နောက်ဆုံး တိုက်ပွဲ။
Vol. 77 Ch. 1078
လင်းယွန်၏ အသွင် အပြင်က သူတော်စင် ဝိညာဉ် ရေကန်ကြီးအား တိတ်ဆိတ် သွားစေ သည်။
ဝိညာဉ်တော် များ၏ ပေါင်းစပ် တိုက်ခိုက်မှုကို ခံယူ ပြီးနောက်၊ အသက် ရှင်နေ သေးသည်မှာ၊ မယုံနိုင် စရာ ပေပင်။
ကြယ်ရောင်ဖြင့် ချုပ်နှောင်ခံ နေရသော ယွဲဝေဝေ သာလျှင် ရွှင်မြူး သွား၏။
“ အစ်ကိုကြီး ယွန် ... ၊ မင်း မသေဘူး။ ”
လောချန်နှင့် အဖွဲ့မှာ၊ ဝမ်းသာသွား သော်လည်း၊ အနည်းငယ် စိတ်ပူ မိလေသည်။ လက်ရှိ အခြေ အနေ အရ၊ နဂါး အရိုး ရှိလျှင်ပင်၊ အင်ပါယာ ငှက်မွှေး သခင်ငယ်အား၊ အနိုင်ယူ နိုင်လိမ့် မည်ဟု မထင်ချေ။
လင်းယွန်ပေါ် အဆိုး မြင်သူများ မဟုတ် သော်လည်း၊ အင်ပါယာ ငှက်မွှေး သခင် ငယ်မှ၊ ပြသ ခဲ့သော အင်အားသည် နားမလည်နိုင် လောက်အောင် ဖြစ်နေသည်။
“ ဟား ... ဟား ... ဟား ... ၊ ဒါဆို မင်း အသက်ရှင် နေရင်တောင် ဘာဖြစ် သေးလဲ၊ ငါ့ရှေ့ ပေါ်လာတဲ့ အတွက်၊ သေရမယ်။ ”
အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ လှောင်ပြောင် လိုက်သည်။ လက်ရှိ ခွန်အား အရ၊ လင်းယွန်ကို အနိုင် ယူရန် (၇၀%) ယုံကြည်မှု ရှိလေသည်။
နောက်ဆုံးတွင် သူ၏ အစစ် အမှန် ခွန်အားကို ထုတ်ဖော် ပြသပြီး၊ အရွက် ကိုးရွက် သူတော်စင် သစ်သီးအား ထိုက်တန်ကြောင်း ပြသ လိုခဲ့၏။
ထို့ကြောင့် လင်းယွန်ကို ကြည့်သော မျက်ဝန်းများ ထဲတွင်၊ အထင် အမြင် သေးသည့်၊ အရိပ် အယောင်များ ကပ်ညိ နေသည်။
ဤလင်းယွန်သည် အမျိုး သမီး တစ်ဦး အတွက်၊ ဝှက်ဖဲ အားလုံးကို ထုတ်ပြ ခဲ့သော၊ လူမိုက် တစ်ယောက် ဖြစ်၏။
အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ လက် နှစ်ဖက်အား ဟန်ပါပါ နောက်ပစ်လျက်၊
“ လင်းယွန်၊ ဒါက နဂါး အရိုး လေးပဲ မဟုတ်လား၊ ခွန်လွန် ဘုံကို ရောက်ချင်ရင်၊ မင်း သည်းခံ သင့်တယ်၊ မင်းရဲ့ အရည် အချင်း အရ၊ သေချာပေါက် အောင်မြင် မှာပါ။ ”
“ ဘာ ... နဂါး အရိုး လေးပဲတဲ့ ဟုတ်လား၊ မင်းကို သိထား ရမှာက၊ ငါ့ ပိုင်တဲ့ အရာ တွေကို ဘယ်သူမှ ယူခွင့် မရှိဘူး။ ”
လင်းယွန်က သတ်ဖြတ် လိုသော မျက်ဝန်း များဖြင့်၊ စိုက်ကြည့်ကာ ဆိုသည်။ ရေခဲ ဖီးနစ်မှ မကူညီ ခဲ့သော်၊ ယခု ချိန်၌ သူ သေသွားပြီး ဖြစ်ပေ လိမ့်မည်။
“ ဟမ့် ... ၊ မင်းကိုယ်မင်း ငါ့ ပြိုင်ဘက်လို့ ထင်နေလား၊ နဂါး အရိုး မရှိရင်၊ မင်းက အမှိုက် ပါပဲ၊ အခု မင်း ခေါင်းကို ငါ ယူလိုက်မယ်။ ”
ပြီးသည်နှင့် သူ့ခန္ဓာ ကိုယ်၌ မီးလျှံများ ဟုတ်ခနဲ တောက်လောင် လာသည်။ ယင်းမှာ ရေကန် တစ်ခု လုံးကို၊ ပွက်ပွက်ဆူ စေသော တတိယတန်း မီး ရည်ရွယ်ချက် ဖြစ်၏။
ထို့နောက် သွေးသား စွမ်းအင် များအား၊ သွန်းလောင်း လိုက်ရာ၊ မီးလျှံ အတွင်းမှ မီးငှက် တစ်ကောင် ပျံထွက် လာသည်။
“ ကျီး ... ။ ”
စင်ကြယ်သော ဝိညာဉ်တော် ရောင်ဝါ ကြောင့်၊ အင်ပါယာ ငှက်မွှေး သခင်ငယ် မှာ၊ အင်ပါ ရီယန် တစ်ပါးနှင့် တူလာ၏။
“ ဘာ စွမ်းအား ကြီးလဲ။ ”
အင်ပါယာ ငှက်မွှေး သခင်ငယ်ထံ၊ အကြည့် ပေါင်းများစွာ ကျရောက် သွားသည်။ နဂါး အရိုး ထုတ်ယူ ပြီးနောက်၊ ထိုသူနှင့် လင်းယွန်ကြား၊ မလျော် ကန်သော ရန်ငြိုးများ ရှိလာ လေပြီ။
ထို့ကြောင့် အခွင့် အရေး ရပါက၊ ပြိုင်ဘက်ကို သတ်ကြ မည်မှာ၊ သံသယ ဖြစ်စရာ မရှိချေ။
အထူး သဖြင့်၊ အင်ပါယာ ငှက်မွှေး သခင်ငယ် ဖြစ်သည်။ ဤမျှ အန္တရာယ် ပေးသော ရန်သူကို၊ ရှင်သန်ခွင့် ပေး မထား နိုင်ချေ။
မီး ရည်ရွယ် ချက်နှင့်၊ စင်ကြယ်သော ဝိညာဉ်တော်၏ ဖိအား များက၊ လင်းယွန်ပေါ် ကျဆင်း သွားသည်။ လင်းယွန်က ရွှေကျီးကန်း နှင့်၊ ငွေဖီးနစ်အား ဆင့်ခေါ် လိုက်၏။
“ စင်ကြယ်သော ဝိညာဉ်တော် နှစ်ပါး။ ”
ဤဝိညာဉ်တော် နှစ်ပါးဖြင့်၊ မိစ္ဆာ သတ်ပွဲ ကျင်းပရာ၊ လေတောင်ကုန်း မြို့တွင် ပြိုင်ဘက် ကင်းသော စွမ်းအားကို၊ လင်းယွန်မှ ပြသ ခဲ့ဖူး သည်။
ထို့ကြောင့် ဤဝိညာဉ်တော် နှစ်ပါးမှာ၊ လင်းယွန်၏ ခွန်အား တစိတ် တပိုင်းလည်း ဖြစ်သည်။
“ မင်း အခု သေ လိုက်တော့ ... ။ ”
အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ လင်းယွန် အနားသို့ ရောက် သည်နှင့်၊ လှောင်ပြောင်လျက် လက်သီးနှင့် ထိုးချ လိုက်သည်။
“ ကျီး ... ။ ”
မီးငှက်က အသံကုန် ခြစ်အော် လိုက်ပြီး၊ မီးလုံး များဖြင့်၊ လင်းယွန်ထံ မှုတ်ထုတ် လာ၏။ ထို့ကြောင့် မီးလောင်ကျွမ်း နေသော ဥက္ကာခဲ များစွာက၊ ပြေးထွက် လာသည်။
သို့သော် လင်းယွန်က ညာလက်ဖြင့် ခရမ်း ရွှေရောင် ရူရ် (၁၈) လုံးအား အသက် သွင်းကာ၊ မိုးကြိုး မုန်တိုင်း စွမ်းအင် များကို၊ စုစည်းသည်။
“ ဒါက ... ။ ”
လင်းယွန် လက်ထဲတွင် ကြောက်မက် ဖွယ်ရာ၊ မိုးကြိုး မုန်တိုင်း တစ်စင်း ဖြစ်တည်နေ သည်ကို တွေ့လိုက်ရ သဖြင့်၊ လူတိုင်း အံ့အားသင့် ကုန်၏။
မိုးကြိုး မုန်တိုင်းမှာ၊ ရေဝဲကြီး အဖြစ် လည်ပတ် လာစဉ်၊ ကောင်းကင် ဓားနှင့် နဂါး ထွက်သက်ကို ပေါင်းစပ် လိုက်သည်။ ယခု ချိန်၌ ဤလှုပ်ရှား မှုအား၊ လင်းယွန် တစ်ယောက် လွယ်လင့် တကူ ကိုင်တွယ် နိုင်ပြီ ဖြစ်၏။
“ ဘယ်လိုတောင် စိတ်ကူးယဉ် လိုက်လဲ။ ”
အင်ပါယာ ငှက်မွှေး သခင်ငယ်က လှောင်ပြောင် လိုက်သည်။ လေတောင်ကုန်း မြို့၌၊ နဂါး ထွက်သက်ကို တွေ့ဖူး ထားပြီ၊ ဖြစ်၏။
ယင်းမှာ အားကောင်း လှသည် မှန် သော်လည်း၊ သူ့ ကောင်းကင် မိုးကြိုး လက်သီး ကို ဖျက်ပစ် နိုင်မည်ဟု၊ မထင်ချေ။
သူ့ လက်သီးတွင်၊ ဥက္ကာခဲပေါင်း တစ်ရာ ကျော် ရှိပြီး၊ တစ်ချက်တိုက် မိရုံနှင့်၊ ဒဏ်ရာ အပြင်း အထန် ရရှိ ပေလိမ့်မည်။
ထို့အပြင် လက်ရှိ လင်းယွန်၏ ရုပ်ခန္ဓာမှာ၊ နဂါး အရိုး မရှိ သဖြင့်၊ များစွာ အားနည်း နေ လိမ့် မည်ဟု ယုံကြည် သည်။
လင်းယွန်က ဥက္ကာခဲ အားလုံးကို ရေဝဲ အတွင်း ဆွဲယူ လိုက်ပြီးနောက်၊ အင်ပါယာ ငှက်မွှေး သခင်ငယ်ထံ၊ ချက်ချင်း ပြန်ပစ်ပေး လိုက်သည်။
“ ရော့ ... မင်း ပြန်ယူပါ။ ”
“ ဘယ်လောက်တောင် ကြီးစိုး လိုက်လဲ။ ”
ဤမြင်ကွင်းကို ကြည့်ပြီး၊ လောချန်နှင့် အဖွဲ့မှာ၊ ဝမ်းသာ အားရ အော်ဟစ် လိုက်မိ၏။ အဆုံးတွင် တတိယတန်း အထွတ် အထိပ်၊ သိုင်း ရည်ရွယ် ချက်ကို၊ လင်းယွန်မှ ကောင်းစွာ ဖြေရှင်း နိုင်ခဲ့သည်။
“ ဝုန်း ... ဝုန်း ဝုန်း ။ ”
မီးလောင် နေသော ဥက္ကာခဲ တစ်ရာက၊ အင်ပါယာ ငှက်မွှေး သခင်ငယ်ကို၊ ချက်ခြင်း ဝါးမျို သွားပြီး၊ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ် လာ ခဲ့၏။
သို့သော် အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ ရောင်ဝါ သမုဒ္ဒရာအား ဖွင့်ကာ၊ ကြယ်မိစ္ဆာ ပန်း များကို၊ တောက်လောင် စေလျက်၊ ပေါက်ကွဲမှု အတွင်းမှ၊ ရုန်းထွက် နိုင်လိုက်သည်။
“ ဆယ့်နှစ် ပွင့်တောင်လား။ ”
အံသြ စရာ ကောင်းသော ပမာဏ ပေပင်။ ကြယ်မိစ္ဆာ ပန်း (၁၂) ပွင့်ကြောင့်၊ အင်ပါယာ ငှက်မွှေး သခင်ငယ်၏၊ ရောင်ဝါ ဧရိယာ အတွင်း ၌၊ မီးလျှံများ တောက်လောင် လာသည်။
“ ဖရူး ... ။ ”
ထို့နောက် မီးငှက်က အတောင်ပံ များကို ခတ်ကာ၊ လင်းယွန်၏ ဝိညာဉ်တော် နှစ်ပါးအား၊ ပြေးဝင် တိုက်ခိုက် တော့သည်။
မြင့်မားသော ကျင့်ကြံမှုနှင့် ကြယ်မိစ္ဆာ ပန်းများ၏ အထောက် အပံ့ကို၊ အပြည့် အဝ ယူထား ပေသည်။
“ ဟမ့် ... ၊ ငါတို့ကြား ကွာခြားချက် ဘယ်လောက် ကြီးလဲ ဆိုတာ၊ မင်း သိပြီ မဟုတ်လား။ ”
အင်ပါယာ ငှက်မွှေး သခင်ငယ်၏၊ လက်ချက်ကြောင့် လင်းယွန် ဝတ်ရုံ စမှာ၊ သိသိ သာသာ စုတ်ပြဲ သွားသည်။
သို့သော် ထိတ်လန့်ခြင်း မရှိချေ။ ယင်း အစား ရောင်ဝါ သမုဒ္ဒရာ အတွင်းရှိ၊ ကြယ်မိစ္ဆာ ပန်း (၁၅) ပွင့်ကို ထုတ်လွှတ်ကာ၊ ရင်ဆိုင် လိုက်သည်။
“ သူ့မှာ ဆယ်ငါးပွင့်တောင်။ ”
လင်းယွန်၏ ကြယ်မိစ္ဆာ ပန်း အရေ အတွက်ကို မြင်ချိန်၌ ကျန်သခင်ငယ် များမှာ၊ ထိတ်လန့် သွား ကြသည်။
ဤလင်းယွန်သည် ပဉ္စမ ကောင်းကင် ဝိညာဉ် တွင်သာ ရှိနေသေး သောကြောင့်၊ အံ့သြ စရာ ပေပင်။
ထိုစဉ် လင်းယွန်နှင့် အင်ပါယာ ငှက်မွှေး သခင်ငယ် တို့၏ တိုက်ပွဲမှာ၊ အရှိန် အဟုန်ဖြင့်၊ ဖြစ်ပွား နေခဲ့သည်။
တိုက်ပွဲက လူတိုင်း မျှော်လင့်ထား သည်ထက်၊ ပို၍ ပြင်းထန်၏။ နဂါး အရိုး မရှိ သော်လည်း၊ လင်းယွန် ခွန်အားမှာ၊ လေးစား စရာ ပေပင်။
သခင်ငယ် ငါးပါးက အချင်းချင်း ပြန်ကြည့် လိုက်သည်။ လင်းယွန်သာ အနိုင်ရ ပါက၊ သူတို့ အပေါ်၊ မည်သို့ မည်ပုံ လက်စားချေ လာမည်ကို မသိ သောကြောင့်၊ ကျောရိုးများ စိမ့်တက် သွားသည်။
“ ဝုန်း ... ။ ”
ကောင်းကင် ယံရှိ၊ မီးပင်လယ် ကြီးက ပေါက်ကွဲ လာသဖြင့်၊ လင်းယွန်နှင့် အင်ပါယာ ငှက်မွှေး သခင်ငယ် တို့မှာ၊ နောက်သို့ ပြန်၍ ဆုတ်ခွာ ပေးလိုက် ရသည်။
တစ်ဖက်လူ ခွန်အားမှာ၊ သူ စိတ်ကူး ထားသည်ထက်၊ ကျော်လွန်သွား သောကြောင့် အင်ပါယာ ငှက်မွှေး သခင်ငယ် မျက်နှာက၊ မည်းမှောင် နေခဲ့ လေသည်။
လင်းယွန်တွင် နဂါး အရိုး အပြင်၊ အသုံး ဝင်သော ဝှက်ဖဲ အနည်းငယ် ရှိ သေးကြောင်း၊ နားလည် လိုက်သည်။
“ အင်ပါယာ ငှက်မွှေး သခင်ငယ် ... ၊ အခု ငါ့ အလှည့် ရောက်ပြီ။ ”
ရွှေကျီးကန်းနှင့် ငွေဖီးနစ် တို့က၊ ကောင်းကင်၌ ပျံဝဲ နေစဉ်၊ လင်းယွန်မှ ဆိုလိုက် တော့သည်။
***