲရဲ စိုက်ကြည့်နေ ကြသည်။ ဤလူငယ်၏ မာနမှာ၊ မယုံနိုင် စရာ ပေပင်။
မာနကြီး လွန်းသည်ဟု သတင်းများ ထွက်ပေါ်နေ သော်လည်း၊ ဤမျှ အထိ ဖြစ်လိမ့် မည်ဟု၊ မထင်ထား သည်မှာ အမှန် ဖြစ်သည်။
အင်ပါယာ ငှက်မွှေး သခင်ငယ် အပါ အဝင်၊ သခင်ငယ်များ အားလုံးကို တစ်ချိန်တည်း ကိုင်တွယ် ရန်မှာ၊ မလွယ်ကူ လှချေ။
ပဉ္စမမြောက် ကောင်းကင် ဝိညာဉ် ၌သာ ရှိနေသော လူ တစ်ဦး အတွက်၊ ကောင်းကင်ဓား ဖြစ်နေ လျှင်ပင်၊ ထင်သလောက် အစွမ်းထက် နိုင်မည် မဟုတ်ကြောင်း ပြောနိုင်သည်။
“ လင်းယွန် ရူးသွား တာလား ... ၊ သခင်ငယ် ခုနစ်ပါးကို စိန်ခေါ် ရအောင်၊ အဓိပ္ပါယ် မရှိဘူး။ ”
“ ဘယ်လောက် တောင် ... ၊ ရူးသွပ် လိုက်လဲ။ ”
ပရိသတ် များ မှာလည်း၊ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။ တစ်ချိန်တည်း မှာပင် လင်းယွန်၏ သဘော ထားကြောင့် သခင်ငယ် များက၊ မျက်မှောင် ကြုတ် လိုက်မိသည်။
သူတို့ (၇)ယောက်မှာ၊ ငရဲ နတ်ဘုရား သခင်ငယ် ကဲ့သို့၊ အရှက်မဲ့စွာ အုပ်စုဖွဲ့ အနိုင် မယူ လိုချေ။ ထို့ကြောင့် အချင်းချင်း ပြန် ကြည့်ပြီး၊ ငြိမ်သက် သွား မိသည်။
“ ဘာ လို့ လဲ ... ၊ ငါ့မှာ ဒီလို အရည် အချင်း မရှိ ဖူးလို့၊ မင်းတို့ ထင်နေ တာလား၊ လာပါ ... ။ ”
တိတ်ဆိတ်မှုကို လင်းယွန်က ဖြိုခွင်း လိုက်သည်။ သူထံမှ တောက်လောင် လာသော တိုက်ပွဲဝင် ဆန္ဒ များကို လူတိုင်း မြင်နိုင်၏။
“ လင်းယွန် ၊ ငါတို့က မင်းကို သတ်ဖို့ ရည်ရွယ်ချက် မရှိဘူး၊ ငရဲ နတ်ဘုရား သခင်ငယ် ကို၊ လွှတ်ပေး ဖို့ပဲ တောင်းဆို တာပါ။ ”
ဧကရာဇ် သခင်ငယ်က ပြောကြား လိုက်သည်။
“ ဟုတ်တယ်၊ မင်း အရမ်း လွန်နေပြီ၊ မင်း သူ့ကို သတ်နေ တာကို၊ ငါတို့ ထိုင်ကြည့် မနေ နိုင်ဘူး။ ”
“ ငရဲ နတ်ဘုရား သခင်ငယ်၊ မှားတယ် ဆိုတာ မှန်တယ်၊ ဒါပေမယ့် သူ့ကို မင်း သေမိန့် ပေးစရာ မလိုဘူး၊ သူက ... ”
“ ... မင်းကို သတ်ချင် ပေမယ့်၊ မင်း အသက်ရှင် နေသေးတယ် မဟုတ်လား၊ ဘာလို့ ဒီလောက် အထိ သွားချင် နေရ တာလဲ။ ”
အခြားသော သခင်ငယ်များ ကပါ၊ အစွမ်း ထက်သော ရောင်ဝါ များကို ထုတ်ဖော်လျက်၊ ဝင်ရောက် ပြောဆိုလာ ကြသည်။
စကား အသွား အလာများ အရ၊ လင်းယွန် မှပင် လွန်နေ သယောင်၊ အဓိပ္ပါယ် သက်ရောက် နေသည်။
ဤငရဲ နတ်ဘုရား သခင်ငယ်သည်၊ မိစ္ဆာ သတ်ပွဲ ကျင်းပကာ၊ သူ့အား အရှက်ခွဲ သတ်ရန် ကြံရွယ် ခဲ့သည်။
ထို့ကြောင့် ပါးရိုက်ကာ တုန့်ပြန် ခဲ့ခြင်း အပေါ်၊ လွန်သည်ဟု သတ်မှတ်၍ မရချေ။ ယင်းက ရယ်စရာ ကောင်းနေသည်။
သခင်ငယ် များမှ၊ အကြောင်း ပြချက်များ ပေးကာ သူ့ကို သတ်ရန် ကြိုးစား လာ မည်အား သိထား သောကြောင့် ပြုံးလိုက် မိသည်။ ဤလူ များမှာ အရှက်မဲ့ လွန်းချေ၏။
လင်းယွန်တွင် တိုက်ပွဲဝင် ဆန္ဒများ မပျောက်ကွယ် သေးကြောင်း မြင်နေရ သဖြင့်၊ ဧကရာဇ် သခင်ငယ်မှာ ဒေါသ အမျက် တောက်လောင် လာသည်။
“ လင်းယွန်၊ ငါတို့က မင်းကို လူအရေ အတွက်နဲ့ အနိုင် မကျင့် ချင်ဘူး၊ သခင်ငယ် ခုနှစ်ပါးက မင်းကို ဝိုင်းဖွဲ့တယ် ဆိုတဲ့ ... ”
“... သတင်းသာ ထွက်လာရင် ... ၊ ငါတို့ အားလုံးကို လူတွေက ဝိုင်းဟား ကြလိမ့်မယ်၊ ဒါကြောင့် မင်းကို မတိုက် တာပဲ၊ ကြောက်နေ တာတော့ မဟုတ်ဘူး ... ”
“ ထွက် သွား ... ။ ”
စကားအား ဆုံးအောင် ပြောခွင့် မပေး တော့ဘဲ၊ ဧကရာဇ် သခင်ငယ်ကို လင်းယွန်မှ မောင်းထုတ် လိုက်၏။
“ မင်း ... ဘာပြော လိုက်တယ်။ ”
ဧကရာဇ် သခင်ငယ်မှာ မယုံနိုင် သေးချေ။ သတ်ရန် ရည်ရွယ် ချက်အား ထုတ်ဖော်လျက်၊ လင်းယွန်ကို ပြန်မေး မိ၏။
“ ဟုတ်တယ် ... မင်း ငါ့ကို ဒေါသ ထွက်လာပြီ။ ”
ကောင်းကင် ဓားအား ထုတ်ဖော်ကာ၊ ဧကရာဇ် သခင်ငယ်ကို လက်သီးဖြင့် ထိုးချပစ် လိုက်သည်။
ကမ္ဘာ ပေါ်ရှိ အရာ အားလုံးကို ဖြိုခွဲပစ် နိုင်သော၊ မိုးကြိုး မုန်တိုင်း စွမ်းအင်များ ပါဝင် သည့်၊ ဓား ရောင်ဝါက ကောင်းကင်၌ တောက်လောင် လာသည်။
လင်းယွန်မှ ဤမျှ ပြတ်သားစွာ တိုက်ခိုက်လာ လိမ့်မည်ဟု၊ မမျှော်လင့် မိသော ဧကရာဇ် သခင်ငယ်မှာ၊ ချက်ချင်း လက်သီးဖြင့် ပြန်လည် ခုခံ လိုက်ရသည်။
“ ဝုန်း ... ။ ”
“ အွတ် ... ။ ”
လက်သီး နှစ်လုံး တိုက်မိ သွားသော အခါတွင်၊ ဧကရာဇ် သခင်ငယ်၏ လက်သီး ပုံရိပ် ကြီးမှာ၊ ကွဲအက် သွားပြီး၊ ဒူးထောက်ရန် အတင်း အကြပ် ဖိအားပေး ခံလိုက် ရသည်။
ဤအခိုက်တွင် သတ်ဖြတ်မှု ရောင်ဝါဖြင့်၊ သိုင်းခြုံ ထားသော လင်းယွန်ကို သေခြင်း မိစ္ဆာ တစ်ပါး အဖြစ်၊ ထင်လာရ စေသည်။
ရဲရင့် လွန်းသော ဆုံးဖြတ် ချက်သည် လူအုပ်ကို အံသြသွား စေ၏။ အမှန်ပင် ဧကရာဇ် သခင်ငယ်ကို သတ်လိုပုံ ရနေသည်။
( မင်း တကယ် ငါ့ကို သတ်မို့လား။ )
ဒူးများ ကွေးညွှတ် လာသဖြင့်၊ ဧကရာဇ် သခင်ငယ်က ရွှေရောင်ချပ်ဝတ် တစ်ထည်အား ထုတ်ဖော်ကာ၊ ဖိအားကို ခုခံ လိုက်ရ၏။
ဤချပ်ဝတ်သာ မရှိ ပါက၊ နဂါးဓား ရောင်ဝါ၏ ဖိအားကြောင့်၊ ချက်ချင်း ကြေမွ သေဆုံး သွား နိုင်သည်။
“ ရပ် ... ။ ”
ထိုမြင်ကွင်းကြောင့်၊ ကျန်သခင်ငယ် များက၊ စင်ကြယ်သော ဝိညာဉ်တော် များကို ထုတ်ကာ၊ စက်ဝိုင်း အသွင် ဝိုင်းရံ စေလျက်၊ လင်းယွန်အား ဟန့်တား လိုက်သည်။
“ ဟား ... ဟား ... ဟား ... လင်းယွန် ... ၊ မင်းက တကယ် မောက်မာတဲ့ ကောင်ပဲ၊ ငါတို့နဲ့ တကယ် တိုက်ချင် နေတာလား။ ”
ဧကရာဇ် သခင်ငယ်က အံကြိတ်လျက် လှောင်ပြောင် လိုက်သည်။ လင်းယွန်နှင့် ရင်းနှီး သည်ဟု၊ သူ့ကိုယ်သူ ထင်မိသော ကြောင့်သာ၊ ဝင်ပါရန်၊ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်၏။
သို့သော် ဤမိစ္ဆာမှာ၊ သူ့ မျက်နှာမှ မထောက်၊ သတ်ရန် ကြိုးစား လာသည်။ သူ့ မေးခွန်းကို လင်းယွန်က ပါးစပ်ဖြင့် မဖြေဘဲ၊ လက်နှင့် ပြန်ဖြေ လာခဲ့သည်။
“ ဖြန်း ... ။ ”
အလွန် ပြင်းထန်သော လက်ဖဝါး ချက်ကြောင့်၊ ဝိညာဉ် ရေကန်၏ ရေမျက်နှာ ပြင်မှာ၊ ပေ (၁၀၀)ခန့် မြင့်တက် လာသည်။
မီတာ (၁၀၀၀) အကွာသို့ လွင့်စဉ်လျက်၊ ဒူးထောက်ကျ သွားကာ၊ ဧကရာဇ် သခင်ငယ်၏၊ ပါးစပ်မှ သွေးများ စီးကျလာ တော့၏။
“ ဟိတ် ... ။ ”
လင်းယွန်က သူ့ထံ အားယူ နေသော သခင်ငယ် များကို လျစ်လျူရှုကာ၊ ခြေဖဝါးကို မြေပြင်ပေါ် အသာပုတ် လိုက်သည်။
“ ဝှစ် ... ။ ”
လက်များကို ဆန့်ထုတ်ကာ၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ ဧကရာဇ် သခင်ငယ် နောက် လိုက်ပါ သွားခဲ့၏။
ဝင်းရံ ပိတ်ဆို့ ထားသော ဝိညာဉ် တော်များ ထံမှ၊ မယုံ နိုင်ဖွယ် အလွယ် တကူ လွတ်မြောက် သွားခဲ့သည်။
“ လင်းယွန်၊ မင်း ငါနဲ့ တကယ် တိုက်ချင် တာလား။ ”
ဧကရာဇ် သခင်ငယ်က သွေးစ များကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း သုတ်ယူ လျက်မှ အနားရောက် လာသော တစ်ဖက် လူအား စိုက်ကြည့်ကာ ပြန်မေး လိုက်သည်။
ဤလူမှာ ရှေးမစွ ကတည်း ကပင်၊ နောက်ဆုတ် ချင် နေမှန်း လင်းယွန် သိသည်။ သို့သော် ၎င်းဆန္ဒ ရှိ သကဲ့သို့၊ ဖြစ်ခွင့် မပေး နိုင်ချေ။
“ ငါ ... မင်းကို ပြောစရာ ရှိတယ်။ ”
လင်းယွန်က ဧကရာဇ် သခင်ငယ်ထံ လျှောက်လှမ်း လာလျက်မှ စကားစ မိသည်။ သူ ခြေလှမ်း တိုင်း၌၊ ခရမ်းရောင် ပန်းများ၊ တစ်ပွင့်စီ ဖြစ်ပေါ် လာ၏။
“ ပြောပါ ... ။ ”
လင်းယွန် စကားကြောင့်၊ ဧကရာဇ် သခင်ငယ်၏ မျက်နှာတွင်၊ မျှော်လင့်ချက်များ တောက်ပ လာသည်။
“ အမှန်ပြော ရရင်၊ မင်းကို စတွေ့ ကတည်းက ငါ ကြည့်မ ရဘူး၊ ပါးရိုက်ချင် နေခဲ့တာ ကြာပြီ၊ ခုမှပဲ နေလို့ ထိုင်လို့ ကောင်းသွားတယ်။ ”
ဧကရာဇ် သခင်ငယ်နှင့်၊ လက် တစ်ကမ်း အကွာသို့ အရောက်တွင်၊ လင်းယွန်က ရပ်ကာ ပြုံးလျက် ပြော လိုက်သည်။
“ မင်း ... ။ ”
ဧကရာဇ် သခင်ငယ်၏ နောက်ကျော၌ ရွှေရောင် ပလ္လင် တစ်လုံး ပေါ်လာပြီး၊ ဧကရာဇ် တစ်ပါး၏ ကြီးမြတ်သော ရောင်ဝါအား ထုတ်လွှတ် လာသည်။
“ ထွက် သွား စမ်း ... ။ ”
သို့သော် လင်းယွန်က သူ့ထက် မြန်၏။ ခရမ်းရောင် ပန်းများ ပွင့်နေသော အပြာရောင် သစ်ပင်ကြီး၊ ရုတ်တရက် ပေါ်လာသည်။
ဤအခိုက်တွင် ကောင်းကင်ဓား ရည်ရွယ်ချက်မှာ၊ အထွတ် အထိပ်သို့ ရောက်ရှိ သွား၏။
အမျိုး မျိုးသော ဖြစ်စဉ်များ ဆင့်ခေါ် ထားသည့်၊ ဧကရာဇ် သခင်ငယ်၏ ဝိညာဉ်တော် ထံ၊ တစ်ချက် မော့ကြည့်ကာ၊ ဓားအား ခေါ် လိုက်သည်။
“ ဓား ... ။ ”
ထို့နောက် ကြာပန်း တစ်ပွင့်က၊ ပုံသွန်းလောင်း နေဆဲ ဖြစ်သော ဝိညာဉ်တော် ကို ဖြတ်ကျော်ကာ၊ သခင်ငယ်၏ ရင်ဘတ်ပေါ် ထိမှန် သွားသည်။
“ ကောင်းကင် ကြာပန်း။ ”
“ ခရစ် ... ။ ”
ချပ်ဝတ်၌ အက်ကြောင်းများ ပြည့်နှက် လာကာ၊ နေရာ တိုင်းမှ သွေးများ စီးကျ လာ၏။ ယင်းမှာ အဆုံးသတ် မဟုတ် သေးချေ။
“ ဖြန်း ... ။ ”
လင်းယွန်က ဧကရာဇ် သခင်ငယ် ထံသို့ ပျံသန်း သွားပြီး၊ ပါးပြင်အား ဆက်တိုက် ရိုက်ချ လိုက်သည်။
“ ဖြန်း ... ။ ”
“ ရပ် ... ”
“ ဖြန်း ... ။ ”
“ မင်း ... ”
“ ဖြန်း ... ။ ”
“ လင်း ... ”
“ ဖြန်း ... ။ ”
“ ဖြန်း ... ဖြန်း ဖြန်း ။ ”
အော်ဟစ် ဟန့်တား သံများ၊ ထွက်ပေါ်လာ သော်လည်း၊ လင်းယွန်က မရပ် ခဲ့ချေ။ ကျေနပ် စွာ ရိုက်နှက် ပြီးနောက် မှသာ၊ ဆုတ်ခွာ လိုက်၏။
ဧကရာဇ် သခင်ငယ်၏၊ ဝှက်ဖဲ ဖြစ်သော ချပ်ဝတ်ကို၊ ဓားတစ်ချက် တည်းဖြင့်၊ ဖျက်ဆီး ပစ်လိုက် သည်။ ဝိညာဉ်တော်သာ မရှိ ပါလျှင်၊ သခင်ငယ်မှာ သေပြီး ဖြစ်၏။
ဤလုပ်ရပ်များ အရ၊ ငရဲ နတ်ဘုရား သခင်ငယ် ထက်ပင်၊ သူ့ အပေါ် ဤလင်းယွန်မှ၊ ပို၍ မုန်းတီး နေကြောင်း ပြောနိုင်သည်။
“ လင်းယွန် ... ၊ မင်း ဘာလိုချင် တာလဲ၊ ငါတို့ နှစ်ယောက် ကြားမှာ၊ လူသတ်ချင် လာတဲ့ အထိ၊ ဒေါသ ထွက်စရာ ဘာမှ မရှိ ဖူးလို့၊ ငါ ထင်တယ်။ ”
ပါး နှစ်ဖက်လုံး ရောင်ရမ်း နေပြီ ဖြစ် သော်လည်း၊ သူတွင် သိလို သည်များ ရှိနေသေး လေသည်။
“ မင်းရဲ့ အသက် ... ။ ”
ဤသခင်ငယ် ဆိုသူသည်၊ ဖေးရွယ်အား လာခေါ်စဉ်၊ သူ့ အပေါ် နှိမ့်ချ စော်ကားသော စကားများ ပြောခဲ့ ဖူးသည်။
ထို့အပြင် သူ သတ်လိုသော လူအား၊ မသတ်နိုင် စေရန်၊ ဝင်ရောက် စွက်ဖက် လာပြန် ၏။ သူ့ သည်းခံ နိုင်စွမ်းမှာ၊ အကန့် အသတ် ရှိလေပြီ။
“ ချွင် ... ။ ”
ကောင်းကင်ဘုံ သုံးပါးမှ၊ နောက်ဆုံး ဓား ဖြစ်သော နေလ ဓားအား ခင်းကျင်း လိုက်ရာ၊ ဓားမြည် သံများ ဆူညံလာ တော့၏။
ဧကရာဇ် သခင်ငယ်၏ မျက်နှာမှာ၊ ကြောက်ရွံ့ မှုဖြင့် နီမြန်း လာသည်။ ဤသို့သော အကြောက် တရားမျိုး၊ ဘဝ တစ်လျှောက် တစ်ကြိမ် မျှပင် မခံစား ဖူးချေ။
တစ်ချိန်က မာနကြီး လွန်းသော ဧကရာဇ် သခင် ဟူသည့် ပုံရိပ်မှာ၊ သည်ဓားသံ အောက်၌၊ လုံးဝ ကွဲကြေ သွားပြီ၊ ဖြစ်သည်။
သူ့အသွင်မှာ အပြစ်သား တစ်ဦးမှ၊ ငရဲ မိစ္ဆာ တစ်ပါး၏ စီရင်ချက်ကို၊ စောင့်မျှော် နေခြင်းနှင့် တူလာ သည်။
“ ..... ။ ”
နောက်ဆုံးတွင် သူ၏ စင်ကြယ်သော ဝိညာဉ် တော်မှာ၊ ဓားရောင်ဝါ အောက်၌၊ ပြိုကျလု နီးပါး တုန်ယင် လာပြီ ဖြစ်သည်။
“ မိစ္ဆာကောင် ရပ် စမ်း ... ။ ”
ဧကရာဇ် သခင်ငယ်သာ သေဆုံး ခဲ့ပါက၊ သခင်ငယ် ဟူသော သူတို့ အားလုံး၏ ပုံရိပ်မှာ လူ ရယ်စရာ ဖြစ်လာ နိုင်သည်။
အတူ လက်တွဲ ထားသည် ဆိုသော်လည်း၊ လင်းယွန်မှ ပါးရိုက် နေသည့် အချိန်ထိ၊ အလေး အနက် မထားမိ သေးချေ။
သူတို့ အချင်းချင်း ပြိုင်ဆိုင် နေကြ သောကြောင့်၊ တစ်စုံ တစ်ယောက် အရှက်ခွဲ ခံရခြင်း အပေါ်၊ သဘာဝ အတိုင်း စိတ်ထဲမှ ကျေနပ် နေခဲ့ ကြသည်။
ထို့ကြောင့် ဆိုသာ ဆိုနေ ရသော် ငြားလည်း၊ ပါးရိုက်ခံ နေရသည့် ဧကရာဇ် သခင်ငယ် အပေါ် မည်သူမျှ ကူညီရန် ဆန္ဒ မရှိ ကြချေ။
သို့သော် ယခုမူ လင်းယွန်က သတ်ရန် ကြိုးစား လာပြီ ဖြစ်သဖြင့်၊ အမှန် တကယ် ကူညီ ရပေ တော့မည်။
***