← Chapters

မေ့လျော့ နေမိသော ဓားအစီရင်။

Vol. 77 Ch. 1076

မေ့လျော့ နေမိသော ဓားအစီရင်။

Vol. 77 Ch. 1076

ခရမ်းငယ်က ရှက်ရွံ့ စွာဖြင့်၊ သူ့ ကျစ်ဆံမြီး နှစ်ဖက်ကို ပွတ်သပ်ပြီး၊ လင်းယွန်ထံ ပြန်ကြည့် သည်။

“ လင်းယွန် ... နင် ငါ့ကို နောက်တစ်ခါ မချီနဲ့၊ ငါ့ဖင် ကိုလည်း မထိ ဖူးလို့ ကတိ ပေးပါ၊ ငါ ဒေါသ ထွက်လာရင် မလွယ်ဖူး ဆိုတာ၊ ဒီဧကရီက သတိ ပေးတယ်၊ ... ”

“ ... နင် နင် ... ထပ်မလာနဲ့ ...၊ ကောင်းကင်ဘုံ သုံးဆယ့်ခြောက် ထပ်ကို ဖျက်ဆီး ပစ်ဖို့၊ လက်ညှိုး တစ်ချက် ထိုးဖို့ပဲ လိုတယ်၊ အဲဒီ နတ်ဘုရား တစ်ပါး ကြောင့်သာ မဟုတ်ရင်၊ ငါ ဖျက်ဆီး ပစ်တာ ကြာပြီ။ ”

“ ဓားကျမ်း ... အကြောင်းပဲ ပြောပါ။ ”

လင်းယွန်က သူမ၏ စကား များအား၊ စိတ်ဝင်စား ပုံ မပြဘဲ၊ သိလို သည်များ ကိုသာ၊ မေးလိုက်သည်။ ထို့ကြောင့် ခရမ်းငယ် ခမျာ၊ လက်သီး ဆုပ်လျက် စိုက်ကြည့် လာပြီး၊

“ ဟမ့် ...၊ မင်းနဲ့ အဆင့်တူ အဖြစ် ခံပြီး၊ ရန်ဖြစ် မနေ တော့ဘူး၊ နဂါး- ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို အခု ချိန်မှာ၊ မင်း နားလည် နိုင်မဲ့ နည်းလမ်း မရှိသေးဘူး၊ ... ”

“ ... နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓား ကျမ်းမှာ အပိုင်း သုံးပိုင်း ရှိတယ်၊ နဂါးဓား၊ ဖီးနစ် ဓားနဲ့၊ နဂါး-ဖီးနစ် တို့ပဲ။ ”

“ အဲ့ဒါက ဘာတွေလဲ ... ။ ”

“ နဂါး တွေကို ဆွဲဆောင်ပြီး၊ ဖီးနစ် တွေကို မြူးကြွ နိုင်ခဲ့တဲ့ ဒဏ္ဍာရီ တစ်ပုဒ် အကြောင်း နင် ကြားဖူးလား။ ”

ခရမ်းငယ်က မေးသည်။ ထိုပုံပြင်ကို ကြားထား ဖူးသဖြင့်၊ လင်းယွန်က ခေါင်းညိတ် လိုက်၏။

ဟိုးတစ်ချိန်က နတ်ဘုရားများ မမွေးဖွား နိုင်ခင်၊ ဂီတကို ရူးသွပ် လွန်းသော အမျိုး သမီး တစ်ဦး ရှိခဲ့ဖူး လေသည်။

ထိုအမျိုး သမီး၏ ဂီတ သံစဉ်မှာ၊ အလွန် သာယာ မြင့်မြတ် သောကြောင့်၊ နဂါးနှင့် ဖီးနစ် များသည်ပင်၊ အနားသို့ ပျံသန်း လာကာ၊ ကခုန် ပျော်မြူး ကြရ၏။

ယင်းသည်မှာ ယုံတမ်း စကား မျှသာ ဖြစ်သည်။ မည်သူမျှ အတည်ပြု နိုင်ခြင်း မရှိ ခဲ့ချေ။

နောက်ဆုံးတွင် နဂါးနှင့် ဖီးနစ် ဟူသည် မွန်မြတ်သော တည်ရှိ မှုများ ဖြစ်သဖြင့်၊ သေမျိုး တစ်ဦး အနား၌၊ ရွှင်မြူး နေစရာ အကြောင်း မရှိချေ။

နဂါးနှင့် ဖီးနစ်များ သာမက ချီလင်၊ ရွှေကျီးကန်းနှင့် ငှက်ပြာလေး ကဲ့သို့သော နတ်ဘုရား သားရဲ များ မှလည်း၊ ရောက်ရှိ လာခဲ့ သည်ဟု၊ လွန်လွန် ကြူးကြူး ပြောဆိုထား ကြသည်။

“ အဲဒါက အမှန်ပါ၊ ငါ ကိုယ်တိုင် မြင်တွေ့ ခဲ့ဖူးတယ်။ ”

ခရမ်းငယ်က အတိတ်ကို လွမ်းဆွတ် သွားဟန်ဖြင့် အဝေးသို့ ငေးကြည့် လျက်မှ၊ ဆိုသည်။

“ မဟုတ်တာ မပြောနဲ့ ... ။ ”

လင်းယွန်က ခရမ်းငယ်အား မဆိုင်း မတွပင်၊ တင်းပါးအား ပိတ်ရိုက် လိုက်သည်။

“ အ ... ။ ”

ခရမ်းငယ်က မျက်ရည်များ ဝေ့သီ လာပြီး၊

“ ငါ ... အပိုပြော နေတာ မဟုတ်ဘူး၊ ဒီဧကရီက စီနီယာ တစ်ယောက် ဆီကနေ၊ ပြန်ကြား ထားတာ၊ ငါ့ရဲ့ ဘိုးဘေး တွေက ကိုယ်တိုင် မြင်တွေ့ ခဲ့ဖူးတယ်။ ”

“ ဒါဆိုလည်း ဆက် ပြော ပါ ... ။ ”

“ ဟမ့် ... ပြောမှာပေါ့ ၊ နင် ဘာဖြစ်လို့ အော်ငေါက် နေရ တာလဲ၊ ခေတ်တစ်ခေတ်ရဲ့ အဆုံးမှာ၊ မြင့်မြတ်တဲ့ သင်္ဘော တစ်စင်း ပေါ်လာ လိမ့်မယ်၊ ... ”

“ ... အဲ့ဒီ သင်္ဘော ပေါ်ကနေ၊ သူတော်စင် တစ်ပါးက၊ ငိုက်မျဉ်း နေတဲ့ နတ်ဘုရားတွေ၊ နတ်ဆိုးတွေ၊ နဂါးနဲ့ ဖီးနစ် တွေကို နှိုးဖို့၊ ပလွေကို အကြိမ်ကြိမ် မှုတ်ပေး လိမ့်မယ် … ။ ”

ထို့နောက် ခရမ်းရောင် ဓားအစီရင်၏ အပြင်းထန် ဆုံးသော စွမ်းအားကို ထုတ်လွှတ် နိုင်ရန်၊ ဂီတ လိုအပ်ကြောင်း ဆက်ပြော လာသည်။

ဓား ရည်ရွယ်ချက် ဖြင့်သာ ဆိုပါက၊ စွမ်းအား၏ (၇၀%) ခန့်သာ ထုတ်လွှတ် နိုင်မည် ဖြစ်ပြီး၊ ဂီတနှင့် တွဲဘက် မှသာလျှင်၊ စွမ်းအား (၁၂၀%) ကို ထုတ်လွှတ် နိုင်မည် ဖြစ်လေသည်။

“ ကောင်းပြီ ... ဒါတွေကို၊ နင် သိထားဖို့ လိုတယ်၊ ငါ ဓားကျမ်းကို ဆက်သွား တော့မယ်၊ သေချာ နားထောင်ပါ၊ အခု အချိန်မှာ ... ”

“ ... နင် မကျင့်ကြံ နိုင်သေး ပေမယ့် အနည်းဆုံးတော့ ဗဟုသုတ ဖြစ်စေ လိမ့်မယ်၊ ကံကောင်းရင် နင့်ရဲ့ ဓားကို၊ ကျွမ်းကျင် ပိုင်နိုင် လာနိုင်တယ်၊ ... ”

“ ... ဓားသုတ္တန် ကိုလည်း၊ ဆယ့်ခြောက်ဆင့် အထိ ရောက်နိုင် လိမ့်မယ်၊ အခု ငါတို့ နဂါးဓားနဲ့ စရအောင်၊ မဟာ ကပ်ဘေးတွေ ကျရောက် လာပြီး၊ ... ”

“ ... ခေတ်ဆိုတဲ့ ကာလ အပိုင်း အခြား တစ်ခု၊ ကုန်ဆုံး သွားတဲ့ အခါ၊ နတ်နဂါး ဆိုတဲ့၊ နဂါး တစ်ကောင် ပေါ်လာ လိမ့်မယ် … ၊ ”

“ .. ဓား တစ်လက်က၊ အဲဒီ နတ်နဂါးလို တောင်ကို မျိုပြီး၊ ကောင်းကင်ပေါ် ပျံသန်းနိုင် ရမယ် … ဒါမှ နဂါးဓား ဖြစ်နိုင်မယ်၊ ... ”

“ ... ဧကရာဇ်၊ လေ၊ ရေ၊ မီး၊ ကောင်းကင်၊ မြေကြီး အစ ရှိတဲ့ အမျိုး မျိုးသော တာအိုတွေ အားလုံးက … ”

အကြောင်း အရာ များမှာ၊ လေးနက် လွန်းသဖြင့်၊ လင်းယွန် တစ်ယောက် ဦးနှောက် တစ်ခုလုံး တင်းကြပ် လာသည်။

သို့သော် နားလည် သမျှသာ မှတ်ယူ ရမည် ဖြစ်ကြောင်း နားလည် လိုက်၏။ လုံလောက်စွာ သန်မာခြင်း မရှိ ပါလျှင်၊ အရာရာကို သိမြင်ရန် ကြိုးစား နေခြင်းမှာ၊ အချည်းနှီး ပေပင်။

ဓား တစ်လက်သည် နတ်နဂါးနှင့် တူရမည် ဟူသည်မှာ၊ စင်ကြယ်သော ဝိညာဉ်တော် ကဲ့သို့၊ ဝိညာဉ် အဖြစ် မွေးဖွား ပေးရန် ဖြစ်သည်။

ယင်းမှာ သိပ် မခက်ခဲ လှချေ။ အိုင်းရစ် ဓားသုတ္တန်ကို လှည့်ပတ်လိုက် ရုံဖြင့်၊ ဓားသံညံ နေသော နဂါး တစ်ကောင် ထွက်ပေါ် လာသည်။

၎င်းအတွင်းမှ ဓားရည်ရွယ် ချက်ကို ကောင်းစွာ ခံစား နိုင်၏။ ယင်းမှာ ယခင် အချိန် များထက်၊ ပို၍ ထက်ရှ လှပေသည်။

ထို့စဉ် ခရမ်းငယ်က၊ ဖီးနစ်ဓားထံ ဆက်သွားသည်။ ဓားချက် နှစ်ချက်သည် အလွန် လေးနက် လှပြီး၊ စကားလုံး တိုင်း၌ တာအို သဘော တရားများ ပါရှိ သဖြင့်၊ ကောင်းကင်နှင့် မြေကြီးအား တုန်ခါ စေသည်။

သည့်နောက် နဂါး ဖီးနစ်အား၊ ဆက်၍ ရှင်းပြသည်။ ဂီတတွင် ရစ်သမ် ရှိသည်။ ၎င်းကို တာအို အဖြစ် သတ်မှတ် နိုင်၏။

ထိုစကားကို ကြား ပြီးနောက်၊ လင်းယွန်၏ မျက်ဝန်းများ တလက်လက် တောက်ပ လာလေ သည်။

မွှေးညှင်းပေါက် တိုင်းမှ အလင်း ရောင်များ ဖြာထွက် လာပြီး၊ အဝတ် အစား များက လေထဲ ဝဲပျံ သွားသည်။

“ ဒါက အရမ်း ... ၊ အံ့ဩစရာ အရမ်း ကောင်းတယ်၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ။ ”

လင်းယွန်က ဝမ်းသာ အားရ ချီးကျူး လိုက်သည်။ ကောင်းကင်ဓားမှာ အချိန် မရွေး ပြီးပြည့် စုံသော ကျွမ်းကျင် မှုသို့၊ ရောက်ရှိ နိုင်ကြောင်း၊ သူ ခံစား လာမိ၏။

“ ဟုတ်တယ် အံသြ စရာ ကောင်းတယ်၊ ဒါပေမယ့် ... နောက်တစ်ခါဆို ငါ့ရဲ့ ဂုဏ်ပုဒ်ကို အပြည့် အစုံ ခေါ်ပါ။ ”

လင်းယွန်က ပြုံးပြီး၊ မတ်တပ် ထရပ် လိုက်သည်။ ခရမ်းငယ် စကားကို ဂရု မစိုက် တော့ချေ။ ဓားသုံးချက် အနက်၊ နဂါး-ဖီးနစ်မှာ သူ့ကို ကောင်းစွာ အံ့အားသင့် စေသည်။

ချက်ချင်းပင် ဓား အစီရင်အား ထုတ်ဖော် လိုက်သည်။ ထိုမြင်ကွင်းကြောင့်၊ ခရမ်းငယ်မှာ၊ ဒေါသ ထွက်လာပြီး၊ လက်ပိုက်လျက် မကျေ မနပ်နှင့် နှုတ်ခမ်း စူ သွားသည်။

လင်းယွန် ခြေဖဝါး အောက်၌၊ ခရမ်းရောင် ပန်းပွင့်များ ပွင့်လာပြီး၊ ဓားတစ်လက် ပျံထွက် သွားသည်။

ကောင်းကင် ဓားက၊ ဓား အစီရင်နှင့်၊ ပေါင်းစပ် သွားပြီး၊ မထင်မှတ် ထားသော အမြင့်ထိ၊ ရောက်ရှိ လာသည်။

အစီရင် အတွင်းမှ နေ၍၊ လင်းယွန်က ဓားနံရံ များကို၊ လှည့်ပတ် စစ်ဆေး ကြည့်မိ သည်။

ဓားနံရံ တစ်ခု လုံးကို၊ ကောင်းကင် ဓားနှင့်၊ အားဖြည့် ပေးထား သောကြောင့်၊ ဟာကွက် မရှိ ခိုင်ခံ လှ လေသည်။

“ လှည့် ... ။ ”

အတွေး တစ်ချက်ဖြင့်၊ ခရမ်း ရွှေရောင် နဂါးကြီး (၁၈) ကောင် ထွက်ပေါ် လာကာ၊ ဓား အစီရင်နှင့် ထပ်မံ ပေါင်းစပ် သွား၏။

ယခင် အချိန် များ၌၊ ဓားအစီရင် အပေါ် မည်မျှ လျှော့တွက်ခဲ့ မိကြောင်း၊ နားလည်လိုက် တော့သည်။

ဓားအစီရင် ကိုသာ ဆင့်ခေါ် ခဲ့ပါက၊ သခင်ငယ် (၆) ပါး၏ စင်ကြယ်သော ဝိညာဉ် တော် များအား၊ ရင်ဆိုင် နိုင်မည် ဖြစ်၏။

သို့သော် အတွေး တစ်ချက် နှင့်ပင်၊ ထုတ်ဖော် နိုင်သော သူတော်စင် နဂါး ချပ်ဝတ် အပေါ်၊ များစွာ မျှော်လင့်ချက် ထားမိခဲ့သည်။

ကောင်းကင်လမ်း တစ်လျှောက်၊ ရတနာများ၊ အခွင့် အလမ်းများ၊ စသည် တို့ကို များစွာ ရိတ်သိမ်း နိုင်ခဲ့ သဖြင့်၊ ဓားသုတ္တန်အား မေ့လျော့ သွားသည်။

ပထမ အလွှာ ကိုသာ၊ ဖွင့်ထား နိုင်သော နဂါး အရိုးသည်၊ ဝိညာဉ်တော် များ၏ တစ်ပြိုင် နက်တည်း တိုက်ခိုက် လာခြင်း အပေါ်၊ ခံနိုင်ရည် မရှိမှန်း၊ မတွက်ဆ နိုင်ခဲ့ချေ။

ပြင်ပ ရတနာ များအား၊ အလွန် အကျွံ အားကိုး နေခြင်းမှာ၊ ကိုယ်ပိုင် ခွန်အား မဟုတ် ကြောင်း၊ ရုတ်တရက် နားလည် လာ၏။

ယင်းကို အသက်နှင့် ရင်းကာ၊ သိလိုက် ရသည်။ နဂါး အရိုး၏ တံဆိပ်များ အားလုံးကို ဖွင့်လှစ်ပြီး၊ သူ့ခန္ဓာ ကိုယ်ဖြင့်၊ ပေါင်းစပ်ထား နိုင်သော်မှ၊ တစ်စုံ တစ်ဦးမှ ထုတ်ယူ နိုင်ဆဲ ဖြစ်သည်။ ဓား ရည်ရွယ်ချက် ကိုမူ မည်သူမျှ၊ လု မယူ နိုင်ချေ။

“ နောက် ပြန် လှည့် ... ။ ”

ဓားနံရံ ကြီးက တစ်ချပ်ချပ် မြည်ကာ၊ နောက်ပြန် လည်လာ သဖြင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး၊ ပြင်းစွာ တုန်လှုပ် သွား၏။

သို့သော် လှည့်ပတ် ရာ၌ မမြင် နိုင်သော အတား အဆီး တစ်ခုမှ၊ ဟန့်တား နေသကဲ့သို့၊ အနည်းငယ် လေးလံ လေသည်။

ဆိုလို သည်မှာ၊ ဓား ရည်ရွယ်ချက် အားကောင်း လေလေ၊ အစီရင်ကို နောက်ပြန် လှည့်ရာ၌၊ ပို၍ ခက်ခဲ လေလေ ဖြစ်သည်။

“ ဆက် သွား ... ။ ”

အစီရင် အတွင်း၌ ရှိသော လင်းယွန်၏၊ အဝတ် အစား များနှင့် ဆံပင်များ တဖျပ်ဖျပ် လွင့်လာ သည်။

“ ချပ် ... ချပ် ချပ် ။ ”

ထို့နောက်တွင် ဓား အစီရင်မှာ၊ အရှိန် အဟုန်ဖြင့်၊ နောက်ပြန် လည် သွားပြီး၊ ဂီတ သံစဉ်များ ကဲ့သို့၊ ဓားသံ တစ်သံ ထွက်ပေါ် လာ၏။

တစ်ချိန်တည်း မှာပင် စူးရှ တောက်ပ လွန်းသော အလင်း ရောင်က၊ ပတ်ဝန်းကျင် အပေါ်၊ လွှမ်းခြုံ သွားသည်။

“ ကျီး ... ။ ”

ထို့နောက် ကျယ်လောင်သော ဖီးနစ် အော်မြည်သံ ထွက်ပေါ် လာပြီး၊ လင်းယွန်၏ ရောင်ဝါမှာ၊ ပဉ္စမ မှသည် ဆဋ္ဌမ၊ ဆဋ္ဌမ မှသည် သတ္တမ၊ သတ္တမ မှသည် ကောင်းကင် ဝိညာဉ် နယ်နိမိတ်အား ဖြတ်ကျော် သွားတော့၏။

၎င်းအား အချိန် အကြာကြီး၊ ထိန်းထား နိုင်ခြင်း မရှိ သော်လည်း၊ လင်းယွန်ကို ပေျာ်ရွှင် လာစေသည်။ မျက်လုံး၌ စိတ် လှုပ်ရှား မှုများ ထင်ဟပ် လာ၏။

“ နင် ... ဒါကို မကျွမ်းကျင် သေးပေမယ့်၊ တစ်ချိန်က ငါ စသုံးစဉ်၊ ပုံစံ မျိုးနဲ့ တော်တော် တူတယ်၊ ... ”

“ ... ငါ့မှာ အစေခံ တစ်ယောက်မှ မရှိ သေးဘူး၊ နင် ... ဆန္ဒ ရှိလား၊ နင်သာ ငါ့ အစေခံ ဖြစ်ချင်ရင်၊ ... ”

“ ... ဆယ်နှစ် အတွင်း၊ နင် ကြည့် မရတဲ့၊ နတ်ဘုရား တွေကို၊ စိတ်ကြိုက် သတ်နိုင်လာ လိမ့်မယ်လို့ ငါ အာမခံတယ်။

ခရမ်းငယ်က ပြုံးလျက်၊ လင်းယွန်အား သိမ်းသွင်း လိုက်သည်။ စိတ် အခြေ အနေ ကောင်းမွန် နေပြီ ဖြစ် သဖြင့်၊ လင်းယွန်က သူမအား မရိုက် တော့ချေ။

“ ငါက အစေခံ မဖြစ် ချင်ဘူး၊ ဒါပေမယ့် သမီး တစ်ယောက်တော့ လိုချင်တယ်၊ မင်း ဆန္ဒ ရှိလား။ ”

“ ငါ နင့်ကို တကယ် ပြောနေတာ ... ။ ”

“ ငါလည်း အတူတူပဲ ... ။ ”

ခရမ်းငယ်အား စေ့စေ့ ကြည့်ကာ၊ လင်းယွန်မှ ဆိုသည်။ ခန္ဓာကိုယ် အရွယ် အစား အရ၊ ဤမိန်းကလေးသည် (၆)နှစ်၊ (၇)နှစ် အရွယ် မျှသာ ရှိနေသည်။

အပြစ် ကင်းစင်သော အသွင် အပြင်မျိုး ပိုင်ဆိုင် ထားပြီး၊ ဆံပင် များကို နှစ်ဖက် ခွဲကာ၊ ကျစ်ဆံမြီး ကျစ်ထားသည်။

စကားကြီး စကားကျယ် ပြောတက် ၍သာ ပေပင်။ မဟုတ်သော် သမီးငယ် အဖြစ် မှတ်ယူ မိပေမည်။

“ လုံးဝ စိတ်မကူးနဲ့ ... ။ ”

ခရမ်းငယ်က မျက်နှာ လွှဲကာ၊ လက်ပိုက်လျက် တစ်ဖက်လှည့် သွားသည်။

တဖြည်း ဖြည်းနှင့် လင်းယွန်၏ အသား အရေမှာ ပုံမှန် အတိုင်း၊ သွေးရောင် လွှမ်းလာ လေသည်။

မိနစ် သုံးဆယ် အတွင်း၊ အထွတ် အထိပ် ခွန်အားမျိုး ပြန်လည်ရ ရှိနိုင် ပေ၏။ ထို့နောက် အချိန် မဖြုန်း တော့ဘဲ၊ ကောင်းကင်ဓား ပြီး မြောက်အောင်၊ ကြံရွယ် လိုက်သည်။

နဂါး အရိုး နှင့်အတူ၊ အချို့သော အရာ များအား၊ ပြန်၍ ယူရန် အချိန် တန်ပြီ ဖြစ်သည်။ သွေးမတိတ် မချင်း၊ ပွဲမှာ ရပ်မည် မဟုတ်ချေ။

***

All Chapters