သေခြင်း တရား။
Vol. 77 Ch. 1074
နဂါး အရိုးအား မည်သူမျှ မမြင်ဖူး သော်လည်း၊ ဤအရာမှာ နဂါး အရိုး ဖြစ်မည်ဟု လူတိုင်း နားလည် လိုက်သည်။
အရိုးသည် သွေးများဖြင့် စွန်းထင်း နေပြီး ကြမ်းကြုတ်သော နဂါး ရောင်ဝါကို ထုတ်လွှတ် လာ၏။
ဤအချိန်တွင် အင်ပါယာ ငှက်မွေး သခင်ငယ်အား၊ လျှော့တွက်၍ မရ နိုင်ကြောင်း သိလာ ကြသည်။
သူ၏ တိုက်ပွဲဝင် ပုံစံအား မမြင်ဖူး ကြ သော်လည်း၊ ထိတ်လန့်ဖွယ် ကောင်းမည်ကို၊ သည်လုပ်ရပ်က သက်သေပြ နေသည်။
ဤမတိုင်မီ လင်းယွန်နှင့် နဂါး အရိုးမှာ၊ တစ်သားတည်း ဖြစ်နေပြီး၊ လုယူရန် မလွယ်ဟု သတင်းကြီး နေခဲ့သည်။
သို့သော် အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ မျက်စိ တမှိတ် အတွင်း၊ မူလ စွမ်းအင်နှင့် ဓား ရည်ရွယ် ချက်ကို ကန့်သတ်ကာ၊ နှိုက်ယူ သည်။
“ မ ဟုတ် ဘူး ... ။ ”
ယခု အချိန်တွင် လောချန်နှင့် အဖွဲ့မှာ အတုန်လှုပ်ဆုံး ဖြစ်၏။ နဂါး နန်းတော်၌၊ မိစ္ဆာ ဝိညာဉ်မှ နဂါး အရိုးအား ရယူရန် ကြိုးပမ်းသော အခါတွင်၊ ပြင်းထန်စွာ ဒဏ်ရာ ရသွား ခဲ့ဖူး လေသည်။
ယင်းကို အင်ပါယာ ငှက်မွှေး သခင်ငယ်မှ မည်သို့ ရယူနိုင် ခဲ့သည်အား၊ သူတို့ နားမလည် နိုင်တော့ ချေ။
အင်ပါယာ ငှက်မွေး သခင်ငယ် လှုပ်ရှား လာသည် ကိုပင်၊ မမြင် လိုက်ရချေ။ သွေးများ စီးကျ နေသော အရိုးကို မြင်မှ သာလျှင်၊ သိလိုက် ကြခြင်း ဖြစ်သည်။
နဂါး အရိုးအား ကိုင်ကာ လေထု အလယ် ရပ်နေသော အင်ပါယာ ငှက်မွှေး သခင်ငယ်ကို စိုက်ပြီး၊ ကျန်သခင်ငယ် များမှာ၊ မျက်လုံးများ တောက်ပ လာသည်။
မကျေနပ် ကြသော်လည်း၊ တိုက်ပွဲ၌ ခွန်အားများ ကုန်ဆုံး နေပြီ ဖြစ်သဖြင့်၊ မည်သို့ ဆက်လုပ်ရ မည်ကို၊ တွေးတော လာကြသည်။
ပွင့်ပွင့် လင်းလင်း ဝန်ခံရ ပါမူ၊ အထွတ် အထိပ် အခြေ အနေ၌ ရှိလျှင်ပင်၊ ကြောက်ရ ပေသည်။ ဤလူမှာ သူတို့ (၁၀)ဦး အနက် အလျှို့ဝှက် နိုင်ဆုံးသော ပုဂ္ဂိုလ် ဖြစ်သည်။
“ အဓိပ္ပါယ် မရှိဘူး ။ ”
လင်းယွန် ထံမှ နဂါး အရိုးအား၊ အင်ပါယာ ငှက်မွှေး သခင်ငယ်မှ အလွယ် တကူ ရယူနိုင် ခဲ့ သည့် အပေါ်၊ နားမလည် နိုင်ချေ။ ယင်းက ဤမျှ လွယ်ကူ စရာ အကြောင်း မရှိဟု၊ သူတို့ မြင်သည်။
မသေချာ မရေ ရာသော သံသယများ ခံစားလာ ရ ချိန်တွင်၊ အင်ပါယာ ငှက်မွှေး သခင် ငယ်မှ၊ ရုတ်တရက် မျက်နှာ ပျက်သွားသည်။
ကောင်းကင်၌ မိုးခြိမ်း သံများ တဂျိန်းဂျိန်း မြည်လာပြီး၊ နဂါး ဟောက်သံများ ဆက်တိုက် ထွက်ပေါ် လာသည်။
“ နတ်ဘုရား ရူရ်။ ”
“ ဒါ ... ဒါက ပြီးပြည့် စုံတဲ့ ... ၊ နတ်ဘုရား ရူရ် တစ်လုံးပဲ၊ ကြည်ရတာ နဂါး ဘုရင်ရဲ့ အရိုး ဖြစ်မယ်။ ”
နဂါး အရိုးကို ကြည့်ကာ၊ လူတိုင်း ရင်ထဲ၌ လောဘများ ပြည့်နှက် လာ၏။ သို့သော် လက်ရှိ အချိန်၌ အင်ပါယာ ငှက်မွှေး သခင်ငယ်အား မည်သူမျှ ရင်မဆိုင် ရဲသေးချေ။
ထိုအချိန်တွင် လင်းယွန် ခန္ဓာ ကိုယ်မှာ၊ ရေကန် ထဲသို့ နစ်မြုပ် သွားသည်ကို၊ လူ အချို့ က၊ သတိထား မိလာသည်။
“ သူ သေသွား တာလား ... ။ ”
“ ဒဏ်ရာ တွေက အရမ်း ပြင်းတယ်၊ ဒီကြားထဲ နဂါး အရိုးကို ဆုံးရှုံးလိုက် ရတဲ့ အတွက်၊ သူ့မှာ ရှင်သန် နိုင်စရာ နည်းလမ်း မရှိတော့ ပါဘူး။ ”
“ မသေ ရင်တောင် ဆွံ့အ သွား လိမ့်မယ်၊ ဘာပဲ ဖြစ်ဖြစ် လင်းယွန်က သခင်ငယ် တစ်ပါး ကို သတ်ပြီး၊ တစ်ပါးရဲ့ လက်မောင်းကို ဖြတ်သွား နိုင်ခဲ့တယ်။ ”
“ ရေကန် ထဲမှာ အစီရင်တွေ ရှိတယ် မဟုတ်လား၊ သူသေဖို့ ရာခိုင်နှုန်း များပါတယ်၊ အခုက စပြီး ပန်းသင်္ချိုင်း ဓား လင်းယွန် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ”
“ အစ်ကိုကြီး ယွန် ... ။ ”
နဂါးလေး ကျောပေါ်တွင် ထိုင်နေသော ယွဲဝေဝေက၊ ထိုမြင်ကွင်း ကြောင့် စတင် ငိုကြွေး တော့သည်။
သည့်နောက် ဒေါသ တကြီးဖြင့်၊ ဝိညာဉ် ရေကန်သို့ ပျံသန်း သွားသည်။ အစ်ကိုကြီး ယွန် သေပြီးနောက်၊ လူတိုင်း အသက်ရှင် နေစရာ မလို တော့ချေ။
“ ရပ်စမ်း ... ၊ မင်းက ဘယ်လိုများ သတ္တိရှိ နေရ တာလဲ။ ”
သို့သော် သူမ လှုပ်လိုက် သည်နှင့်၊ ကောင်းကင်ရှိ ရေစက်ကြီး ထံမှ အလင်းမှုန်များ ဖြာကျ လာကာ၊ သူမကို ကန့်သတ် လေသည်။
ဂိုဏ်း ပေါင်းစုံ၏ အကြီး အကဲ များစွာက၊ ကောင်းကင်မှ နေ၍ အေးစက်စွာ စိုက်ကြည့်နေ ကြလေပြီ။
“ မိန်းကလေး ... မင်းက နောက်ဆုံး တိုက်ပွဲမှာ၊ မပါဝင်တဲ့ အတွက်၊ မင်းမှာ စွက်ဖက် ခွင့် မရှိ ပါဘူး၊ မဟုတ်ရင် ငါတို့ မင်းကို အပြစ်ပေး ရ လိမ့်မယ်။ ”
ကောင်းကင်ယံ ဂိုဏ်း၏ အကြီး အကဲ ကျင်းကြွယ်က၊ ယွဲ့ဝေဝေအား အေးစက်စွာ သတိ ပေး လာသည်။
“ တိရိစ္ဆာန်ကြီး ... ။ ”
ယွဲ့ဝေဝေမှာ အံကြိတ် ရုန်းကန် လိုက် သော်လည်း၊ ကြယ်ရောင် များဖြင့် ကန့်သတ်ခံ ရခြင်းမှ၊ မလွတ်မြောက် နိုင်ခဲ့ချေ။
“ ဝုန်း ... ။ ”
ထိုစဉ် အရိုးရှိ နဂါး အငွေ့ အသက်များ ပေါက်ကွဲ လာပြီး၊ သခင်ငယ် ငါးပါးအား လွင့်ပျံ သွားစေ ခဲ့သည်။
မြေပေါ် လဲကျ သွားသည်နှင့်၊ သွေးအန်လျက် ကြောက်ရွံ့စွာ ပြန်မော့ ကြည့်လိုက် ကြသည်။
“ သူ အလွှာ တစ်ခုပဲ ... ၊ ဖွင့်နိုင်လို့ ကံကောင်း သွားတယ်၊ မဟုတ်ရင် ငါ ဒုက္ခ ရောက်မှာ၊ သေချာတယ်။ ”
အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ နဂါး အရိုးအား ကိုင်လျက်မှ၊ ထိတ်လန့်စွာ ရေရွတ် လိုက်သည်။
တစ်ဖက်လူ ထံမှ၊ ဤအရိုးအား လူယူရန် ကြိုးစား ခြင်းသည်၊ မည်မျှ မိုက်မဲသော လုပ်ရပ် ဖြစ်ခဲ့ သည်ကို သိလိုက် ရ၏။
ထို့နောက် အခြားသော သခင်ငယ် များ၏ အကြည့်ကို အာရုံခံ မိပြီး၊
“ ဒါက မင်းတို့ အားလုံး နဲ့လည်း သက်ဆိုင် ပါတယ်၊ ငါ တစ်ဦးတည်း လက်ဝါးကြီး အုပ်မှာ၊ မဟုတ် ပါဘူး၊ ... ”
“ ... နောက်ဆုံး တိုက်ပွဲရဲ့ ချန်ပီယံက၊ ဒီအရိုးကို ပိုင်ဆိုင်ခွင့် ရှိသင့် တယ်လို့ ထင်တယ်၊ ငါပြောတာ ဘယ်လို သဘော ရလဲ။ ”
မည်သူမျှ ကန့်ကွက်ခြင်း မရှိ သည်ကို မြင်သော အခါ၊
“ ကောင်းပြီ ... သဘော တူတယ်လို့ ငါ ယူဆတယ်၊ မင်းတို့လည်း မူလ စွမ်းအင်တွေ အများကြီး ကုန်သွားပြီ၊ ... ”
“ ... ငါလည်း ဒဏ်ရာရ ထားပြီ ... ၊ ဒါကြောင့် တိုက်ပွဲကို ဘာလို့ နောက်ထပ် တစ် နာရီလောက်၊ မရွေ့ဆိုင်း ရတာလဲ။ ”
“ သဘော တူတယ်၊ တစ်နာရီ ကြာရင် ပြန်စ ကြမယ်။ ”
“ ဒါ ... အကောင်း ဆုံးပဲ။ ”
အခြားသော သခင်ငယ် များက သူ၏ အကြံပြု ချက်ကို၊ ကျေကျေ နပ်နပ် ခေါင်းညိတ် လာကြသည်။
နောက်ဆုံးတွင် နဂါး အရိုး ပေါက်ကွဲ မှုကြောင့်၊ လူတိုင်း နီးပါး ဒဏ်ရာရ ထားပြီ ဖြစ်၏။
“ ဝေါ့ ... ။ ”
အားလုံးက သဘောတူ လိုက်သည်နှင့်၊ အင်ပါယာ ငှက်မွှေး သခင်ငယ် မျက်နှာမှာ ချက်ချင်း ဖြူဖျော့ သွားပြီး၊ ပါးစပ် အပြည့် သွေးများ ထွေးထုတ်လာ ခဲ့သည်။
၎င်းတွင် ဒဏ်ရာ ရရှိ ထားမှန်း သိသော်လည်း၊ ဤမျှ ပြင်းထန် နေလိမ့် မည်ဟု၊ မည်သူမျှ မထင် ထားချေ။
ထို့ကြောင့် သူတို့ အပေါ်၊ ကောင်းစွာ လှည့်စား သွားမှန်း၊ နားလည် လိုက်မိသည်။ အင်ပါယာ ငှက်မွှေး သခင်ငယ်က ချက်ချင်း ထိုင်ချ လိုက်ပြီး၊
“ ငါတို့ ... သဘောတူ ထားတဲ့ အတိုင်း၊ နောက် တစ်နာရီ နေရင် တိုက်ပွဲ ပြန်စ ကြမယ်၊ အားလုံးက သခင်ငယ်တွေ ဖြစ်တဲ့ အတွက်၊ ကတိ တွေကို တန်ဖိုးထား ကြရအောင်။ ”
-ဟု ပြုံးလျက် ဆိုလိုက် တော့သည်။
ထို့နောက် လေထု ထဲရှိ၊ ပန်း သူတော်စင် အရည် များကို၊ ခန္ဓာကိုယ် ထဲသို့ စုပ်သွင်း လိုက် လေသည်။
ဤသို့ဖြင့် ဝိညာဉ်ရေကန်မှာ၊ တစ်နာရီခန့် ငြိမ်သက် သွားတော့သည်။ ပြိုင်ပွဲဝင် တိုင်းက သခင်ငယ်များ နည်းတူ သန့်စင်ရန်၊ ပြင်ဆင် လာတော့သည်။
ပန်း သူတော်စင် အရည် အတွက်၊ သခင်ငယ် များက သူတို့ အချင်းချင်း လုယူခြင်း မရှိ ကြချေ။
၎င်းသည် သူတို့ ဒေသ ၌ပင်၊ ရှားပါး ချေသည်။ ထို့ကြောင့် ပြိုင်ပွဲဝင် တိုင်းက၊ သူတို့ ထံမှ မလုယူ ရဲဘဲ၊ ဖိတ်စင် ထွက်လာသော အရာ အချို့ ကိုသာ၊ သန့်စင်ရဲ ပေသည်။
နောက်ဆုံးတွင် သခင်ငယ် များအား၊ ပုန်ကန်ခြင်း မပြုရန်၊ လင်းယွန်မှ အသက်နှင့် ရင်းကာ၊ ဥပမာ ပေးခဲ့ လေသည်။
ထိုချိန်တွင် ရေကန် ကြမ်းပြင်ရှိ လင်းယွန်၏ ခန္ဓာကိုယ်မှ သွေးသား စွမ်းအင်များ လျင်မြန်စွာ ပျောက်ကွယ် သွားနေသည်။
အတွေးများ မှိန်ဖျော့ ဝေဝါး လာ၏။ အင်ပါယာ ငှက်မွှေး သခင်ငယ် ရောက်လာ ချိန်၌၊ ဓား ရည်ရွယ် ချက်အား၊ အချိန်မီ မထုတ်နိုင် ခဲ့ချေ။
ရန်သူမှာ မယုံနိုင် လောက်အောင် မြန်လှ ပေသည်။ ရလဒ် အနေနှင့် နဂါး အရိုး၊ ဆုံးရှုံး လိုက်ရ ပေ၏။
အသိ စိတ်များ ငြိမ်သက် သွားပြီ ဖြစ် သော်လည်း၊ မသိစိတ် ထဲ၌ တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်း နေဆဲ ဖြစ်သည်။
တဖြည်းဖြည်း လွင့်ပါး လာသော အတွေး ထဲတွင်၊ သေခြင်း တရားကို ခံစားလာ ရသည်။ ထိုအချိန်၌ အသိ စိတ်အား မစုစည်းနိုင် တော့ချေ။ ခရီး ရှည်ကြီး တစ်ခုကို ထွက်နေရ သကဲ့သို့ မောပန်း နှုံးချိ လာသည်။
( ငါ သေရတော့ မှာလား။ )
“ ဟမ့် ... ၊ ဒီဧကရီ ရှိနေ မှတော့ ... ၊ မင်းကို ဒီလောက်နဲ့၊ ဘယ်လိုလုပ် သေခွင့် ပြုနိုင် မှာလဲ။ ”
ရုတ်တရက် မောက်မာ လွန်းသော အမျိုး သမီးငယ် တစ်ဦး၏ အသံ တစ်သံက၊ သူ့စိတ်ထဲ ထွက်ပေါ် လာတော့သည်။
***