← Chapters

မင်းကြောင့် ငါ့ဓား ညစ်ပတ် သွားပြီ။

Vol. 77 Ch. 1073

မင်းကြောင့် ငါ့ဓား ညစ်ပတ် သွားပြီ။

Vol. 77 Ch. 1073

စက္ကန့်ပိုင်း အတွင်း၊ နဂါး ကိုးကောင်က ဧကရာဇ် သခင်ငယ်ကို ကန့်သတ် လာလေ သည်။

ထို့ကြောင့် သခင်ငယ် များမှာ၊ စင်ကြယ်သော ဝိညာဉ်တော် များကို ထုတ်ဖော် လျက်၊ နဂါး များကို ဖျက်ဆီးရန် ကြိုးစား လိုက်ရသည်။

ဆန်းပြားသော ဖြစ်စဉ် များနှင့် အတူ၊ ထွက်ပေါ် လာသည့် ဝိညာဉ်တော် များကို မြင် လိုက်ရ သဖြင့်၊ လူတိုင်း အသက် ရှူရန် မေ့လျော့ ကုန် ကြသည်။ အံ့မခန်း ပေပင်။

သည့်ထက် ပို၍ မယုံနိုင်ဖွယ် ကောင်း သည်မှာ၊ လင်းယွန်၏ ဓားရောင်ဝါ ဖြစ်သည်။ ၎င်းက ဝိညာဉ်တော် များကို ခံနိုင် ခဲ့၏။

“ ငါတို့တွေ ကြားမှာ၊ ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိ ပေမဲ့၊ လူတိုင်းက ကူညီချင် စိတ် ရှိနေတာ၊ တကယ့်ကို အံ့သြမိ ပါတယ်။ ”

ထိုမြင်ကွင်းကို ကြည့်ကာ၊ တော်ဝင် နဂါး သခင်ငယ်မှ ဆိုသည်။

“ ငါတို့ကို ကူညီတယ် ဟုတ်လား၊ မင်း အတွေး လွန် နေပြီ၊ သူတို့က ငါတို့ကို တကယ် ကူညီ ချင်တယ် ဆိုရင်၊ ငါ ပါးရိုက် ခံရတဲ့ အချိန် တုန်းက ဘာလို့ ဝင်မလာ ကြတာလဲ၊ ... ”

“ ... အမှန်တော့ လင်းယွန်ကို နှိပ်ကွပ်ဖို့၊ ငါ့ကို အကြောင်း ပြချက် အဖြစ်၊ အသုံးချ နေ တာပါ၊ ... ”

“ ... အရွက် ကိုးရွက် သူတော်စင် သစ်သီးကို လင်းယွန် ရသွားမှာ၊ ဘယ်သူ မဆို ကြောက်ကြ တယ်။ ”

ငရဲ နတ်ဘုရား သခင်ငယ်က ခေါင်းယမ်းကာ ဆိုသည်။

“ မင်းရဲ့ လက်မောင်း ... ။ ”

ယင်ယန် သုခဘုံ သခင်ငယ်က၊ ငရဲ နတ်ဘုရား သခင်ငယ် လက်မောင်းထံ၊ အကြည့် အရောက်တွင်၊ စိုးရိမ်စွာ စကားစ လိုက်သည်။

ထို့ကြောင့် ငရဲ နတ်ဘုရား သခင်ငယ် မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး ဒေါသများ ထင်ဟပ် လာ၏။

“ အဲဒီ လူယုတ်မာက၊ တကယ့် မိစ္ဆာ တစ်ကောင်ပဲ၊ ရက်စက် ကြမ်းကြုတ် လွန်းတယ် ၊ ခွန်လွန်ဘုံ ရောက်ရင် ... ”

“ ... ဒီတစ်ကြိမ် လောက်တော့ ... ၊ ငါ လက်ကို ပြန်ချိတ်ဆက် နိုင်ပါ သေးတယ်၊ အခု မင်းတို့ကို အရေး ကြီးတဲ့ လျှို့ဝှက်ချက် တစ်ခု ပြောပြမယ် ... ။ ”

သခင်ငယ် နှစ်ဦးက ငရဲနတ်ဘုရား သခင်ငယ် အနား တိုးကပ်သွား လိုက်သည်။ စကား အချို့ကို ကြားသော အခါတွင်၊ သူတို့ မျက်နှာများ ပြောင်းလဲ သွား၏။

“ ရေကန် အောက်ခြေမှာ၊ အစီရင် မရှိဖူး ဟုတ်လား။ ”

တော်ဝင် နဂါး သခင်ငယ်က အံ့သြ သွားသည်။

“ ဟား ... ဟား ... ဟား ... ဟုတ်တယ်၊ အမှန်ပဲ နောက်ဆုံးမှာ ဘယ်သူ ရယ်နိုင် မလဲ ဆိုတာ ကြည့်ရအောင်။ ”

ငရဲ နတ်ဘုရား သခင်ငယ်၏ အကြည့် များက အေးစက် သွားသည်။ လူတိုင်း လင်းယွန် အပေါ်၊ အာရုံစိုက် နေသဖြင့်၊ ခဏတာ ရှောင်ပြေး နိုင်ပေမည်။

“ လင်းယွန်၊ မင်း ဘာလို့ မိုက်မဲ ရတာလဲ၊ ဒီဓားကို လွှဲပြီးရင်၊ မင်းရဲ့ ဓားရောင်ဝါ တစ်ဝက် လောက်၊ ကုန်သွား လိမ့်မယ်၊ အဲဒီ အချိန်ဆို ဝိညာဉ်တော် တွေက၊ မင်းကို သတ်နိုင်ပြီ။ ”

ဧကရာဇ် သခင်ငယ်က၊ ရွှေရောင် ပလ္လင် အတွင်း၊ သွေးသား စွမ်းအင်များ လောင်းထည့် ကာ၊ တိတ်တဆိတ် ပြန်လည် ဖွဲ့ဆည်း လိုက်၏။

ထိုလုပ်ရပ်အား ဖုံးကွယ်ရန်၊ ကြောက်ရွံ့ တုန်ယင်နေ သကဲ့သို့၊ ဟန်ဆောင် ပြလေသည်။ သို့သော် တကယ်လည်း ကြောက်ရွံ့ နေ၏။

“ လင်းယွန် ... ၊ အခု မင်း ဓားကို သိမ်းလိုက်ပါ၊ ငါတို့ မင်းကို လွှတ်ပေးနိုင် ပါတယ်။ ”

သခင်ငယ် တစ်ဦးမှ ဝင်ရောက် ပြောဆို လာသည်။ စင်ကြယ်သော ဝိဉာဉ်တော် များဖြင့် လင်းယွန်ကို ဟန့်တား လိုခဲ့ သော်လည်း၊ သူတို့က ရှေ့မတိုး နိုင်ခဲ့ချေ။

ဓား ရောင်ဝါမှာ ဧကရာဇ် သခင်ငယ်ကို ချုပ်နှောင် ထားပြီး၊ သူတို့အား ရပ်တန့်စေ နိုင်ခဲ့ သည်။

“ မင်း ကြားတယ် မဟုတ်လား ... ၊ လက်လျော့ လိုက်ပါ၊ ငရဲ နတ်ဘုရား သခင်ငယ် မသေ သရွေ့၊ မင်းက ငါ့တို့ အားလုံးရဲ့ ရန်သူ အဖြစ်၊ ဘယ်သူမှ သတ်မှတ်မှာ မဟုတ်ဘူး။ ”

တုန့်ဆိုင်း နေသော လင်းယွန်ကြောင့်၊ ဧကရာဇ် သခင်က ဆက်၍ ဖျားယောင်း လိုက် မိ၏။

ဤမျှ များပြား လှသော ဝိညာဉ်တော် များကြောင့်၊ သူ အသက် ရှင်ခွင့် ရလိမ့် မည်ဟု ယုံကြည် လာသည်။

ထို့ကြောင့် လင်းယွန်သာ စိတ်ပြောင်း သွားပါက၊ သင်ခန်းစာ တစ်ခု ပေးရန် ကြံရွယ် ထား၏။

နောက်ဆုံးတွင် သူ့ရှေ့၌ ဤကဲ့သို့ မောက်မာသော ပုရွက်ဆိတ် တစ်ကောင်ကို၊ အသက် ရှင်ခွင့် မပေး နိုင်ချေ။

လင်းယွန်၏ ဆုံးဖြတ်ချက် အပေါ်၊ လူတိုင်း အသက် အောင့်ကာ၊ အာရုံစိုက် လာကုန် သည်။ သခင်ငယ် (၆) ပါးကို ဓားရောင်ဝါ များဖြင့်၊ ပိတ်ဆို့ထား ရန်မှာ လွယ်ကူသော အရာ၊ မဟုတ်ချေ။

ယခု အချိန်၌ ဧကရာဇ် သခင်ငယ်ကို သတ်ရန် ကြိုးစား ပါက၊ ထိုဓား ရောင်ဝါမှာ၊ အားနည်း သွားမည် ဖြစ်သည်။

တနည်း အားဖြင့် သူ သည်လည်း၊ သက်သာမည် မဟုတ်ချေ။ နောက် တစ်လှမ်း ဆုတ်ခွာ ပေးလိုက် လျှင်ပင်၊ အင်အားကြီး ဂိုဏ်း များက၊ သူ့ကို စိတ်ဝင် စားဆဲ ဖြစ်မည်မှာ သေချာ၏။

“ မင်းက ... ဘာတွေများ မျှော်လင့် နေတာလဲ၊ ငါ့ကို စေသနာ ဆိုတဲ့ စကား တွေနဲ့ ဖျားယောင်း နေဦး မှာလား၊ ... ”

“ ... အခု အချိန်မှာ၊ ဆုံးဖြတ်ချက် ချရမဲ့ လူက၊ မင်း မဟုတ်ဘူး၊ ငါပဲ၊ ထွီ ... ။ ”

လင်းယွန်က ရွံ့ရှာ ဟန်ဖြင့်၊ ဧကရာဇ် သခင်ငယ် မျက်နှာကို တံတွေးနှင့် ထွေးပစ် လိုက်သည်။

သူ့အား အကြိမ်ကြိမ် စိတ် အနှောက် အယှက် ဖြစ်စေသော၊ ဤလူကို ခွင့်လွှတ်ရန် စိတ်ကူး မရှိချေ။

မျက်နှာပေါ် ကျရောက် လာသည့်၊ သလိပ် များကြောင့်၊ ဧကရာဇ် သခင်ငယ်မှာ တင်းမာ အေးစက် သွားသည်။

“ မင်း ... မင်း ငါ့ကို သတ်ချင် နေတာလား၊ မင်း အရင် သေလိုက်တော့ ... ။ ”

ထို့နောက် လင်းယွန်အား ထိုးနှက် လိုက်သည်။ ချက်ချင်းပင် စုဆောင်း ထားသော ရွှေပလ္လင် ထက်တွင်၊ သရဖူ ဆောင်းထားသည့် ဧကရာဇ် တစ်ပါး ဆင်းသက် လာ၏။

၎င်းထံမှ ဖိအားမှာ၊ ပြင်းထန် လွန်း သောကြောင့်၊ လူအုပ် ကြီးက အာမေဋိတ် သံများ၊ ပြုလိုက်မိ ကြသည်။

သို့သော် လင်းယွန် မှာမူ တုန်လှုပ်ခြင်း မရှိဘဲ၊ ခင်ကျင်း ထားပြီး ဖြစ်သည့် နေလဓား အား၊ တည်ငြိမ်စွာ ထုတ်ဖော် လိုက်သည်။

ထို့နောက်တွင် ဧကရာဇ် သခင်ငယ်ကို ဖုံးအုပ် ထားသော နဂါး (၉) ကောင်က ရွှေပလ္လင် အား၊ စက္ကန့်ပိုင်း အတွင်း ဖျက်ဆီး ပစ်သည်။

ကြောက်မက်ဖွယ် ကောင်းသော ဓား အလင်းများ၊ ဆင်းသက် လာပြီး၊ ဧကရာဇ် တစ်ပါး အသွင် ဝိညာဉ် တော်နှင့် ချပ်ဝတ်ကို၊ အပိုင်းပိုင်း ခွဲပစ် လိုက်သည်။

အပိုင်း အစများ ကြားမှ၊ ဓားဖျားက ဧကရာဇ် သခင်ငယ်၏ ရင်ဘတ်ထံ၊ ထိုးဖောက် ဝင်ရောက် သွားသည်။

“ စွပ် ... ။ ”

ဧကရာဇ် သခင်ငယ်က နှလုံးနှင့် (၂) လက်မခန့် အကွာသို့ ရောက်ချိန် မှသာ၊ ဓားကို ဆုပ်ကိုင်ရန် အချိန်မီ လိုက်၏။

ဓားဖျားမှ သွေးများ စီးကျ လာသည်။ ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင်လျက်၊ ဧကရာဇ် သခင်ငယ်၏ အသက်ရှူ သံမှာ၊ ပို၍ မြန်လာ၏။

“ လင်းယွန် ငါ ... ငါ့ကို ချမ်းသာ ပေးပါ၊ ဒီလိုမှ မဟုတ်ရင် ... ၊ အဲဒီ ဝိညာဉ် တော်တွေ အားလုံးက၊ မင်းကို သတ်ပစ် လိမ့်မယ်၊ ဒါက ငါရော မင်းပါ သေမယ့် လုပ်ရပ်ပဲ။ ”

ပန်းသင်္ချိုင်း ဓားအား ဆုပ်ကိုင်လျက်၊ ဧကရာဇ် သခင်ငယ်က လင်းယွန်ကို နောက်ဆုံး အကြိမ် အဖြစ်၊ တောင်းပန် ကြည့် လိုက်သည်။

လင်းယွန်က ဓားကို ဆုပ်ကိုင် ထားသော လက်ထံ တစ်ချက် ကြည့်ကာ၊ မျက်လုံး အမြန် မှိတ်ချ လိုက်ရသည်။

သည့်စဉ် ဓားကိုင် လက်မှာ၊ တဆက်ဆက် တုန်ယင် လာ သည်ကို၊ သတိထားမိ လိုက်သော ဧကရာဇ် သခင်ငယ်က၊ ချက်ချင်း ပြုံး သွားပြီး၊

“ မင်း မသေချင်ဖူး မဟုတ်လား၊ စိတ်မပူနဲ့ မင်းကို သွားခွင့်ပြု မယ်လို့ ငါ ကတိပေး ပါတယ် … ၊ ပြီး ... ”

သို့သော် သူ့စကား မဆုံးခင် လင်းယွန်မှာ မူလ စွမ်းအင် များကို ဓားထဲသို့ လောင်းထည့် လာပြီ ဖြစ်သည်။

“ ရွှပ် ... ။ ”

ယင်းနောက် ဓားအား ဖြတ်ခနဲ ပြန်ဆွဲ ယူကာ၊ ဧကရာဇ် သခင်ငယ်၏ လည်ပင်းထံ၊ ချက်ချင်း ပိုင်းချပစ် လိုက်သည်။

ကြက်သွေးရောင် မျဉ်းတစ်ကြောင်း ဖြစ်ပေါ်ပြီး၊ ပူခနဲ ခံစား ချက်ကြောင့်၊ ဧကရာဇ် သခင်ငယ်က သူ့လက်ကို လည်ပင်းထံ ရွေ့ကာ၊ ဆုပ်ကိုင် လိုက်၏။

“ တကယ်တော့ ... ငါကြောက် နေတာ မဟုတ်ဘူး၊ ရွံ နေတာ ... မင်း လက်ကြောင့်၊ ငါ့ ဓား ညစ်ပတ် သွားပြီ။ ”

“ မင်း ... ။ ”

အမှန်ပင် ရွံ့ရှာ သွား ဟန်ဖြင့်၊ လင်းယွန်မှ ပြုမူ ပြလာ သောကြောင့်၊ ဧကရာဇ် သခင်ငယ် ခမျာ၊ ထောင်းခနဲ ဒေါသ ထွက် လာသည်။

“ ဖောင်း ... ။ ”

လက်ကို ပြန်ရုတ်ကာ၊ လက်သီး ဆုပ် လိုက်ပြီး၊ ရှေ့တစ်လှမ်း တိုးရန် ပြင်လိုက် ချိန်၌၊ ဦးခေါင်း ပေါက်ကွဲ သွားတော့သည်။

ဦးခေါင်း မပါသော အလောင်း ကြီးက၊ ဝိညာဉ် ရေကန် အတွင်း ပြုတ်ကျ သွားကာ၊ ချက်ချင်း နစ်မြုပ်သွား လေသည်။

“ ဒါ ... ။ ”

လူအုပ် ကြီးမှာ၊ မျက်လုံး ပြူး ကုန်သည်။ သခင်ငယ် ဟူသည် တားမြစ် ပုဂ္ဂိုလ်များ ဖြစ်၏။

ထို့ကြောင့် ၎င်းတို့က၊ ဓားသမား တစ်ယောက်အား အရှက် ခွဲရန် ကြိုးစားခဲ့ ကြသည်။

သို့သော် ယင်းမှာ၊ ရက်စက် ကြမ်းကြုတ်သော မိစ္ဆာ တစ်ကောင် ဖြစ်နေ သဖြင့်၊ အဆုံးသတ် မကောင်း ခဲ့ချေ။

ထို့နောက်တွင် ဝိညာဉ်တော် များမှာ၊ လင်းယွန် အပေါ် ပြိုကျလာ တော့သည်။ အချိန် မရတော့ သဖြင့်၊ သူတော်စင် နဂါး ချပ်ဝတ်အား ထုတ်ဖော်ကာ၊ အံကြိတ် ခံယူလိုက် ရ၏။

ခရမ်း ရွှေရောင် နဂါး ရူရ် (၁၈) လုံးက၊ တောက်ပ လာသော်လည်း၊ ဝိညာဉ် တော်များ ၏ ဖိအားကြောင့်၊ ချက်ချင်း ပြိုကျ သွားလေ သည်။

ဤနေရာရှိ လူအုပ်ကြီး ကိုပင်၊ တစ်ချက် တည်းဖြင့် သတ်နိုင်သော စွမ်းအားများ ဖြစ်ရာ၊ ရေကန်ကြီး တစ်ခုလုံး၊ ပြင်းစွာ လှုပ်ခါ လာ၏။

“ လင်းယွန် ... ။ ”

လူတိုင်းက လင်းယွန် အပေါ် စိုးရိမ် သွားသည်။ ဤလူငယ်မှာ ရူးမိုက်လွန်း ပေ၏။ သတ်လို သူအား ရအောင် သတ်သွားခဲ့ လေပြီ။ သေ လျှင်ပင် နောင်တ မရှိဟု မြင်မိ၏။

အရာ အားလုံး ပြန်လည် ငြိမ်သက် သွားသော အခါတွင်၊ သွေးချင်းချင်း ရဲနေသည့်၊ လူငယ် တစ်ဦး၊ ငြိမ်သက်စွာ ရပ်လျက် ကျန်ရစ် ခဲ့သည်။

ကောင်းကင် ဓားကို မည်သည့် နေရာမှ မတွေ့ရ တော့ချေ။ ယုတ္တိ ဗေဒ အရ ဆိုရသော်၊ လင်းယွန် သေသင့် လေပြီ။

သို့သော် မည်သည့် ဝှက်ဖဲက၊ သူ့အား ဆက်၍ ရှင်သန်စေ နိုင်ခဲ့ သည်ကို၊ နားမလည် နိုင်တော့ချေ။

“ မသေ ဖူးလား ... ။ ”

ထိုအချိန်တွင် အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ လင်းယွန် အထက် ကောင်းကင်၌ ထွက်ပေါ် လာပြီး၊ ဖျော့တော့ နေသော လူငယ် ထံ၊ ငုံ့ကြည့် လိုက်သည်။

“ ပန်းသင်္ချိုင်း၊ မင်းကို မရဏပြည် အထိ ငါ လိုက်ပို့ ပေးမယ်။ ”

သည့်နောက် အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ လင်းယွန်အား ဖမ်းကိုင်ကာ ရင်ဘတ်ကို လက်ဖြင့်၊ ထိုးနှိုက် လိုက်သည်။

“ အွန့် ... ။ ”

လက်ပြန် အရုတ်၌၊ သွေးများ စီးကျ နေရသည့်၊ အနက်ရောင် အရိုး တစ်ရိုး ပါရှိလာ လေသည်။

၎င်းအရိုးရှိ နတ်ဘုရား ရူရ်က၊ ချက်ချင်း အသက်ဝင် လာပြီး၊ အင်ပါယာ ငှက်မွှေး သခင် ငယ်ကို ရောင်ဝါဖြင့်၊ ဖုံးအုပ် ပစ် တော့သည်။

***

All Chapters