နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း။
Vol. 77 Ch. 1075
လင်းယွန် မျက်လုံး ဖွင့်ကြည့် လိုက်ရာ၊ မှုန်ဝါး နေသော အာကာပြင် တစ်နေရာ၌ သူ့ ကိုယ်သူ ပြန်တွေ့ လိုက်ရသည်။
နဂါး အရိုး နှိုက်ထုတ် ခံရ မှုကြောင့်၊ ပေါက်ပြဲ သွားသော ဒဏ်ရာမှာ၊ အံ့သြဖွယ် ပျောက်ကင်း နေလေပြီ။
“ ငါဘာ ဖြစ်သွားတာလဲ သေသွား တာလား။ ”
အသိစိတ် ပျောက်ကွယ် တော့မည့် အချိန်တွင်၊ အသံ တစ်သံ ကြားလိုက်ရ သဖြင့်၊ မျက်လုံး ဖွင့်ကြည့် လိုက်ရာမှ၊ ဤဝန်းကျင်က စောင့်ကြို နေခြင်း ဖြစ်၏။
ခပ်လှမ်း လှမ်း၌၊ ခရမ်းရောင် ပန်းများ ပွင့်နေသော သစ်ပင်ကြီး တစ်ပင်ကို သတိထား မိလာသည်။
ယင်းကြောင့် ဤသည်မှာ၊ စိတ်ဝိညာဉ် နယ်မြေ ထဲတွင် ရှိနေခြင်း ဖြစ်ကြောင်း၊ မှန်းဆ နိုင်လိုက်၏။
မာကွင်းစ် ဝိဉာဉ်မှ သူ့ခန္ဓာ ကိုယ်အား သိမ်းပိုက်ရန် ကြိုးစားစဉ် ဤနေရာသို့ ရောက်ရှိ ထားဖူးသည်။
ပတ်ဝန်း ကျင်အား လှည့်ပတ် ကြည့် လိုက်သော်၊ ထိုစဉ်က ရေခဲ ဖီးနစ်ကို မည်သည့် နေရာ တွင်မှ၊ မတွေ့ရ သေးချေ။
ရေခဲ ဖီးနစ်သည် မာကွင်းစ် ဝိဉာဉ်ကို အကြည့် တစ်ချက်ဖြင့် ဖျက်ဆီး ပစ်ခဲ့သည်။ သူ့ ကြောင့်သာ မဟုတ် ပါက၊ ခန္ဓာ ကိုယ်အား နတ်ဆိုး ဝိဉာဉ်မှ သိမ်းပိုက်သွား နိုင်မည်။
“ စီနီယာ ... လား။ ”
လင်းယွန်က မရဲ တရဲဖြင့် လွတ်နေသော လေဟာ နယ်အား၊ စကားပြောရန် ကြိုးစား လိုက်သည်။
“ ဟမ့် ... ၊ ငါက လွဲလို့ ဘယ်သူ ကများ၊ မင်းကို ဒီခေါ်လာ နိုင်မှာလဲ။ ”
ရင်းနှီးသော အမျိုး သမီး တစ်ဦး အသံ ထွက်ပေါ် လာသဖြင့်၊ အသံ ထွက်ပေါ် လာရာ နောက်ကျော ထံသို့၊ လှည့်ကြည့် လိုက်မိ၏။
အလင်း စက်လုံးဖြင့် သိုင်းခြုံလျက် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ၊ ထုတ်လွှတ် နေသည့် ပုံရိပ် တစ်ရိပ်အား မြင်လိုက် ရသည်။
“ စီ ... စီနီယာ … ။ ”
လင်းယွန် တစ်ယောက် တုန်ယင် သွားသည်။
“ မင်းက ဘာလို့ ငါ့ရှေ့မှာ၊ ဒူးမထောက် သေးတာတုန်း။ ”
“ ဘာလို့ ဒူးထောက် ရမှာလဲ ... ၊ ငါက ကောင်းကင် ကိုတောင် ဒူး မထောက်ဘူး။ ”
ရေခဲ ဖီးနစ်၏ စကား များက၊ အလို မကျ ဖြစ်လာစေ သဖြင့်၊ လင်းယွန် လေသံမှာ မာသွား လေသည်။
“ ဟမ့် ... ၊ ဘယ်က ကောင်းကင်နဲ့ မြေကြီးလဲ၊ ငါ့ကို မွေးတုန်းက အဲ့ဒီ ကောင်းကင် နဲ့၊ မြေကြီး ဆိုတဲ့ ကလေး တွေတောင် မရှိသေး ပါဘူး။ ”
ရေခဲ ဖီးနစ်က ဒေါသဖြင့်၊ တုန့်ပြန် လိုက်သော စကား များကြောင့်၊ လင်းယွန် ခမျာ ထိတ်လန့် သွားသည်။
( ကောင်းကင်နဲ့ မြေကြီးတောင် မမွေးဖွား သေးဖူးလား။ )
ဤငှက်သည် ကောင်းကင်နှင့် မြေကြီး မဖြစ်ပေါ်စဉ် ကတည်း ကပင်၊ ရှိနေခဲ့ ခြင်းဟု အဓိပ္ပါယ် သက်ရောက် ချေပြီ။
“ ငါ့ အသက်က အခု ဆယ့်ရှစ်နှစ် ရှိပြီ၊ တစ်နှစ် ဆိုတဲ့ ကာလက၊ ခေတ် တစ်ခေတ်နဲ့ ညီမျှတယ်၊ မင်း ပြောတဲ့ ကောင်းကင်နဲ့ မြေကြီး ... ”
“ ... ဆိုတာ၊ ငါ့ မျက်စိ အောက်မှာ မွေးဖွားပြီး၊ ပျက်စီး သွားတဲ့၊ ကလေး တွေပဲ၊ ငါက ... ”
“... သမုဒ္ဒရာကြီး လေးစင်း၊ ပျက်သုဉ်းမြေ ရှစ်ပါး၊ ကောင်းကင်ဘုံ သုံးဆယ်ခြောက် ထပ်နဲ့၊ မြေကမ္ဘာ ခုနစ်ဆယ့် နှစ်လွှာ တို့ကို ပိုင်စိုးတဲ့၊ ... ”
“ ... နတ်ဖီးနစ် မျိုးနွယ်၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ ဖြစ်တယ်၊ ဒါကိုတောင် မင်းက ဘာလို့ ဒူးမထောက် သေးတာလဲ၊ ... ”
“ ... ရှေးဟောင်း နတ်ဘုရားနဲ့၊ နတ်ဆိုး ဆိုတဲ့ ကလေး တွေကတောင်၊ ငါ့ကို မော်ကြည့် ဝံ့ ကြတာ မဟုတ်ဘူး။ ”
ရေခဲ ဖီးနစ်၏ စကားမှာ လင်းယွန်အား မျက်စိပွင့် စေသည်။ ဤရေခဲ ဖီးနစ်သည် ‘ခေတ် ’ ဟူသော ဒိုင်မန်းရှင်းမှ၊ လွတ်မြောက် နိုင်သော ပုဂ္ဂိုလ်ထူး တစ်ပါး ဖြစ်ချေ၏။
သို့သော် အနား တိုးကပ် လာစဉ်၊ သူမ ရုပ်သွင်အား မြင်ချိန်၌၊ ပို၍ အံသြသွား ရ၏။ အေးစက် မောက်မာ သော်လည်း၊ အမှန်ပင် ချစ်စရာ ကောင်းချေသည်။
“ မင်းက ငါ့ကို ဘာလို့ စိုက်ကြည့် နေသေး တာလဲ၊ အခု ဒူးထောက်စမ်း၊ မင်းကို လက်ညှိုး တစ်ချောင်း တည်းနဲ့၊ နှိပ်စက် နိုင်တယ်။ ”
ရေခဲ ဖီးနစ်က ခါးထောက်ကာ၊ ရန်တွေ့ လိုက်သည်။ စကားလုံး များဖြင့် မလိုက်ဖက် စွာပင်၊ သူမ ထံမှ ထွက်လာသော ရောင်ဝါမှာ အားနည်း လွန်းပေ၏။
လင်းယွန်က အလေး အနက် တွေးတောလိုက် ပြီးနောက်၊ ရှေ့လှမ်းတက် မိသည်။
“ ရပ်စမ်း ...၊ မင်း နောက် တစ်လှမ်း လှမ်းရဲရင်၊ သေခြင်းထက် ပိုဆိုးတဲ့ ဝေသနာကို ခံစားစေ ရမယ်၊ ငါ့ ဒေါသကို နတ်နဂါးတောင် ကြောက်ရတယ် … ။ ”
သို့သော် သူ့စကား မဆုံးခင်၊ လင်းယွန်မှာ အနားရောက် လာပြီး၊ ရိပ်ခနဲ ဖမ်းကာ လေထဲ မြှောက်တင် လိုက်လေသည်။
“ အား ... ၊ ငါ့ ကို လွှတ် ... ၊ ငါ့ကို လွှတ်စမ်း ... ၊ ငါ တကယ် ဒေါသ ထွက်လာပြီ။ ”
ရေခဲ ဖီးနစ်က လက် နှစ်ဖက်အား ဝှေ့ယမ်းကာ၊ လင်းယွန်ကို ပြန်လည် ကုပ်ဖဲ့ရန် ကြိုးစား လိုက်၏။
“ လွှတ်ပါ ... ၊ ငါ့ကို လွှတ် ... ၊ ငါက နတ်ဖီးနစ် မိသားစုရဲ့ … ”
“ ... သမုဒ္ဒရာ လေးစင်း၊ ပျက်သုဉ်းမြေ ရှစ်ပါး၊ ကောင်းကင်ဘုံ သုံးဆယ့်ခြောက် ထပ်နဲ့ မြေကမ္ဘာ ခုနှစ်ဆယ့် နှစ်လွှာကို ပိုင်စိုးတဲ့၊ ကောင်းကင် တရား စီရင်ရေး ဧကရီပဲ၊ ဟုတ်တယ် မဟုတ်လား။ ”
လင်းယွန်က သူမ အစား အထက်ပါ ဂုဏ်ပုဒ်ရှည် ကြီးအား အသံကျယ် ကျယ်ဖြင့်၊ ဖြည့်စွက် ပေး လိုက်သည်။
“ ဟမ့် ... ဟုတ်တယ် ... ၊ မင်းက ဒါကို သိပြီးတာ တောင်၊ ဘာလို့ အခုထိ မတောင်းပန် သေး တာလဲ၊ အောက်ချစမ်း ငါ မကြိုက်ဘူး၊ မုန်းစရာ ကောင်းလိုက်တဲ့ လူတွေ ... ။ ”
“ အိုး ... ၊ ဒါဆို ငါတို့ရဲ့ အမြင့် မြတ်ဆုံး၊ ကောင်းကင် တရား စီရင်ရေး ဧကရီကို အတိတ် မှာ၊ ဒီလို ချီမြှောက် ခဲ့တဲ့ လူ၊ ရှိဖူး တာပေါ့။ ”
လင်းယွန်က ကြွားဝါ တက်သော ကလေးငယ် တစ်ဦးအား၊ အမိဖမ်း နိုင် သကဲ့သို့၊ ပြုံးလျက် နောက်ပြောင် မိလေသည်။
ရေခဲ ဖီးနစ်က ထိုစကားကြောင့်၊ မျက်နှာ တစ်ပြင်လုံး နီရဲ သွားပြီး၊
“ သူက ငါ့ ကျွန် ... ။ ”
“ မိန်းကလေး ... ၊ မှန်မှန် ဖြေပါ။ ”
လင်းယွန်က ရေခဲ ဖီးနစ်၏ တင်ပါးကို ညင်သာစွာ ရိုက်လျက်၊ ထပ်မေး လိုက် ပြန်၏။
“ မင်း ... မင်း ဒီဧကရီရဲ့၊ ဖင်ကို ရိုက်ဝံ့ သလား၊ ဟမ့် ... ငါက နတ်ဖီးနစ် မိသားစု ဝင်ပဲ၊ သမုဒ္ဒရာ လေးစင်း၊ ပျက်သုဉ်းမြေ ရှစ်ပါး …”
“ ဘုတ် ... ။ ”
သို့သော် သူမ စကား မဆုံးခင်၊ လင်းယွန်က နောက်တစ်ချက် ထပ်ရိုက် လာသည်။
“ အဲ့ဒီ ကောင်းကင်နဲ့ မြေကြီး ဆိုတာ ငါ့မျက်စိ ရှေ့မှာတင် မွေးဖွား ခဲ့တာ … ”
“ ဘုတ် ... ”
“ မင်း ... ဒီဧကရီရဲ့ ဖင်ကို … ”
“ ဘုတ် ... ဘုတ် ... ဘုတ် ... ။ ”
“ အဟင့် ... ဟင့်၊ ငါ့ကို အခု အောက်ချပေး၊ ငါ့ ဖင်ကို မထိနဲ့ နှာဗူးကောင် ... ။ ”
လင်းယွန်က သူ့ လုပ်ရပ်မှာ အနည်းငယ် လွန်သွားကြောင်း သိလိုက်ရ သဖြင့်၊ ချက်ချင်း အောက်ချ ပေးမိသည်။
လင်းယွန် လက်မှ လွတ်သည်နှင့်၊ ရေခဲ ဖီးနစ် ခမျာ အငိုတိတ် သွားပြီး၊ မာန ကြီးသော အသွင်ဖြင့် နှုတ်ခမ်းစူ လိုက်သည်။
“ ကဲ ... ၊ ငါ့ကို အမှန် ပြောပါ၊ မင်းက ဘယ်သူလဲ။ ”
“ ဟမ့် ... ငါ မင်းကို ပြောပြီး ပြီလေ၊ ငါက ကောင်းကင်နဲ့ မြေကြီး ပျက်စီးသွား ရင်တောင်၊ မသေ နိုင်တဲ့ နတ်ဖီးနစ် မျိုးနွယ်စု ကပဲ၊ ... ”
“ ... သမုဒ္ဒရာ လေးစင်း၊ ပျက်သုဉ်းမြေ ရှစ်ပါး၊ ကောင်းကင် သုံးဆယ့် ခြောက်ထပ်၊ မြေ ကမ္ဘာ ခုနစ်ဆယ် နှစ်လွှာကို ပိုင်စိုးတဲ့၊ ဧကရီ။ ”
ရေခဲ ဖီးနစ်က ဂုဏ်ယူ စွာနှင့်၊ သူ့ ဘွဲ့ထူးအား မမောနိုင် မပန်းနိုင် ပြန်၍ ရွတ်ပြ လာသည်။ ထို့ကြောင့် ယုံကြည် ရန်မှ တပါး အခြား မရှိ တော့ချေ။
ဤသည်မှာ ယခင်က သူ မြင်ခဲ့ ရသော ခရမ်းရောင် ရေခဲ စာကလေးပင် ဖြစ်နိုင် ချေ မည်။
ရေခဲ ဖီးနစ်၏ မူကွဲ ဖြစ်နိုင်ပြီး၊ ဓား သူတော်စင်မှ ဖမ်းဆီး ထားခဲ့ပုံ ရသည်။ ဤဓား သေတ္တာ နှင့်၊ သူမ ကြား ဆက်စပ်မှု ရှိနိုင် ပေမည်။
အားနည်း သော်လည်း၊ နတ်ဆိုး မာကွင်းစ် ကိုပင် အကြည့် တစ်ချက်ဖြင့် သတ်နိုင် လေရာ၊ သူမတွင် ထူးခြားသော မွေးရာပါ စွမ်းရည် ရှိနိုင် ပေမည်။
“ မင်း နာမည်က ရှည်လွန်းတယ်၊ ငါ မင်းကို ခရမ်းငယ်လို့ ခေါ်မယ်။ ”
“ မစဉ်း စားနဲ့ ... လုံးဝ လုံးဝ ...၊ အဲဒီလို ခေါ်ဖို့ မစဉ်း စားနဲ့ ... မဖြစ် နိုင်ဘူး၊ ဒီဧကရီက အဲဒီ စိတ်ပျက် စရာ နာမည်ကို မကြိုက်ဘူး။ ”
“ ဒါဆို ငါ့ကောင်မလေး ဆိုရင်ရော၊ မင်းက စကားကြီး စကားကျယ် ကြွားဝါ တက်ပေမယ့် ချစ်စရာ အရမ်း ကောင်းတယ်။ ”
“ တိမ်စမ်း ... ၊ ငါက နင့် ကောင်မလေး မဟုတ်ဘူး၊ ခရမ်းငယ်ပဲ ထားလိုက်တော့ ... ။ ”
“ ဟား ... ဟား ... ဟား ... ဟုတ်ပါပြီ၊ ခရမ်းငယ် ငါအခု ရေကန်ရဲ့ အောက်ခြေမှာ ရှိ နေတာ မဟုတ်လား၊ ငါဘယ် အချိန်ထိ အသက်ရှင် နိုင်ဦး မလဲ။ ”
“ တစ်နာရီ ... ၊ နောက် တစ်နာရီ လောက် ဆိုရင် နင်သေပြီ၊ နင်က အရမ်း ပျော့ညံ့ တယ်၊ အတိတ် တုန်းက၊ အဲ့ဒီ ငှက်မွှေးလို ... ”
“ ... အမှိုက် တွေက၊ ငါ့ အနားတောင် မကပ်နိုင် ပါဘူး၊ အသက်ရှူ လိုက်ရုံနဲ့ ကြေမွ သွား လိမ့်မယ်။ ”
ခရမ်းငယ်က လင်းယွန်အား၊ အထင် အမြင် သေးသည့် မျက်နှာဖြင့် ပြောလာသည်။
“ အဲဒါဆို ... ၊ မင်းဘာလို့ အပြင် ထွက်ပြီး သူ့ကို မသတ်ရ တာလဲ။ ”
“ ဟမ့် ... ငါ့လို ဧကရီ တစ်ပါးက ကိုယ့်ကိုယ်ကို နိမ့်ချ စရာလား၊ ပြီးတော့ ငါနဲ့ ဘာဆိုင်လို့ သူ့ကို သတ်ရ မှာလဲ။ ”
ခရမ်းငယ်သည် တစ်ချိန်က သန်မာဖွယ် ရှိ ခဲ့သော်လည်း၊ ယခု အချိန်၌ သူ့ အပေါ် အားကိုး နေရပုံ ရသည်။
“ ဒါနဲ့ ... ၊ သူက ငါ့ရဲ့ နဂါး အရိုးကို ဘယ်လိုလုပ် ယူသွားနိုင် ရတာလဲ။ ”
“ လောကမှာ ဒီဧကရီ မသိတာ ဘာမှ မရှိဘူး။ ”
ခရမ်းငယ်က လင်းယွန်အား လှောင်ပြုံးဖြင့် ပြန်ကြည့် လိုက်သည်။ ထို့နောက်၊
“ သူ့မှာ မင်းရဲ့ အရိုးထက် ပို အားကောင်းတဲ့၊ နှလုံးသား ရှိတယ်။ ”
-ဟု ပြောပြ လာ၏။
“ ဟမ် ... ဘာလဲ၊ နဂါး နှလုံးသားလား။ ”
လင်းယွန် တစ်ယေက် အံသြ သွားသည်။ သခင်ငယ် တိုင်းသည်၊ ငရဲ နတ်ဘုရား သခင်နှင့်၊ ဧကရာဇ် သခင်ငယ် တို့ကဲ့သို့၊ မိုက်မဲ သူများ ဟုတ်ပုံ မရ ကြချေ။
“ နေဦး ... ၊ နဂါး သခင် ပေးထားတဲ့ ချပ်ဝတ်က အသက် မဝင် ဖူးလား၊ အသက်နဲ့ သေခြင်းကို ရင်ဆိုင် နေရတယ် ဆိုတာ၊ ရှင်းနေ တာပဲ။ ”
အန္တရာယ် ကြုံလာ သော်လည်း၊ အဘယ် ကြောင့် ထွက်ပေါ် မလာရ သည်ကို၊ နားမလည် နိုင် တော့ချေ။
“ အဲဒီ နဂါး သခင်က ... ၊ အစွမ်း အစ ရှိပါတယ်၊ သူ့ စကားကို နင်မှ၊ နားမလည်တာ၊ သူ့ ချပ်ဝတ်က စည်းမစောင့်တဲ့ ... ”
“ ... မြေခွေး အိုကြီးတွေ အတွက်ပဲ၊ ရည်ရွယ် တာလို့ ပြောခဲ့ တယ်လေ၊ နယ်ပယ် တစ်ခု တည်းက၊ နင့်ထက် အနည်းငယ် ကြီးတဲ့၊ လူငယ် တစ်ယောက် ကိုတော့၊ အကျုံး ဝင်မှာ မဟုတ်ဘူး၊ နင်သေ ရင်တောင် ဝမ်းသာ ဦးမယ်၊ ဒါက နင်ရဲ့ အသုံး မကျမှုပဲ။ ”
ယင်းမှာ အမှန် ဖြစ်၏။ အင်ပါယာ ငှက်မွှေး သခင်ငယ် ဆိုသူမှာ၊ ကျင့်ကြံမှု နှစ်ဆင့်မျှ မြင့်လှ သော်လည်း၊ နယ်ပယ် တစ်ခုတည်း ဖြစ်သည်။
ထို့ကြောင့် မျိုးဆက် တူချင်း အသက် ခံရ ပါက၊ နဂါး အရိုးနှင့် မထိုက် တန်ဟု အဓိပ္ပါယ် သက်ရောက် လေ၏။
ယခု အချိန်၌ သေခြင်းမှ တပါး အခြား မရှိ တော့ချေ။ ဤသို့ ဆိုသော် နဂါးလေးနှင့် ဝေဝေ ခမျာ၊ နာကျင်ရ ပေမည်။
“ အဖြေ တစ်ခုခု ရှိလား။ ”
“ အဖြေလား၊ ငါ ပဲလေ။ ”
“ ဟမ့် ... ၊ မင်းမှာ နည်းလမ်း တကယ်ရှိ တာလား ခရမ်းငယ်။ ”
“ နင်က သေချင် နေတယ် ဆိုရင်တောင် ... ၊ ငါ မသေချင် သေးဘူး၊ အခုမှ လောက ကြီးကို ကြည့်မို့ ရှိသေးတယ်။ ”
ခရမ်းငယ်က နှာခေါင်း ရှုံ့ကာ၊ လင်းယွန်ကို အထင် အမြင် သေးစွာဖြင့် ပြန်ကြည့်ပြီး၊
“ နင် သတိ မလစ်ခင်၊ နင်ရဲ့ သူတော်စင် နဂါး ခန္ဓာကို၊ ငါ အသက် သွင်းပေး ထားတယ်၊ ဒါကြောင့် တစ်နာရီ အတွင်း၊ နင် ပြန်ကောင်း လာလိမ့်မယ်၊ ... ”
“ ... ဒါပေမယ့် နဂါး အရိုး မရှိရင်၊ နဂါး ခန္ဓာက အလုပ် မဖြစ်ဘူး၊ အဲ့ဒီ ငှက်မွှေးစုတ် ကိုလည်း၊ နင် အနိုင်ယူ နိုင်မှာ မဟုတ်ဘူး၊ ... ”
“ ... နင်သာ ငါ့ရဲ့ အိုင်းရစ် ဓားသုတ္တန်ကို၊ ဂရုတစိုက် လေ့ကျင့် ခဲ့မယ် ဆိုရင်၊ အခု အခြေ အနေ မျိုးမှာ၊ အသုံးဝင်မှာ သေချာတယ်။ ”
“ မင်းက ... ၊ အိုင်းရစ် ဓားသုတ္တန်ရဲ့ ပိုင်ရှင်လား၊ စီနီယာ ဓားသူတော်စင် မဟုတ် ဖူးလား။ ”
လင်းယွန် ခမျာ စိတ်ရှုပ် သွား၏။
“ ဟမ့် ... ဘာလို့ သူပိုင် ရမှာလဲ၊ အဲဒီ ကောင်ကို ငါ ပေးခဲ့တာ၊ မဟုတ်ရင် ရှေးဦးခေတ် မှာ၊ သူ့ကိုယ်သူ နာမည် ရနိုင် မယ်များ ထင်နေလား၊ ... ”
“ ... သူက ငါ့ရဲ့ ဓားသုတ္တန် ကြောင့်သာ၊ သူတော်စင် နယ်ပယ်နဲ့၊ နတ်ဘုရား တွေကို သတ်နိုင် ခဲ့တာ၊ ... ”
“ ... တကယ်တော့ အိုင်းရစ် ဓားသုတ္တန် ဆိုတာက၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းရဲ့၊ အစိတ် အပိုင်း တစ်ခုပဲ၊ သူ့မှာ ... ”
“ ... ကောင်းကင် ဝိညာဉ် နယ်ပယ် အတွက်ပဲ ပါတယ်၊ အပြည့် အစုံ လိုချင်ရင် ... ၊ နင် ငါ့ကို အားကိုးရ လိမ့်မယ်။ ”
ခရမ်းငယ်က မျက်နှာကို ဝင့်ချီကာ ဆိုသည်။
“ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း။ ”
အိုင်းရစ် ဓားသုတ္တန်မှာ မပြည့် စုံကြောင်း သိထားပြီး ဖြစ်သော်လည်း၊ ဤသို့ မူလ ရှိနေ လိမ့် မည်ဟု သူ မထင် ခဲ့ချေ။
ကံကောင်း စွာဖြင့် ၎င်းသည်၊ သူ့နှင့် အနီးဆုံး၌၊ ရှိနေ စေရန်၊ ဓား သူတော်စင်မှ စီစဉ် ပေးထား ခဲ့သည်။
အိုင်းရစ် ဓားသုတ္တန်အား အဆင့် (၁၆) သို့ ရောက် ပြီးနောက်၊ ရေခဲ ဖီးနစ်မှာ မသိ စိတ်ထဲ ဝင်ရောက် လာနိုင်ခြင်း ဖြစ်လေသည်။
“ နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းက၊ အစွမ်းထက် ပေမယ့်၊ လမ်းညွှန် သူ မပါဘဲ၊ သူ့ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ် နိုင်မှာ မဟုတ်ဘူး၊ ... ”
“... မျက်နှာ ပြင်ကို ထိနိုင် ရုံနဲ့၊ အဲဒီ ငှက်မွေးကို ဖိနှိပ်ဖို့ လွယ်လိမ့်မယ်၊ သေချာတာ ကတော့၊ ဓားသုတ္တန်ကို အောင်မြင်ရင်၊ နင့်ရဲ့ ကောင်းကင် ဓားကို၊ ပြီးမြောက် နိုင်တယ်။ ”
ခရမ်းငယ်က ဆိုသည်။ ထို့နောက် ညစ်ကျယ် ကျယ်ဖြင့် ပြုံးလိုက်ပြီး၊
“ ငါ အိပ်တာ ကြာသွားတော့ ... ၊ ပခုံးတွေ နှိပ်နယ်ဖို့ လိုအပ် နေပုံပဲ၊ အင်း ... တစ်ကိုယ်လုံး ကိုက်ခဲ နေတာ ပါလား။ ”
-ဟု ညည်းတွား ပြလိုက်သည်။
လင်းယွန်၏ နှာခေါင်းအား လက်ဖြင့် ပွတ်သပ်ကာ၊
“ ငါ အစေခံ မဟုတ်ဘူး၊ ရယ်စရာ ကောင်းတဲ့ တိုက်ဆိုင်မှုပဲ၊ ငါ့မှာ ညာဏ်ရည် မမီတဲ့၊ သမီးလေး တစ်ယောက် ရှိလာလိမ့် မယ်လို့၊ မထင်ထား မိဘူး။ ”
ထိုစကားကြောင့် ခရမ်းငယ်မှာ ချက်ချင်း ဒေါသ ပေါက်ကွဲ သွားပြီး၊ နှုတ်ခမ်းများ ဆူလျက် စိုက်ကြည့် လိုက်သည်။
“ မ လာ နဲ့ ... သွားစမ်း ၊ နှာဗူးကောင် လင်းယွန်၊ ငါ့ကို ပွေ့ချီတာ ငါ အမုန်းဆုံးပဲ၊ ငါက နတ်ဖီးနစ် မျိုးနွယ်စု ရဲ့ … ။ ”
သို့သော် လင်းယွန်က သူမ စကားကို ဂရု မစိုက်ဘဲ၊ လေထဲ မြှောက်တင်ကာ၊ တင်ပါးပေါ် လက်ရွယ် လိုက်သည်။
“ ငါ ရှေ့မှာ ... ၊ ကောင်းကင်နဲ့ မြေကြီးတောင် ... ၊ အခု ငါ တကယ် ဒေါသ ထွက် လာပြီနော် ... လွှတ်။ ”
“ ဘုတ် ... ။ ”
“ အား ... ၊ ငါက ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ ... ”
“ ဘုတ် ... ၊ ဘုတ် ... ၊ ဘုတ် ... ။ ”
“ နင် ... နင် ... ဝက်မသား ၊ အောက်ချ ပေးစမ်း၊ ငါ နင့်ကို သင်ပေးမယ်၊ သင်ပေးမယ်၊ နှာဗူးကောင် … ။ ”
လင်းယွန်က အောက်ချ ပေးလိုက် သော်လည်း၊ ခရမ်းငယ်မှာ စက္ကန့် အနည်းငယ် ကြာသည် အထိ၊ ရှက်ရွံ့ ငြိမ်သက် နေခဲ့ လေသည်။
***