← Chapters

ဖြေရှင်းရန် အချိန် တန်ပြီ။

Vol. 77 Ch. 1077

ဖြေရှင်းရန် အချိန် တန်ပြီ။

Vol. 77 Ch. 1077

လင်းယွန် တစ်ယောက်၊ ကောင်းကင် ဓားနှင့်၊ အလုပ်ရှုပ် နေစဉ်၊ ငရဲ နတ်ဘုရား သခင် ငယ်နှင့်၊ အဖော် များမှာ၊ ရေကန် ကြမ်းပြင်သို့ နက်ရှိုင်းစွာ ကူးခတ် လာကြသည်။

ရေကန် ကြမ်းပြင်တွင်၊ အစီရင် မရှိ သဖြင့်၊ ကောင်းစွာ ဖြတ်ကျော် လာနိုင်၏။ ကြမ်းပြင်၌ အရွက် ကိုးရွက် သူတော်စင် သစ်သီးမှ လွဲ၍ မည်သူမျှ ရှိ မနေချေ။

ဤလျှို့ဝှက် ချက်အား၊ အကြီး အကဲ ကျင်းကြွယ် ထံမှ၊ ကြားသိ ရသော ကြောင့်သာ၊ စွန့်စား ဝံခြင်း ဖြစ်သည်။

ရုတ်တရက် မွှေးပျံ့သော ပန်းရနံ့ကို ရှူရှိုက်မိ၏။ သုံးယောက်သား မျက်လုံး များတွင် အလင်း ရောင်များ လင်းလက် လာသည်။

ခပ်လှမ်း လှမ်းတွင်၊ ရွှေရောင် တောက်ပ နေသော သစ်သီး တစ်လုံးအား၊ ဝိုးတဝါး မြင် လိုက်ရ၏။

“ အရွက် ကိုးရွက် သူတော်စင် သစ်သီး။ ”

-ဟု အာမေဋိတ် သံပြုကာ၊ ကူးခတ်ရန် ပြင် လိုက်သည်။

“ မ သွား နဲ့ ... ။ ”

သို့သော် ငရဲ နတ်ဘုရား သခင်ငယ်မှ၊ ဟန့်တား လာ၏။

“ အဲဒီ ဧရိယာ တစ်ဝိုက် မှာတော့ အစီရင် ရှိတယ်၊ အကြီး အကဲ ကိုးဦးက မရုတ်သိမ်း ပေး ဘဲနဲ့၊ ဘယ်သူမှ မကျော်ဖြတ် နိုင်ဘူး။ ”

“ ဒါဆို ... မင်း ငါတို့ကို ဘာလို့၊ ခေါ်လာ တာလဲ၊ ဒီနေရာမှာ ပန်း သူတော်စင်ရဲ့ ရနံ့ပဲ ရှိတယ်၊ အရည် မရှိဘူး၊ ဒါတွေက အသုံးမှ မဝင်တာ။ ”

“ သေချာလား ... ၊ အခု ဘာလို့ မင်းက မစမ်းကြည့် ရတာလဲ။ ”

ငရဲ နတ်ဘုရား သခင်ငယ်က လျှို့ဝှက် စွာဖြင့်၊ ပြုံးလိုက်သည်။ ထို့ကြောင့် သခင်ငယ် နှစ်ယောက်မှာ၊ အကြည့်ချင်း ဖလှယ် လိုက်ကြ ပြီး၊ ပန်းရနံ့အား စုပ်ယူ မိ၏။

ပန်းရနံ့ များက ခန္ဓာ ကိုယ်ထဲ ရောက် သည်နှင့်၊ မူလ စွမ်းအင်များ ပွက်ပွက် ဆူလျက်၊ ခွန်အား တိုးပွား လာသည်။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

တော်ဝင် နဂါး သခင်ငယ်က အံဩ စွာဖြင့်၊ မျက်လုံး ဖွင့်ပြီး မေးလာသည်။

“ ဒါက နှစ်ထောင်ချီ ကြာ ... ၊ စုဆောင်း ထားတဲ့ ပင်မ ပန်းရနံ့ပဲ၊ နည်းနည်း သန့်စင် ရုံနဲ့၊ ခွန်အားကို အများကြီး မြှင့်တင်ပေး နိုင်တယ်၊ ဒါပေမယ့် ဆိုးကျိုးတော့ ရှိတယ်။ ”

ငရဲ နတ်ဘုရား သခင်ငယ်က၊ ပြန်ဖြေ ပေးလာ၏။ ယင်းကြောင့် သခင်ငယ် နှစ်ဦးမှာ၊ မျက်နှာများ ပြောင်းလဲ သွားသည်။

ပန်းရနံ့မှာ၊ ငွေ့ရည်ထက် အများကြီး ပိုကောင်း သော်လည်း၊ အညစ် အကြေးများ များလွန်း ပေသည်။

ထိုအညစ် အကြေး များကို၊ စစ်ထုတ်ရန် အချိန် အတော်ကြာ အချိန် ပေးရမည်။ ယင်ယန် သုခဘုံ သခင်ငယ်က၊

“ ငါတို့ မျိုးနွယ်စု တွေရဲ့၊ အုတ်မြစ် အရ ဆိုရင်၊ ဒီအညစ် အကြေး တွေကို သန့်စင် ဖို့က၊ ပြဿနာ မဖြစ် နိုင်ဘူး၊ အခု အချိန်မှာ သန်မာ လာဖို့က အရေး ကြီးတယ်။ ”

“ ဟုတ် တယ် ... ၊ ဒါမှ အဆုံးမှာ ရယ်နိုင် လိမ့်မယ်၊ သူတို့ ဘယ်လောက်ပဲ သန်မာ သန်မာ ငါတို့က အားလုံးကို အနိုင်ယူ နိုင်မှာပါ။ ”

ဆုံးဖြတ် ချက်ချ ပြီးနောက်၊ သုံးယောက်သား ထိုင်ကာ၊ ပန်းရနံ့ များကို သန့်စင် လိုက်ကြ တော့သည်။

များ မကြာခင် သူတို့ သုံးယောက် ထံမှ အားကောင်းသော ရောင်ခြည်များ ဖြာထွက် လာ၏။

ထိုအချိန်တွင် ပန်းရနံ့များ အထူ ထပ်ဆုံး နေရာ တစ်နေ ရာ၌၊ ဓား တစ်လက် ပျံဝဲနေ သည်ကို၊ သူတို့ သတိ မထားမိ ခဲ့ကြပေ။

ပန်းရံနံ့ များမှာ၊ လျင်မြန် လွန်းသော အဟုန်ဖြင့်၊ ထိုဓားထံ စိမ့်ဝင်နေ လေရာ၊ သူ့ ကိုယ်ထည်ရှိ၊ ရူရ် များက အသွင်ပြောင်း လာ လေသည်။

ရေကန် ပေါ်ရှိ၊ ပန်းသူတော်စင် အရည်ကို၊ စုပ်ယူ နေသည့် လူအုပ် ကြီးမှာ၊ တစ်နာရီ ကြာ ပြီးနောက်၊ နိုးထ လာကြ၏။

လူများ စွာ၏ ခွန်အားက၊ သိသိ သာသာ ပြောင်းလဲ သွားပြီး၊ ပန်း ရနံ့များ ဖုံးလွှမ်းကာ၊ ခရမ်းရောင် အလင်းများ ဖြာထွက် နေသည်။

ပန်း သူတော်စင် အရည်အား၊ စုပ်ယူ နိုင်မှု များလေ၊ တောက်ပမှု အားကောင်း လေလေ၊ ဖြစ်သည်။

အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ မျက်လုံးများ ဖွင့်လာပြီး၊ ‘အချိန် ကျပြီ၊’ -ဟု ပြုံးလျက် ဆိုလိုက် တော့၏။

သူ့ အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ နောက်ဆုံး ပြိုင်ပွဲ တရားဝင် စတင် ပြီဟု၊ လူတိုင်း နားလည် လိုက်သည်။

“ အင်ပါယာ ငှက်မွှေး သခင်ငယ်၊ ငါတို့ ဘယ်လို ပြိုင်သင့် တယ်လို့ မင်းထင်လဲ။ ”

သခင်ငယ် များက အချင်းချင်း အကြည့်ချင်း ဖလှယ်ကာ၊ မေးလိုက်သည်။

“ ကိစ္စ မရှိဖူး ... ၊ မင်းတို့ ငါးယောက် အတူတူ လာမယ်ဆို ရင်တောင် ရတယ်၊ ငါ အဆင် ပြေတယ်။ ”

အင်ပါယာ ငှက်မွှေး သခင်ငယ်က ပြုံးကာ ပြန်ဖြေသည်။

“ ဟား ဟား ဟား ... ၊ မင်း နောက်နေ တာလား၊ ငါတို့က သခင်ငယ် တွေပဲ၊ ဒီပြိုင်ပွဲက တရား မျှတတဲ့ ပြိုင်ပွဲ ဖြစ်သင့်တယ်၊ ငါတို့ရဲ့ ဝိညာဉ်တော် တွေကို တောင်၊ အသုံး မပြုတာ အကောင်း ဆုံးပါ၊ ငါအရင် လာခဲ့မယ်။ ”

“ ကောင်းပြီ ... ၊ လာခဲ့ပါ။ ”

“ မင်းက ငါတို့ ထဲမှာ အသန်မာ ဆုံးပဲ၊ ဒါပေမယ့် မင်း ချန်ပီယံ ဖြစ်ဖို့တော့ လွယ်မှာ မဟုတ်ဘူး။ ”

ထို့နောက် လေနယ်မြေ သခင်ငယ်က၊ ထိုင်နေရာမှ ထရပ်ကာ၊ အပြာရောင် မီးလျှံ များကို၊ ဆင့်ခေါ်လျက် ဆိုသည်။

ကြောက်မက်ဖွယ် စွမ်းအားနှင့် အတူ၊ လက်သီး တစ်လုံးအား၊ အင်ပါယာ သခင်ငယ်ထံ ပစ်သွင်း လိုက်၏။

သို့သော် အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ အဆိုပါ လက်သီးအား သူ့ ရင်ဘတ်နှင့် ခံယူခဲ့ လေသည်။

“ ဝုန်း ... ။ ”

ထိုအပြု အမူက လေ နယ်မြေ သခင် ငယ်အား၊ အံ့သြသွား စေ၏။ သူ့ လက်သီးမှ မီးလျှံများ ပေါက်ကွဲသွား သဖြင့်၊ ပြန်လည် လွင့်စဉ် လာရသည်။

အင်ပါယာ သခင်ငယ် မှာမူ၊ ထိခိုက်မှု အနည်းငယ် မျှပင် မရှိ ခဲ့ချေ။ မယုံ နိုင်စရာ ပေပင်။

“ မဖြစ် နိုင်တာ ... ။ ”

လူအုပ်ကြီး ထံမှလည်း၊ ထိုစကား စုသာ ထွက်ကျ လာသည်။ မည်သို့ပင် ဆိုစေ ကာမူ၊ ရလာဒ် ထွက်ပေါ် ခဲ့ပြီ ဖြစ်သဖြင့်၊ နောက်ထပ် သခင်ငယ် တစ်ဦးက၊ ထရပ် လိုက်သည်။

“ ဖန်း နယ်မြေ သခင်ငယ်က၊ အင်ပါယာ ငှက်မွေး သခင်ငယ်ကို၊ စိန်ခေါ် ပါမယ်။ ”

ထရပ် လာသော သခင်ငယ်က ကြေငြာ လိုက်သော်လည်း၊ သူ့ လေသံမှာ အား မပါချေ။ ပြိုင်ဘက် ခွန်အားက သူ့ကို၊ ယုံကြည်မှု ပျောက်ဆုံး စေသည်။

သို့သော် ရှေ့တစ်လှမ်း တိုးကာ၊ တိုက်ခိုက်ရန် ပြင်လိုက်သည်။ သူ့နောက်တွင် ဟောင်းနွမ်း နေသော သစ်ပင်ကြီး တစ်ပင် ဖြစ်တည် လာ၏။

မူလ စွမ်းအင်များ လှိုင်းထ လာစဉ်၊ သမုဒ္ဒရာ (၆) စင်းမှာ၊ လောင်ကျွမ်းလျက် သစ်ပင် ကြီးကို အားဖြည့် ပေးလေသည်။

နောက်တစ်လှမ်း တိုးလိုက် ချိန်၌၊ သစ်ပင် ကြီးအား၊ နဂါး တစ်ကောင် ရစ်ပတ် နေသည်ကို၊ မှုန်ဝါးဝါး မြင်လိုက် ရသည်။

“ ဟိတ် ... ။ ”

ကောင်းကင်သို့ ပျံတက် လိုက်ပြီး၊ အင်ပါယာ သခင်ငယ်အား၊ တိုက်ခိုက် လိုက်သည်။ ၎င်းထံမှ ဖြစ်ပေါ် လာသော ဖြစ်စဉ် များမှာ၊ ထိတ်လန့် ဖွယ် ကောင်းသော်လည်း၊ အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ အပြုံး မပျက်ချေ။ ခြေကိုးလှမ်း လှမ်းတက် လိုက်၏။

“ ဝှစ် ... ။ ”

ထို့နောက် သူ၏ အစွမ်း ထက်သော သိုင်းရည်ရွယ်ချက်ကို ထုတ်လွှတ်ကာ၊ ပြန်လည် ရင်ဆိုင် လိုက်သည်။

လက်ဖဝါးကို ညင်သာစွာ တွန်းထုတ် လိုက်ရုံဖြင့်၊ ဖန်းနယ်မြေ သခင်ငယ်၏ ရင်ဘတ် အပေါ်၊ ထိမှန် သွားသည်။

“ အွန့် ... ။ ”

ဖန်း သခင်ငယ်၏ မူလ စွမ်းအင် အကာ အကွယ် အလွှာများ၊ အပိုင်းပိုင်း ကွဲအက်သွား သဖြင့်၊ ညည်းတွားသံ ထွက်ကျ လာ၏။

အင်ပါယာ ငှက်မွှေး သခင်ငယ် သန်မာ သည်ကို၊ သူတို့ သိထားကြ သော်လည်း၊ ဤမျှ ကြောက်စရာ ကောင်းနေ လိမ့် မည်ဟု မထင် ထား ကြချေ။

“ မင်းတို့ သုံးယောက် အတူတူ လာလို့ ရပြီလား။ ”

ကျန် သခင်ငယ် များထံ ကြည့်ကာ၊ အင်ပါယာ ငှက်မွှေး သခင်ငယ်က ဆိုလိုက် တော့သည်။

သခင်ငယ် သုံးပါးက၊ အချင်းချင်း ပြန်ကြည့်ပြီး၊ ကြယ်မိစ္ဆာ ပန်း များကို စတင် လောင်ကျွမ်း စေလိုက်၏။

ထို့စဉ် မှာပင်၊ အင်ပါယာ ငှက်မွှေး သခင်ငယ် ကိုယ်မှ၊ နတ်ဘုရား ရူရ် တစ်လုံး၏ ရောင်ဝါများ ပွင့်ထွက် လာပြီး၊ အနက်ရောင် ရေဝဲများ ဖြစ်ပေါ် လာသည်။

အနက်ရောင် ရေဝဲ များက၊ ကြယ်မိစ္ဆာ ပန်းကြောင့် ထွက်ပေါ် လာသော ဖြစ်စဉ်နှင့် အလင်းများ အားလုံးကို၊ ဝါးမြို လိုက်၏။

“ ဝုန်း ... ။ ”

ထို့နောက် တိုက်ခိုက် မှုများ အချင်းချင်း၊ ထိပ်တိုက် တွေ့ဆုံ သွားကာ၊ လူတိုင်း ပြန်လည် လွင့်စဉ် ကုန်သည်။

အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ ခြေ သုံးလှမ်းဖြင့်၊ သူ့ကိုယ်သူ တည်ငြိမ် အောင်၊ လုပ်ယူ နေစဉ်၊ ပြိုင်ဘက် သခင်ငယ် သုံးပါးမှာ၊ လေထဲ၌ ပျံဝဲ၍ ကောင်းနေဆဲ ဖြစ်သည်။

“ နတ်ဘုရား ရူရ် ... ။ ”

နတ်ဘုရား ရူရ်ကို ကြည့်ကာ၊ လူတိုင်း နားလည် လိုက်သည်။ ဤသခင် ငယ်သည် ခန္ဓာ ကိုယ်၌ ၎င်းအား၊ ရေးထွင်း ထားလေသည်။

“ လင်းယွန်ရဲ့ နဂါး အရိုးကို နိုက်ယူဖို့၊ ငါ့မှာ ဘာလို့ ယုံကြည်ချက် ရှိခဲ့လဲ ဆိုတာ ... ၊ မင်းတို့ နားလည်ပြီ မဟုတ်လား၊ ...”

“ ... အမှန်တိုင်း ဝန်ခံ ရရင် ... ၊ ဒီအရိုးက ငါ့ကို စိတ်လှုပ်ရှား စေတယ်၊ အခုတော့ ငါ့ အပိုင် ဖြစ်ပြီ၊ ကန့်ကွက် စရာ ရှိသေးလား။ ”

သခင်ငယ် ငါးယောက်က မတုန့်ပြန် သဖြင့်၊ အင်ပါယာ ငှက်မွှေး သခင်ငယ်က ပြုံးလိုက်ကာ၊

“ ကောင်းပြီ ... ဒါကို ငါတို့ အတည်ပြု လိုက်ရအောင်၊ ငါကို အခွင့်အရေး သမားလို့ မင်းတို့ မထင်တော့ ဖူး မဟုတ်လား။ ”

ထို့စဉ် သူတော်စင် ဝိညာဉ် ရေကန် အောက်ခြေမှ ဓားမြည်သံ တစ်သံ၊ ရုတ်တရက် ထွက်ပေါ် လာသည်။

“ ငါ့ရဲ့ နဂါး အရိုးကို၊ ဘယ်တုန်းက မင်းပိုင် သွားတာလဲ၊ ငါ မပါဘဲ ဒီလို ဆုံးဖြတ်ချက် ချနိုင် တဲ့၊ အရည် အချင်းမျိုး မင်းမှာ မရှိ ပါဘူး။ ”

ရေမျက်နှာ ပြင်အား ဓားတစ်လက် ကဲ့သို့ ထိုးခွဲကာ၊ ကောင်းကင်ပေါ် ပျံတက် လာသော လူရိပ် တစ်ရိပ်အား မြင်လိုက် ရသည်။

ထိုလူရိပ်က လေထဲ ရပ်တန့် လိုက်ပြီး၊ အင်ပါယာ ငှက်မွှေး သခင်ငယ်ထံ အေးစက်စွာ စိုက်ကြည့် လာတော့၏။

နဂို အပြာရောင် ဝတ်ရုံမှာ၊ သွေးများ စွန်းထင်း နေသောကြောင့်၊ အရောင် ပြောင်းလဲ နေလေပြီ။

မောပန်း နွမ်းနယ် နေပုံရ သော်လည်း၊ သေခြင်းအား ဖြတ်ကျော် နိုင်ခဲ့ သည်ကို၊ မြင်ရုံ နှင့် သိသာ စေသည်။

***

All Chapters